အမေးအဖြေစာအုပ်ငယ်

အမေးအဖြေစာအုပ်ငယ်

ပညတ်တော်ဆယ်ပါး
ယုံကြည်ချက်
ပဌနာတော်
ဗတ္တိဇံမင်္ဂလာနှင့်ဆိုင်သောဓမ္မဝတ်
သန့်ရှင်းသောပွဲတော်မင်္ဂလာ
၀န်ခံခြင်း နေ့စဉ်ဆုတောင်းခြင်း တာဝန်ဝတ္တရားများ


အမေးအဖြေစာအုပ်ငယ်- မည်သည့်အရာနည်း။ မည်သို့စုစည်း သနည်း။

မာတင်လူသာ၏အမေးအဖြေစာအုပ်ငယ်သည် မြောက်ပိုင်းဥရောပလူမျိုးများ၏အသက်တာကို အ ကျိုးသက်ရောက်မှုများစွာပေးသည်။ ထိုစာအုပ်တွင် မိမိသမိုင်းရှိသည်။ အလျင်ကျသူများရှိသည်။ လွှမ်းမိုးမှုရှိသည်။ ထိုနည်းတူစွာ စာပေအနုပညာဝေဖန်သည့်ခေတ်ကာလအတွင်း အသင်းတော်၌ ဖြစ်ပျက်သော အရေးတကြီးပြဿနာများကို ဖြေရှင်းရန် ကြိုးစားအားထုတ်မှုတွင်ရှိသော ရှေးကျ သောဆုံးဖြတ်ချက်တစ်ခု၏ သာဓကလည်းဖြစ်ပါသည်။ ပြဿနာနှင့်ဖြေရှင်းနိုင်သောနည်းလမ်း များသည် ရှေးခေတ်ခရစ်ယာန်နိုင်ငံနှင့်နုနယ်ကြီးထွားနေဆဲအသင်းတော်များတွင်လည်း ဆက်စပ် မှုရှိနေဆဲ၊ ဖြစ်ပျက်နေဆဲပင်ဖြစ်ပါသည်။

ပုံသွင်းခြင်း၏ဆိုလိုရင်းသဘော

လူသာ၏အမေးအဖြေစာအုပ်ငယ်လေးကို လူသာ၏မွေးရပ်မြေဖြစ်သော ဂျာမနီနိုင်ငံမြောက်ပိုင်း တွင်ရေးသားထားခြင်းဖြစ်ပါသည်။ ထိုစာအုပ်သည် ထိုအရပ်တွင် အလွန်တရာမှ လိုအပ်လျက်ရှိ သည်။ ဘီးရှော့ခ်များသည်လည်း ထိုအရပ်ဒေသသို့ ကြိမ်ဖန်များစွာ အလည်အပတ်သွားခဲ့ကြပါ သည်။ ပြုပြင်ပြောင်းလဲရေးသည် ဤဒေသသို့ပျံ့နှံလာသောအခါ လုံခြုံမှုပိုရှိသောနေရာအဖြစ်မှ ရုပ်သိမ်းခဲ့ကြသည်။ လာရောက်လည်ပတ်ခြင်းလည်း နောက်ထပ်မရှိတော့သောအခါ လူသာ၏ တောင်းဆိုချက်အရ ရွေးကောက်ခံ ဂျွန်ဟန်သည် မယ်လင်ချီတွင်၏ညွှန်ကြားမှုအောက်၌ ဘုန်း တော်ကြီး၏စီရင်စုနယ်သို့ အလည်အပတ်သွားရန် ပြုပြင်သူများကို စေခိုင်ခဲ့ပါသည်။ စစ်ဆေးမှုကို ၁၅၂၆ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်းတို့၏အကျိုးသက်ရောက်မှုကို လူသာကို စိုးထိတ်စိတ်ပျက်စေ ပါသည်။ မာတင်လူသာက အမေးအဖြေစာအုပ်ငယ်၏နိဒါန်း၌ ၎င်း၏အတွေ့အကြုံကို အောက်ပါအ တိုင်း ဖော်ပြထားပါသည်။

