ပညတ်တော်ဆယ်ပါး

မာတင်လူသာ ။ အမေးအဖြေစာအုပ်ငယ်

ပထမပညတ်ချက်

ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။

မည်သည့်အရာကို ဆိုလိုသနည်း။

အဖြေ။

ခပ်သိမ်းသောအရာတို့ထက် ဘုရားသခင်ကို ကြောက်ရွံ့သင့်သည်၊ ချစ်သင့်သည်၊ ယုံကြည်ကိုးစားသင့်သည် ဟု ဆိုလိုသည်။


ဒုတိယပညတ်ချက်

သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွတ်ဆိုနှင့်။

ဤပညတ်က မည်သည့်အရာကို ဆိုလိုသနည်း။

အဖြေ။

ကျွန်တော်တို့သည် ဘုရားသခင်၏နာမကို ကျိန်ဆိုခြင်း၊ ကျိန်ဆဲခြင်း၊ စုန်းအတတ်မှော်အတတ်တွင် အသုံးပြုခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် မုသာ၌ နာမတော်ကို အလွဲသုံးစားမပြုမိရန် ဘုရားသခင် ကို ကြောက်ရွံ့သင့်သည်၊ ချစ်သင့်သည်။ ထို့အပြင် ဒုက္ခဆင်းရဲ့ကြုံတွေ့ချိန်၊ ဆုတောင်းချိန်၊ ချီးမွမ်းချိန်နှင့်ကျေးဇူးတော်ချီးမွမ်းချိန်တို့တွင်လည်း နာမတော်ကို မြွတ်ဆိုနိုင်သည်ဟု ဆိုလိုသည်။


တတိယပညတ်ချက်

ဥပုသ်နေ့ကို သန့်ရှင်းစေရမည်။

ဤပညတ်က မည်သည့်အရာကို ဆိုလိုသနည်း။

အဖြေ ။

ကျွန်တော်တို့သည် နှုတ်ကပတ်တော်သွန်သင်ခြင်းနှင့်ဟောပြောခြင်းတို့ကို မထီမဲ့မြင်မပြုဘဲ၊ အလေးအမြတ်ထား၍ ဝမ်းမြောက်စွာ ခံယူနိုင်ပါမည်အကြောင်း ဘုရားသခင်ကို ချစ်ကြောက်ရိုသေ ရမည်ဟု ဆိုလိုသည်။


စတုတ္ထပညတ်ချက်

သင့်အသက်တာကောင်းစား၍ မြေကြီးပေါ်တွင် အသက်တာရှည်မည်အကြောင့် ကိုယ့်မိဘကို ရိုသေစွာပြုရမည်။

ဤပညတ်ချက်က မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ကျွန်တော်တို့သည် ကိုယ့်မိဘ နှင့်သခင်များအပေါ် မထီလေးစားမလုပ်ဘဲ ရိုသေသမှုပြုရန်၊ အစေခံ ရန်၊ နာခံရန်၊ မေတ္တာဖြင့် ရိုသေလေးစားမှုကိုပြုရန်အတွက် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသင့် ပါသည်။


ပဉ္စမပညတ်ချက်

လူ့အသက်ကို မသတ်နှင့်။

ဤပညတ်ချက်က မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ကိုယ်နှင့်စပ်ဆိုင်သောသူတို့၏ကိုယ်ခန္ဒာကို ထိခိုက်နာကျင်စေခြင်း၊ နစ်နာစေခြင်းမပြုဘဲ၊ ကိုယ်ကာယလိုအပ်ချက်တိုင်းတွင် ကူညီမစနိုင်ရန် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသင့်သည် ဟု ဆိုလိုပါသည်။


ဆဌမပညတ်ချက်။

သူ့မယားကို မပြစ်မှားနှင့်။

ဤပညတ်ချက်က မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ကျွန်တော်တို့သည် စကားနှင့်အပြုအမူအားဖြင့်လည်း ဖြူစင်သန့်ရှင်းပြီး သင့်တင့်လျောက်ပတ် သောအသက်တာဖြင့်အသက်ရှင်ပြီး လင်မယားတို့သည် တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာ ယုယ မြတ်နိုးနိုင်မည်အကြောင်း ဘုရားသခင်ကို ချစ်ကြောက်ရိုသေသင့်သည်ဟု ဆိုလိုပါသည်။


သတ္တမပညတ်ချက်

သူ့ဥစ္စာကို မခိုးနှင့်။

ဤပညတ်ချက်က မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ။

ကျွန်တော်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ငွေကြေး သို့မဟုတ် ဥစ္စာပစ္စည်းပိုင်ဆိုင်မှုများကို တပ်မက်ခြင်း၊ သို့မဟုတ် မတရားသောနည်းလမ်းဖြင့်ရယူခြင်းမျိုးကို ရှောင်ကြဉ်၍ ထိုသူ၏ ငွေကြေးဥစ္စာများကို ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့်ဝင်ငွေတိုးပွါးခြင်းနည်းလမ်းများတွင် အကူ အညီပေးနိုင်မည်အကြောင်း ဘုရားသခင်ကို ချစ်ကြောက်ရိုသေသင့်ပါသည်ဟု ဆိုလိုပါသည်။


