ယောဟန် ၂၁ - နိဂုံး

ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ မူရင်းစာအုပ်တွင် အခန်းကြီး ၂၀ ၌ အဆုံးသတ်ထားသည်။ အပိုဒ် ၂၀း ၃၀-၃၁ သည် မူရင်းခရစ်ဝင်ကျမ်း၏ နောက်ဆုံးစကားလုံးများဖြစ်ပါသည်။ အခန်းကြီး ၂၁ မှာ နောက်ပိုင်း နှစ်အနည်း ငယ်ကြာလာသောအခါ ဆွေးနွေးဆုံးဖြတ်ခြင်းဖြင့် နိဂုံးတစ်ခုအဖြစ် သတ်မှတ်ထားလာပါသည်။ စာရေးသူက တူညီသော ယဉ်ကျေးမှုကလာသော အကြောင်းအရာ အနည်းငယ်ကို ထည့်သွင်းလိုပါသည်။

ရှိသမျှသောအကြောင်းအရာအားလုံးကို ကျွနု်ပ်တို့ရှေ့၌ ခင်းကျင်းပြသထားပါသည်။ “ယေရှုချစ်သောတပည့် က အဓိက အခန်းကဏ္ဍကို ဆုပ်ကိုင်ထားပါသည်။ ကျွနု်ပ်တို့သည် နောက်ထပ်အကြောင်းအရာများကို လုပ် ဆောင်ရန် ဦးဆောင်ထားသည့် အကြောင်းအရာများကို ကိုင်တွယ်ရမည့်အချိန်ဖြစ်ပါသည်။ အခန်း ၂၁ ကို စာမူလေးဖြင့် အဆုံးသတ်လိုသည်။ ဤအချက်ကို ထင်ရှားစေသောအရာမှာ စာမူထုံးတမ်း၌ရှိသော အရေးပါ သည့်အရာကို မြင်သာစေပါသည်။ ထပ်လောင်းရေးသားထားသောအရာများကို ယောဟန်ခရစ်ဝင်ကျမ်းအား လူအများရှေ့၌ စတင်ကူးယူခြင်းမတိုင်မှီ ရေးသားထားပါသည်။ ထို့ကြောင့် ဤသည်မှာ အလွန်ရှေးကျပြီး ခရစ်ဝင်ကျမ်း၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါသည်။

တံငါသည်များကဲ့သို့သော တမန်တော်များ ၂၁း ၁- ၁၄

နောက်ပိုင်းတွင် နောက်ဆုံးအခန်းကို ခရစ်ဝင်ကျမ်း၌ ပေါင်းလာသောအခါ ရှင်ယောဟန်ခရစ်ဝင်ကျမ်းစာ၌ ယခုဆွေးနွေးလျက်ရှိသောအကြောင်းအရာကို နေရာချထားရန်မှာ အင်မတန် ခက်ခဲလာပါသည်။ အကောင်း ဆုံးနေရာမှာ အရာအားလုံး ရှင်းလင်းမှုမရှိသေးသည့်အချိန်နှင့်တပည့်တော်များက ယေရှု၏ထမြောက်ခြင်းကို ကောင်းကောင်း မသိကြသေးသည့်အချိန်တွင် ဖြစ်ပါသည်။ ထိုအကြောင်းကြောင့် တပည့်တော်များက ထွက် ၍ ငါးဖမ်းသည်ဟူသည်မှာ တချိန်က သူတို့လက်ခံရရှိထားသော မဟာစေခိုင်းချက်ကို ငြင်းပယ်ကြသည်ဟု ဆိုလိုသတည်း။

