ပဌနာတော်

မိသားစုတစ်ခု၏ အိမ်ထောင်ဦးစီးက အိမ်သူအိမ်သားအားလုံး နားလည်နိုင်သည့်နည်းလမ်းဖြင့် သင်ကြားပေးသင့်သည်။

ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွနု်ပ်တို့၏အဘ

ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။

အဖြေ ။
ဘုရားသခင်က သူသည် ကျွနု်ပ်တို့၏ စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ကျွနု်ပ်တို့သည် သူ၏စစ်မှန်သော သားသမီးများဖြစ်ကြသည်ကိုလည်းကောင်း ယုံကြည်ရန် တိုက် တွန်းနှိုးဆော်ထားပါသည်။ ဤသို့ဖြင့် ချစ်သောသားက ဖခင်ကို လိုရာတောင်းသကဲ့သို့ လိုအပ် သည်များကို စိတ်ချစွာ တောင်းဆိုနိုင်ပါသည်။

ပထမဆုတောင်းချက်

ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော

မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။
ဘုရားသခင်၏နာမတော်သည် အမှန်တကယ် သန့်ရှင်းသည်။ သို့သော် ဤဆုတောင်းချက်၌ ကျွနု်ပ်တို့အလည်တွင် အမှန်တကယ် ရိုသေလေးမြတ်ခြင်းခံရစေရန် ဆုတောင်းခြင်းဖြစ်ပါသည်။

မည်သို့ဖြစ်လာနိုင်မည်နည်း။

အဖြေ ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်း၏မှန်ကန်မှုနှင့်သန့်ရှင်းခြင်းအကြောင်း သင်ကြားပေးသော အခါ ဘုရားသခင်၏သားသမီးများဖြစ်ကြသော ကျွန်တော်တို့သည် ထိုကျမ်းစာအတိုင်း အသက်ရှင် ခြင်းအဖြစ်သို့ ဦးဆောင်သွားသည်။ ထိုအရာက ကျွန်တော်တို့ကို အထောက်အကူပေးသည်။ ကျွန် တော်တို့သည် ထိုသန့်ရှင်းခြင်းဖြင့်အသက်ရှင်ရာတွင် ဘုရားသခင်၏နာမတော်ကို ရိုသေလေးမြတ် ခြင်းဖြင့် အသက်ရှင်ရာရောက်ပါသည်။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် ဤအရာထဲက ကျွန် တော်တို့ကို စောင့်ထိန်းပေးထားပါသည်။

ဒုတိယဆုတောင်းချက်

နိုင်ငံတော်တည်ထောင်ပါစေသော်

ဤအရာက မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ဘုရားသခင်၏နိုင်ငံတော်သည် ကျွန်တော်တို့၏ဆုတောင်းခြင်းအားဖြင့်မဟုတ်ဘဲ သူ့ဘာသာသူ ရောက်လာခြင်းဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ထံသို့ ရောက်ရှိလာဖို့ရန် ဆုတောင်းခြင်းပင်ဖြစ် ပါသည်။

မည်သို့ဖြစ်ပျက်လာမည်နည်း။

အဖြေ ။
ကျွန်တော်တို့၏ ကောင်းကင်ဘုံရှင်ဘုရားသခင်က သူ၏သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော် တို့အား ပေးသနားတော်မူသည်။ သို့ဖြင့်သာ ကျေးဇူးတော်ကြောင့် သူ၏နှုတ်ကပတ်တော်ကို ယုံ ကြည်လက်ခံကြပါသည်။ ဤကမ္ဘာ၌လည်းကောင်း၊ ထာဝရကာလ၌လည်းကောင်း ဘုရားသခင်အ လိုတော်ရှိသော အသက်တာဖြင့် အသက်ရှင်ရန် ဦးဆောင်မည်ဖြစ်သည်။

