ယောဟန် ၁၃- အစေခံကဲ့သို့သောဘုရားသခင်

အခန်းကြီး ၁၃ ၏ အစပိုင်းတွင် ကျွန်တော်တို့သည် ပဿခါ ရက်သတ္တပတ်၏ သိသာထင်ရှားသော အဖြစ်အပျက်ကို ကြည့်ရှုရန် အထက်ခန်းသို့သွားကြပါစို့။

ယောဟန်က ၎င်းရှာဖွေသောအရင်းအမြစ်များကို ခမ်းနားထည်ဝါသောနည်းလမ်းတစ်ခုဖြင့် ကိုင် တွယ်ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းက ပြဿနာအနည်းငယ်ကို ရပ်တန့်စေသည်။ အခန်း ၁ ကို ဆွေးနွေးတိုင်ပင်ထားခြင်းမပြုမှီ ထိုအရာများထဲက အရေးကြီးဆုံးအရာနှစ်ခုကို စစ်ဆေးကြပါမည်။ ထိုအရေးကြီးသောအရာနှစ်ခုမှာ ၁) ပထမအချက်မှာ အဖြစ်အပျက်နှင့်စပ်လျဉ်း၍ ယောဟန်၏ဖော် ပြချက်များသည် ဆင်တူယိုးမှာကျမ်းစာများနှင့်ကိုက်ညီမှုရှိဟန်မတူပါ။ အဘယ့်ကြောင့်ဆိုသော် ယေရှု၏ပဿခါပွဲတော်နေ့ရက်သည် တစ်နေ့လောက် ထိုအရာများနှင့်မတူညီသည့်သဘောကို တွေ့ရ သည်။ ၂) ဒုတိယအချက်မှာ ရှင်ယောဟန်က ပွဲတော်မင်္ဂလာအစပြုခြင်းအကြောင်းနှင့်ပတ် သက်၍ ဘာတစ်ခုမျှပြောမထားပါ။

၁) ယောဟန်နှင့်ဆင်တူယိုးမှားကျမ်းစာများက ယေရှုသည် သောကြာနေ့တွင် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းခံရသည်ဟူသော တူညီသည့် သက်သေခံချက်ကိုပေးကြပါသည်။ (မာကု ၁၅း ၄၂၊ နှင့်ယောဟန် ၁၉း ၃၁-၄၂) သို့ရာတွင် ပဿခါပွဲနေ့ရက်သည် ၎င်းတို့နှင့်ကွဲပြားခြားနားနေသည်ဟု ထင်မြင်ယူဆရပါသည်။ ဆင်တူယိုးမှားကျမ်းစာများအရ၊ ယေရှုနှင့်တပည့်တော်များသည် ပဿခါ ပွဲကိုသုံးဆောင်ကြသော်လည်း (မာကု ၁၄း ၁၂-၁၇) ယောဟန်က ယုဒလူမျိုးများသည် စားဖို့အ တွက် အဆင်သင့်ဖြစ်နေကြသည်ဟု ဆိုပါသည်။ (ယောဟန် ၁၈း ၂၈)

ဖြစ်နိုင်ခြေရှင်းလင်းချက်တစ်ခုမှာ ယေရှု၏အချိန်ကာလ၌ ယုဒဝါဒတွင် အခြေအနေအရပ်ရပ်၌ စဉ် ဆက်မပြတ်တူညီမှုမရှိပါ။ လူတို့တွင် မေးခွန်းပေါင်းများစွာ၌ မတူညီသော ရှုထောင့်ကိုယ်စီရှိကြပါ သည်။ ထို့ကြောင့် များစွာသောပွဲတော်နှင့်သက်ဆိုင်သည့်ပြက္ခဒိန်ကို ပိုင်ဆိုင်ထားကြပါသည်။ ယေရှုနှင့်တပည့်တော်များသည် အက်ဆင်ပွဲတော်ပြက္ခဒိန်ကိုလိုက်ကြပြီး တစ်ရက်အလိုတွင် ပဿခါပွဲတော်ကို စားခဲ့ကြဟန် တူပါသည်။ ဤအရာမှာ အောက်ပါရှင်းလင်းချက်၏အခြေခံ အချက်အလက်ဖြစ်ပါသည်။ ၎င်းမှာ ဥပုသ်နေ့နှင့်ပဿခါနေ့တို့သည် ဆက်တိုက် ဖြစ်ပျက်သော နေ့ရက်ဖြစ်ပါသည်။ ထို့ကြောင့် အချို့သောသူတို့သည် ပဿခါသိုးသူငယ်၏အသားကို ဥပုသ်နေ့ ကိုစင်ကြယ်စေမည့်အကြောင်း အခြားသူများထက် စော၍ စားသောက်လေ့ရှိကြပါသည်။

