ယောဟန် ၁၂- ယေရုရှလင်သို့

“ပဿခါပွဲမတိုင်မှီ” ဟူသော စကားလုံးဖြစ်ပါသည်။ ယေရှု၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအ ကြောင်း မမျှော်လင့်သောအဖြစ်အပျက်သည် ရုတ်တရက်ဖြစ်ပျက်သည်။ ရှေးက များစွာက ဂေါလသဂေါသကို ညွှန်းဆိုကြသည်။ ရှင်ယောဟန်၏ နာကျင်ခြင်းဝေဒနာအကြောင်းကို ဤနေရာ တွင် စတင်၍ ဖော်ပြထားပါသည်။

ယေရှု၏ဒုက္ခ ဝေဒနာခံစားခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဖော်ပြသောအခါ ယောဟန် သည် သူ၏အကြောင်းအရာကို သူ့ထုံးစံအတိုင်းလုပ်ဆောင်ပြီး သူ့လမ်းစဉ်ကို လိုက်လျှောက်ပါ သည်။ တနည်းအားဖြင့် သူသည် ဆင်တူယိုးမှားကျမ်းတွင်ဖြစ်ပျက်သောအကြောင်းအရာများစွာကို ချန်လှစ်ထားခဲ့သည်။ သူသည် အသစ်သောအရာများစွာကို တင်ပြထားသည်။ ခြားနားမှုအားလုံးမှာ ယောဟန်၏တင်ပြချက်များသည် ဆင်တူယိုးမှားကျမ်းများနှင့်နီးစပ်မှုရှိသော်လည်း အဟောင်းများ ကို အသစ်ပုံစံဖြင့် ဟိုဟိုဒီဒီအစားထိုးဖော်ပြထားပါသည်။ သူ၏သုံးနှုန်းမှုသည် ရှေ့က ခရစ်ဝင် ကျမ်းရေးသားသူ သုံးဦးကို အံ့သြဖွယ် ဖြည့်စွက်ပေးခြင်းဖြစ်ပါသည်။

ဆီမွှေးကို ဖြုန်းတီးခြင်းဖြစ်သလား။ ၁၂း ၁-၁၁

ဗေဒနိရွာရှိ ညစာတစ်ခုအတွင်း၌ အံံ့သြစရာအဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့ပါသည်။ ဧဝံဂေလိ လေးဦးစလုံးက ယောဟန်က မာရိဟုခေါ်သော မိန်းမကြီးက မည်သူ့၌မှ ခွင့်ပြုချက်မတောင်းဘဲ ယေရှုကိုလူးပေးရန် တန်ဖိုးကြီးသောဆီမွှေးကို အသုံးပြုခဲ့ပါသည်။ ဤဆီမွှေးသည် ပြောမရနိုင် လောက်အောင် တန်ဖိုးကြီးမားသည်။ တစ်ရက်လျှင် ဒေနာရိတစ်ပြားသာ လုပ်အားခရှိသည်။ သို့ဖြစ်သောကြောင့် တနှစ်စာ လုပ်အားခတန်ဖိုးမျှရှိပါသည်။

ယေရှု၏တပည့်တော်များသည် ဤဖြုန်းတီးမှုအပေါ်၌ စိတ်မချမ်းမသာဖြစ်ကြသည်အကြောင်းကို ဧဝံဂေလိလေးဦးက ပြောဆိုပြီး ဆင်းရဲသားများအား ပေးသင့်ကြောင့် ဆိုကြသည်။ ယေရှုက ဤသို့ သောတောင်းဆိုမှုကို ငြင်းပယ်ကာ မောရှေ၏ပညတ်(တရား ၁၅း ၁၁) ကို ရည်ညွှန်းလျက် မာရိကို ကာကွယ်ပေးထားသည်။

ဆီလူးပေးခြင်းလက္ခဏာမှာ နည်းလမ်းနှစ်မျိုးရှိပါသည်။ တနည်းအားဖြင့် ၎င်းက ယေရှုကို ယေရုရှလင်မြို့သို့ဝင်တော့မည့် ရှင်ဘုရင်အဖြစ်ဖော်ပြသည်။ တစ်နည်းအားဖြင့် တန်ဖိုးကြီးသော ဆီမွှေးကို အခြားသောနည်းလမ်းဖြင့်လည်း အသုံးပြုထားသည်။ သြင်္ခိုလ်ခြင်းအတွက် ပြင်ဆင်မှုတွင်လည်း အသုံးပြုကြပါသည်။