“လေ့လာသူတစ်ဦးအနေဖြင့် ရောက်ရှိချိန် ကျွန်တော်လေ့လာခဲ့ရသော သံဝေဂရစရာ၊ စိတ်ပျက် စရာအခြေအနေက ဤအမေးအဖြေစာအုပ်ငယ်၊ သို့မဟုတ် ခရစ်ယာန်ယုံကြည်ချက်ကို သေငယ် ရိုးရှင်းသည့် ဤပုံစံလေးဖြင့် ပြုစုရန် ကျွန်တော့်ကို တွန်းအားပေးသည်။ ဘုရားသခင်၏သနားခြင်း ကရုဏာပင်ဖြစ်သည်။ ဘုရားသခင် ကောင်းမြတ်တော်မူသည်။ စိတ်ပျက်စရာအဖြစ်ဆိုးပါတကား။ လူအများစု၊ အထူးသဖြင့် ကျေးလက်ဒေသနေသူများသည် ခရစ်ယာန်ယုံကြည်ချက်နှင့်ပတ်သက် ပြီး အသိပညာမရှိကြပါ။ သင်းအုပ်ဆရာအများစုကလည်း ပြည့်ပြည့်စုံစုံသင်ကြားပေးနိုင်သည့် အဆင့်မျိုးတွင် ရှိမနေကြ။ ပြောဖို့တောင် ရှက်ရမည့်အခြေအနေဖြစ်သည်။ သို့ရာတွင် သူတို့က ဗတ္တိဇံမင်္ဂလာခံယူပြီး သန့်ရှင်းသောပွဲတော်ဝင်ပြီးသော ခရစ်ယာန်များဖြစ်ကြကြောင်း မိမိကိုယ်ကို အမွှမ်းတင်ပြောဆိုနေကြသည်။ သို့ရာတွင် သူတို့သည် ဘယ်အရာကိုမျှ နားမလည်ကြပေ။ ပဌနာ တော် သို့မဟုတ် ယုံကြည်ချက်၊ သို့မဟုတ် ပညတ်တော်ဆယ်ပါးပင်လျှင် အလွတ်ရွက်ဆိုနိုင်စွမ်းမ ရှိကြ။ သူတို့သည် နလပိန်းတုံး၊ အသိဉာဏ်မရှိသူများကဲ့သို့ အသက်ရှင်နေထိုင်ကြသည်။ ယခုအ ချိန်၌ ဧဝံဂေလိတရားသည် ရောက်ရှိလာပြီးဖြစ်၍ ထက်မြက်ကျွမ်းကျင်သူများကဲ့သို့ ဧဝံဂေလိ တရား၏လွတ်မြောက်ခြင်းအကြောင်းကို အလွဲအသုံးပြုရန် သင်ယူလေ့လာကြသည်။

သင်တို့က ဘီရှော့တွေပါပဲ။ ရှက်စရာကောင်းလောက်အောင် လူတို့ကို လစ်လျူရှုခြင်းအတွက် ခရစ်တော်ကို မည်သို့သောအဖြေပေးဖူးပါသနည်း။ လူတို့ကို ရှက်စရာများကို လုပ်ဆောင်စေပါ သလား။ သင်တို့လုပ်ဆောင်သမျှသည် အပြစ်ဖြစ်ပါ၏။ လုပ်ဆောင်ဖို့ သင်တို့တာဝန်က တောင်း ဆိုသည်ထက် သင်တို့က လုပ်ဆောင်ကြသည်။ လူတွေက ပဌနာတော်၊ ယုံကြည်ချက်၊ ပညတ် တော်ဆယ်ပါး၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်၏အစိတ်အပိုင်းတစ်ခုခုကို အလွတ်ရွက်ဆိုနိုင် စွမ်းရှိမရှိကိုတောင် အနည်းဆုံးစစ်ဆေးနိုင်ခြင်းမရှိကြပါ။ သင်တို့အတွက် အမင်္ဂလာသည်၊ အမင်္ဂ လာသည် ထာဝရတည်နေပါတကား။”

လူသာ၏ခေတ်ကာလက ဘီရှော့များသည် ၎င်းတို့၏တာဝန်ဝတ္တရားအရ ခရစ်ယာန်များကို လမ်းပြ ဦးဆောင်ခြင်းထက် အခြားအကြောင်းတရားများအတွက် ဘုရားကျောင်းတက်ကြသည်ဟု လူသိ များကြသည်။ လူသာသည် အခြေအနေအပေါ် နမော်နမဲ့ ငိုကြွေးသည်မဟုတ်။ သူသည် စာအုပ် ငယ်လေးဖြင့် ခရစ်ယာန်ယုံကြည်ချက်၏အဓိကမဏ္ဍိုင်ကို စုစည်းခဲ့သည်။ ထိုစာအုပ်ငယ်လေးတွင် ပညတ်တော်ဆယ်ပါး၊ ယုံကြည်ချက်၊ ပဌနာတော်၊ ဗတ္တိဇံ၊ ဝန်ခံခြင်းနှင့်ပွဲတော်မင်္ဂလာ၊ ဆုတောင်း ချက်အနည်းငယ်နှင့် ကောက်နှုတ်ထားသော သမ္မာကျမ်းစာပိုဒ်ထဲမှ ဖွဲ့စည်းထားသော စာပွဲတာဝန် များတို့ပါဝင်သည်။ မကြာသေးမီက ပုံနှိပ်တိုက်က ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်ဖို့အတွက် ခွင့်ပြုခဲ့ ပါသည်။ လူသာက အိမ်ထောင်မိသားစု၊ ဖခင်များက ခရစ်ယာန်ပညာရေးတာဝန်ကို လက်ဆင့် ကမ်းရန် တာဝန်ပေးထားသည်။ ဤစာအုပ်လေးကို စွဲရှိရှိဖြင့် အမှန်တကယ် အသုံးပြုနိုင်သည်။ ၎င်း က သာမာန်လူတို့၏ပညာရေးကို ပြုပြင်ပြောင်းလဲပေးပါသည်။ အမေးအဖြေစာအုပ်ငယ်လေးက လူသာအား ပြုပြင်ပြောင်းလဲသူဖြစ်စေရာတွင် သိသာထင်ရှားသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင် သည်။