၂) ယောဟန်သည် ပွဲတော်မင်္ဂလာအစပြုခြင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုထားခြင်းမရှိ သော်လည်း ယေရှုက တပည့်တော်များ၏ခြေကို မည်သို့ဆေးကြောထားသည်ကိုသာ ပြောဆိုပါ သည်။ အကြောင်းအရာများသည် စာဖတ်ပရိတ်သတ်များနှင့်အလွန်ရင်းနှီးကျွမ်းဝင်မှုရှိသည်ကို ယောဟန်ကို တင်ပြချင်လိုဟန်ရှိပါသည်။

ဗတ္တိဇံနှင့်ပွဲတော်မင်္ဂလာအကြောင်းနှင့်ပတ်သက်၍ သူပြောဆိုသည့်နည်းလမ်းမှာ အလွန်ကောင်း မွန်လှပါသည်။ သူသည် ထိုအကြောင်းအရာနှစ်ခုစလုံးကို ဖုံးကွယ်ထားသောလဲ ပွင့်လင်းမြင်သာ သောနည်းလမ်းဖြင့် ဟောပြောပါသည်။ နောက်ဆုံးညစာ စားပွဲနှင့်ပတ်သက်ပြီး သူအသုံးပြုသော စကားလုံးများမှာ ၆း ၁၁ ကို အခြေခံ၍ ပွဲတော်မင်္ဂလာတည်ထောင်ခြင်းပြောဆိုရာ၌ အသုံးပြုသကဲ့ သို့ဖြစ်ပါသည်။

ယေရှုသည် တပည့်တော်တို့၏ခြေကို ဆေးကြောပေးသည်။ ၁၃း ၁-၂၀

နောက်ဆုံးညစာ စားပွဲတွင် ယေရှုသည် မိမိကိုယ်ကို နှိမ့်ချသောသူ နှင့်သူ့တပည့်တော်များကြား တွင် အနိမ့်ကျဆုံးသော အစေခံသဏ္ဍာန်ကို ဆောင်လာခဲ့ပါသည်။ သူသည် အစေခံတို့ဝတ်လေ့ ရှိသောအဝတ်ကိုဝတ်ဆင်ကာ တပည့်တော်များ၏ခြေကို ရေဆေးပေးခဲ့သည်။ ထိုသို့လုပ်ဆောင်ရ သည့်အကြောင်းရင်း၏ ရည်ရွယ်ချက်နှစ်မျိုးရှိသည်မှာ သံသယဖြစ်ဖွယ်မရှိ။ နောက်ဆုံး ခြေဆေး ခြင်းစားသောက်ပွဲက မိမိလူတို့အပေါ် ယေရှု၏မဆုံးရှုံးနိုင်သောချစ်မေတ္တာနှင့်စောင့်ထိန်းမှုကို ထင် ရှားစေသည်။ ကားတိုင်က လူနည်းစုအပေါ် ၎င်း၏ပုံရိပ်ကို ပစ်ချခဲ့သော်လည်း ဘုရားသခင်၏သား တော်သည် အစေခံခြင်းကို ဟန့်မတားနိုင်ပါ။ နောက်ဆုံး၌ တစ်ယောက်သောသူက သူ့အပေါ် သစ္စာဖောက်သည်တိုင်အောင် ဟန့်တားမထားနိုင်ပါ။ အစေခံယောက်ျားလေးတစ်ဦး၏တာဝန်မှာ သူ့အတွက် လုပ်ဆောင်စရာများလှသည်။ အထူးသဖြင့် အစပိုင်းတွင် အဘနှင့်အတူ ဘုန်းအသရေ ခြုံလျက်ရှိနေပါသည်။ လင်္ကာဆရာကြီး ရိုမန်နို့မယ်လိုဒို့က ကောင်းကင်တမန်များသည် သူမဖန်ဆင်းမှီကတည်းက သူ့ဒူးဖြင့်အစေခံနေသည်ဟု မိမိကိုယ်ကို ဖန်ဆင်းရှင်အဖြစ် သတ်မှတ် ထားပါသည်။

