ယောဟန် ၈- လောကအလင်းသည် ဂါလိလဲမှ ရောက်လာမည်။

ယေရှုနှင့်ပြည့်တန်ဆာ ရး ၅၃-၈း ၁၁

ယေရှုနှင့်ပြည့်တန်ဆာမိန်းမအကြောင်းသည် အထူးစိတ်ဝင်စားဖွယ်ကောင်းပြီး လှပသည်။ ယေရှုသည် အပြစ်သားတို့နှင့်မိတ်ဆွေဖွဲ့သည်ဟူသော ဝေဖန်မှုအချက်ဖြစ်သည်။ ဤအကြောင်း ကြောင့် ပညာရှင်များစွာတို့က ဤအကြောင်းကို လုကာသီသြလော်ဂျီဖြင့် ဆက်စပ်စေပါသည်။ ၎င်း က တူညီသောအကြောင်းအရာကို အလေးအနက်ထားပြောဆိုသည်။

ဇာတ်လမ်းသည် ယေရုရှလင်မြို့တွင် အစပြုသည်။ အနီးစပ်ဆုံးပြောရလျှင် မြေကြီးပေါ်၌ ယေရှု၏ နောက်ဆုံးသောနေ့ရက်များတွင်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဇာတ်လမ်းကို ပထမဆုံးအကြိမ်ဖတ်ရှုစဉ် ခါ တွေ့မြင်ရသောအရာထက် ပို၍အဓိပယ်ရှိသည်ကို နားလည်ရပါသည်။

ဇာတ်လမ်းက ဆင်တူယိုးမှားကျမ်းစာများတွင်ပါဝင်သည့် အခွန်၊ အကြွေစေ့များနှင့်ပတ်သက်ပြီး ပေးထားသောအငြင်းအခုံနှင့်တူညီစေသည်။ ယေရှုက ၎င်းကို မည်သို့အဖြေပေးထားသည်ဟူသော အချက်က အဓိကမကျပါ။ သူ့ကို ထောင်ချောက်ဆင်ထားကြခြင်းသာဖြစ်ပါသည်။ မောရှေ၏ ပညတ်တော်အပေါ် သစ္စာရှိခြင်းနှင့်အပြစ်သားများနှင့်ရင်းနှီးကျွမ်းဝင်ခြင်းကို ယှဉ်တွဲ၍မရပါ။ ယေရှုက ပညတ်တော်အပေါ်သစ္စာရှိမလား၊ မိန်းမကို သတ်မလားဟူသော ရွေးချယ်မှုကို ပြုစေပါ သည်။ (တရားဟော ၂၂း ၂၂-၂၄) သို့မဟုတ် မိန်းမ၏အပြစ်ကို ဗွေမယူဘဲခွင့်လွှတ်ရန်ဖြစ်သည်။ သို့သောကြောင့် မောရှေ၏ပညတ်ကို ချိုးဖောက်ရသည်။

ယေရှုသည် မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်း၏တုန့်ပြန်ချက်က အခြေအနေ၏နက်နဲ သောတုန့်ပြန်မှုကို ပြသသည်။ မြေကြီးပေါ်၌ သူ၏ရေးသားချက်တို့သည် တစ်ခုခုကို ဖော်ညွှန်း သည်ဟု ပြောရန် ခက်ခဲလှသည်။ သူသည် ဇာတ်လမ်းတစ်ခုကို ဖွင့်ပြဖို့ စောင့်နေပြီး အကြောင်းအ ရာကို ပြောင်းလဲစေသည်။ ယေရှုသည် တိတ်ဆိတ်စွာနေခြင်းဖြင့် အဖြေအတွက်ခံရခက်စေသည် ကို ပြသသည်။ ယေရှုထံက စာတစ်ကြောင်းမှာ သူကို စွက်စွဲသူများကို ထွက်ခွါသွားစေသည်။ ပထမဆုံးထွက်သွားသူများမှာ အသက်ကြီးသူများနှင့်ပညာရှင်များဖြစ်သည်။ နောက်၌ ကျန်ရှိသော သူများက ၎င်းတို့၏မျက်မှောက်သည် အလွန်ကြီးလေးသည်ကို သဘောပေါက်ကြသဖြင့် ထွက်သွားခဲ့ကြပါသည်။ နောက်ဆုံးတွင် ကျန်ရစ်သူများ မိန်းမတစ်ဦးသာဖြစ်ပြီး ယေရှုက သူ့အပြစ်ကိုလွှတ်ပြီး အသစ်သောအသက်တာဖြင့် လျှောက်လှမ်းရန် စေလွှတ်ခဲ့ပါသည်။