အမေးအဖြေစာအုပ်လေးကို ဦးစွာရရှိသူများ

အမေးအဖြေစာအုပ်ငယ်လေးကတော့ တကယ့်ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုပါပဲ။ သို့ရာတွင် ဦးစွာ ရရှိသူများရှိသည်။ အနီးကပ်ရှိသူများနှင့် သိသိသာသာရှေးကျသည်။ ခရစ်တော်၏အချိန်ကာ လတွင ဂျူးလူမျိုးများသည် ပလက်စတိုင်း၌ နေထိုင်ကြသည်မဟုတ်။ မတူညီသော လူများကြားသို့ ပြန့်နှံ့သွားခဲ့ကြသည်။ ကလေးသူငယ်များ ပြုစုပျိုးထောင်မှုသည် ခက်ခဲသော်လည်း ပတ်ဝန်းကျင်ရှိ လူများက မိမိတို့ကလေးများကို ပြုစုပျိုးထောင်သကဲ့သို့ အလွယ်တကူ ပြုစုပျိုးထောင်ကြသည်မ ဟုတ်။ သင့်လူများ၏သွန်သင်ချက်နှင့်လုံးဝကွဲပြားခြားနားစွာ အသက်ရှင်နေထိုင်ကြသည်။ ထိုသို့ဆို ရာတွင် ဝတ်ပြုကိုးကွယ်ခြင်း၌သာမဟုတ်၊ အကြောင်းမှာ ဂျူးလူမျိုးများသည် ရုပ်တုကိုးကွယ်သည့် ပွဲလမ်းသဘင်တွင် ပါဝင်ခွင့်မရှိကြပေ။အထူးသဖြင့် ကိုယ်ကျင့်တရားမကောင်းသည့် အမှုအရာများ ၌ဖြစ်သည်။ တူညီသောအရာကို တားဆီးရန် တစ်ခုတည်းသောနည်းလမ်းမှာ ပုံမှန်သင်ကြားပေး ခြင်းပင်ဖြစ်ပါသည်။ ညွှန်ကြားချက်နှင့်သက်ဆိုင်သောစာအုပ်ပေါင်းများစွာကို ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး ရေးသားထားကြသည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး အချို့သောစာအုပ်၊ အထူး သဖြင့် အီဂျစ်ပြည်တွင်ရှိသော ဂျူးများထဲမှ အသက်ရှင်လျက်ရှိကြပါသည်။

ပထမခရစ်ယာန်များသည် ၎င်းတို့၏ပညာရေးနှင့်ပတ်သက်ပြီး ဂျူးလူမျိုးများကဲ့သို့ပင် အလျှင်အမြန် စွဲကိုင်ကြသည်။ ဓမ္မသစ်ကိုရေးသားပြီးနောက်ပိုင်း အစောဆုံးလုပ်ဆောင်ချက်မှာ “တမန်တော်ဖခင် များအကြောင်းသွန်သင်ခြင်း” နှင့် “ဗာနဗပေးစာ” ဟုခေါ်ဆိုကြသည်။ ဤလုပ်ဆောင်ချက်နှစ်ခုလုံး ကို နှိုင်းယှဉ်ကြည့်သောအခါ ၎င်းတို့ထဲက အစိတ်အပိုင်းအချို့သည် ဂျူးတို့၏အမေးအဖြေကဏ္ဍ၊ စကားလုံးတစ်လုံးချင်းစီအလိုက်သင်ကြားလေ့လာခြင်းကို ရည်ညွှန်းထားပါသည်။ ထို့ကြောင့် ပထမခရစ်ယာန်များက ပတ်ဝန်းကျင်ရှိလူများ၏အသက်ရှင်သည့်ပုံစံကို ရှောင်လွှဲရန် အကောင်းဆုံး နည်းလမ်းမှာ စဉ်ဆက်မပြတ်သွန်သင်ပေးရန်ဖြစ်သည်ကို နားလည်ကြသည်။ သို့ဖြစ်၍ အမေးအ ဖြေစာအုပ်ငယ်လေးသည် အမှန်တကယ် လိုအပ်ပါသည်။