ယေရှုသည် သင်္ချိုင်း၌ ရှိနေခဲ့သည်။ သူတို့သည် သူနှင့်အတူ အတန်ကြာအောင် မနေရလိုက်ကြပေ။ ဤတွေး ခေါ်မှု၏ယုတ္တိဆန်သောအကြောင်းအရာမှာ တမန်တော်တို့၏ရုံးတည်နေရာတွင် ဝန်ခံခြင်းတစ်ခုပင်ဖြစ်ပါ သည်။ ပထမဦးတည်ချက်မှာ ငါးဖမ်းခြင်းဖြစ်သည်။ ၎င်းမှာ အရင်ကတည်းက သူတို့၏ စားဝတ်နေရေးအ တွက် လုပ်ဆောင်သည့် လုပ်ငန်းပင်ဖြစ်ပါသည်။ ယောဟန်၏ဇာတ်ကြောင်းတွင် ဤအရာကို ရည်ညွှန်းချက် များစွာဖြင့် ထည့်သွင်းထားပါသည်။ ထိုဇာတ်ကြောင်းများကို ယေရှုဒုက္ခဝေဒနာမခံမှီ ရှင်လုကာ ခရစ်ဝင်ကျမ်း တွင် တွေ့ရှိရပါသည်။ (လုကာ ၅း ၁-၁၁) ကမ်းခြေ၌စွဲမက်ဖွယ်အခြေအနေအပါအဝင် ဇာတ်ကြောင်းတစ်ခု လုံးက တပည့်တော်တို့၏ ပြန်လာခြင်းကို ထင်ရှားစေပါသည်။

ပုံသဏ္ဍာန် ၁၅၃ သည် အချို့သောနည်းလမ်းများတွင် သရုပ်ဖော်မှုဖြစ်သည်။ သို့ရာတွင် ခရစ်တော်၏လုပ် ဆောင်ချက်သည် လူမျိုးတိုင်းကို တို့ထိမည်ဟူသောအချက်ကိုလည်း တစ်နည်းအားဖြင့် ဖော်ညွှန်းထားပါ သည်။ သို့ရာတွင် အကြံပြုရှင်းလင်းချက်တစ်ခုမှ ဘဝင်ကျစရာမရှိပါ။ မကြာသေခင်က စိတ်ကယောင် ချောက်ချားဖြစ်နေကြသော တပည့်တော်များသည် ဤအခြေအနေနောက်ပိုင်းတွင် တဖန် လူကိုမျှားသော တံငါဖြစ်လာခဲ့ကြသည်။

ယေရှုနှင့်ပေတရု ၂၁း ၁၅-၁၉

ယေရှုနှင့်ပေတရုတို့၏တွေ့ဆုံမှုသည် အလွန်ပင် လှပပြီး စိတ္တဇဆန်သောအရာဖြစ်ပါသည်။ အခြားလူများ ရှိနေခဲ့ကြသော်လည်း သူတို့သည် အဓိကကျသောအခန်းကဏ္ဍ၌ ရှိမနေကြပါ။ ဤသူနှစ်ဦးသည် တစ်ဦးကို တစ်ဦး နက်ရှိုင်းသောအကြည့်ဖြင့် ကြည့်နေကြပါသည်။ ပေတရု၏ငြင်းပယ်ခြင်း ရှိသော်လည်း သူ့ဘဝတစ် ခုလုံး ယေရှုခရစ်အားဖြင့်သာဖြစ်သည်။ ပေတရုသည် သုံးကြိမ်တိုင်တိုင် ငြင်းပယ်သည်။ ယေရှုသည် သူ့အား “ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင်မေးသည်။ နောက်ဆုံးမေးခွန်းအပြီးတွင် ပေတရုသည် ပေါက်ကွဲခဲ့ သည်။ သခင်ဘုရားနှင့်သူ့ရင်းနှီးကျွမ်းဝင်မှုကို ပြန်လည်တည်ဆောက်ထားသည်။

