ယောဟန် ၁၁ - မည်သူသည် သေပြီး မည်သူသည် အသက်ရှင်သနည်း။

အခန်းခြောက်တွင် ယေရှုသည် ပထမဦးစွာ လူတစ်ထောင်ကို ကျွေးမွေးပြုစုပြီး အသက်မုန့်အ ကြောင်းကို ပြောဆိုခဲ့သည်။ အခန်းကိုးတွင် သူသည် လူနာများကို ကျန်းမာစေပြီး ဝိညာဉ်ရေးရာ မျက်စိကန်းခြင်းအကြောင်းကို ပြောခဲ့သည်။ ယခု ကျွန်တော်တို့ဆွေးနွေးမည့်အခန်းတွင် သူသည် လာဇရုကို သေခြင်းမှ ထမြောက်စေခဲ့သည်။ သို့ရာတွင် ဤအပိုင်းသည် သေခြင်းမှထမြောက်စေ ခြင်းအကြောင်းထက် များစွာအဓိပယ်ရှိလှပါသည်။ ကျွန်တော်တို့သည် ဤမေးခွန်းများဖြင့် ရှုပ်ထွေး တတ်ကြပါသည်။ ထိုမေးခွန်းများမှာ အသက်ဆိုတာဘာလဲ၊ သေခြင်းဆိုတာကော ဘာလဲ၊ မည်သူ သည် အသက်ရှင်ပြီး၊ မည်သူသည် သေလျက်ရှိသနည်း စသဖြင့်ဖြစ်ပါသည်။

ရည်ရွယ်ချက်ဖြင့် နှောက်နှေးသည်။ ၁၁း ၁- ၁၀

ယေရှုသည် ယော်ဒန်မြစ်တစ်ဘက်တွင်ရှိနေစဉ် လာဇရုသည် အလွန်ပြင်းထန်စွာ နာမကျန်းဖြစ် ကြောင်းကို သတင်းရရှိခဲ့သည်။ သို့ရာတွင် အနာငြိမ်းစေမည့်သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် နောက် ကျလျက် လာသည်။ ဤအခန်းတစ်ခုလုံး၏အနှစ်သာရသည် ထိုအချက်တွင် ပါဝင်သည်။ ယခု ကျွန်တော်တို့ပြောဆိုနေသည်မှာ သေသောသူကို ထမြောက်စေခြင်းတစ်ခုတည်း ပြောဆိုနေသည် မဟုတ်။ ဤအဖြစ်အပျက်၏ရည်ရွယ်ချက်မှာ ဘုရားသားတော်၏ဘုန်းအသရေကို ထင်ရှားစေရန် ဖြစ်ပါသည်။ တနည်းအားဖြင့် ယေရှု၏အမှန်ဖြစ်ခြင်းကို ပြသရန်ဖြစ်ပါသည်။ ဤအကြောင်းတရား ကြောင့်သာ ငိုကြွေးမြည်တမ်းသူများသည် စောင့်ဆိုင်းရပြီး လာဇရုလည်း သေခဲ့ရသည်။

ယေရှုသည် ယေရုရှလင်မြို့ကို စွန့်ခွါရသောကြောင့် တပည်တော်များသည် အလွန်အံ့သြခဲ့ကြရပါ သည်။ နောက်ဆုံးတွင် သူသည် သေရေးနှင့်ကြုံတွေ့ခဲ့ရသည်။ ယေရှုသည် မျက်စိကန်းသောသူကို အနာငြိမ်းစေသောအချိန်၌ တူညီသော အကြောင်းပြချက်ကိုပေးခဲ့သည်။ (၉း ၄-၅) အလုပ်လုပ်ရ မည့်အချိန်သည် အကန့်အသတ်ဖြင့်ဖြစ်ပါသည်။ ညအချိန်ရောက်လာသောအခါ ကောင်းစွာ လုပ် ဆောင်နိုင်တော့မည်မဟုတ်။ ဤအရာကို ယေရှုက အသုံးပြုထားသည်။ သူသည် လုပ်ဆောင် ရမည့်တာဝန်ကို သိသည်။ ထိုအလုပ်သည် ကန့်သတ်အချိန်ကာလထဲတွင် ရှိပါသည်။ ထိုအချိန် ကာလတွင် သူသည် အန္တရယ်ကို မရှောင်ရှားဘဲ အလုပ်လုပ်ရပါမည်။

