ရှင်ယောဟန် ၃- ဘုရားသခင်သည် လူသားကို ကယ်တင်သည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့်ဓမ္မဝတ်များ

ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏အခန်းကြီးသုံးသည် ခက်ခဲသည့်မေးခွန်းတစ်ခုကို လှုံ့ဆော်သည်။ အ ခြားအကြောင်းအရာများနှင့်နှိုင်းယှဉ်သောအခါ ဤခရစ်ဝင်ကျမ်းသည် ဓမ္မဝတ်အကြောင်းကို တိုက် ရိုက်ပြောထားခြင်းမျိုးမဟုတ်ပါ။ ယောဟန်သည် ဗတ္တိဇံမင်္ဂလာတည်ထောင်ခြင်းစကားလုံးကို ထပ် ခါထပ်ခါပြောဆိုထားခြင်းမရှိပါ။ သန့်ရှင်းသောပွဲတော်မင်္ဂလာတည်ထောင်ခြင်းကိုလည်း တိုက်ရိုက် ဖော်ပြထားခြင်းမရှိပါ။ သို့ရာတွင် အခန်းကြီးသုံးတွင် ယေရှုသည် ဗတ္တိဇံအကြောင်းကို မိန့်တော်မူပြီး ခရစ်ဝင်ကျမ်း၏အခန်းကြီးခြောက်သည် သန့်ရှင်းသောပွဲတော်မင်္ဂလာနှင့်ပတ်သက်ခြင်းမရှိဘဲ နား လည်ရန်မဖြစ်နိုင်ပါ။ ဧဝံဂေလိဆရာလေးပါးစလုံးက ထိုအကြောင်းအရာကို အဘယ့်ကြောင့် ရိုးစင် စွာပြောဆိုသနည်း။

ကျွန်ု်ပ်တို့သည် အရင်ကအတိုင်း ရှင်းလင်းချက်ထဲသို့ ရောက်ရှိလာပါသည်။ ရှင်ယောဟန် ခရစ်ဝင် ကျမ်းသည် ၎င်းသည် မူရင်းပုံစံက ပုံဖော်ထားပြီး စာရေးသူက ရင်းမြစ်အကြောင်းအရာကို အဓိက ထားပါသည်။ စာရေးသူက ဓမ္မဝတ်အကြောင်းကို သူ့စာဖတ်ပရိသတ်များသိရန်မြော်လင့်ပြီး ထိုအ ရာကို သူ့အရင်ဟောပြောသူများ သို့မဟုတ် ကနဦးအသင်းတော်၏အခြားသင်ကြားရေးဆရာများ တစ်ဖွဲ့ဖွဲ့အားဖြင့် လုပ်ဆောင်ခဲ့ပြီးသောအရာများအားလုံးကို တည်ဆောက်ထားပါသည်။

နိကောဒင်သည် ယေရှုထံသို့ အလည်သွားခဲ့သည်- ၃း ၁-၂၁

ယေရှုသည် ဗိမာန်တော်ကို သန့်ရှင်းစေခြင်းအားဖြင့် လူထုထဲသို့ ဝင်လာခဲ့သည်။ ယခုတွင် သူနှင့် ထိပ်တိုက်တွေ့သောသူများကို ရင်ဆိုင်စကားပြောသည်။ လူသား ဆန်ဆန် စကားပြောသည်။ အမှန်တကယ် ပြုပြင်တတ်သည့်ပုံသဏ္ဍာန်နှင့်စကားပြောသည်။ နိကောဒင်သည် ဖာရိရှဲတစ်ဦး ဖြစ်သည့်နည်းတူ ယုဒခေါင်းဆောင်ပိုင်းကောင်စီတွင်လည်း ပါဝင်သည်။ ဤကောင်စီမှာ ရောမလူ မျိုးများလက်အောက်တွင်ရှိနေစဉ် ယုဒလူမျိုးများအကြား ဆုံးဖြတ်ချက်ကို ချပေးသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ယုဒရင်းမြစ်များက နိကောဒင်အမည်ရှိသောသူဟု ဖော်ပြထားသည်ကို မှတ် သားဖွယ်ကောင်းပါသည်။ သူသည် ယေရုရှလင်ဗိမာန်တော်ဖျက်ဆီးခံရသည့် အေဒီ ၇၀ တွင် အချမ်းသားဆုံးထဲက တစ်ဦးဖြစ်သည်။ ယခုတွင် ယောဟန်ဖော်ပြသော နိကောဒင်မှာ ထိုသူဖြစ် ကြောင်း မှန်ကန်မှုရှိသည်၊ မရှိသည်ကိုမူ မသိရှိပါ။

