ယောဟန်ခရစ်ဝင် အခန်းကြီး ၂ - ဘုရားသခင်၏မီးလျှံပျံ့နှံခြင်း

ကာနမင်္ဂလာဆောင်ပွဲ ၂း ၁-၁၂

ယောဟန်ပြောသည့်ပထမဆုံးနိမိတ်လက္ခဏာကို အခြားခရစ်ဝင်ကျမ်းသုံးကျမ်းတွင် မတွေ့ရပါ။ နိမိတ်လက္ခဏာသည် လူမသိသူမသိနေရာ ဂါလိလဲမြို့တွင် ဖြစ်ပျက်ခဲ့သည်။ အဖြစ်အပျက်သည် အရှေ့အလယ်ပိုင်းထုံတမ်းအရ လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာဆောင်ပွဲတွင်ဖြစ်ပျက်ခဲ့သည်။ စပျစ် ရည်သည် ရုတ်တရက်ကုန်ဆုံးသွားသည်။ သို့ရာတွင် ယေရှုသည် ၆၀၀ လီတာရှိရေအိုးကို စပျစ် ရည်အဖြစ်ပြောင်းလဲစေခြင်းဖြင့် မင်္ဂလာဆောင်သတို့သမီးစုံတွဲကို ကယ်တင်ခဲ့သည်။ တပည့်တော် တို့သည် ယေရှု၏ဘုန်းအသရေကိုမြင်ကြသဖြင့် ယုံကြည်ကြသည်ဟု ယောဟန်က ဖော်ပြသည်။

ပုံဝတ္ထုလေးက မည်သည့်အရာကို သွန်သင်သနည်း။ ဓမ္မဟောင်းကာလတွင် စပျစ်ရည်၌ ပုံဆောင် ချက်အဓိပါယ်ရှိသည်။ ဘုရားသခင်ပေးသနားတော်မူသောအံ့ဘွယ်ကင်တင်ခြင်းအစိတ်အပိုင်း သည် ကြွယ်ဝခြင်းနှင့်ပွဲလမ်းများတွင် ပါဝင်သည်။ (ကမ္ဘာ ၄၉း ၈-၁၂) ယေရှုသည် မင်္ဂလာဆောင်ပွဲ ကို ကယ်တင်သောအခါ ယောဟန်က ဘုရားသခင်၏လူတို့အလယ်တွင် ကယ်တင်ရှင်ရှိသည်ဟု ညွှန်းဆိုပြောကြားသည်။

လုံးဝဆွေးနွေးပြောဆိုခြင်းမရှိသောအခြားအချက်အလက်မှာ မင်္ဂလာဆောင်လုလင်မယားအပေါ် ယေရှု၏စိတ်နေသဘောထားနှင့်မင်္ဂလာဆောင်ပွဲလမ်းသဘင်အကြောင်းဖြစ်သည်။ ရှိသမျှကိုစွန့်၍ နောက်တော်သို့လိုက်ရန် လူအများကို ခေါ်သော်လည်း မိသားစုများကိုတော့ အထင်သေးမြင်သေး မလုပ်တတ်သည့် ယေရှု၏စိတ်ထားပင်ဖြစ်သည်။ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ပုံမှန်မိသားစုဘ၀ သည် ကောင်းကြီးမင်္ဂလာလက်ခံရရှိခြင်းဖြစ်သည်။