အလယ်ခေတ်ကာသိုလိတ်အသင်းတော်ကလည်း ဂရိနာမည်ဖြင့် အင်ခဲရီဒီယန် (ခေါ်)လက်စွဲဟု လူသိများသည် ခရစ်ယာန်အယူဝါဒနှင့်ဆိုင်သည့် လက်စွဲစာအုပ်အမျိုးမျိုးကို သိရှိကြသည်။ လူသရင်၏အမေးအဖြေစာအုပ်ငယ်၏ နာမည်အပြည့်အစုံ (အင်ခီရီဒီယန်၊ ဒါခလင်း ခက်တာချီစီမားစ်) ပင်လျှင် ဤထုံးတမ်းထဲတွင် ပါဝင်သည်ဟု ညွှန်းဆိုးထားပါသည်။ ကာသိုလိတ် တို့၏လက်စွဲစာအုပ်တွင် ပညတ်တော်ဆယ်ပါး၊ ယုံကြည်ချက်၊ ပဌနာတော်၊ အေဗီးမာရီယာတို့ကို ထည့်သွင်းထားပါသည်။ ၁၅၂၂ ခုနှစ်နှင့် လူသာ၏အမေးအဖြေစာအုပ်ငယ်တို့ကြားတွင် မတူညီ သည့် အမေးအဖြေစာအုပ်ငယ်ပေါင်း ၃၀ ကျော်ကို ပုံနှိပ်ထုတ်ဝေကြသည်။ ၎င်းတို့အထဲတွင် အများစုကို ပြန်လည်ပုံနှိပ်သည်။ မာတင်လူသာကိုယ်တိုင်ကလည်း ၁၅၁၆ ခုနှစ်တွင် အမေးအဖြေ စာအုပ်ငယ်တရားဒေသနာကို လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူသည် ထုံးတမ်းစဉ်လာကို နှစ် ပေါင်းများစွာကျင့်သုံးသူဖြစ်ပြီး ယင်းကိုပင် ပြန်လည်အသက်သွင်းခဲ့သည်။ မာတင်လူသာ၏အဆို အရ ပညတ်တော်ဆယ်ပါး၊ ယုံကြည်ချက်နှင့်ပဌနာတော်တို့သည် ယုံကြည်ခြင်း၏အဓိက အရေး ကြီးဆုံးသောအရာများဖြစ်ပြီး ခရစ်ယာန်တိုင်းက အလေးထားရန်ဖြစ်သည်။ သူက ဤအကြောင်း အရာနှင့်ပတ်သက်ပြီး ဂျာမနီတွင် သင်ကြားမှုမရှိကြောင်းကို သတိထားပြီးနောက်တွင် ဓမ္မဝတ်ဆိုင် ရာသွန်သင်ချက်ကိုလည်း ထပ်လောင်းပေါင်းထည့်ခဲ့သည်။ နောက်ဆုံးတွင် တာဝန်ရှိသည်အတိုင်း လူတို့အတွက် စိတ်အားထက်သန်မှုသည် အလွန်လွှမ်းမိုးရှိသော အမေးအဖြေစာအုပ်ငယ်ကို အသစ်သောပုံစံဖြင့် ပြန်လည်ထုတ်ဝေရန် တာဝန်ပေးအပ်ခြင်းနှင့်အတူ တတွဲတည်းဖြစ်လာစေ သည်။

အိမ်တိုင်းတွင်ရှိသင့်သောစာအုပ်

အမေးအဖြေစာအုပ်ငယ်လေးသည် ဘုရားသခင်နှင့်သီးသန့်အချိန်ယူဖို့အတွက် ပေါ်ထွက်လာပါ သည်။ ယုံကြည်ခြင်းကိုအသက်ရှင်ကြီးထွားစေသည့် ကနဦးနေရာတစ်ခုအဖြစ် အိမ်ကိုလည်း တည် ဆောက်ပါသည်။

ဓမ္မသစ်ကျမ်းမှရွေးချယ်ထားသော ကျမ်းပိုဒ်များကို မတူညီသောအခန်းကဏ္ဍတွင် အသက်ရှင်ကြ သော လူများ၏အသက်တာကို လမ်းညွှန်မှုပေးရန် ရည်ရွယ်ထားပါသည်။ “စာပွဲတာဝန်များ” ကို မိဘများနှင့်သားသမီးများ၊ အစေခံနှင့်သခင်များ၊ ခင်ပွန်းနှင့်ဇနီးမယားများ တို့အတွက် ရည်ရွယ် ထားပါသည်။ တကယ်တော့ အမေးအဖြေစာအုပ်ငယ်လေးသည် နံရံကပ်စာစောင်အဖြစ် ဦးစွာ ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် စာအုပ်ငယ်လေးအဖြစ် ပေါ်လာသည်။