တတိယဆုတောင်းချက်

အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာလည်း ပြည့်စုံပါစေသော်

မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။
ကျေးဇူးကရုဏာတော်နှင့်ကောင်းမြတ်သောဘုရားသခင်၏အလိုတော်သည် ကျွန်တော်တို့၏ ဆု တောင်းပဌနာပြုခြင်းမရှိဘဲ ဖြစ်ပျက်သည်။ သို့သော် ကျွန်တော်တို့အလယ်၌လည်းဖြစ်ပျက်လာ ရန် ဤသို့လျှောက်ထားခြင်းပင်ဖြစ်ပါသည်။

မည်သို့ဖြစ်ပျက်သနည်း။

အဖြေ ။
ဘုရားသခင်သည် နာမတော် ရိုသေလေးမြတ်ခြင်းနှင့်နိုင်ငံတော် တည်ထောင်ခြင်းမရှိစေသည့် မကောင်းသောအရာနှင့်လုပ်ဆောင်ချက်များဖြစ်သည့် မာနတ်၏အလို၊ လောကကြီးနှင့်ဇာတိတို့ကို ဆီးတားချိုးဖျက်သောအခါ အဆုံးတိုင်အောင် နှုတ်ကပတ်တော်နှင့်ယုံကြည်ခြင်းတရား၌ တည်နေ စေရန် ခွန်အားပေး ထိန်းသိမ်းထားပါသည်။ ယင်းသည် ဘုရားသခင်၏ ကရုဏာနှင့်ကြွယ်ဝပြည့်စုံ တော်မူသော အလိုတော်ဖြစ်ပါသည်။

စတုတ္ထလျှောက်ထားချက်

နေ့စဉ်လိုသောအစာကို ယနေ့ပေးသနားတော်မူပါ။

ယင်းက မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ကျွန်တော်တို့သည် ဆုတောင်းခြင်းမရှိသော်လည်း ဘုရားသခင်သည် နေ့စဉ်လိုသောအစာကို ပေးသနားတော်မူသည်။ ဆိုးညစ်သောသူတို့ကိုပင် ချပေးသနားတော်မူသည်။ ကျွန်တော်တို့သည် ထိုအကြောင်းကို သိနားလည်ပြီး ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် နေ့စဉ်လိုသောအစာကို လက်ခံရရှိ နိုင်ရန် ဤသို့တောင်းလျှောက်ရခြင်းဖြစ်ပါသည်။

နေ့စဉ်လိုသောအစာသည် မည်သည့်အရာကို ဆိုလိုသနည်း။

အဖြေ ။

ကောင်းကင်ဘုံရှင် ဘုရားသခင်သည် ကျွန်တော်တို့ကိုယ်၌လိုအပ်သော အသက်ဝိညာဉ်၊ ပိုင်ဆိုင် ထားသောအရာအားလုံးသည် ထောက်ပံ့ပေးသောအရှင် ပိုင်ဆိုင်ထားသောအရာများဖြစ်ကြသည်။ ခန္ဒာအတွက်လိုအပ်သော အသား၊ အရေ၊ အဝတ်အစား၊ ဖိနပ်၊ အိမ်၊ မြေပြင်၊ ကျွဲနွား၊ ငွေကြေး၊ အိမ်ထောင်ဘက်၊ ကလေးများ၊ အစေခံများနှင့်သစ္စာရှိသောသူများ၊ အစိုးရကောင်း၊ ရာသီဥတု ကောင်း၊ ငြိမ်သက်ခြင်း၊ ကျန်းမာခြင်း၊ စည်းကမ်း၊ လေးစားမှု၊ မိတ်ဆွေကောင်း၊ သစ္စာရှိသော အိမ်နီးနားချင်း၊ ကဲ့သို့သောအရာများကိုလည်း ထောက်ပံ့ပေးပါသည်။

ပဉ္စမဆုတောင်းချက်

သူတပါးသည် အကျွနု်ပ်တို့ပြစ်မှားသောအပြစ်များကို လွှတ်သကဲ့သို့ အကျွနု်ပ်တို့လွှတ်သကဲ့သို့ အကျွနု်ပ်တို့အပြစ်များကို လွှတ်တော်မူပါ။