ဤအခြေအနေ၌ ဒုက္ခဝေဒနာထဲဝင်ရောက်သည် အလွမ်းပြဇာတ်ပုံရိပ်မှာ ယုဒပင်ဖြစ်ပါသည်။ အသင်းတော်၌ရှိသည့် မည်သည့်ဆရာမဆို ဘုရားသခင်၏မှန်ကန်နက်ရှိုင်းသောအရာဘက်သို့ တိမ်းညွှတ်သောယောဟန်ကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်ပြီး ထိန့်လန့်ဖွယ်သောနည်းလမ်းဖြင့် ဆက်ဆံဖို့ခက်ခဲပါသည်။ ယုဒ၏အခန်းကဏ္ဍမှာ အစမှ(ယောဟန် ၆း ၇၀-၇၁) အစောပိုင်းကာလ အထိ (၁ရး ၁၂) သိသာထင်ရှားသည်။ ယုဒသည် ယေရှုကိုသစ္စာဖောက်သည်အချိန်ကလိုမျိုး အမှောင်ညဖုံးလွှမ်းဖူးပါသလား။(ယောဟန် ၁၃း ၃၀)

ယေရှုအား ဘိသိတ်ပေးခြင်းဟူသောအကြောင်းအရာသည် သမ္မာကျမ်းစာပညာရှင်များစွာအတွက် ပဟေဠိဆန်လှသည်။ ဧဝံဂေလိလေးဦးသည် ထိုအကြောင်းအရာကို ခရစ်ဝင်ကျမ်းတွင် အဘယ့် ကြောင့် ထည့်သွင်းခဲ့ကြပါသနည်း။ ဤအကြောင်းအရာ၏အဓိကဆိုလိုရင်းအဘယ်နည်း။ ကျွန် တော်တို့သည် ၎င်း၏အဓိကသော့ချက်ကို မည်သည့်အရာထဲက သင်ယူလေ့လာရမည်နည်း။ တူညီ သောဖြေဆိုချက်မှာ ထိုသို့သောအရာလုံးဝမရှိပါဟူသောအရာဖြစ်ပါသည်။ အမျိုးသမီးတစ်ဦး၏ အလွန်နက်ရှိုင်းပြီး အဘယ်သူမျှ နားမလည်နိုင်သော ယေရှုအပေါ်ထားရှိသည့်ချစ်စိတ်ရှိသည်။ ထိုအချက်ကို ဆီလိမ်းပေးခြင်းမှ တွေ့ရှိနိုင်ပါသည်။ အလွန်ဝေဒနာခံစားနေရသောသတ္တပတ်နှင့် ဆက်စပ်မှုရှိပါသည်။ ဤအကြောင်းအရာသည် သန့်ရှင်းသောသမိုင်းကြောင်းနှင့်ဆက်စပ်မှုရှိပါ သည်။ အရေးကြီးသည့်အချက်အလက်ဆီသို့လည်း ဦးဆောင်ပေးပါသည်။

ယေရှုသည် ယေရုရှလင်မြို့ထဲသို့ မြည်းစီးသွားခဲ့သည်။ ၁၂း ၁၂-၁၉

ယေရှု၏ ယေရုရှလင်မြို့သို့ဝင်ရောက်သည်အကြောင်းကို ဆွေးနွေးသောအခါ ယောဟန်က ရှေ့လူ များနောက်ကို သစ္စာရှိစွာ လိုက်သွားသည်။ သခင်ဘုရားသည် အောင်မြင်စွာ ကြိုဆိုမှုကို လက်ခံရရှိ ပါသည်။ မြည်းကလေးကို သူ့ထံသို့ခေါ်လာခဲ့ကြသည်။ ၎င်းသည် ဇာခရိ ၉း ၉ ကို တိုက်ရိုက်ရည် ညွှန်းထားခြင်းဖြစ်ပါသည်။ ဇာခရိနှင့်တဲတော်ပွဲတို့သည် ဆက်စပ်မှုရှိကြောင်းကို ရှေ့က တွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ယခုတွင် ယောဟန်ဖော်ပြသောအရာသည် အုန်းပင်ကိုင်းများဖြစ်ပြီး တဲတော်ပွဲ၌ ၎င်းတို့နေရာကို ပိုင်ဆိုင်ထားကြကာ အတူအကွလုပ်ဆောင်ကြသည်။ ၎င်းကို ဇာခရိက ယေရှု၏ ယေရုရှလင်မြို့သို့ ကောင်းမွန်စွာ ဝင်ရောက်ခြင်းဖြင့် ကိုးကားထားပါသည်။ ဂျူးလူမျိုးတို့မျှော်လင့် သော ရှင်ဘုရင်ဖြစ်ပါသည်။