ကျွန်တော်တို့သည် စပျစ်ရည်သောက်သုံးခြင်းနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာသွန်သင်ချက်အ ကြောင်းကိုလည်း ဆွေးနွေးသည်။ အရက်သောက်ကြူးခြင်းသည် အပြစ်ဖြစ်ကြောင်းထင်ရှားသည်။ သို့သော် သမ္မာကျမ်းစာက အဖြေပေးထားခြင်းမရှိပါ။ အကြွင်းမဲ့အာဏာပိုင်စိုးရေးဝါဒသည် အခြား စည်းမျဉ်းများစွာနှင့်ထပ်တူကျသကဲ့သို့ ကောင်းပြီးအသိအမှတ်ပြုသောအသက်တာပုံစံပင်ဖြစ်ပါ သည်။ သို့ရာတွင် လူတစ်ဦးဦးရဲ့တောင်းဆိုချက်တော့ မဖြစ်သင့်ပါ။ “လမ်းကျဉ်းလေး” ကိုပြင်ဆင် သောဂိတ်ကို ဤပုံစံတွင် ပြသထားသည်။ သြတ္တပစိတ်ကြည်လင်မှုမရှိသောသူတို့သည် သူတို့သွား သောလမ်းဘေးတွင်ရှိနေကြသည်။ လူတစ်ဦးရဲ့သြတ္တပစိတ်ကို ဆန်ကျင်ပြုမူခြင်းသည် မှားယွင်းပြီး နာကျင်စရာဖြစ်သည်။

ထပ်လောင်းအမှတ်အသားတစ်ခု။ ယောဟန်နှင့်ဆင်တူခရစ်ဝင်ကျမ်းများ

ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အခြားခရစ်ဝင်ကျမ်းနှင့်အတူတကွာ ထားရန်မှာ ခက်ခဲလှသည်။ ဥပမာအားဖြင့် ဤပုံဝတ္ထုတွင် ယေရှုသည် ဗိမာန်တော်ရှင်းလင်းသည့်အကြောင်းလည်း ပါဝင်သည်။ ပထမဧဝံဂေလိသုံးဦးက ဂါလိလဲ၌ ယေရှု၏လုပ်ဆောင်ချက်၊ ယေရုရှလင်သို့ခရီးနှင်ခြင်း၊ သူ၏သေ ခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုပြောသည်။ ယင်းတို့၏ဖော်ပြချက်အရ၊ ယေရှု၏ဗိမာန် တော်ရှင်းလင်းခြင်းအကြောင်းသည် ယေရှု၏နောက်ဆုံးအသက်တာတွင်ဖြစ်သည်။ ယေရှုက မတူ ညီသောအချိန်ကာလကိုပေးသည်။ ယေရှုသည် ယေရုရှလင်သို့ အကြိမ်များစွာရောက်ဖူးသည်။ ပဿခါပွဲတော် လူများစွာနှင့်လုပ်ငန်းလုပ်ဆောင်သည့်အချိန်နှစ်များစွာ ရောက်ရှိဖူးသည်။ ဗိမာန် တော်သန့်စင်ခြင်းကို ယေရှု၏အများရှေ့အမှုတော်လုပ်ငန်းလုပ်ဆောင်ခြင်းအစပိုင်းအဖြစ် ယောဟန်က တင်ပြထားသည်။

ယေရှုက အခြားသူများထက် တပည့်တော်စုများကိုသာ အချိန်ကြာကြာသွန်သင်ထားသည်မှာ ဖြစ်နိုင်ဖွယ်ရာရှိသည်။ အများရှေ့လုပ်ဆောင်ချက်သည် နောက်ပိုင်းတွင်သာဖြစ်သည်။ တနည်း အားဖြင့် ယေရှု၏အများရှေ့လုပ်ဆောင်သောလုပ်ငန်းကို ကနဦးအဖြစ်အပျက်ထဲထည့်သွင်းထား ခြင်းမှာ ယောဟန်၌ ရည်ရွယ်ချက်ရှိသည်။ ထိုသို့အားဖြင့် အဘယ်သူမျှ ယေရှုအပေါ် နိုင်ငံရေး ခေါင်းဆောင်အဖြစ် မှားမြင်ကြတော့မည်မဟုတ်။

