တာဝန်ဝတ္တရားများ

သမ္မာကျမ်းစာထဲက သန့်ရှင်းသော အမိန့်နှင့်အဆင့်များအတွက် ထားရှိသော ကျမ်းပိုဒ်များက သူတို့၏တာဝန်နှင့်ဝတ္တရားအကြောင်းနှင့်ပတ်သက်ပြီး ဆုံးမသြဝါဒပေးထားသည်။

သာသနာပိုင်၊ သင်းအုပ်နှင့်တရားဟောဆရာများအတွက်

“ထို့ကြောင့် သင်းအုပ်သည် အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသော သူ၊ သမ္မသတိရှိသောသူ၊ သိက္ခာစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမသြဝါဒပေးတတ်သောသူြုဖစ်စေရမည်။ စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတပါး ကို ရိုက်ပုတ်ခြင်း၊ မစင်ကြယ်သောစီးပွါးကို တပ်မက်ခြင်းမရှိ။ စိတ်ဖြည်းညှင်းသောသူ၊ ရန်မတွေ့ တတ်သောသူ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည်။ မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသတိရှိသည်နှင့် မိမိသားသမီးကို ဆုံးမနိုင်သောသူဖြစ်ရမည်။ မာနနှင့်ယစ်မူးလျက်၊ မာရ်နတ် ၏အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ်မဖြစ်ရ။” (၁ တိ ၃း ၂-၄၊ ၆)

“စင်ကြယ်သောသြဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းဌါနင်း၊ ငြင်းခုံသောသူတို့၏စကားကို ချေခြင်းဌါ၎င်း၊ တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်း သောသူဖြစ်ရမည်။ (တိတု ၁း ၉)

ကြားနာသူတို့အနေဖြင့် သင်းအုပ်အပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများ

“ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရ မည်အကြောင်း၊ သခင်ဘုရား၏ပညတ်တော်မူချက်ရှိ၏။” (၁ ကော ၉း ၁၄)

“နှုတ်ကပတ်တော်ကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။” (ဂလာတိ ၆း ၆)

“ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမသြဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည် အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။ အကြောင်းမူကား စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရဟု ကျမ်းစာလာ၏။ တချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံ ထိုက်ပေသည်ဟု လာပြန်၏။” (၁ တိ ၅း ၁၇- ၁၈)

“သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက် နေကြလော့။ သူတို့သည် ကိုယ် တိုင်စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှါ စောင့်နေကြ၏။ သင် တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်း ကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။” (ဟေဗြဲ ၁၃း ၁၇)

အုပ်စိုးသော အစိုးရအတွက်

“အစိုးရသော မင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ် သတည်း။ ထို့ကြောင့် မင်းအာဏာကို ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။ မင်းမူကား၊ ကောင်း သောအကျင့်ကို ကျင့်သောသူ ကြောက်ဖို့ဖြစ်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သော သူ ကြောက်ဘို့ဖြစ်၏။ မင်းအာဏာကို မကြောက်ဘဲ နေချင်သလော။ ကောင်းသောအကျင့်ကို ကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ မင်းသည်ကား၊ သင်၏အ ကျိုးအလို့ဌါ ဘုရားသခင်၏အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်းရှိစေ လော့။ အကြောင်းမူကား၊ မင်းသည် အချည်းနှီးထားကို ဆောင်သည်မဟုတ်။ မကောင်းသောအ ကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သောသူတည်းဟူသော ဘုရား သခင်၏အစေခံခြင်းဖြစ်သတည်း။” (ရောမ ၁၃း ၁- ၄)

လက်အောက်ငယ်သားများအတွက်

“ “ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာ ကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။” (မဿဲ ၂၂း ၂၁)

“ထို့ကြောင့်၊ ရာဇဝတ်ကို ကြောက်သောကြောင့်သာ မင်းအာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ်။ ကိုယ်ကိုကိုယ် သိသောစိတ်ကို ထောက်၍ ဝန်ခံရမည်။ ထိုအကြောင်းကြောင့်၊ အခွန်အ တုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။ ထို့ကြောင့် လူအသီးအသီးခံထိုက်သည် အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကို၎င်း၊ အကောက်ကို ခံထိုက်သောသူအား အကောက်ကို၎င်း ပေးကြလော့။ ကြောက်ထိုက် သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။” (ရောမ ၁၃း ၅- ၇)

“ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်း၊ အမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ် ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့်လူအမျိုးမျိုးတို့အ ဘို့ ဆုတောင်းပဌနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေးဦးစွာပြုစေခြင်းဌါ ငါ တိုက်တွန်းသွေးဆောင်၏။” ( ၁ တိ ၂း ၁- ၂)