“လာဇရုဆုံးသွားပြီ” ၁၁း ၁၁-၁၆

လာဇရုသည် ဗေသနိရွာတွင် သေဆုံးခဲ့သည်။ ယေရှုအတွက်မူ နိမိတ်လက္ခဏာကို အစပြုရန် ဖြစ်ပါသည်။ တပည့်တော်များသည် နှစ်ကြိမ်တိုင်တိုင် စကားကို နားမလည်ကြပေ။ ၎င်းသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ ဝိသေသလက္ခဏာပင်ဖြစ်ပါသည်။ ပထမအချိန်တွင် သူတို့သည် သူနာပြုကောင်းဖြစ်လိုကြသည်။ ထို့နောက် သောမက မာသကို ခွန်အားပေးတိုက်တွန်းလိုပါ သည်။ ဤဥပမာနှစ်ခုစလုံးတွင် တပည့်တော်များက ကောင်းသည့်အရာကို ဆိုလိုကြပါသည်။ ဘုရားသခင် ၏အကြံအစည်သည် သူတို့အတွက် ထူးဆန်းနေပါသည်။

မာသ၏ယုံကြည်ခြင်းဝန်ခံချက် ၁၁း ၁၇-၂၇

ဆွေးမြေ့ပြီးသောလာဇရု၏အိမ်တွင် ဝမ်းနည်းငိုကြွေးသူများကို နှိမ့်သိမ့်ပေးသူလူအများနှင့် ပြည့် နှက်နေကြပါသည်။ ပထမဦးစွာ ရှင်ယောဟန်ပြောဆိုသည်မှာ ယေရှုက မာသအား ပြောစကားပင် ဖြစ်ပါသည်။

ယခုတွင် ကျွန်တော်တို့သတိပြုရသည်မှာ “ယုံကြည်သည်” ဟူသောစကားသည် ခရစ်ဝင်ကျမ်း လေးခုတွင် အမျိုးမျိုးထွက်ပေါ်လာပါသည်။ တခါတရံ အချို့သောသူများက ယေရှုကို “ယုံကြည် ကြသည်။” ထိုနည်းတူစွာ သူတို့သည် ယေရှုကြွလာသည်ကို မြင်ကြသောအခါ အံ့သြမိန်းမောကြ ပါသည်။ သူတို့သည် ယေရှုထက် များစွာသောနိမိတ်ကိုပြုကြပါသနည်း။

ကိစ္စအရပ်ရပ်တွင် လူတို့သည် ယေရှုနှင့်စကားပြောဆိုနေကြပြီး မည်သည့်အရာဖြစ်ပျက်လာမည် ကိုတော့ မသိကြပေ။ ဤအရာသည် တပည့်တော်များက ပြောစကားနားမလည်ကြသည်မှာ နောက်ဆုံးတွေ့ရှိချက်ဖြစ်ပါသည်။ ယခုတွင် အခြေအနေသည် မတူညီတော့ပါ။ မာသ၏ ယုံကြည်ခြင်းဝန်ခံချက်သည် ပြည့်စုံပြီးလှပသည်။ သူမက ယေရှုက နိမိတ်လက္ခဏာပြုနိုင်သည်ကို ယုံကြည်သောအခါ ရှေးဦးစွာ ယုံကြည်ခြင်းကို ပြသသည်။ သူသည် နာမကျန်းသည့် လာဇရုကို ကျန်းမာစေနိုင်သကဲ့သို့ ယခုတွင် သေသောသူကိုပင် ထမြောက်စေနိုင်သည်။ ဤသို့ဖော်ပြပြီး နောက် သူမ၏ဖော်ပြချက်မှာ နောက်ဆုံးသောနေ့ရှင်ပြန်ထမြောက်ခြင်းတွင် မကျဆုံးနိုင်သော ယုံ ကြည်ခြင်းဖြစ်ပါသည်။

အရေးကြီးသည့်မေးခွန်းတစ်ခုမှာ နောက်ဆုံးမေးခွန်းဖြစ်ပါသည်။ ယင်းမှာ ယေရှုကို သေခြင်းနှင့်အ သက်ရှင်ခြင်းက ချုပ်နှောင်ထားပါသလား။ ကျွန်တော်တို့ရဲ့နှလုံးခုန်သံ သို့မဟုတ် အသက်ရှုခြင်းမ ဟုတ်ဘဲ ယေရှုနှင့်ဆက်နွယ်မှုသာဆိုလျှင် ကျွန်တော်တို့၏အဆုံးသတ်မှာ အဘယ်သို့နည်း။