လူသာသည် အရင်က ခေတ်ရေစီးကြောင်းထုံးတမ်းစဉ်လာကိုလိုက်ပြီး ဘုန်းတော်ကြီးကျောင်းသို့ ဝင်ရန် လစ်လျူရှုခဲ့သည်။ ယခုတွင် အလုပ်လုပ်သည့်နေရာနှင့်အိမ်တိုင်းတွင် ယုံကြည်ခြင်းကို ဦးတည်အသက်ရှင် ရန် လမ်းညွှန်ပေးသည်။ ဘဝအသက်တာတိုင်းသည် မွန်မြတ်လာသည်။ ကိုး ကွယ်ဝတ်ပြုခြင်းကို နှစ်သက်လာသည်။

ခရစ်ယာန်မိသားစုတစ်ခုတွင် မိဘများအတွက် လုပ်ငန်းတာဝန်အသက်ကို ရရှိလာသည်။ အထူး သဖြင့် ဖခင်အတွက်ဖြစ်သည်။ အမေးအဖြေစာအုပ်ငယ်က ဥပမာအားဖြင့် ပညတ်တော်ဆယ်ပါး ကို သွန်သင်သင့်သည်။ “မိသားစု၏အထွဋ်အထိပ်က ရိုးစင်းသောနည်းလမ်းဖြင့် အိမ်သူအိမ်သား များကို သင်ကြားပေးရမည်။” လူသာ၏လမ်းညွှန်ချက်မှာ ဖခင်သည် သားသမီးများကိုသင်ကြားပေး ရန်ဖြစ်သည်၊ အစေခံများသည် ပညတ်တော်ဆယ်ပါး၊ ယုံကြည်ချက်နှင့်ပဌနာတော်ကို နံနက်တိုင်း ရွက်ဆိုကြရန်ဖြစ်သည်၊ ခရစ်ယာန်များအနေဖြင့် အနည်းဆုံးသိရှိထားသင့်သောအရာတိုင်းကို လူတိုင်းက သိရှိရန်လိုကြောင်းကို သေချာစေရန်ဖြစ်သည်။ ယုံကြည်ခြင်းအကြောင်းတရားနှင့်သက် ဆိုင်သောအရာများလေ့လာခြင်းသည် အိမ်၏ နေ့တိုင်းလုပ်ဆောင်ရမည့်တာဝန်ဖြစ်သည်။ ဖခင် သည် သင်းအုပ်နှင့်ဘီရှော့က မလုပ်ဆောင်သည့် အခန်းကဏ္ဍကို ထမ်းဆောင်ရန်ဖြစ်သည်။

အမေးအဖြေစာအုပ်ငယ်လေး၏အကျိုးသက်ရောက်မှုကား မည်သို့နည်း။

အမေးအဖြေစာအုပ်ငယ်က လူသိများသောပညာရေးစနစ်၏ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ပင်ဖြစ်ပါသည်။ မိသားစုများနှင့်အိမ်များကို အပြောင်းအလဲဖြစ်စေသော တာဝန်ဝတ္တရားများက လူအများစုသည် ခရစ်ယာန်တာဝန်ဝတ္တရားကို နေ့တိုင်းလုပ်ဆောင်ရန် ထိုအမေးအဖြေစာအုပ်ဖတ် ရှုခြင်းအလုပ်ကို နေ့တိုင်းသင်ယူလေ့လာရန်ဟု ဆိုလိုပေသည်။ အထူးသဖြင့် ဂျာမနီပြည်တွင် အမေးအဖြေစာအုပ်သည် လူငယ်များအတွက် ပညာရေးမဏ္ဍိုင်တစ်ခုဖြစ်လာသည်။ ဥရောပ မြောက်ပိုင်းတို့လည်း အလျှင်အမြန် ကူးစက်ပြန့်နှံ့လာသည်။ လူသရင်၏ယုံကြည်ချက်ကို စွဲကိုင် သော ဆွီဒင်နိုင်ငံအတွင်း၌လည်း အမေးအဖြေစာအုပ်ငယ်လေးသည် အိမ်တိုင်းအတွက် အဓိက စာအုပ်ဖြစ်လာခဲ့သည်။