လူများစွာအနေဖြင့် သိချင်သောစိတ်အလျင်၌ ယေရှုကို ပျော်ရွှင်စွာ ဆက်ဆံကြသည်။ သို့ရာတွင် မှောင်မိုက်သည် ဆက်လက်တည်နေဆဲဖြစ်သည်။ လူသားချီးမြှောက်ခံရမည့်အချိန်သည် သာ၍ နီးကပ်လာပါသည်။

ယေရှုက မိမိသေခြင်းအကြောင်းကို မိန့်မူသည်။ ၁၂း ၂၀-၃၆

ယောဟန်က အချို့သောဂရိလူမျိုးတို့သည် ယေရှုကို တွေ့ဆုံဖို့ အဘယ်မျှလောက် စိတ်အားပြင်းပြ ကြသည်ကို ဂရုတစိုက်နှင့်အသေးစိတ်ဖော်ပြထားပါသည်။ သူတို့သည် အယူဝါ၏ပြောင်းသူများ မဟုတ်ဘဲ ဂျူးလူမျိုးမဖြစ်သော်လည်း ဂျူးလူမျိုးတို့၏ဘုရားကို ရိုသေလေးမြတ်ခြင်းရှိသော တပါး အများသားတို့ကို အထင်ကြီး လေးစားသူများဖြစ်သည်။

ကျွန်တော်တို့ထင်မှတ်ထားသည်ထက် ဤအကြောင်းအရာများစွာရှိပါသည်။ ဂျူးလူမျိုးတို့သည် တပါးအမျိုးသားများနှင့်ပူးပေါင်းလေ့မရှိကြပါ။ အတူတကွလည်း မစားသောက်ကြပါ။ သို့မဟုတ် လိုအပ်သည်ထက်ပို၍ ပေါင်းသင်းဆက်ဆံလေ့မရှိကြပါ။ ခရစ်ဝင်ကျမ်းများတွင် တပါးအမျိုးသား များနှင့်ယေရှုစကားပြောဆိုသည်မှာ အနည်းငယ်သာတွေ့ရသည်။

သို့ရာတွင် အချို့သောတပါးအမျိုးသားများသည် ယေရှုကို မြင်တွေ့လိုကြသည်။ သူတို့၏ ကြိုးစား အားထုတ်မှုသည် အချည်းနှီးဖြစ်လာသည်။ သို့သော် သူတို့ဗီဇဖြစ်စဉ်ကြောင့် သူတို့ကို ငြင်းပယ် ထားသည်မဟုတ်။ ဘုရားသခင်၏ကြီးမားသည့်အကြံအစည်မှာ အလျှင်အမြန်ပေါ်ပေါ်နေပြီး အသစ်သောဆက်သွယ်မှုအတွက် အချိန်မရှိတော့ပါ။ ဤအကြောင်းတရားကြောင့် တပါးအမျိုးသား များအပေါ် ယေရှု၏သိသာထင်ရှားမှုသည် ရှင်ပြန်ထမြောက်ခြင်းနောက်ပိုင်းတွင် ပို၍ထင်ရှားလာပါ သည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ကနဦးအစောပိုင်းတွင် ယေရှုသည် သူ့“အချိန်နာရီ”အကြောင်းကို အကြိမ်ပေါင်းများစွာ ဖော်ပြထားပါသည်။ (၂း ၂၊ ရး ၆) ယခုတွင် ထိုအချိန် ရောက်ရှိလာပြီးဖြစ်ပါ သည်။ လူသားသည် ဘုရားဘုန်းပွင့်မည့်အချိန်ရောက်လာပြီ။ သို့ရာတွင် ဤဘုန်းအသရေသည် ယေရှုကိုယ်တော်တိုင်ကို တုန်လှုပ်ခြောက်ခြားစေပါသည်။ ဤအရာသည် ဂျူံနည်းလမ်းအားဖြင့် ဖြစ်ပါသည်။ သူ့အတွက် ခိုလှုံဖို့နေရာမရှိတော့၊ သေခြင်းကို အမှန်တကယ် ရင်ဆိုင်ရမည်ဖြစ်ပါ သည်။

