ယုံကြည်ချက်

ဖန်ဆင်းခြင်း

ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော အနန္တတန်ခိုးရှင် ခမည်းတော် ဘုရားသခင်ကို ယုံကြည်ပါ၏။

ဤအရာက မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။
ဘုရားသခင်သည် ကျွနု်ပ်နှင့်သက်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းတော်မူသည်ကို ယုံကြည်ပါ၏။ ကျွနု်ပ်အတွက်လိုအပ်သော ခန္ဒာ၊ စိတ်ဝိညာဉ်၊ မျက်စိ၊ နား၊ ကျွနု်ပ်၏အစိတ်အပိုင်းအလုံးစုံ၊ ဆင် ခြင်တုံတရားများနှင့်ခံစားနိုင်သောအာရုံအလုံးစုံတို့ကို လည်းပေးတော်မူသည်။ ထို့အပြင်၊ အဝတ် အစား၊ ရူးဖိနပ်များ၊ အသား၊ သောက်စရာများ၊ နေစရာအိမ်နှင့်အိမ်ထောင်ဦးစီး၊ အိမ်ရှင်မနှင့် သား သမီးများ၊ လယ်ကွင်းပြင်၊ ကျွဲနွားတရိစ္ဆာန်များ၊ ကုန်ပစ္စည်းများကိုလည်း ပေးသနားတော်မူသည်။ ဤကိုယ်ခန္ဒာနှင့်အသက်ရှင်မှုအတွက် နေ့စဉ်လိုအပ်မှုအပေါင်းကိုလည်း ထောက်ပံ့ပေးသနားတော် မူသည်။ အန္တရယ်အပေါင်းမှလည်း ကွယ်ကာပြီး စောင့်ရှောက်ပေးထားပါသည်။ မကောင်းမှုအလုံးစုံ တို့မှလည်း ကယ်တင်ပေးထားသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော၊ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့်သနားခြင်းကရုဏာတော်ကြောင့် ဖြစ်ကြောင်းကို ယုံကြည်ပါ၏။ ကျွနု်ပ်၌ ထိုက် တန်မှုမရှိဘဲ ဤအရာအလုံးစုံတို့ကို ပေးသနားတော်မူသည်။ ဤအရာအားလုံးအတွက် ကျွနု်ပ်တင် သောကြွေးမှီမှာ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်း၊ အစေခံခြင်းနှင့်နာခံလိုက်လျှောက်ခြင်းပင် ဖြစ်ပါသည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။

ရွေးနှုတ်တော်မူခြင်း။

ဘုရားသခင်၏တပါးတည်းသောသားတော်၊ ကျွနု်ပ်တို့၏သခင်ယေရှုခရစ်သည် အပျိုကညာ မာရိဝမ်းမှ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဒေတည်၍ ပုန္တိပိလတ်မင်းလက်ထက်တွင် ဒုက္ခဝေဒနာခံစားလျက် လက်ဝါးကပ်တိုင်၌ ဒုက္ခဝေဒနာခံစားလျက်၊ အသေခံတော်မူကြောင်း၊ အသေခံပြီး သြင်္ဂိုလ်ခြင်းကိုခံပြီး ငရဲသို့ ဆင်းသက်ခဲ့ကာ၊ သုံးရက်မြောက်သောနေ့တွင် သေခြင်း မှထမြောက်လျက် ကောင်းကင်သို့ ပြန်လည်တက်ကြွပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ လက်ယာ ဘက်တွင် ထိုင်နေတော်မူကြောင်း၊ ထိုမှတပါး သေသောသူတို့ကို တရားစီရင်ဖို့ အလျှင်အမြန်ကြွ လာတော်မူမည်အကြောင်းကိုလည်း ယုံကြည်ပါ၏။