ဂါလိလဲပြည်မှတောက်ပသောအလင်း ၊ ၈း ၁၂-၂၀

ယခုတွင် ကျွန်တော်တို့သည် အခန်းခုနှစ်အဆုံးပိုင်းသို့ ပြန်သွားကြပါစို့။ ထိုနေရာတွင် ယေရှု၏ ရန်သူများသည် ဂါလိလဲပြည်၌ ပရောဖက်တစ်ပါးပေါ်ထွန်းမည်ဟူသော ပရောဖက်ပြုချက်မရှိဟု ပြောလျက် ငြင်းပယ်ကြပါသည်။ ထို့ကြောင့် မေရှိယနှင့်သက်ဆိုင်သည့် အရေးကြီးသောအချက် ကို မေ့လျော့နေကြခြင်းဖြစ်ပါသည်။ ဟေရှာယအနာဂတ္တိကျမ်းက ဇာပုလုန်နှင့်နတိလတို့သည် ကြီး သောအလင်းကို မြင်တွေ့ရကြမည်ဟူသော ပရောဖက်ပြုချက်ကို ဆုပ်ကိုင်ထားပါသည်။ (ဟေရှာ ၉း ၁) ခရစ္စမတ်ပရောဖက်ပြုချက်လာသည်နှင့်ချက်ချင်း ငြိမ်သက်ခြင်း၏အရှင်သည် မိမိလူတို့ကို လွတ်မြောက်စေဖို့ ကြွလာလိမ့်မည်။ “သူငယ်ကိုဖွါးမြင်၏။ သားကို ငါတို့အား သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအားနာစက်ရှိလိမ့်မည်။” (ဟေရှာယ ၉း ၆)

မေရှိယသည် ဗက်လက်မြို့တွင်မွေးဖွါးမည်ဟု အထက်က ရည်ညွှန်းထားသော ဧဝံဂေလိဆရာ သည် ယေရှု၏စကားတစ်ခွန်းတည်းဖြင့် မျှော်လင့်ချက်နှစ်ခုကို ပေါင်းစပ်ထားပါသည်။ မေရှိယ သည် ဗက်လက်မြို့နှင့်ဂါလိလဲပြည်ကလာသော မိုးသီးဖြစ်သည်။ ထိုနည်းတူစွာ၊ ယေရှု၏ဇာတိနှစ် မျိုးကိုလည်း ပေါင်းစပ်ထားပါသည်။ ယေရှု၏သဘာဝအလျောက်မွေးဖွါးခြင်းကို လူတို့သည် နား လည်ကြသော်လည်း မေရှိယနှင့်ပတ်သက်ပြီး သူတို့မျှော်လင့်ချက်မှာ ဆန့်ကျင်ဘက်ဖြစ်နေပါ သည်။ သူတို့သည် ဘုရားဇာတိကို မသိကြပါ၊ နားမလည်ကြပါ။ သူတို့သည် ခမည်းတော်ကိုလည်း မသိကြ၊ သားတော်ကိုလည်း မသိကြပါ။ ထို့ကြောင့် သူတို့က သားတော်ကို မုန်းတီးပြီး ဘုရားသခင် စေလွှတ်သောအလင်းကို အပြင်ထုတ်နိုင်မည့်အခွင့်အရေးကိုသာ လိုက်ရှာနေကြပါသည်။ ယခုတဖန် အစပြုသီချင်းသို့ပြန်သွားကြပါစို့။ ယင်းမှာ “အလင်းသည် မှောင်မိုက်၌လင်းသည်၊ မှောင် မိုက်သည် သူ့ကို နားမလည်ပါ” ဟူသော သီချင်းဖြစ်ပါသည်။

“ကျွနု်ပ်ဖြစ်သည်” - ယေရှု၏သရုပ်မှန် ၈း ၂၁-၃၀

ယေရှုက သူထွက်သွားမည့်အကြောင်းကို မိန့်ဆိုသည်။ တဖန် ယုဒလူတို့သည် ယေရှု၏စကားကို နားလည်မှုလွဲမှားခဲ့ကြသည်။ ဤအရာမှာ ပြက်ရယ်ပြုခြင်းမဟုတ်၊ ဘုရားသခင်၏အလင်းကို မမြင် တွေ့နိုင်လောက်အောင် အလင်းကွယ်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်းပင်ဖြစ်ပါသည်။ ယေရှုသွန်သင် ချက်၏အခြေအနေမှာ နားထောင်သောသူတို့ နားမလည်နိုင်အောင်ဖြစ်ရသည်။ ဤနေရာတွင် ယောဟန်က ခမည်းတော်ကို သားတော်နှင့်တသဏ္ဍာန်တည်းထားသည်။