ယေရှုပေးထားသော ဤအဖြစ်အပျက်၏အခြားသောရည်ရွယ်ချက်တစ်ခုကို အပိုဒ် ၁၂-၁၇ တွင် တွေ့ရှိရပါသည်။ ဘုရားသားတော်ကို သာဓကအနေဖြင့် ပေးထားသည်။ အစေခံ၏တူညီပြီး အများ နှင့်သက်ဆိုင်သောအရာအတွက် မြင့်မားနေလျှင်၊ မိမိပိုင်သောလူများသည် မြင့်မြတ်သောလူများအ ဖြစ်ခံစားပြီး အခြားလူများကိုကူညီဖို့ မငြင်းပယ်နိုင်ပါ။ လူတစ်ဦး၏ပို၍ထင်ရှားသောအရာမှာ အခြား သူများအပေါ် နှိမ့်ချလျက်ပို၍လုပ်ဆောင်သောသူသည် သူ သို့မဟုတ် သူမကဲ့သို့ဖြစ်သင့်ပါသည်။ သခင်ယေရှုခရစ်ပြုလုပ်သောခြေဆေးကြောခြင်းအမှုက ခရစ်တော်၏အသင်းတော်ကို သင်ကြားပို့ ချပေးသည်ဟူသော သေချာရှင်းလင်းသည့်စကားကို ပြသသည်။

ယုဒအနေဖြင့်ကြည့်မည်ဆိုလျှင် ခြားနားသောဖြစ်ပျက်မှုကို ယောဟန်က ဖော်ပြထားခြင်းမရှိပါ။ တနည်းအားဖြင့် ပေတရုသည် ငြိမ်ငြိမ်ထိုင်နေဖို့ အလွန်သန်မာသောသူဖြစ်ပါသည်။ တိတ်ဆိတ် မနေပဲ သူသည် ယေရှုက သူ့ကို အစေခံသည်ကို ယတိပြတ် ငြင်းပယ်ခဲ့သည်။ ယေရှုမိန့််ဆိုသော နက်နဲရှုပ်ထွေးသောစကားလုံးက ဘုရားရှေ့တော်၌ လူတို့၏နေရာကို ပြသသည်။ နှိမ့်ချစေသောအ ရာကို ခံစားနေရသည့်တိုင် ယေရှုက သူ/ သူမကို အစေခံခြင်းမရှိလျှင် ဘုရားသခင်ရှေ့တော်၌ မည်သူမျှ မရပ်တည်နိုင်ပါ။ ဤသာသနာလုပ်ငန်းသည် ဝေးကွာသော သို့မဟုတ် စိတ်ကူးယဉ်သက် သက်မဟုတ်ပါ။ အလွန်ခိုင်မာသောအရာဖြစ်ပါသည်။ ယေရှုသည် ဒုက္ခဝေဒနာပေါင်းစုံခံစားလျက် အစေခံသော ဘုရားသခင်၏အစေခံဖြစ်သည်။ သူသည် နောက်နှစ်နာရီကြာသောအခါ ဆူးသရဖူ ကိုဆောင်းစေကာ လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုနှင့်ရိုက်ခြင်းကို ခံရသောသူဖြစ်ပါသည်။