အပိုဒ် ၂၇- ၃၀ ၌ ဂေသရှေမာန်ဥယျာဉ်၌ ယေရှုရုန်းကန်နေရသည့်အကြောင်း ယောဟန်၏ဖော်ပြ ချက်ကို လျော်ကန်စွာ တွေ့ရှိရပါသည်။ ယောဟန်က ဤအကြောင်းကို အခြားနေရာ ရပ်ခြား၌ ပြောလေ့မရှိ။ ရိုးရာဓလေ့အသိပညာဗဟုသုတများနှင့်သာ ရင်းနှီးကျွမ်းဝင်နေပါသည်။

ယောဟန်တွင်တွေ့ရသည့် တိုတိုတုတ်တုတ်အပိုင်းတွင် ဆုတောင်းခြင်းစစ်မြေပြင်၏ အဓိကသော့ ချက်ကို ထည့်သွင်းထားပါသည်။ ဘုရားသခင်၏သားတော်သည် မသေမှီ သေခြင်းကို ကြောက်ရွံ့ နေပါသည်။ သို့ရာတွင် ခမည်းတော်က ပေးထားသည့်နည်းလမ်းတွင် ရုတ်သိမ်းနေသည်မဟုတ်ပါ။ ဆင်တူယိုးမှာကျမ်းစာတွင် ဖော်ပြထားသည့်အခြားသောအရာများမှာ စာဖတ်သူတို့စိတ်ထဲသို့ ရောက်ရှိလာသည့် ယေရှု၏ဗတ္တိဇံအကြောင်းပင်ဖြစ်ပါသည်။ (မာကု ၁း ၉-၁၁)

စိတ်နှလုံးကို တို့ထိသော ယေရှုစကားမှာ မာကုက ဆီဆာဖိလိပိကို ဖော်ပြထားခြင်းဖြစ်ပါသည်။ (မာကု ၈) မာကုတွင် ဤအရာမှာ အဓိကကျသောအရာဖြစ်သည်။ ဤအရာသည် ပေတရုက ယုံကြည်ခြင်းကို ဝန်ခံပြီးနောက်ပိုင်းတွင်ဖြစ်ပါသည်။ ဤနေရာတွင် ယေရှုသည် ကားတိုင်နှင့်ဒုက္ခ ဝေဒနာခံစားခြင်းနယ်ပယ်ထဲသို့ မည်သို့ဝင်ရောက်သွားခဲ့ကြောင်းကို ဖော်ပြထားပါသည်။ မာကုနှင့် ယောဟန်တို့တွင် အဓိကသော့ချက်မှာ ယေရှုကို ပိုင်ဆိုင်ထားသောသူများကို နှိုးဆော်တိုက်တွန်း ခြင်းကို ထည့်သွင်းခြင်းဖြစ်ပါသည်။ ၎င်းတို့၏လမ်းသည် လက်ဝါးကပ်တိုင်နှင့်နာကျင်မှုဖြင့် ပြည့် နှက်နေပါသည်။ သို့ရာတွင် ဤလမ်းသည် ယေရှုနောက်ကိုလိုက်မည့် တစ်ခုတည်းသော နည်းလမ်း ပင်ဖြစ်ပါသည်။ ခမည်းတော်ထံသို့ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်ပါသည်။

လှုပ်ရှားရုန်ကန်မှုအချိန်ပြီးဆုံးချိန်တွင် သွားရမည့်လမ်းကို ယေရှုအတွက် သတ်မှတ်ပေးထားသည်။ ဘုရားသခင်သည် စာတန်ကို တိုက်ခိုက်မောင်းထုတ်မည်။ ယင်းသည် ကြောက်မက်ဖွယ်အခြေအ နေပင်ဖြစ်ပါသည်။ ယေရှုသည် “မြေကြီးကိုခွါ၍ မြှောက်ထားခြင်းခံရမည်။” လက်ဝါးကပ်တိုင်တွင် သံမှုနှင့်ရိုက်ပြီး ပြက်ရယ်ပြုခြင်းကိုလည်း ခံရမည်။ ထိုအချိန်တွင် သူသည် လူတိုင်းကို မိမိထံသို့ ဆွဲ ခေါ်သွားလိမ့်မည်။ လူတိုင်းသည် လက်ဝါးကပ်တိုင်၌အသေခံသော ယေရှုနှင့်ဆက်နွယ်မှုရှိသည်အ တိုင်း စီရင်ခြင်းကို ခံရကြမည်။ သူ၌ အသက်ရှိပါသည်။ သူမရှိလျှင် အားလုံးသည် သေခြင်းကို ရင် ဆိုင်ရပေမည်။