ဓမ္မဟောင်းကျမ်းက ဘုရားနာမကိုတောင်းလျှောက်၍ မောရှေအံ့သြရသည်ကို ဖော်ပြထားပါသည်။ ဘုရားသခင်သည် သူ့အား “ငါဟူသောအမည်ရှိသောသူသည် ငါ့ကို သင်တို့ဆီသို့စေလွှတ်ပြီဟု ဂျူးလူမျိုးတို့အား ဆိုလော့” ဟု မိန့်တော်မူခဲ့သည်။ (ထွက် ၃း ၁၄) အင်္ဂလိပ်ဘာသာစကားသို့ ဘာ သာပြန်ဆိုရန် အလွန်ခက်ခဲသော စာကြောင်းတွင် ယေရှုသည် ဤနာမကိုအသုံးပြု၍ မိမိကိုယ်ကို ခေါ်ဆိုသည်။ “ငါဖြစ်သည်ကို သင်တို့သည် မယုံကြည်လျှင် သင်တို့အပြစ်ကြောင့် သေရလိမ့်မည်။” ခမည်းတော်နှင့်သားတော်သည် တလုံးတဝတည်းဖြစ်တော်မူသည်ကို မသိသောသူတို့သည် အပြစ် ကြောင့် သေခြင်းတရား၏ချုပ်နှောင်ခြင်းထဲ၌ ရှိနေသည်။ ဤတလုံးတဝတည်းဖြစ်ခြင်းကိုနားလည် ၍ သားတော်သည် လောကအလင်းဖြစ်စေခြင်းငှါ ခမည်းတော်ထံက ကြွလာသည်ကို၎င်း၊ အပြစ် ခွင့်လွှတ်ခြင်းတရားကို ထိုသားတော်အားဖြင့် ရရှိမည်ကို၎င်း သဘောပေါက်ကြသည်။ အခြားသူ များက ငြင်းပယ်ကြသော်လည်း အချို့တို့က ယေရှုခရစ်၏အဖြစ်မှန်ကို သိရှိကြသည်။ ယေရှု၏ “ထွက်သွားခြင်း” နှင့် “မြှောက်ထားခြင်း” တွင် တူညီသောအခြေခံကို အသုံးပြုထားသည်။ ခရစ် တော်နှင့်ဘုရားသခင်ကြားရှိ ဆက်စပ်မှုကို ငြင်းပယ်သောသူတို့သည် သူ၏ထွက်သွားခြင်းကို ဘုရားကိုစော်ကားသည့်သေခြင်းအဖြစ်လည်းကောင်း၊ မြှောက်ထားခံရခြင်းကို အားလုံးက ပြက် ရယ်ပြုဖို့ရန် ရာဇဝတ်သားကိုအပြစ်ပေးသည့်အဖြစ်သို့လည်းကောင်း ရှုမြင်ကြသည်။ ခမည်းတော် နှင့်သားတော်ကြားက ဆက်နွယ်မှုကို မြင်တွေ့ရန် ဘုရားသခင် အမြင်ဖွင့်ပေးခြင်းကို ရရှိသောသူ တို့သည် သူ၏ထွက်သွားခြင်းကို ခမည်းတော်၏ဘုန်းတော်အဖြစ်သို့ဝင်စားခြင်း၊ နှင့်သူ၏လက်ဝါး ကပ်တိုင်တော်သည် ဝမ်းမြောက်စရာအကြောင်းတရားအဖြစ် ရှုမြင်ကြပါသည်။

အာဗြဟံ၏သား သို့မဟုတ် မာရ်နတ်၏သား ၈း ၃၁-၅၉

ယခု ကျွန်တော်တို့ကြည့်ရှုနေသောအပိုင်းသည် ယေရှု ဤလောကသို့ ဆင်းသက်လာပြီးနောက် ဂျူးလူမျိုးတို့၏ပုံရိပ်ကို အရေးကြီးသောစမ်းသပ်မှုတစ်ခုဖြစ်ပါသည်။ ယေရှုက ယုဒလူတို့ကို စကား ပြောသည်။ ယောဟန်က ယေရှုကို ငြင်းပယ်သောဂျူးများကို ရည်ညွှန်းရာတွင် “ဂျူး” ဟူသော စကားလုံးကို မကြာခဏအသုံးပြုထားသည်ကို သတိပြုပါ။ (ယေရှုကိုယ်တော်တိုင်နှင့်တမန်တော် တို့သည် ဂျူးများဖြစ်ကြသည်။) ယခုတွင် ယေရှုက သူ့ကိုယုံကြည်သော ဂျူးလူမျိုးများကို ရည် ညွှန်းပြောဆိုထားသည်။ သို့ရာတွင် ဆွေးနွေးချက်သည် အလင်းသစ်တစ်ခုတည်း၌ အရာအားလုံး ကို ထည့်သွင်းထားပါသည်။ “ယုံကြည်ခြင်း” ဟူသောစကားလုံးသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ အလွန်ပင် ဒွိဟဖြစ်သောစကားလုံးဖြစ်ပါသည်။ အပြင်ပန်းသဘောသဘာဝသာဖြစ်ပါသည်။ လောကရဲ့အပြစ်ကို ငြိမ်းစေသော ဘုရားသားတော်အဖြစ် ယေရှုကို ဝန်ခံသည့် ယုံကြည်ခြင်းမျိုး မဟုတ်ပါ။ ၎င်းသည် အမှောင်ထဲ၌ ကျွန်တော်တို့ရဲ့အလင်းပင်ဖြစ်ပါသည်။ မကြာမီ အငြင်းပွါး သူများက သဘောတူညီမှုကို မရရှိကြပေ။ ဂျူးလူမျိုးများသည် ယေရှုကို ငြင်းပယ်ကြသည်။ အာဗြဟံ၏သားများဖြစ်ကြောင်း အမှန်တရားကိုလည်း ငြင်းပယ်ကြသည်။ ထို့ကြောင့် သူတို့က ဘုရားသခင်အားဖြင့် အာဗြဟံကိုပေးထားသော ကတိတော်များကို အလိုအလျောက်ရရှိကြသည် ဟု ထင်မှတ်ကြသည်။