ဤအရာက မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။
ယေရှုခရစ်သည် စစ်မှန်သောဘုရားသခင်၊ ခမည်းတော်၏တစ်ပါးတည်းသောသားတော်၊ ထို့အပြင် စစ်မှန်သောလူဖြစ်ပြီး အပျိုကညာမာရိဝမ်းမှ မွေးဖွါးလာသူဖြစ်ကြောင်း ယုံကြည်ပါသည်။ သူသည် ကျွနု်ပ်၏ဘုရားသခင်ဖြစ်ပြီး ကျွနု်ပ်ကို ရွေးနှုတ်ကယ်တင်သောသူ၊ ပျောက်ဆုံးပြီး အပြစ်စီရင်ခြင်း ကိုခံရမည့်သူကို ရွေးနှုတ်ကယ်တင်သည်။ ကျွနု်ပ်အား အပြစ်နှင့်သေခြင်းမှလည်းကောင်း၊ မကောင်းသောအမှုအရာတို့၏တန်ခိုးမှလည်းကောင်း ရွေးနှုတ်ရာတွင် ရွှေ၊ သို့မဟုတ် ငွေအားဖြင့် မဟုတ်ဘဲ သန့်ရှင်းပြီး မြင့်မြတ်သောအသွေးတော်အားဖြင့် ရွေးနှုတ်ခဲ့ပါသည်။ အပြစ်မရှိဘဲ ခံရ သောဒုက္ခဝေဒနာနှင့်သေခြင်းကို ခံတော်မူသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ကျွနု်ပ်အား ရွေးနှုတ်ပြီး သူ့နိုင်ငံ၌ အသက်ရှင်စေရန်၊ ထာဝရကာလတိုင် ဖြောင့်မတ်ခြင်းတရားဖြင့် အစေခံရန်ဖြစ်သည်။ သူသည် သေခြင်းမှထမြောက်ပြီး ထာဝရကာလတိုင် စိုးစံတော်မူမည်။ ဤအရာမှာ အမှန်တကယ် ဖြစ်ပျက်သောအရာပင်ဖြစ်ပါသည်။

သန့်ရှင်းစင်ကြယ်ခြင်း

သန့်ရှင်းသောဝိညာဉ်တော်၊ သန့်ရှင်းသောခရစ်ယာန်အသင်းတော်၊ ပွဲတော်မင်္ဂလာ၊ အပြစ်ခွင့်လွှတ် ခြင်း၊ ခန္ဒာဖြင့်ထမြောက်ခြင်း၊ နှင့်ထာဝရအသက်ကိုလည်း ယုံကြည်ပါ၏။ အာမင်။

ဤအရာက မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။
ကျွနု်ပ်သည် မိမိခွန်အား၊ အစွမ်းသတ္တိအားဖြင့် ယေရှုခရစ်ကို မယုံကြည်နိုင်ကြောင်း၊ သို့မဟုတ် သူ့ထံသို့မလာနိုင်ကြောင်းကို ယုံကြည်ပါ၏။ သန့်ရှင်းသောဝိညာဉ်တော်သည် ဧဝံဂေလိတရား အားဖြင့် အကျွနု်ပ်အား ဆွဲခေါ်အလင်းပေးပြီး သူ့ဆုကျေးဇူးများကိုပေးကာ စစ်မှန်သော ယုံ ကြည် ခြင်းတရား၌ ထိန်းသိမ်းထားကြောင်းကို ယုံကြည်ပါ၏။ သူသည် မြေကြီးပေါ်ရှိ ခရစ်ယာန်အသင်း တော်တစ်ခုလုံးကိုလည်း ခေါ်ထုတ်သည်၊ စုရုံးစေသည်၊ အလင်းကိုပေးသည်၊ စင်ကြယ်စေသည်ကို လည်း ယုံကြည်လက်ခံပါ၏။ စစ်မှန်သောယုံကြည်ခြင်းတရား၌ ယေရှုခရစ်နှင့်အတူ ဝှက်ထားလျက် ရှိပါသည်။ ထိုအရာအားဖြင့် ခရစ်ယာန်အသင်းတော်ကို နေ့စဉ်နှင့်အမျှ အပြစ်ခွင့်လွှတ်ခြင်းကို ပေး သနားတော်မူသည်။ သူသည် နောက်ဆုံးသောကာလတွင် ကျွနု်ပ်နှင့်သေသောသူအားလုံးကို ထ မြောက်စေပြီး ကျွနု်ပ်နှင့်ယုံကြည်သူအပေါင်းတို့ကို ထာဝရအသက်ပေးတော်မူမည်။ ဤအရာမှာ အလွန်မှန်ကန်သောအရာဖြစ်ပါသည်။