ဝိညာဉ်ရေးရာမျက်စိကန်းမှုကို ယေရှုဖယ်ရှားပေးသောသူများတွင် မာသပါဝင်သည်။ သူသည် ခရစ်တော်၏ဘုန်းအသရေကို ကောင်းစွာ မြင်ခဲ့ရပါသည်။

“ဟုတ်ကဲ့၊ သခင်၊ သင်သည် ဤလောကသို့ကြွလာသော ဘုရားသခင်၏သားတော် ယေရှုခရစ်ဖြစ် ကြောင်းကို ယုံကြည်ပါ၏။”

သို့ဖြစ်၍ အသက်နှင့်သေခြင်း၏အရင်းအမြစ်မှာ မာသနှင့်ယေရှုတို့၏ဆွေးနွေးချက်များဖြင့် ကောင်း စွာရှင်းလင်းပါသည်။ လာဇရုသည် သင်္ချိုင်း၌သေသည်မှာ ဆုံးရှုံးမှုမဟုတ်၊ သူ၌ မကောင်းသောအမှု အရာ စိုးစင်းမျှ ဖြစ်ပေါ်မသွားပါ။ ဤအချိန်သည် ကံဆိုးမိုးမှောင်ကျစေသည်ဟု ယေရှုကို စွန့်ပယ် ကြသည့်အချိန်ဖြစ်ပါသည်။

သေခြင်းတန်ခိုးကို ဆွဲချသည်။ ၁၁း ၂၈-၄၄

ယောဟန်သည် ၎င်း၏ကိုယ်ပိုင်နည်းလမ်းဖြင့် ထမြောက်ခြင်းအကြောင်းကို ပြောဆိုသည်။ ကျွန် တော်တို့သည် လာဇရုသင်္ချိုင်း၌ မကောင်းသောအမှုအရာအားလုံး၌ သေခြင်းတရား၏တန်ခိုးဖြင့် ရှု့တ်ထွေးနေကြပါသည်။ ထိုနည်းတူစွာ လူသားနှင့်ဘုရားသခင်ကြား ကွဲပြားခြားနားမှုသည်လည်း ထင်ရှားလာသည်။ လူတို့သည် မြေကြီးထဲက သေခြင်းနှင့်ဝမ်းနည်းခြင်းကိုသာ တွေ့မြင်သည်။ ယေရှုသည် သင်္ချိုင်း၌ မျက်ရည်စီးကျသောအခါ သူသည် လာဇရု၏သေခြင်းတွင် အကူအညီမဲ့စွာ ငိုကြွေးမြည်တမ်းသည်ဟု ထင်မှတ်ကြသည်။ တကယ်တော့ ၊ ယေရှုသည် သေခြင်းတန်ခိုး၊ လူတို့ စိတ်နှလုံး၌ရှိသော မှောင်မိုက်အတွက် ငိုကြွေးခဲ့သည်။ သူ့ပတ်ဝန်ကျင်၌ရှိသောလူစုတို့၏ မယုံ ကြည်ခြင်းကြောင့် ငိုကြွေးခဲ့သည်။ သူကိုယ်တိုင်က နိမိတ်လက္ခဏာကိုပြမည်ဆိုလျှင် သက်သေမ လိုအပ်ပါ။ သူတို့တွေးတောဆင်ခြင်းမည့်အရာနှင့်နှိုင်းယှဉ်လျှင် သေခြင်းနှင့်အသက်ရှင်ခြင်းအ ကြောင်းကို လုံး၀ မသိနားမလည်သော အနီးအနားရှိလူများအတွက် လိုအပ်ပါသည်။

လူသေသည် သင်္ချိုင်းထဲက ထွက်လာသောအခါ ဘုရားသခင်ပြသသောသမ္မာတရားကို နားလည်ဖို့ လူတိုင်း၌ အခွင့်အရေးရှိကြပါသည်။ သေခြင်းတန်ခိုးက ခရစ်တော်၏မျက်မှောက်တော်၌ ချိုးဖျက် သည်။ အဘယ့်ကြောင့်ဆိုသော် သူကို ကမ္ဘာကြီးအား အသက်ပေးရန် ဘုရားသခင် စေလွှတ်ခဲ့ပါ သည်။