ယေရှုမိန့််ဆိုထားသောစကားသည် ခရစ်ယာန်ဗတ္တိဇံနှင့်လုံး၀ အပ်စပ်မှုရှိပါသည်။ ဤအရာသည် တိကျသေချာသောစကားလုံးဖြင့် ဆက်စပ်မှုရှိနေလျှင် သတင်းစကားအပေါ် ကျွန်တော်တို့နားလည် သဘောပေါက်ပါသည်။ ကျွန်တော်တို့သည် ဗတ္တိဇံမင်္ဂလာအားဖြင့် အပြစ်ခွင့်လွှတ်ခြင်းနှင့် ကျွန် တော်တို့အတွက် ယေရှုလုပ်ဆောင်ပေးသော ကယ်တင်ခြင်းကို ပေးပါသည်။ ရှင်ပေါလုက ၎င်းရေး သားထားသောစာတွင် ဖော်ပြထားသကဲ့သို့ (ရောမ ၆) ခရစ်တော်၏ဆုကျေးဇူးသည် ကျွန်တော်တို့ အတွက် တာဝန်ဝတ္တရားရှိသည်ဟုဆိုသည်။ ထိုနည်းတူ ယောဟန်ကလည်း ယေရှုသည် ကျွန် တော်တို့အတွက် ဆုလက်ဆောင်ဖြစ်ကြောင်း၊ အတုယူစရာစံနမူနာဖြစ်ကြောင်းဆိုပါသည်။

ဤအခန်း၏နောက်ဆုံးစကားလုံးက ရောက်လာမည့်အရာဆီသို့ စာဖတ်သူများကို ဦးဆောင်ထားပါ သည်။ ဆာလံ ၄၁း ၉ တွင်တွေ့ရသော ပရောဖက်ပြုချက်သည် ပြည့်စုံလာတော့မည်ဖြစ်သည်။ စား စရာသောက်စရာများကို အတူတကွ မျှဝေစားသောက်ခြင်းသည် အရှေ့အလယ်ပိုင်းတွင် အလွယ် ပင် အရေးပါသောအရာတစ်ခုဖြစ်ပါသည်။ ဆာလံဆရာက လူတစ်ဦးသည် ဤအရာနှင့်ပတ်သက် ပြီး မည်သို့လုပ်ဆောင်သည်အကြောင်းကို ပြောပြထားပါသည်။ ယုဒသည် ယေရှုကို သစ္စာဖောက် သည်။ သို့သော ဤအရာက အကြောင်းတရားနှစ်ခုကို ပုံဆောင်ထားသည်။ ယင်းတို့မှာ ဘုရား သခင်၏နှုတ်ကပတ်တော်သည် ပြီးစုံလာသည်။ ယေရှုက ဤအကြောင်းကို ကြိုတင်၍ မိန့်ဆိုခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် “သူသည် မည်သူဖြစ်ကြောင်း” ကို သူတို့သိကြလိမ့်မည်။ ဤနေရာတွင် ယေရှုက “ငါဖြစ်သည်” ဟူသောစကားလုံးကို တဖန် အသုံးပြုထားပါသည်။ ထိုအရာက ဘုရား သခင်ကိုယ်တော်တိုင်ကို ရည်ညွှန်းထားပါသည်။

ယုဒ၏အတိဒုက္ခကြုံရသည့်အခိုက်အတန့် ၁၃း ၂၁- ၃၀

သစ္စာဖောက်ခြင်းအကြောင်းကို ပြောဆိုသောအခါ ယုဒကြုံတွေ့ရသည့် အတိဒုက္ခအကြောင်းကို ကျွန်တော်တို့စိတ်ကူးယဉ်ကြည့်နိုင်ပါသည်။ ဤအကြောင်းအရာ၏နောက်တွင် လှို့ဝှက်ဆန်း ကြယ်သောအဖြစ်အပျက်အချို့က လိုက်လာပါသည်။