ဆွီဒင်၏အစိတ်အပိုင်းထဲတွင်ပါဝင်သော ဖင်လန်တွင် အမေးအဖြေစာအုပ်ငယ်လေးကို ၁၆၀၀ ခုနှစ် များမှစ၍ စတင်အသုံးပြုခဲ့သည်။ ဤကာလ၏ဘီရှော့ခ်က အမေးအဖြေစာအုပ်ငယ်လေးကို အထူး အလေးပေးသင်ကြားရမည်ဟု အသင်းတော်တိုင်းသို့ စည်းကမ်းချမှတ်ခဲ့သည်။

အရေးအဖတ်တတ်မြောက်ကျွမ်းကျင်မှုကို နှုတ်တိုက်ရွက်ဆိုမှုအစည်းအဝေးတွင် နှစ်တိုင်း စစ်ကြောရသည်။ အမေးအဖြေစာအုပ်ငယ်လေး၏အစိတ်အပိုင်းကို စိတ်နှလုံးဖြင့် သင်ယူလေ့လာ ရမည်။ ထိုအရာကို ထိုသို့သောစည်းဝေးပွဲ၌ စစ်ဆေးရသည်။ ၂၀ ရာစုအလယ်ပိုင်းအချိန်ကာလအ ထိ ဖင်လန်လူမျိုးများစွာတို့သည် အမေးအဖြေစာအုပ်ငယ်၏အစိတ်အပိုင်းများစွာကို စိတ်နှလုံးဖြင့် သိရှိကြသည်။ အတည်ပြုအခန်းများတွင် ထုံးတမ်းဓလေ့သည် ဆက်လက်ရှင်သန်ဆဲ၊ ရှင်သန်မြဲဖြစ် ပါသည်။

ဖင်လန်ဘာသာစကားဖြင့် အမေးအဖြေစာအုပ်ငယ်တစ်ခု၏ဆွေးနွေးချက်ကို အထက်ကလာသော စာအုပ်တစ်အုပ်ကဲ့သို့ လုပ်ဆောင်သည်။ သမ္မာတရားအဖြစ် သိမှတ်ယုံကြည်ကြသည်။ အမေးအ ဖြေစာအုပ်ဟူသည်မှာ ဤသို့ပင် ၎င်း၏ဝိသေသလက္ခဏာဖြင့်ပိုင်းခြားသည်။ ပညတ်တော်၊ ယုံ ကြည်ချက်နှင့်ပဌနာတော်၌ ရှိသော ဘုရားသခင်၏သမ္မာတရားပင်ဖြစ်ပါသည်။ အမေးအဖြေစာအုပ် ငယ်လေးကို သင်ကြားပေးခြင်းသည် ရှင်းလင်းသောသမ္မာတရား၊ ဘုရားသခင်၏သမ္မာတရားပါဝင် သည်ဟူသော အချက်ပေါ်တွင် အခြေခံပါသည်။

စစ်မှန်သော အမေးအဖြေစာအုပ်ငယ်ဖြစ်သလား။

သူကိုယ်တိုင်ရေးသားပြုစုထားသော ယုံကြည်ခြင်းအခြေခံသည့်စာအုပ်ကို ယူဆောင်လာခြင်းအ တွက် လူသာသည် ပြစ်တင်ရှုပ်ချခြင်းကိုခံရပါသည်။ တကယ်တော့ အမေးအဖြေစာအုပ်ငယ်လေး သည် သမ္မာကျမ်းစာ၏အဓိကကျသောအရာများ၊ ဥပမာအားဖြင့် ပညတ်တော်ဆယ်ပါး၊ ဓမ္မသစ် ကျမ်းတွင်ဖွဲ့စည်းထားသော ယုံကြည်ချက်၊ ပဌနာတော်နှင့်ဓမ္မဝတ်တို့သာ ပါဝင်ပါသည်။

