နေ့စဉ်ဆုတောင်းခြင်း

အိမ်ထောင်ဦးစီးက အိမ်သူအိမ်သားများအား မနက်၊ နှင့်ညနေပိုင်းဆုတောင်းနည်းကို သင်ပေးနည်း

မနက်ပိုင်း ဆုတောင်းခြင်း

မနက်ပိုင်း အိပ်ယာထသောအခါ သင်သည် မိမိကိုယ်ကို လက်ဝါးကပ်တိုင်ဖြင့် ကောင်းကြီးပေး လျက် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌၊ အာမင်၊ ” ဟု တောင်းရမည်။

ယုံကြည်ချက်နှင့်ပဌနာတော်ကို ဒူးထောက်ခြင်း သို့မဟုတ် မတ်တပ်ရပ်လျက် ထပ်ခါထပ်ခါ ဆု တောင်းရပါမည်။ သင်သည် ထိုသို့လုပ်ဆောင်ရန် ရွေးချယ်လျှင် ဆုတောင်းခြင်းအနည်းငယ်ကို လည်းပြုရပါမည်။

“ကောင်းကင်ဘုံရှင် အဖဘုရားသခင်၊သားတော် ယေရှုခရစ်အားဖြင့် ကျေးဇူးတင်ပါသည်။ နာကျင် ခြင်းနှင့်အန္တရာယ်ထဲကနေ တစ်ညလုံး ကွယ်ကာသောကြောင့်ကျေးဇူးတင်ပါသည်။ အပြစ်နှင့်မ ကောင်းမှုမှ တစ်နေလုံး စောင့်မရန် ဆုတောင်းပါသည်။ လုပ်ဆောင်သမျှသည် ကိုယ်တော်ကို ကျေ နပ်စေရန် မျှော်လင့်ပါသည်။ ကိုယ်တော်၏လက်တော်ထဲ၌ ကျွန်တော်၏ ခန္ဒာ၊ စိတ်ဝိညာဉ်၊ နှင့်ရှိသမျှအလုံးစုံတို့ကို ဆက်ကပ်အပ်နှံပါ၏။ ကောင်းကင်တမန်တို့သည် ဆိုးသွင်းသောရန်သူတို့ ကို ကာကွယ်ပေးရန် ကျွန်တော်နှင့်အတူ ရှိပါစေသော်။ အာမင်။”

ထို့နောက် ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်အတူ ပညတ်တော်ဆယ်ပါး သို့မဟုတ် ဘုရားနှင့်အ ချိန်ယူခြင်းမှရရှိသောအရာအားဖြင့် ဝမ်းမြောက်စွာ သွားလိမ့်မည်။

ညနေပိုင်းဆုတောင်းခြင်း

ညနေပိုင်းတွင် သင်သည် အိပ်ယာထဲသို့ဝင်သောအခါ မိမိကိုယ်ကို သန့်ရှင်းသောကားတိုင်ဖြင့် ကောင်းကြီးပေးလျက် ဤသို့ဆိုမည်။

“ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌၊ အာမင်။”

ယုံကြည်ချက်နှင့်ပဌနာတော်ကို ဒူးထောက်ခြင်း သို့မဟုတ် မတ်တပ်ရပ်လျက် ထပ်ခါထပ်ခါ ဆု တောင်းရပါမည်။ သင်သည် ထိုသို့လုပ်ဆောင်ရန် ရွေးချယ်လျှင် ဆုတောင်းခြင်းအနည်းငယ်ကို လည်းပြုရပါမည်။

“ကောင်းကင်ဘုံရှင်အဖ ဘုရား၊ ယေရှုခရစ်အားဖြင့် ကျေးဇူးတင်ပါသည်။ သားတော်ယေရှုဘုရား၊ အကျွနု်ပ်အား တစ်နေ့လုံး စောင်မလို့ ကျေးဇူးတင်ပါသည်။ ကျွနု်ပ်ပြုသမျှ အပြစ်များကို ခွင့်လွှတ် ပေးသနားပါ။ ပြုသမျှသော မကောင်းမှုအတွက်လည်း ခွင့်လွှတ်ပေးပါ။ ယနေ့ညတွင် လက်တော် အားဖြင့် စောင်မမူပါ။ ကိုယ်တော်၏လက်တော်ထဲ၌ ကျွန်တော်၏ ခန္ဒာ၊ စိတ်ဝိညာဉ်၊ နှင့်ရှိသမျှ အလုံးစုံတို့ကို ဆက်ကပ်အပ်နှံပါ၏။ ကောင်းကင်တမန်တို့သည် ဆိုးသွင်းသောရန်သူတို့ ကို ကာကွယ်ပေးရန် ကျွန်တော်နှင့်အတူ ရှိပါစေသော်။ အာမင်။”

ထို့နောက် နှိမ့်နှိမ့်ခြိုက်ခြိုက် အနားယူပါ။

စားသောက်ချိန်တွင် ကောင်းကြီးတောင်းခံပါ။

ကလေးများနှင့်အစေခံများသည် စားပွဲသို့သွားလျက် လက်ပိုက်ကာ အောက်ပါအတိုင်းဆိုကြပေ လိမ့်မည်။

“ကိုယ်တော့်ကို မျှော်လင့်တောင့်တကြပါသည်။ ကိုယ်တော်သည် အချိန်တန်သောအခါ စား စရာဖို့ သောက်စရာဖို့ ပေးတော်မူသည်။ လက်တော်ကိုဆန့်လျက် အသက်ရှင်သောသူအပေါင်းတို့ကို ကျေနပ်စေပါသည်။”

ပဌနာတော်နှင့်အခြားဆုတောင်းချက်များရှိပါသည်။

“ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ကိုယ်တော်၏ကောင်းကြီးများဖြင့် ရစ်ပတ်တော်မူပါ။ ထိုအရာ အားလုံးကို သခင်ယေရှုခရစ်အားဖြင့် ကောင်းသောအရာများကို အကျွနု်ပ်တို့ရရှိကြပါ၏။ အာမင်။”

စားသောက်ပြီးချီးမွမ်းခြင်း

သူတို့သည် စားသောက်ပြီးသောအခါ လက်အုပ်ချီလျက် အောက်ပါအတိုင်း ပြောဆိုကြပါမည်။

“ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။မြည်တတ်သော ကျီးကန်းမှစ ၍၊ တိရစ္ဆာန်တို့ကို ကျွေးမွေးတော်မူ၏။ မြင်း၏ခွန်အားနှင့်လူ၏လျှင်မြန်ခြင်းကို အားရနှစ်သက် တော်မူခြင်းမရှိ။ ကြောက်ရွံ့သောသူနှင့်ကရုဏာတော်ကို မြော်လင့်သောသူတို့ကို ထာဝရဘုရား နှစ်သက်တော်မူ၏။”

ထို့နောက် ပဌနာတော်ကို ရွက်ဆိုပြီး အောက်ပါအတိုင်း ဆုတောင်းရပါမည်။

“ကောင်းကင်ဘုံရှင်အဘ ဘုရားသခင်၊ ကိုယ်တော်သည် ကျွနု်ပ်တို့၏သခင်ယေရှုခရစ်အားဖြင့် ပေးသနားတော်မူသောအကျိုးကျေးဇူးနှင့်ကိုယ်တော်နှင့်အတူ ထိုသခင်၏အသက်ရှင်ခြင်း၊ အုပ် စိုးတော်မူခြင်းနှင့်ကာလအဆက်ဆက်တည်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်အတွက် ကျေးဇူးတင်ပါသည်။ အာမင်။”