မည်သို့ပင်ဆိုစေ၊ ဧဝံဂေလိလေးဦးကတော့ ဗိမာန်တော်ရှင်းလင်းခြင်းအကြောင်းကို ဖော်ပြထား ကြသလို ယေရှု၏ဝေဒနာခံစားခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုလည်း ဖော်ပြကြသည်။ ခရစ်ဝင်ကျမ်းများသည် အစီအစဉ်တကျရေးသားထားသည့် သမိုင်းဖြစ်ရပ်အသက်တာများမဟုတ် ပေ။ သို့ရာတွင် သူတို့သည် သမိုင်းဆိုင်ရာမှန်ကန်သောသတင်းအချက်အလက်များစွာကို တင်ပြ ကြသည်။ ခရစ်ဝင်ကျမ်း၏ရည်ရွယ်ချက်မှာ ခရစ်တော်ကို ယုံကြည်စေဖို့ဖြစ်သည်။ ချဲ့ထွင် ပြောဆို ခြင်းမှတပါး ဧဝံဂေလိဆရာ လေးဦး၏သက်သေခံချက်များက စာရေးသူတစ်ဦး၏ရေးသားချက် ထက် သာ၍ကြွယ်ဝသောဖော်ပြချက်ကို ပေးသည်။

ယေရှုသည် ဗိမာန်တော်ကိုဆေးကြောသည်။ ၂း ၁၃- ၂၅

ရှေးခေတ်နှင့်ယခုခေတ်တွင် လူအစုအဝေးများသည် ဗိမာန်တော်ပတ်လည်တွင်စုရုံးလျက် ရောင်း ဝယ်ဖောက်ကားမှုကိုပြုကြသည်။ သူတောင်းစာတွေတောင်မှ သူတို့နေရာကို အပိုင်ယူကြသည်။ ယုဒလူတို့သည် ဘုရားသခင်ကိုယဇ်ပူဇော်ရန် ဗိမာန်တော်တစ်ခုတည်းကို ပိုင်ဆိုင်ကြသည်။ ယဇ် ပူဇော်ရန်ရောက်လာသမျှသောသူတို့သည် နေရာထိုင်ခင်း၊ အစားအသောက်နှင့်ပူဇော်မည့်တိရိစ္ဆာန် များလည်း လိုအပ်ပါသည်။ ဗိမာန်တော်အခွန်အခကို ယုဒငွေလဲနှုန်းဖြင့်သာပေးရန်သည်။ ထို့ကြောင့် ငွေလည်းနှုန်းပုံစံလည်းလိုအပ်သည်။ ယဇ်ပုရောဟိတ်မင်းတို့၏လုပ်ဆောင်မှုများက ဤအမှုကို စီစဉ်ဆောင်ရွက်ပေးသောယဇ်ပုရောဟိတ်တို့သည် ကြွယ်ဝချမ်းသာသည့်ဘဝပုံစံရှိ သည်ကို သိကြသည်။ ဗိမာန်တော်၏တကယ့်အမှန်ရည်ရွယ်ချက်ကို မေ့လျော့နေကြသည်မှာ အံ့ သြစရာတော့မဟုတ်ပါ။

ဗိမာန်တော်ဆေးကြောခြင်းသည် လုပ်ဆောင်ရမည့်အလုပ်ဖြစ်သည်။ လုပ်ဆောင်သည့်အရာကို ယောဟန်နှင့်ဆင်တူယိုးမှားခရစ်ဝင်ကျမ်းရေးသူများက ဖော်ပြထားကြသည်။ ယေရှုက ဈေးသည် အားလုံးကို ဗိမာန်တော်ထဲက နှင်ထုတ်သည်။ သူတို့က သန့်ရှင်းသောအိမ်တော်ကို ကုန်သွယ်ဖို့ လုပ်နေကြသည်။ ဓမ္မဟောင်းကျမ်းကိုသိသောဂျူးလူမျိုးတို့စိတ်တွင် ပရောဖက်မာလခိ၏စကားကို မှတ်မိကြမည်။