ဤအချက်တွင် မိမိကိုယ်ကို မေးခွန်းအနည်းငယ်မေးပြီး ထိုမေးခွန်းအပေါ် တန်ပြန်သက်ရောက်စေ ခြင်းသည် အလွန်ပင်ကောင်းလှပါသည်။ အမေးအဖြေစာအုပ်ငယ်၏ဆိုလိုရင်းသည် ယုံကြည်ခြင်း ၏အဓိကမဏ္ဍိုင်များမဟုတ်ခဲ့လျှင် မည်သည့်အရာဖြစ်မည်နည်း။ အသင်းတော်တိုင်းတွင် အချို့ သောအကြောင်းအရာများကို အလေးအနက်ထားကြပြီး အချို့ကိုမူ အလေးမထားကြပါ။ အသေ အချာဆုံးဖြတ်ပိုင်ခွင့် သို့မဟုတ် ရိုးစင်းသောအခွင့်အရေးတစ်ခုခုအပေါ် အခြေခံထားသည်။ ထို့ ကြောင့် ကျွနု်ပ်တို့အားသင်ကြားပေးလေ့ရှိသည့် ယုံကြည်ခြင်း၏အချက်အချာဗဟိုကား အဘယ် နည်း။ တစ်ဦးဦးက ကျွန်တော်တို့၏တရားဒေသနာကိုနားထောင်ပြီး တစ်နှစ်လုံးပြောဆိုလျှင် အရေး အကြီးဆုံးဖြစ်သည်ကို အဘယ်အရာက သက်သေပြမည်နည်း။ ကျွနု်ပ်တို့အသင်းသားများကြား၌ အကျဉ်းချုပ်တစ်ခုကိုပြုလျှင် ခရစ်ယာန်ယုံကြည်ခြင်း၏အရေးကြီးဆုံးသောအစိတ်အပိုင်းအဖြစ် မည်သည့်အရာကို သတ်မှတ်ကြမည်နည်း။ ဤနေရာတွင် ကျွနု်ပ်တို့၏ “စစ်မှန်သောအမေးအဖြေ စာအုပ်ငယ်” ကို ရှာတွေ့လိမ့်မည်။ ကျွနု်ပ်တို့အသင်းတော်၌ သွန်သင်ထားသောအရာနှင့် သင်ယူ လေ့လာရသောအရာများကား အဘယ်နည်း။

အမေးအဖြေစာအုပ်ငယ်လေးသည် ကျွနု်ပ်တို့ခရစ်ယာန်ယုံကြည်ခြင်း၏အဓိကအကြောင်းအရာကို သတ်မှတ်ရန်နှင့် ယင်းကို အသင်းတော်ရှိလူအားလုံးကို သွန်သင်ပေးရန် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါသည်။ ထိုနည်းတူစွာ သိုးထိန်းနှင့်တရားဟောဆရာအားလုံးအတွက် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါသည်။ ဤမဏ္ဍိုင်ကို လူတိုင်းအား သင်ကြားပေးနိုင်သည်ဟု မည်သို့ထင်မြင်ယူဆနိုင်ပါ သနည်း။

နေ့တိုင်းလက်တွေ့အသုံးချမှု

အမေးအဖြေစာအုပ်ငယ်လေးအား ပုံမှန်အသုံးပြုခြင်းက ၎င်း၏ဆိုလိုရင်းကို စိတ်နှလုံးဖြင့် နည်း ပညာအရ သင်ယူလေ့လာခြင်းဟု မဆိုလိုပါ။ အလွတ်ကျက်မှတ်ခြင်းသည် နောက်ဆုံးပန်းတိုင် မဟုတ်ပါ။ တန်ဆာပလာတစ်ခုသာဖြစ်သည်။ ကလေးတစ်ဦး နှင့်ရင့်ကျင့်သောခရစ်ယာန်တစ်ဦး ၏ ဝိညာဉ်ရေးရာအသက်တာများအတွင်း၌ အလွတ်ကျက်မှတ်ခြင်းမှ နားလည်သဘောပေါက်ခြင်းသို့ ကူးပြောင်းတတ်သည်။ အမေးအဖြေမေးခွန်းကြီး၏နိဒါန်းတွင် လူသာက အမေးအဖြေစာအုပ်ကို လစ်လျူရှုထားခြင်းနှင့်ပတ်သက်ပြီး သတိပေးထားသည်။

“သို့ရာတွင် မိမိအတွက်မူ ဤသို့ဆိုပါသည်။ ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်သည့်နည်းတူ တရားဟောဆရာလည်းဖြစ်ပါသည်။ မှန်ကန်သည်ဟုယူဆခြင်းနှင့်လုံခြုံမှုကဲပသို့သောအရာကို ပိုင် ဆိုင်သောသူများသင်ယူလေ့လာပြီး အတွေ့အကြုံရှိကြသည်အတိုင်း ပြုသည်။ သို့ရာတွင် အမေး အဖြေစာအုပ်ငယ်ကိုသင်ကြားပေးခြင်းခံရသော ကလေးသူငယ်တစ်ဦးကဲ့သို့ ပြုခဲ့သည်။ နံနက်တိုင်း ဖြစ်စေ၊ အချိန်ရှိသည့်အချိန်တိုင်း စကားလုံးတိုင်း၊ ပညတ်တော်ဆယ်ပါး၊ ယုံကြည်ချက်၊ ပဌနာ တော်နှင့်ဆာလံကျမ်း စသည်တို့ကို ဖတ်ရွက်လေ့ရှိသည်။ နေ့ရက်စဉ်တိုင်း ဖတ်ရှုလေ့လာရမည်။ သို့သော် ကျွနု်ပ်ဖြစ်ချင်သည်အတိုင်း ဆရာကြီးတော့ဖြစ်မလာနိုင်ပါ။ သို့သော် အမေးအဖြေစာအုပ် ငယ်ကို အမြဲလေ့ကျင့်သည့် ကလေးငယ်နှင့်တပည့်အဖြစ် အမြဲတည်ရှိနေသည်။ ထိုသို့ဖြစ်ရခြင်း ကို သဘောကျနှစ်သက်သည်။

