သန့်ရှင်းသောပွဲတော်မင်္ဂလာ

မိသားစုကိုဦးဆောင်သောသူသည် အိမ်သူအိမ်သားတို့အား ရိုးစင်းသောနည်းလမ်းဖြင့် သွန်သင် သင့်ပါသည်။

သန့်ရှင်းသောပွဲတော်မင်္ဂလာဟူသည်မှာ အဘယ်နည်း။

မုန့်နှင့်စပျစ်ရည်အောက်တွင် စစ်မှန်သော ယေရှုခရစ်တော်၏ခန္ဒာနှင့်အသွေးအသားဖြစ်ပါသည်။ ခရစ်တော်ကိုယ်တိုင်အစပြုထားသည်ဖြစ်၍ ကျွန်တော်တို့ခရစ်ယာန်များ စားသောက်ကြရန်ဖြစ်ပါ သည်။

မည်သည့်နေရာတွင် ရေးသားထားပါသနည်း။

ဤအရာကို သန့်ရှင်းသောဧဝံဂေလိဆရာများဖြစ်ကြသော မဿဲ၊ မာကု၊ လုကာနှင့်တမန်တော် ရှင်ပေါလုတို့က ရေးသားထားကြပါသည်။

“သခင်ယေရှုခရစ်တော်သည် ရန်သူတို့လက်သို့အပ်ခံရ သောညတွင် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ ချိုးဖဲ့ပြီးလျှင်၊ တပည့်တော်တို့အား ပေး တော်မူလျက် ယူ၍ စားကြလော့။ ဤသည်ကား တပည့်တော်တို့အဘို့ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို သတိရစေခြင်းဌါ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်းတူ ညစာ စားပြီးလျှင် ဖလားကို လည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျက် တပည့်တော်အပေါင်းတို့အား သောက်ကြလော့။ ဤသည်ကား၊ ပဋိညာဉ်တရားတော်သစ်နှင့်ဆိုင်၍ တပည့်တော်တို့မှစသော လူအများတို့ အပြစ်ဒုစရိုက်မှ လွတ်စေခြင်းဌါသွန်းသော ငါ့အသွေးဖြစ်၏။ တပည့်တော်တို့သောက် တိုင်း ငါ့ကိုသတိရစေခြင်းဌါ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏” ဟု ရေးသားဖော်ပြထားပါသည်။

ဟု ရေးသားဖော်ပြထားပါသည်။

“အကြောင်းမူကား၊ သင်တို့၌ ငါပေးအပ်သောအရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူ မူကား၊ သခင်ယေရှုသည် ရန်သူလက်သို့အပ်နှံခြင်းခံရသောညမှာ မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီး မွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလို့ဌါ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်းတူ၊ ညစာ စားပြီးမှ ခွက်ကိုလည်း ယူ၍၊ ဤခွက်ကား ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ဤခွက်ကို သောက်သော အခါခါ၊ ငါ့ကို အောက်မေ့ဘို့ရာသောက်ကြလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုယူ၍ ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရား အသေခံတော်မူခြင်းကို ကြွလာတော် မမူမှီတိုင်အောင် ပြုကြလော့။” ( ၁ ကော ၁၁း ၂၃- ၂၆)

ထိုသို့စားသောက်ခြင်းအကျိုးကား အဘယ်သို့နည်း။

ဤစကားလုံးတွင် ဖော်ပြထားပါသည်။

“အပြစ်ခွင့်လွှတ်ခြင်းအတွက် သင်တို့အဖို့သွန်းသောအသွေးဖြစ်သည်။”

တနည်းအားဖြင့်ဆိုရလျှင် ၎င်းသည် အပြစ်ခွင့်လွှတ်ခြင်း၊ အသက်နှင့်ထာဝရအသက်အဖို့အလို့ငှါ ဤစကားအားဖြင့်ပေးတော်မူသောအရာဖြစ်ပါသည်။ အကြောင်းမှာ အပြစ်ခွင့်လွှတ်ခြင်းရှိရာအရပ် တွင် အသက်နှင့်ကယ်တင်ခြင်းရှိပါသည်။

ထိုသို့ကြီးမားသောအရာကို သတ္တိရှိရှိ မည်သို့စားသုံးနိုင်မည်နည်း။

စားသောက်ခြင်းသက်သက်မဟုတ်ပါ။ “သင်တို့၏အပြစ်ခွင့်လွှတ်ခြင်းအတွက်ပေးသော အသွေးဖြစ် သည်ဟူသော စကားလုံးသည် အဓိက ကျသည်။” ထိုနှုတ်ကပတ်တော်ကို သုံးဆောင်ခြင်းသည် သတ္တိရှိရှိစားသောက်ခြင်း၏ ကြီးမားသောအကျိုးကျေးဇူးဖြစ်ပါသည်။ ဤစကားကို ယုံကြည်သော သူတို့သည် တနည်းအားဖြင့် အပြစ်ခွင့်လွှတ်ခြင်းကို ပြန်လည်ရရှိပါသည်။

ထိုသို့သောဓမ္မဝတ်ကို မည်သူက ထိုက်ထိုက်တန်တန် ရရှိသနည်း။

အစာရှောင်ပြီး သတ္တိရှိရှိပြင်ဆင်ထားခြင်းသည် အပြင်ပန်းသင်ယူလေ့လာခြင်းဖြစ်ပါသည်။ သို့သော် “သင်တို့အပြစ်ခွင့်လွှတ်ခြင်းအတွက် သွန်းလောင်းသောအသွေးတော်ဖြစ်သည်” ဟူသော ဤ စကားကို ယုံကြည်လက်ခံသောသူတို့သည် ထိုက်တန်ပြီး ကောင်းစွာပြင်ဆင်သောသူများဖြစ်ကြ ပါသည်။ ဤစကားကို မယုံသောသူ သို့မဟုတ် သံသယရှိသောသူသည် မထိုက်တန်သောသူဖြစ်ပါသည်။ “သင့်အတွက်” ဟူသော စကားလုံးက ယုံကြည်သောနှလုံးသားကို တောင်းဆိုပါသည်။