ပေတရုသည် စားသောက်ပွဲတွင် ယေရှုနား၌ ထိုင်နေသောသူကို သစ္စာဖောက်ကား မည်သူဖြစ် သနည်းဟု တိုးတိုးလေး မေးမြန်းသည်။ ယေရှုက နားထောင်သောသူများ နားလည်နိုင်သောနည်း လမ်းဖြင့် မဖြေပါ။ သူက သစ္စာဖောက်သည် မုန့်ကို အတူတကွဖဲ့စားသည်ဟု ပြောခြင်းအားဖြင့် ဆာလံ ၄၁ အကြောင်းအရာကို ဆက်လက်မြှင့်တင်မိန့်ဆိုထားသည်။ ထိုသို့မိန့်ဆိုသည်နှင့်ချက် ချင်းပင် ယုဒထုံးတမ်းစဉ်လာအရ အလွန်ရင်းနှီးကျွမ်းဝင်သော အရာကိုဖော်ပြလျက် သူသည် မုန့် ကိုဖဲ့၍ ယုဒကို ပေးလေသည်။

ယေရှုက အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည်ကို ပြသခဲ့ပါသည်။ ထို့နောက် ယုဒသည် စည်းကိုကျော် လွန်ပြီး ပြန်မလာတော့ပါ။ စာတန်က သူ့အထဲ၌ တစ်ခုခုဖြင့် သွေးဆောင်ထားပြီး ထိုအချက်က ယုဒကို လုံးဝမေ့မရနိုင်အောင်ဖြစ်စေပါသည်။ ဖြစ်ပျက်မျှသောအရာများကို သိနားလည်ခြင်းမရှိဘဲ တပည့်တော်များက ငွေထုတ်ကိုင်သောသူသည် နောက်ဆုံးမိနစ်၌ ဈေးဝယ်ထွက်ရန် သို့မဟုတ် ပဿခါထုံးတမ်းစဉ်လာအရ ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲရန် ထွက်သွားသည်ဟု ထင်မှတ် ထားကြပါသည်။ ဤစကားအနည်းငယ်က ယောဟန်၏စကားအရဆိုလျှင် ယေရှု၏နောက်ဆုံးစား သောက်ပွဲမှာ ပဿခါပွဲဖြစ်သည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ညအချိန်၌ တစ်ခုခုကို ဝယ် ရန်မှာ လုံးဝဖြစ်နိုင်စရာ အကြောင်းမရှိပါ။

ယုဒသည် အလင်းကိုမြင်တွေ့ရန် ဘုရားသခင်ပေးထားသော ယေရှုယူဆောင်လာသည့်အလင်း တည်းဟူသော မိဿဟာရကို စွန့်ခွါခဲ့ပါသည်။ ယောဟန်က “ညအချိန်ဖြစ်သည်” ဟု အဆုံးသတ် ပြောဆိုခြင်းမှာ တိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါ။

ထိုနည်းတူစွာ ယုဒသည် သူ၏သီးခြားလမ်းကိုသွားခဲ့ပါသည်။ ထိုနေရာတွင် အံ့သြစရာကောင်း သည့် “ယေရှုချစ်သောတပည့်တော်” ပေါ်ထွက်လာခဲ့သည်။ သူနှင့်ပေတရုသည် သင်္ချိုင်းသို့ပြေး သွားကြသောအခါ (၂၀း ၁-၁၀) သူသည် ပေတရုထက် အမြဲတမ်း ခြေနှစ်လှမ်းသာခဲ့သည်။ စား သောက်ပွဲ၌လည်း ယေရှုအနားတွင် စားသောက်ခဲ့သည်။ သူသည် ယေရှုလက်ဝါးကပ်တိုင်၌ အ သေခံသည့်အခါ၌လည်း မျက်မြင်သက်သေအနေဖြင့် သတ္တိရှိရှိရောက်လာခဲ့သည်။ ယေရှုသည် သူ့မိခင် မယ်တော်မာရိကို စောင့်ရှောက်ရန် သူ့ကို ယုံကြည်စွာ အပ်နှံခဲ့ပါသည်။ (၁၉း ၂၅-၂၇) တပည့်တော်များသည် ငါးဖမ်းထွက်ကြသောအခါ သူသည် ယေရှုအား ပထမဆုံး မှတ်မိသူဖြစ်ပါ သည်။ (၂၁း ၇) သူကား မည်သူဖြစ်သနည်း။