လူတို့သည် မေးခွန်းပေါင်းများစွာနှင့်ရှိနေကြသော်လည်း ဒုက္ခဝေဒနာခံစားရသော ရက်သတ္တပတ် ရုန်းကန်မှုမှောင်မိုက်ပုံရိပ်ကို မည်သည့်ယုံကြည်ခြင်းကမျှ ဖန်တီးနိုင်စွမ်းမရှိပါ။

“အလင်းသည် မှောင်မိုက်၌ လင်းလျက်ရှိသည်။ သို့သော် မှောင်မိုက်သည် ထိုသူကို နားမလည်။” (၁၂း ၃၇- ၅၀)

ဤအခန်းအဆုံးပိုင်းမှာ ယေရှုသည် ဒုက္ခဝေဒနာခံစားနေရသည့်ရက်သတ္တပတ်မတိုင်မှီ မြေကြီးပေါ် ၌ မည်သည့်အရာ လုပ်ဆောင်ခဲ့သည်ကို အကျဉ်းချုံးဖော်ပြထားပါသည်။ ရှင်ယောဟန်ခရစ်ဝင် ကျမ်းရှိ မိတ်ဆက်သီချင်းရဲ့ရသများသည် လုံး၀ ပြည့်စုံသွားခဲ့သည်။ ယေရှုသည် ဤလောကရဲ့အ လင်းဖြစ်သည်။ သို့သော် မှောင်မိုက်ထဲ၌ရှိနေသောလူတို့သည် ထိုအကြောင်းကို လုံဝနားမလည်ကြ ပါ။ ထို့ကြောင့် ဟေရှာယ၏ပရောဖက်ပြုချက် (၅၃း ၁၊ ၆း ၉-၁၀) သည် ပြည့်စုံလာပြီဖြစ်သည်။ ဘုရားသခင်သည် မိမိလူတို့၏စိတ်နှလုံးကို ခိုင်မာစေပြီး ဝိညာဉ်ရေးရာမျက်စိကန်းခြင်းကို ပေးထား ပါသည်။ ထိုအရာက ခရစ်တော်၏ဘုန်းအသရေအတွက် မမြင်နိုင်အောင် ဆီးတားထားပါသည်။ ယေရှုကို လက်ဝါးကပ်တိုင်ပို့ဆောင်သောအရာမှာ ဤကန်းခြင်းဖြစ်ပါသည်။ အရာအားလုံးကို နား လည်းသဘောပေါက်သောအုပ်ချုပ်သောသူများလည်း ပါဝင်ကြသည်။ သို့ရာတွင် သူတို့သည် ကြောက်ရွံ့တုန်လှုပ်ကြသည်။ ဤသေစေတတ်သော မတရားမှုကို ဆီးတားဖို့ သတိမရှိကြပါ။

အခန်းကြီး၏နောက်ဆုံးကျမ်းပိုဒ်သည် လူအများ၌ ယေရှု၏နောက်ဆုံး ဦးတည်ပြောဆိုချက်ပင်ဖြစ် ပါသည်။ တချိန်တည်း၌ လူတို့ကို တောင်းပန်စကားဆိုခြင်းလည်းဖြစ်ပါသည်။ ယေရှုသည် ခမည်း တော်စေလွှတ်တော်မူသော ဤလောက၏အလင်းပင်ဖြစ်ပါသည်။ အပြစ်သားတို့ကို ကယ်တင် သော ကယ်တင်ရှင်ပင်ဖြစ်ပါသည်။ ယေရှုနှင့်မိဿဟာရဖွဲ့ခြင်း ထာဝရပျက်စီးခြင်းကို ရှောင်ကြဉ် နိုင်ရန် အပြစ်သားများအတွက် တစ်ခုတည်းသော လမ်းဖြစ်ပါသည်။ ယေရှုတရားသူကြီးအဖြစ်မလို အပ်ပါ။ အကြောင်းမှာ ဘုရားသခင်၏သမ္မာတရားသည် လူတို့ကို စီရင်လိမ့်မည်။ သူသည် ကျွန် တော်တို့၏ကယ်တင်ရှင်နှင့်ရွေးနှုတ်သူအဖြစ် အမြဲလိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရား သခင်၏ဘုန်းထင်ရှားစေရန် အခြားသောနည်းလမ်းမရှိပါ။