၀န်ခံခြင်း

ဝန်ခံခြင်းဟူသည်မှာ အဘယ်နည်း။

ဝန်ခံခြင်းဟူသောအရာက အချက်နှစ်ချက်ကို စွဲကိုင်သည်။ တစ်ခုမှာ ကျွနု်ပ်တို့သည် အပြစ်ကို ဝန်ချတောင်းပန်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ အပြစ်ခွင့်လွှတ်ခြင်းကို ဝန်ခံသူက ဘုရားသခင်ကိုယ် တိုင်ထံ၌ သံသယမရှိဘဲ ရရှိခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့၏အပြစ်များကို ဘုရားသခင်ရှေ့ တော်၌ ခွင့်လွှတ်ခြင်းရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြု ယုံကြည်လက်ခံခြင်းဖြစ်ပါသည်။

မည်သို့သောအပြစ်ကို ဝန်ခံသင့်ပါသနည်း။

ကျွန်တော်တို့သည် ပဌနာတော်၌ ရွက်ဆိုသကဲ့သို့ ဘုရားသခင်ရှေ့၌ အပြစ်အလုံးစုံကို ကျူးလွန် သောသူများဖြစ်ကြသည်။ သို့ရာတွင် အပြစ်လွှတ်ပိုင်ခွင့်ရှိသောသူရှေ့တွင် စိတ်နှလုံးထဲ၌ ခံစားရ သောအပြစ်မှစ၍ အလုံးစုံသောအပြစ်တို့ကို ဝန်ခံသင့်ပါသည်။

မည်သို့သောအရာများဖြစ်သနည်း။

ဤနေရာတွင် ပညတ်တော်ဆယ်ပါးအရ သင်၏အခြေအနေကို ဆင်ခြင်သုံးသပ်ပါ။ သင်သည် ဖခင်၊ မိခင်၊ သား၊ သမီး၊ သခင်၊ သခင်မ၊ ကျွန်ယောကျ်ား၊ သို့မဟုတ် ကျွန်မိန်းမ ဖြစ်မဖြစ်၊ နာခံခြင်းမရှိသူ၊ သစ္စာမရှိသူ၊ နူးညံ့သိမ်မွေ့ခြင်းမရှိသူ၊ စကားအားဖြင့် အပြစ်ကျူးလွန်ခြင်းရှိမရှိ၊ ခိုးဝှက်ခြင်း၊ ငြင်းဆန်ခြင်း၊ သို့မဟုတ် အမှန်းကျူးလွန်ခြင်းရှိမရှိကို ထိုပညတ်တရားဖြင့် သုံးသပ် ချိန်ထိုးရပါမည်။

၀န်ခံခြင်းနှင့်ဆိုင်သည့်ပုံစံကို အကျဉ်းမျှ ဖော်ပြပါ။

သင်သည် အပြစ်လွှတ်ပိုင်ခွင့်ရှိသူထံ၌ ပြောဆိုသင့်သည်။ “လေးစားရပါသော၊ချစ်ရသောဆရာ၊ ကျွန်တော့်ရဲ့ဝန်ခံခြင်းကို နားထောင်ပေးပါ။ ဘုရားသခင်ကိုယ်စား အပြစ်ခွင့်လွှတ်ကြောင်း ကြော် ငြာပေးပါ။”

ဆက်လက်ရွက်ဆိုရန်။
“သနားစရာအပြစ်သား ကျွန်တော်သည် ဘုရားသခင်၏မျက်မှောက်တော်တွင် အပြစ်ရှိကြောင်း ဝန် ခံပါသည်။ ကျွန်တော်သည် ကျွန်ယောကျ်ား၊ ကျွန်မိန်းမ စသဖြင့် ဖြစ်ကြောင်း ဝန်ခံပါသည်။ သို့ရာ တွင် ကျွန်တော်သည် ကျွန်တော့်သခင်ကို သစ္စာရှိရှိ အစေမခံခဲ့ပါ။ ကျွန်တော့်အား ပေးသမျှသော အမိန့်တော်တို့ကိုလည်း နာခံမှုမရှိပါ။ သူတို့ကို အမျက်ထွက်ပါသည်။ သူတို့ကို ကျိန်ဆဲပါသည်။ ကိစ္စမှန်သမျှတွင် ဂရုမစိုက် လစ်လျူရှုသဖြင့် ပျက်စီးခြင်းကို ခွင့်ပြုသောသူဖြစ်ပါသည်။ စကားအား ဖြင့်သော်လည်းကောင်း၊ အပြုအမူအားဖြင့်သော်လည်းကောင်း ပုံသက်သေမဖြစ်ပါ။ ထိုသို့ဖြစ်ရခြင်း အလုံးစုံအတွက် နောင်တရပါ၏။ ကျေးဇူးတော်ကို ပေးသနားတော်မူပါ။ ပို၍ကောင်းသောအသက် တာဖြင့် အသက်ရှင်လိုပါသည်။