“လူတို့သည် အထွဋ်အမြတ်အာဏာစက် အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါ၎င်း၊ မင်း၏စကားကို နား ထောင်စေခြင်းဌါ၎င်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြု၍ အသင့်ဖြစ်စေခြင်းဌါ၎င်း။” ( တိတု ၃း ၁)

“သခင်ဘုရား၏မျက်နှာကို ထောက်လျက်၊ အထဋ်အမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုး တို့ကို ဒဏ်စီရင်စေခြင်းဌါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းဌါ၎င်း၊ ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသော မင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။” (၁ ပေ ၂း ၁၃- ၁၄)

ခင်ပွန်းသည်များအတွက်

“ယောကျ်ားတို့ ဆုတောင်းခြင်းအမှု၌ အဆီးအတား မရှိစေခြင်းဌါ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့၊ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အား နည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့။” (၁ ပေ ၃း ၇)

“အချင်းယောကျ်ားတို့ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုကြနှင့်။”(ကောလော ၃း ၉)

ဇနီးသည်များအတွက်

“အချင်းမိန်းမတို့ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။” (ဧဖက် ၅း ၂၂)

“… စာရာသည် အာဗြဟံကို သခင်ဟု ခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့ ကိုယ်ခင် ပွန်း ၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သင်တို့သည် ကောင်းမွန်စွာကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်းအ လျဉ်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။” (၁ ပေ ၃း ၆)

မိဘများအတွက်

“အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းဌါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်အညီ ဆုံးမသွန်သင်ခြင်းကို ပြုလျက် ကျွေးမွေးကြလော့။” ( ဧဖက် ၆း ၄)

သားသမီးများအတွက်

“သားသမီးတို့ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော် ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့် ဆိုင်သော ပဌမပညတ်ဖြစ်၏။” (ဧဖက် ၆း ၁- ၃)

အလုပ်သမားများအတွက်

“အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် စိတ်နှစ်ခွမ ရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။ သူတို့၏စိတ်ကို နူးညံ့စေသောသူကဲ့သို့ မျက် မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အ လိုတော်ကိုဆောင်၍၊ လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏အစေကို ခံသကဲ့သို့ ကြည်ညိုသောသဘောနှင့်အစေကို ခံကြလော့။ ကောင်းသောအကျင့်ကို ကျင့်သောသူမည်သည် ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏လက်တော်မှ အကျိုးကို ခံရလိမ့်မည်ဟု သိ မှတ် ကြလော့။” (ဧဖက် ၆း ၅- ၈၊ ကောလောသဲ ၃း ၂၂ ကို ကြည့်ပါ)

အလုပ်ရှင်နှင့်အလုပ်ရှင်မများအတွက်

“သခင်တို့ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍ ကိုယ်ကျွန်တို့ကို ထိုနည်းတူ ပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို၎င်း၊ ထိုသခင်သည် အဘယ်သူ၏မျက်နှာကို မှတ် တော်မမူသည်ကို၎င်း သိမှတ်ကြလော့။” ( ဧဖက် ၆း ၉၊ ကောလော ၄း ၁ ကို ကြည့်ပါ။)

လူငယ်များအတွက်

“အသက်ပျိုသောသူတို့၊ အသက်ကြီးသောသူတို့၏စကားကို နားထောင်ကြလော့။ ထိုမျှမက အချင်း ချင်း တယောက်အောက်တယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အ ကြောင်းမူကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချ သောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထို့ကြောင့် ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချ ကြလော့။” (၁ ပေ ၅း ၅- ၆)

မုဆိုးမများအတွက်

“မုဆိုးမအမှန်ဖြစ်၍ တယောက်တည်း ကျန်ရစ်သောမိန်းမသည် ဘုရားသခင်ကို ကိုးစား၍ ဆု တောင်းပဌနာပြုခြင်း၌ နေ့ညမပြတ်နေတတ်၏။ ကာမဂုဏ်စည်းစိမ်၌ ပျော်မွေ့သော မုတ်ဆိုးမဟူ မူကား အသက်ရှိလျက်ပင် အသေဖြစ်၏။” ( ၁ တိ ၅း ၅- ၆)

လူသားအားလုံးအတွက်

“ပညတ်ရှိသမျှတို့ကို …. “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသော စကားလုံး ဖြင့် အကျဉ်းချုပ်ထားပါသည်။” ( ရောမ ၁၃း ၉)

“ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်း၊ အမျိုးမျိုးကို ပြု၍ ငြိမ်ဝပ်ဆိတ် ညံစွာနေရမည်အကြောင်း ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အ ဘို့ ဆုတောင်းပဌနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းကို ရှေးဦးစွာ ပြုစေခြင်းဌါ ငါ တိုက်တွန်းသွေးဆောင်၏။” ( ၁ တိ ၂း ၁- ၂)