အဋ္ဌမပညတ်ချက်

ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။

ဤပညတ်က မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ကျွန်တော်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကြောင်းကို မဟုတ်မမှန်ပြောဆိုခြင်း၊ သစ္စာ ဖောက်ခြင်း၊ သေသိမ်စေခြင်း၊ သို့မဟုတ် ဂုဏ်အသရေညှိုးနွမ်းစေခြင်းမျိုးမဟုတ်ဘဲ အကာအကွယ်ပေးခြင်း၊ ကောင်းမွန်စွာပြောဆိုဆက်ဆံခြင်း၊ ခပ်သိမ်းသောအရာတို့၌ အပြုသ ဘောဆောင်သောပြောဆိုမှုများရှိနိုင်မည်အကြောင်း ဘုရားသခင်ကို ချစ်ကြောက်ရိုသေသင့်ပါ သည်။


နဝမပညတ်ချက်

ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။

ဤပညတ်ချက်က မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ကိုယ်နှင့်စပ်ဆိုင်သောသူ၏အမွေဥစ္စာ သို့မဟုတ် အိမ်ကို တရားသောနည်းလမ်းဖြင့် ရယူခြင်းမျိုး မဟုတ်ဘဲ မတရားသောနည်းလမ်းဖြင့်ရယူရန် ကြိုးစားအားထုတ်မှုမျိုးကို ရှောင်ကြဉ်ကာ သူ၏ ဥစ္စာပစ္စည်းများကို ထိန်းသိမ်းကာကွယ်ပေးရာတွင် အကူအညီပေးနိုင်မည်အကြောင်း ဘုရားသခင် ကို ချစ်ကြောက်ရိုသေသင့်ပါသည်။


ဒဿမပညတ်ချက်

ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ ကျွန်ယောကျ်ားနှင့်ကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ် ဆိုင်သောသူ၏ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။

ဤပညတ်ချက်က မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ကျွန်တော်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ ကျွန်ယောကျ်ားနှင့်မိန်းမ၊ တိရစ္ဆာန်တို့ကို သွေးဆောင်ဖြားယောင်ခြင်းဖြင့်လည်းကောင်း၊ အတင်းအဓမ္မဖြင့်လည်းကောင်း ရယူခြင်းတို့ကိုမပြု ဘဲ ကောင်းမွန်စွာ အသက်ရျင်နေထိုင်ပြီး ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင် ရန်အတွက် တိုက်တွန်းနှိုးဆောင်မှုကို ပြုနိုင်မည်အကြောင်း ဘုရားသခင်ကို ချစ်ကြောက်ရိုသေသင့် ပါသည်။


အနှစ်ချုပ်

ဘုရားသခင်သည် အထက်ပါပညတ်ချက်များနှင့်ပတ်သက်ပြီး မည်သည့်အရာကို မိန့်တော်မူ သနည်း။

အဖြေ ။

ဘုရားသခင်က ဤသို့မိန့်တော်မူသည်။ (ထွက် ၂၀း ၅)

“သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆင့်၊ စတုတ္ထအဆင့်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊ ငါ့ကို ချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆင့် အထောင်အသောင်းတိုင်အောင် ကရုဏာကိုပြသောဘုရားဖြစ်၏” (ထွက်မြောက် ၂၀း ၅-၆) ဟု မိန့်တော်မူ၏။

ဤကျမ်းပိုဒ်က မည်သည့်အရာကို ဆိုလိုပါသနည်း။

အဖြေ ။

ဘုရားသခင်သည် ဤပညတ်ချက်များကို ချိုးဖောက်သောသူတိုင်းကို အပြစ်ပေးသည်။ ထို့ကြောင့် အမျက်တော်ကို ကြောက်ရွံ့လျက် ဤပညတ်ချက်များကို ဆန့်ကျင်သွေဖည်ခြင်းမရှိဘဲ ကျင့်ကြံ နေ ထိုင်ရမည်။ သို့ရာတွင် ဘုရားသခင်သည် ဤပညတ်ချက်များကို စောင့်ထိန်းသောသူတို့အား ကျေး ဇူးတော်နှင့်အလုံးစုံသော ကောင်းကြီးမင်္ဂလာများကို ပေးသနားတော်မူမည်အကြောင်း ကတိတော် များရှိသည်။ ထို့ကြောင့် ဘုရားသခင်ကို ချစ်၍ ယုံကြည်ကိုးစားခြင်းဖြင့် သူ၏ပညတ်တော်များကို ဝမ်းမြောက်စွာ ကျင့်ဆောင်ကြရန်ဖြစ်ပါသည်။