မေးခွန်းသုံးခုတွင် သိုးထိန်းအဖြစ်လုပ်ဆောင်ရန် ပေတရုအား တာဝန်သုံးခုပေးထားကြောင်း တွေ့ရသည်။ သိုးထိန်းကောင်းနှင့်ပတ်သက်ပြီး ယေရှု၏စိတ်သဘောကို ခန့်မှန်းနိုင်သည်။ (အခန်း ၁၀) ထိုအကြောင်း၏ နောက်ကွယ်တွင် ဓမ္မဟောင်းဖော်ပြချက်ရှိပါသည်။ (ယေဇကျေလ ၃၄၊ ) မကောင်းသောသိုးထိန်းသည် မိမိ ကိုယ်ကိုသာ စောင့်ရှောက်ပြီး သိုးများကို အလေးမထားဘဲ ထားရစ်ခဲ့သည်။ သခင်ဘုရားသည် မိမိသိုးများကို စတင် ထိန်းကျောင်းသောအခါ အခြေအနေအားလုံး ပြောင်းလဲသွားခဲ့ပါသည်။ ရှင်ပြန်ထမြောက်သောသခင် သည် မိမိသိုးများကို လူ့နည်းလမ်းဖြင့် ထိန်းကျောင်းသည်။ အလွန်အရေးကြီးသော တာဝန်ဝတ္တရားကို ခရစ်ဝင်ကျမ်းလေးခု၌ တပည့်တော်တို့၏ခေါင်းဆောင်ဖြစ်သော ပေတရုကို ပေးထားသည်။ သိုးထိန်းလုပ်ငန်း သည် ပေတရုအားပေးထားသော ထူးခြားသည့် တာဝန်နှင့်အတူ ယေရှုကို မချစ်ဘဲ လုပ်ဆောင်၍ မရနိုင် သောအရာပင်ဖြစ်ပါသည်။ ထို့ကြောင့် ယေရှုသည် ပေတရုကို သုံးကြိမ်ငြင်းပယ်ပြီးနောက် ပြန်လည်စေခိုင်းခဲ့ ပါသည်။

ဤမဟာစေခိုင်းချက်၌ နောက်ပိုင်း၌သာ နားလည်လာနိုင်သည့် နက်နဲသောအရာတစ်ခုပါဝင်သည်။ ဝတ်ဆင် ခြင်း (သို့မဟုတ် ချည်နှောင်ခြင်း/ဝန်းရံခြင်း) နှင့်လျှောက်လှမ်းခြင်းက မည်သည့်အရာကို ဆိုလိုပါသနည်း။ ဝတ်စားဆင်ယင်ခြင်းဆိုင်ရာ ယဉ်ကျေးမှုအစိတ်အပိုင်းမှာ ရှည်လျားသောဝတ်လုံ ဝတ်ခြင်းဖြစ်သည်။ လမ်း လျှောက်ဖို့ လုပ်သောအခါ ဝတ်ဆင်သောသူကို ခါးပတ်ဖြင့် ချည်နှောင်ထားသည်။ သို့မှသာ လှုပ်ရှားမှုကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ လူငယ်လေးသည် မည်သည့်အချိန်၌မျှ မိမိကိုယ်ကို ခါးပတ်ဝတ်လေ့မရှိပါ။ အသက်ကြီးသူသည် လက်ကိုဆန့်လျက် တစ်ဦးဦးအား ခါးပတ်ကို ဝတ်ဆင်စေသည်။ ဤလုပ်ဆောင်မှုကို ပြောလိုခြင်းဖြစ်သည်။ လက်ကို ဆန့်တန်းခြင်းမှာ နက်နဲသောအရာ၏ သောချက်တစ်ခုဖြစ်သည်။ ပေတရု သည် မာတုရဖြစ်ကြောင်းကို ကျွနု်ပ်တို့သိထားသည်။ သူသည် အေဒီ ၆၀ ၌ ရောမတွင် အသတ်ခံရသည့် သဘောကိုတွေ့ရသည်။ သူသည် ကားစင်ပေါ်တွင် သံမှုဖြင့်ရိုက်ထားသောအခါ လက်ကိုဆန့်တန်းသည်။ ထို့ နောက် သူသည် အမှုပြီးစီးအောင်လုပ်ဆောင်ရမည့်နေရာသို့ အာဏာပါးကွက်သားများရှေ့တွင် သွားခဲ့သည်။ ပိုကောင်းသည့် အမြင်က မည်သို့နည်း။ ခရစ်တော်မပါဘဲ လုံခြုံမှုရှိခြင်းလား၊ သို့မဟုတ် ခရစ်တော်နှင့်အတူရှိ ပြီး ပြင်းထန်သောဒုက္ခဝေဒနာကို ခံစားခြင်းလား။ ပေတရုက ထိုအဖြေကိုသိထားသည်။ “ထိုသူ၌အသက်ရှိ သည်။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်သည်။”