“ကြည့်ရှုလော့။ ငါသွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ရှာသောသခင်၊ သင်တို့တောင့်တသောပဋိညာဉ်တမန်တော်သည် မိမိဗိမာန်တော်သို့ချက်ချင်းလာလိမ့်မည်။ ကြည့်ရှုလော့ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။ သို့ရာတွင် ခရစ်တော်ပြန်လာချိန်ကိုမည်သူ မျှော်လင့်သနည်း။ သူကြွလာသောအခါ မည်သူရပ် တည်နိုင်မည်နည်း။ အကြောင်းမှာ သူသည် မီးနှင့်စစ်ကြောသောသူ၊ ဆေးကြောသူကဲ့သို့ဖြစ်သည်။ သူသည် ငွေကိုစစ်ကြောသန့်စင်စေသောသူအဖြစ်ထိုင်ပြီး လေဝိသားတို့ကို သန့်စင်စေမည်။ ငွေနှင့် ရွှေကိုစစ်ကြောသကဲ့သို့စစ်ကြောမည်။ ဖြောင့်မတ်ခြင်းယဇ်ကို သခင်ဘုရားထံသို့ ဆောင်ယူကြလိမ့် မည်။ ထို့နောက် ယုဒလူတို့၏ပူဇော်သက္ကာနှင့်ယေရုရှလင်သည် ကနဦးခေတ်နှင့်ကနဦးနှစ်ကာလ များကဲ့သို့ သခင်ဘုရားကို ကျေနပ်စေလိမ့်မည်။” (မာလခိ ၃း ၁-၄)

ဓမ္မဟောင်းကျမ်း၏အရေးပါသောအခြားအကြောင်းအရာကို ဆာလံ ၆၉း ၁၀ တွင်တွေ့ရှိရပါသည်။ ထိုအကြောင်းအရာကို ယေရှုအကြောင်းပရောဖက်ပြုချက်ဖြစ်ကြောင်းကို တပည့်တော်များက နောက်ပိုင်း၌သာ နည်းလည်လာကြသည်။

ယုဒလူမျိုးတို့အပေါ် ယေရှု၏တုန့်ပြန်မှုသည် ပဟေဠိဆန်လွန်းသည်။ နားထောင်သောသူတစ်ဦး ချင်းစီက ဗိမာန်တော်တည်ဆောက်ခြင်းအကြောင်းပြောနေသည်ဟု ထင်မှတ်နေကြသည်။ သို့ သော် မိမိခန္ဒာအကြောင်းကိုသာ သူပြောဆိုနေခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ခရစ်တော်၏ သေခြင်းနှင့်ထမြောက်ခြင်းအကြောင်းကို ဤခရစ်ဝင်ကျမ်းထဲ၌ ကွက်ကွက်ကွင်းကွင်းမြင်တွေ့ရ ပါသည်။ ကျွန်တော်တို့က မာကု၏ မေရှိယနှင့်ဆိုင်သောနက်နဲချက်နှင့်တူညီသောအရာကို ရှာဖွေ နေကြသည်။ ခရစ်တော်က သူ၏စိုးစံခြင်းအခွင့်အာဏာကို ပွင့်ပွင့်လင်းလင်းဖော်ပြထားသော်လည်း လူတို့က သူဟောပြောသောစကားကို နားမလည်ကြပေ။

အခန်းကြီး၏နောက်ဆုံးအခန်းတွင် နိမိတ်လက္ခဏာ၏ရည်ရွယ်ချက်အကြောင်းနှင့်ပတ်သက်ပြီး မေးခွန်းကို ရင်ဆိုင်နေရသည်။ ယေရှုသည် နိမိတ်လက္ခဏာများကိုပြသည်။ ထိုအရာက သူ့ကို ယုံကြည်လာစေသည်။ ဤသို့သောနည်းလမ်းဖြင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင်တွေ့ရသော နိမိတ်လက္ခဏာများသည် အရေးကြီးသောအမှတ်အသားအဖြစ်ရှိနေကြသည်။ သို့ရာတွင် တချိန်း တည်းမှာပင် ယောဟန်က ယေရှု၏လုပ်ဆောင်ရမည့်တာဝန်ကို ထပ်လောင်းဖော်ပြထားပါသည်။ ယေရှုသည် လူတို့ကို ဆည်းကပ်ယုံကြည်သည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် လူ့သားတို့၏ ယုံကြည်ခြင်းသည် အားနည်းချက်ရှိမှန်းသိထားပါသည်။