နောက်ဆုံးညစာစားပွဲ၌ တပည့်တော် တစ်ဆယ့်နှစ်ပါးသာ ပါဝင်ခဲ့ကြသည်။ ငါးဖမ်းသွားသူများမှာ ခုနှစ်ဦးသာဖြစ်သည်။ ထိုအထဲတွင် ပေတရုကို ရေတွက်ထားခြင်းမရှိပါ။ အခန်းကြီး တစ်တွင် (၁း ၃၅-၄၀) တွင်၊ တိကျသေချာသည့် တပည့်တော်အကြောင်း ဖော်ပြထားခြင်းမရှိပါ။ ဤအရာနှင့် အသင်းတော်ထုံးတမ်းစဉ်လာက ယေရှုချစ်သောတပည့်မှာ ဇေဗေသဲ၏သားယောဟန်ဖြစ်သည် ဟု မှတ်ချက်ချလိုက်သည်။

ကားတိုင်လမ်းပေါ်တွင် ၁၃း ၃၁-၃၈

ယုဒသည် သူလုပ်ဆောင်ရမည့်အလုပ်ကို ထမ်းဆောင်ရန် ထွက်သွားခဲ့သည်။ ယခုတွင် ယေရှု သည် ဒုက္ခခံရာလမ်းထက်တွင် ရှိနေပြီး ထိုလမ်းအဆုံး၌ ကားတိုင်ရှိပါသည်။ ဒုက္ခခံရာလမ်းထက် တွင် သားတော်သည် ခမည်းတော်၏ဘုန်းကို ရောင်ပြန်ဟပ်စေသည်။ ထိုဘုန်းတော်ကသာလျှင် ယေရှုကိုယ်တိုင်ကို နွေးထွေးမှုနှင့်မေတ္တာစကားကို လွှမ်းခြုံစေခဲ့ပါသည်။ “သူငယ်တို့” ဟူ၍ ယေရှု ဤနေရာ၌အသုံးပြုထားသောစကားသည် အခြားဓမ္မသစ်ကျမ်း၌ ရှင်ယောဟန် ပထမစာစောင်တွင် သာတွေ့ရှိရပါသည်။ (၁ ယော ၂း ၁၊ ၁၂၊ ၂၈) ယေရှုက ၎င်းတို့၏သံခမောက်ဖြင့်လွှမ်းခြုံထား သည့် မေတ္တာစကားပင်ဖြစ်ပါသည်။

ယေရှုက သူ့ရှေ့တွင် သွားရမည့်လမ်းကို ကြိုတင်မြင်ခဲ့သည်။ ပေတရုကြုံတွေ့နေရသောအ ကြောင်းအရာသည် မတူကွဲပြားခြားနားသည်။ သူက အနာဂတ်၌ဖြစ်ပျက်လာမည်ကို မသိ။ ယေရှု အတွက် သွားရမည့်လမ်းကို နားမလည်။ သူ့အတွက်လည်း နားမလည်ပါ။ ဘုရားသားတော်သည် အပ်နှံခံရသောသာသနာကို ပြည့်စုံစေသောအခါ၌ လူတို့၏အကူအညီကို မယူဘဲ တစ်ဦးတည်း ထမ်းရွက်လျက်ရှိပါသည်။