သခင် သို့မဟုတ် သခင်မတို့က ဤသို့ဆိုကြလိမ့်မည်။ “ကျွန်တော်သည် သားသမီးနှင့်မိသားစုတို့ ကို ဘုရားဘုန်းတော်အတွက် ကောင်းမွန်စွာ သွန်သင်ပေးခြင်းမရှိသောကြောင့် ထိုအပြစ်ကို ဝန်ခံပါ သည်။ ကျွန်တော်ကျိန်ဆဲလေပြီး။ သူတို့ကို ရိုင်းစိုင်းသောစကား၊ နှင့်အပြုအမူအားဖြင့် မကောင်း သည့် ပုံသက်သေကို ပြပါပြီး။ အိမ်နီးနားချင်းတို့ကိုလည်း နာကျင်စေသည်သာမက မကောင်းသော စကားကိုလည်း ပြောပါပြီ။ သူတို့အပေါ် လေးသောဝန်ကို တင်လျက် မှားယွင်းစွာ တိုင်းတာမိပါ သည်။”

ဘုရားသခင်၏အမိန့်တော်နှင့်ဖော်ပြချက်များ စသည်တို့ကို ဆန့်ကျင်လုပ်ဆောင်သမျှသောအရာရှိ သမျှတို့သည် ။

သို့ရာတွင် ထိုသို့သောအရာများသည် အပြစ်ဟု လုံးဝမမြင်သောသူသည် မိမိကိုယ်ကို ဒုက္ခမရှိဟု သာဆိုမည်။ ထို့အပြင် အပြစ်အတွက်သာလျှင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ထိုအရာတွေအတွက် ဝန်ခံရမည်။ သူသိရှိသောအရာ တစ်ခု သို့မဟုတ် နှစ်ခုကို ဖော်ပြပါ။ ထို့ကြောင့် “တနည်းအား ဖြင့် တချိန်က ကျိန်ဆဲခဲ့ဖူးသည်၊ နောက်တကြိမ် မကောင်းသောစကားလုံးကို အသုံးပြုသည်။ တချိန် က ဤအရာကို ငြင်းဆန်သည်။ သို့မဟုတ် ထိုအရာကို ငြင်းဆန်သည်။” ဤအရာကို ပြည့်စုံပါစေ သော်။
သင်သည် တစ်ခုမှမသိလျှင်(မည်သည့်အရာ၊ မည်သို့ပင်ဖြစ်စေကာမူ) ဘာမျှ မဖော်ပြပါနှင့်။ ဘုရား သခင်ထံ၌ပြုသော အပြစ်ဝန်ခံခြင်းအတွက် အပြစ်ခွင့်လွှတ်ခြင်းတရားကို လက်ခံထားလိုက်ပါ။

ဝန်ခံခြင်းကို ကြားနာသောသူက ဤသို့ဆိုလိမ့်မည်။

“ဘုရားသခင်သည် သင့်ကို သနားပါစေ၊ သင်၏ယုံကြည်ခြင်းကို ခွန်အားပေးပါစေ၊ အာမင်။

ဆက်လက်၍။ ကျွန်တော်ရဲ့ခွင့်လွှတ်ခြင်းသည် ဘုရားသခင်၏ခွင့်လွှတ်ခြင်းဖြစ်ကြောင်း ယုံကြည်ပါသလား။”

အဖြေ ။ “ဟုတ်ကဲ့၊ ယုံကြည်ပါသည်။”

ထို့နောက် “သင်သည် ယုံကြည်သောကြောင့် ယုံကြည်သည်အတိုင်း သင်၌ဖြစ်ပါစေ။ သခင်ယေရှု ခရစ်၏အမိန့်တော်အားဖြင့် သင့်အပြစ်ကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ခွင့်လွှတ်ပါ၏။ ငြိမ်ဝပ်စွာသွားလော့” ဟုဆိုမည်။

သြတ္တပစိတ်၌ ဝန်ထုပ်ဝန်ပိုးရှိသောသူဟူသမျှ သို့မဟုတ် စိတ်ဒုက္ခရောက်သောသ နှင့်သွေးဆောင် ခံရသူတို့အား ဝန်ခံခြင်းကိုကြားနာသူက နှိမ့်သိမ့်ခွန်အားပေးရမည်။ ကျမ်းပိုဒ်များစွာဖြင့် ယုံကြည် ခြင်းကို တိုးပွါးစေရပါမည်။ ဤသည်မှာ သင်ယူလေ့လာထားခြင်းမရှိသည့် ဝန်ခံခြင်းနည်းစနစ်ဖြစ်ပါ သည်။