ယေရှုသည် ဤယုံကြည်မှုကို ပြင်းထန်သောနည်းလမ်းဖြင့် အဆုံးသတ်ခဲ့သည်။ ဆန့်ကျင်သောသူ တို့သည် အာဗြဟံ၏သားများမဟုတ် မာရ်နတ်၏သားများဖြစ်ကြသည်ဟုဆိုသည်။ အာဗြဟံက ခရစ်တော်ဤလောကသို့ကြွလာပြီး လောကသားများဝမ်းမြောက်ကြမည်အကြောင်းကို ကြိုတင်သိ မြင်ခဲ့သည်။ လူတို့သည် ခရစ်တော်ကို ငြင်းပယ်ပြီး သူ့အား သတ်ရန်သာ ရှာဖွေကြသည်။ ခရစ်တော်ကို ငြင်းပယ်သောဂျူးများနှင့်ခမည်းတော်ထံလာသည်ကို မယုံကြည်သောသူများသည် အာဗြဟံနှင့်လုံး၀ ဆက်စပ်မှုမရှိပါ။

ရှင်ယောဟန် ခရစ်ဝင်ကျမ်းကိုရေးသားသောအခါ ဤသည်မှာ အဓိကစကားဖြစ်ပါသည်။ ထို့ နောက် ခရစ်ယာန်များသည် ဘုရားလူတို့က ယေရှုကို ငြင်းပယ်သည့်အခြေအနေထဲတွင် အသက် ရှင်နေကြပါသည်။သူတို့က မိမိကိုယ်ကို အာဗြဟံ၏သားများအဖြစ်ဖြင့် မှတ်ယူအသက်ရှင်ကြပါ သည်။ ဘုရားလူတို့ကို ပိုင်ဆိုင်ထားရခြင်းအကျိုးကား အဘယ်နည်း။ ဤအရာကို ဤအပိုင်းတွင် ဆွေးနွေးကြမည်။ ထိုဆွေးနွေးချက်က ရှင်းလင်းသောအဖြေကိုပေးမည်။ တစ်ဦးဦးက ယေရှုကို ငြင်းပယ်လျှင် ထိုသူသည် ရွေးချယ်ထားသောသူဖြစ်လျှင် အသုံးပြုစရာအကြောင်းမရှိတော့ပါ။ ထို့ ကြောင့် ယောဟန်ပေးထားသော သက်သေခံချက်သည် ရှင်ပေါလုက ဟေရှာယအကြောင်းပြော ထားသည်နှင့်ထပ်တူဖြစ်ပါသည်။ “ဣသရေလအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များ သော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ရောက်ကြလိမ့်မည်။” (ရောမ ၉း ၂၇)

အငြင်းအခုံကို စတင်သောအခါ ယေရှုသည် သူ့ကို ယုံကြည်သောသူတို့ကို စကားခြွေသည်။ သွန်သင်ချက်သည် စစ်မှန်သောဖြစ်တည်ခြင်းကို ဦးတည်ထားသည်။ ဂျူးများက သူ၏သွန်သင် ချက်ကို ငြင်းပယ်ထားကြသည်။ ယေရှုကို သတ်ရန်လည်း ရှာကြံကြသည်။ ထို့ကြောင့် ယေရှုကို ယုံကြည်ကြရန် အစီအစဉ်မရှိသကဲ့သို့ သတ်ရန်လည်း မဟုတ်တော့ပါ။ ယေရှုကို လက်ဆုတ်လက် ကိုင်ထားရန်မှာ မလွယ်ကူလှပေ။