သို့စေကာမူ ဤနူးညံ့သော၊ ဇီဇာကြောင်သော အပေါင်းအဖော်များသည် ဆရာဝန်များထဲတွင် လျှင် မြန်စွာ ဆရာဝင်ဖြစ်လာကြသည်။ သူတို့သည် အရာအားလုံးကိုသိသဖြင့် ဘာမျှ မလိုအပ်ကြပေ။ ကောင်းပါပြီ။ သူတို့သည် ၎င်းတို့ကိုယ်တိုင်၏လုပ်င်းတာဝန်နှင့်လူတို့၏အသက်ဝိညာဉ်၊ ဘုရားသ ခင်နှင့်၎င်း၏နှုတ်ကပါတ်တော်ကိုတောင် လစ်လျူရှုကြကြောင်း သေချာသည့်လက္ခဏာပင်ဖြစ်ပါ သည်။ သူတို့က စိတ်ပျက်ဖွယ်ရာကျဆုံးပြီးသားမို့ နောက်ထပ်ကျဆုံးစရာအကြောင်းမရှိပါ။ သူတို့ သည် ကလေးဘဝသို့ပြန်သွားပြီး ၎င်းတို့၏အက္ခရာများကို ပြန်၍စတင် သင်ယူရန်လိုအပ်သည်။ ဆိုလိုသည်မှာ သူတို့က မိမိကိုယ်ကို လွန်စွာကြီးထားလွန်းသည်ဟု ထင်မြင်ယူဆကြသည်။”

ခရစ်ယာန်တို့က ယုံကြည်ခြင်းမဏ္ဍိုင်ကို ကောင်းစွာ မပိုင်ဆိုင်ကြပါ။ ဆက်လက်သင်ယူလေ့လာ ခြင်းနှင့် အရေးကြီးသောအချက်အလက်များအပေါ် အဓိကထားဦးတည်ခြင်းလိုအပ်သည်။ ဤ အမေးအဖြေစာအုပ်ငယ်လေးကို အဆက်မပြတ်အသုံးပြုခြင်းက ကျွနု်ပ်တို့အား ခရစ်တော်အားဖြင့် ယုံကြည်ခြင်းဘဏ္ဍာတိုက်ထဲသို့ ပို့ဆောင်ပေးနိုင်သည်။

အမေးအဖြေစာအုပ်ငယ်လေးနှင့်ကျွန်တော်တို့

အသင်းတော်သည် မတူညီသောအခြေအနေအတွင်း၌ ကမ္ဘာအရပ်ရပ်တွင် ရှင်သန်လျက်ရှိသည်။ ဥရောပမြောက်ပိုင်းဒေသတွင် ရှေးအသင်းတော်များသည် ညှိုးနွယ်လျက် ၎င်းတို့၏ ကနဦးရပ်တည် ချက်များကို ဆုံးရှုံးကြသည်။ အခြားတဖက်၌လည်း သာသနာပြုလုပ်ငန်းတွင်လည်း ယုံကြည်ခြင်း တွင် ခိုင်မာသောအခြေခံအုတ်မြစ်မရှိသေးသောသူများကို ဧဝံဂေလိတရားဝေငှရန်မှာ ဖြစ်နိုင်ပါ သည်။ အခြေအနေနှစ်ရပ်စလုံးတွင် အမေးအဖြေစာအုပ်ငယ်လေး ပေါ်ထွက်လာစေသည့် အဖြစ် အပျက်များကို သတိရရန် အရေးကြီးပါသည်။ သာမာန်ထက်ပိုသောစိန်ခေါ်မှုများကို အဖြေပေးရန် ဤစာအုပ်သည် တန်ခိုးရှိရှိဖြင့် ရှေးကျသောကြိုးစားအားထုတ်မှုတစ်ခုဖြစ်ပါသည်။

အနာဂတ်ဟူသည်မှာ ကလေးများ၊ လူငယ်များနှင့်မိသားစုများလက်ထဲတွင်ရှိသည်။ အထူးသဖြင့် မျိုးဆက်သစ်များပေါ်ထွက်လာခြင်းနှင့်အတူ ယုံကြည်ခြင်းမဏ္ဍိုင်ကိုသတ်မှတ်ပြီး သတ်မှတ်ပိုင်းခြား လျက် သွန်သင်မှုကိုစတင်ရန်မှာ လွန်စွာ အရေးကြီးလှပါသည်။