ချစ်ရသောတပည့်တော် ၂၁း ၂၀-၂၅

မိတ်ဆွေနှစ်ဦးနောက်တွင် “ချစ်ရသောတပည့်တော်” လမ်းလျှောက်သည်။ ပေတရုက သူ၌မည်သို့ဖြစ်လာ မည်ကို မေးသည့်အခါ အမှားတစ်ခုကိုပြုမိသည်။ သို့ရာတွင် “သင်သည် ငါ့နောက်လိုက်သည်” ဟူသော ခိုင်မာသောအဖြေတစ်ခုကိုသာရရှိသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ပေတရုသည် လွန်ခဲ့သောအခါ က အခြားသူများကဲ့သို့ပင် အပြင်လူသာဖြစ်ပါသည်။ အခြားသူအတွက် ယေရှု၏အကြံအစည်သည် အခြားသူ တစ်ဦးဦးနှင့်မျှ မသက်ဆိုင်ပါ။ ဖြစ်လာလတံ့သောမာတုရဖြစ်ခြင်းကို ပေတရုအတွက်သာ ရည်ရွယ်ထား သည်။ လူအားလုံးအတွက် မဟုတ်ပါ။ “ချစ်ရသောတပည့်တော်” ၏ လမ်းဆုံးသည် ပေတရုအတွက် နက်နဲ သောအရာပင်ဖြစ်ပါသည်။

လူအများအတွက် ယေရှု၏လုပ်ဆောင်ချက်သည် တာရှည်ခံကြောင်းကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းက တင်ပြ ထားပါသည်။ ဤအချိန်ကာလတွင် သူသည် ဆက်လက်သင်ကြားပေးနေသည်။ သူသည် ထောင်ပေါင်းများ စွာသောလူတို့ကို လွှမ်းမိုးထားသည်။ အံ့သြဘွယ်ရာများစွာကိုလည်း လုပ်ဆောင်ခဲ့သည်။ ရှင်ယောဟန်ခရစ် ဝင်ကျမ်း၏နောက်ဆုံးစကားက သူ့ရဲ့စာစောင် လုပ်ဆောင်သည့်နည်းလမ်းကို ရှင်းလင်းစွာ တင်ပြထားပါ သည်။ ဤစာစောင်က ဖြစ်ပျက်သမျှကိုတော့ မတင်ပြနိုင်ပါ။ ရှိသမျှကို ပြောဆိုရန်လည်း မဟုတ်ပါ။ သူ့လုပ် ငန်းတွင်ပါဝင်သော အချို့အချို့သောအရာများကိုသာ ထည့်သွင်းရန် လိုအပ်သည်။ အချို့သောအံ့သြဖွယ်ရာ များနှင့်သွန်သင်ချက်များကိုသာ ထည့်သွင်းရန် လိုအပ်သည်။ သို့သော် ထိုအကြောင်းအရာများကို အသေး စိတ်ဆွေးနွေးတင်ပြထားပါသည်။

ထို့ကြောင့် “ချစ်ရသောတပည့်တော်” ထိန်းသိမ်းထားသည့် ထုံးတမ်းဓလေ့ဆိုင်ရာ အသိပညာဗဟုသုတဖြင့် ရစ်ပတ်မြည်စေသော ခရစ်ဝင်ကျမ်းလေးကျမ်းက အလွန်အရေးကြီးသောအချက်အလက်များကို တင်ပြထား ပါသည်။ ယင်းတို့မှာ ယေရှုခရစ်သည် ဘုရားသခင်၏သားတော်၊ မျက်စိကန်းသောသူတို့အတွက်အလင်း၊ နှင့် သေသောသူတို့အတွက် အသက် စသည်တို့ဖြစ်သည်။ “အကြောင်းမှာ သူ၏ပြည့်စုံခြင်းကို ကျွနု်ပ်တို့ရရှိကြပါ သည်။ ကျေးဇူးတော်အပေါ်၌ တဆင့်ကျေးဇူးတော်ကို လက်ခံရရှိကြပါသည်။”