ယေရှုငိုကြွေးခဲ့သည်။ စိတ်ကိုထိတွေ့သည်မှာ အရေးကြီးသည့်အချက်ဖြစ်ပါသည်။ ယောဟန်ခရစ် ဝင်ကျမ်းကိုရေးသားချိန်တွင် ယေရှုလက်ဝါးကပ်တိုင်၌ အသေခံရသည်မှာ အမှားအယွင်းကြောင့်ဟု ထင်ကြပါသည်။ သူသည် လူသားတစ်ဦးကဲ့သို့ ဒုက္ခဝေဒနာခံပြီး အသေခံသင့်ပါသည်။ သူတို့က ဒုက္ခဝေဒနာလုံးဝမခံစားနိုင်သော ဝိညာဉ်ရေးရာတစ်ခုအဖြစ် ယေရှုကိုထားပြီး ဤမှားယွင်းသော အရာများကို ရှင်ပြရန် ကြိုးစားအားထုတ်ကြပါသည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့်ဆင်တူယိုးမှာ ခရစ်ဝင်ကျမ်းထဲ၌ ဤလားရာ၏လက္ခဏာမရှိပါ။ ဤ အခြေပြုကျမ်းတွင် ယေရှုသည် စိတ်ဖိစီးမှုများရှိပါသည်။ ဝမ်းနည်းငိုကြွေးသောသူနှင့်ပူဆွေးသော ကကို သယ်ဆောင်သောသူဖြစ်ပါသည်။ ဤပုံရိပ်၌ လှပသောပုံဆောင်ချက်တစ်ခုမှာ ယေရှုငိုကြွေး ခြင်းကို ယောဟန်က တင်ပြထားခြင်းကြောင့်ဖြစ်ပါသည်။ သူသည် ငြင်းဆန်သောသူတို့အပေါ်ရှိ သော သေခြင်းတန်ခိုးကို မြင်ခဲ့သောကြောင့် ငိုကြွေးခဲ့ပါသည်။

ယေရှုကိုသတ်ဖြတ်ရန် လှို့ဝှက်ကြံစည်မှု။ ၁၁း ၄၅-၄၇

လူသေကိုထမြောက်စေခြင်းဟူသော ယေရှု၏အကြီးမားဆုံးသောနိမိတ်သည် အံ့သြမှုနှင့်ယုံကြည် ခြင်းကိုသာဖြစ်စေသည်မဟုတ်။ ခိုင်မာသောစိတ်ရှိသောလူစုကို တို့ထိသော နိမိတ်လက္ခဏာပင် ဖြစ်ပါသည်။ ယုဒလူတို့၌ ဆုံးဖြတ်ပိုင်ခွင့်အမြင့်ဆုံးရှိသည့် ကောင်စီကို စုစည်းဆင့်ခေါ်သည်။ မည် သို့သောကုန်ကျမှုရှိနေပါစေ ယေရှုကို ရပ်တန့်ရမည်။

ဤမှောင်မိုက်အလုံးစုံတို့၌ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်နေပါသည်။ မှောင်မိုက်၌ ဝှက်ထားသောအရာများနှင့်ဘုရားမဲ့ဖော်ပြချက်များအားလုံးသည် ဘုရားသခင်၏အကြံအစည်ထဲ ၌ ထင်ရှားနေသည်။ ကေဖ၏ဘုရားမဲ့အသက်ရှင်ခြင်းသည် သူ့အသံအဖြစ် သူ့ကို အသုံးပြုရန် အဆီးအတားမဖြစ်ပါ။ အဘယ်သူမျှပျက်စီးခြင်းသို့မရောက်မည်အကြောင်း လူတစ်ဦးသေဆုံးခြင်း သည် ပို၍ပင်ကောင်းပါသည်။ ဤသေခြင်းက ဂျူးလူမျိုးများကိုသာ ထိခိုက်မည်မဟုတ် တကမ္ဘာလုံး ကို ထိခိုက်မည်ဖြစ်သည်။

ဆုံးဖြတ်ချက်ချမှတ်ကြပါသည်။ နောက်ဆုံးအဆင့်အတွက် အားလုံးသည် အဆင်သင့်ဖြစ်နေသည်။ အစီအစဉ်သည် အဆုံးသတ်တော့မည်။ နောက်လာမည့်အခန်းသည် ခရစ်တော်၏ဒုက္ခဝေဒနာအ ကြောင်းဖြစ်ပါသည်။