ယင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။

အဖြေ ။
ကောင်းကင်ဘုံရှင် ဘုရားသခင်သည် ကျွန်တော်တို့အပြစ်အပေါ်၌ မကြည့်မရှုဘဲ ထိုသို့သော် တောင်းလျှောက်မှုများကို မငြင်းမပယ်စေရန် ဆုတောင်းခြင်းဖြစ်ပါသည်။ တကယ်တော့ ကျွန်တော် တို့သည် တောင်းသမျှဆုတစ်ခုစီနှင့်မျှ ထိုက်တန်ခြင်းမရှိကြပါ။ မထိုက်တန်ကြပါ။ သို့သော် ထိုအရာ အားလုံးကို ကျေးဇူးတော်အားဖြင့် ပေးသနားတော်မူမည်။ အကြောင်းမှာ ကျွန်တော်တို့ သည် နေ့စဉ်နှင့်အမျှ အပြစ်များစွာကို ပြုကြသည်။ ပြစ်ဒဏ်မှတပါး ကျွန်တော်တို့ထိုက်တန်သောအ ရာမရှိပါ။ ထို့ကြောင့် ကျွန်တော်တို့သည် ကိုယ့်အလုပ်ကို လုပ်သည့်အနေဖြင့် မိမိတို့ကို မုန်းတီးသူ များကိုပင် အပြစ်ခွင့်လွှတ်ပြီး မေတ္တာပို့ကြပါသည်။

ဆဌမဆုတောင်းချက်

အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ

မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။
ဘုရားသခင်သည် အဘယ်သူကိုမျှ မသွေးဆောင်ပါ။ ဘုရားသခင်သည် ကျွန်တော်တို့အား လမ်းပြ စောင့်ထိန်းဖို့ ဆုတောင်းခြင်းဖြစ်သည်။ သို့မှသာ မကောင်းသောအရာ၊ လောကနှင့်ဇာတိတို့၏ လှည့်ဖြားမှုမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ မယုံကြည်နိုင်မှု၊ စိတ်ပျက်ခြင်းများ နှင့်အခြားရှက် ကြောက်ဖွယ်ရာများထဲကနေ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ကျွန်တော်တို့သည် တိုက်ခိုက်ခံခဲ့ကြ ရသော်လည်း နောက်ဆုံးတွင် အနိုင်ရကြစမြဲဖြစ်ပါသည်။

သတ္တမမြောက်ဆုတောင်းချက်

မကောင်းသောအမှုအရာမှ ကယ်နှုတ်တော်မူပါ။

မည်သို့ဆိုလိုပါသနည်း။

အဖြေ ။

ကျွန်တော်တို့သည် မကောင်းမှု၊ ခန္ဒာနှင့်စိတ်ဝိညာဉ် စသဖြင့်သောအရာထဲကနေ ဘုရားသခင်က ကယ်လွှတ်ပေးဖို့ အကျဉ်းချုံး ဆုတောင်းကြပါသည်။ စည်းစိမ်၊ ရိုသေလေးစားမှု၊ တို့အတွက်လည်း ဆုတောင်းကြသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် ကျွန်တော်တို့အား ဤဝမ်းနည်းကြေကွဲ စရာအခြေအနေထဲကနေ ကောင်းကင်ဘုံသို့ ပြန်လည်ခေါ်သွင်းတော်မူမည်။

အာမင်။

ယင်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။
ဆိုလိုသည်မှာ ဤဆုတောင်းခံချက်များကို ကောင်းကင်ဘုံရှင်ဘုရားသခင်သည် လက်ခံပြီး နား ညောင်းတော်မူကြောင်းဖြစ်ပါသည်။ ဘုရားသခင်ကိုယ်တော်တိုင်က ဆုတောင်းရန် အမိန့်ပေးထား ပါသည်။ သူသည် ဆုတောင်းသံများကို နားညောင်းမည်အကြောင်း ကတိပေးထားပါသည်။ အာမင်။ အာမင်။ ဆိုလိုသည်မှာ ဟုတ်ကဲ့၊ ထိုသို့ဖြစ်ပါစေဟူ၍တည်း။