ညဘက်ဆွေးနွေးချက်အကြောင်းအရာသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ထုံးစံသဘောလိုဖြစ်ပါ သည်။ စစ်မှန်သောစကားပြောဆိုမှုများမရှိ။ အကြောင်းမှာ နိကောဒင်သည် ဘုရားသခင်၏နိုင်ငံ တော်နှင့်ပတ်သက်သောအကြောင်းအရာများကို လုံးဝနားလည်ထားခြင်းမရှိပါ။ သူသည် ယေရှု ထက် မတူညီသောအရာကိုသာ ပြောသည်။ စကားစမြည်ပြောဆိုခြင်းစတင်ပြီး မကြာခင်မှာပဲ နိကောဒင်သည် တိတ်ဆိတ်သွားပြီး ယေရှုကိုသာ နားထောင်နေရသည်။ သူ့စကားသည် မည်မျှ ပင် လောကီဆန်သည်ကို တွေ့ရသည်။ သူပြောသောစကားသည် ခရစ်တော်၏ဆိုလိုရင်းသို့မ ရောက်နိုင်သည်သာမက၊ နားပင်လည်ခြင်းမရှိတော့ပါ။

နိကောဒင်သည် ညအချိန်၌ ယေရှုထံသို့လာသည်။ အဘယ့်ကြောင့်ဆိုသော သူသည် ယုဒလူမျိုး များကို ကြောက်ရွံ့နေသောကြောင့်ဖြစ်ပါသည်။ အခြားထူးဆန်းထွေလာသောအကြောင်းရင်းများ လည်း ရှိနိုင်ပါသည်။ ယုဒလူမျိုးများသည် ညအချိန်စကားပြောရသည်ကို နှစ်သက်ကြသည်။ ညအ ချိန်သည် ဆွေးနွေးမှုကို အကောင်းဆုံး အထောက်အပံ့ပေးသည်။

ယေရှုက နိကောဒင်ရဲ့ချီးမွမ်းဖွင့်ခန်းကို ချိုးဖျက်ပြီး ပြောင်းလဲခြင်းတစ်ခုလုံး၏အဓိကကျသော မေး ခွန်းကို မေးသည်။ ပြောင်းကို ပြောင်းလဲရမည်။ ဂရိစကားလုံးအဓိပယ်မှာ “အထက်” ဟုဆိုလိုသည်။ စကားလုံးရွေးချယ်သုံးနှုန်းမှုတွင် မတော်တဆဖြစ်ခြင်းမဟုတ်ပါ။ နိကောဒင်သည် ဤအရာကို နားမ လည်သော်လည်း ယေရှုသည် အဓိကအကြောင်းအရာကို သူ့အား ခင်းကျင်းပြသလိုပါသည်။

မိမိအလိုကျ လူ့သဘာဝသည် ဘုရားသခင်၏နိုင်ငံတော်နှင့်လုံး၀ ဆက်စပ်ခြင်းမရှိပါ။ သူ့ဘုန်း တော်ကို တွေ့ရဖို့လည်း မထိုက်တန်ပါ။ လူသည် ဆုကျေးဇူးတစ်ခုအနေဖြင့် အသစ်သောအသက် တာကို လုံး၀ လက်ခံရရှိရပါမည်။ ဤအသက်တာကို လူတို့အား ဗတ္တိဇံအားဖြင့်ပေးထားသည်။ ၎င်း သည် ယောဟန်ပေးသောဗတ္တိဇံမဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိသော ဗတ္တိဇံပင် ဖြစ်ပါသည်။

သန့်ရှင်းသောဝိညာဉ်တော်ကို အမိန့်မပေးနိုင်ပါ။ သို့မဟုတ် နားလည်း မလည်နိုင်ပါ။ လေကို နား လည်ပြီး အမိန့်ပေးရန် ခက်ခဲသောအမှုသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အမိန့်ပေးခြင်းဖြစ်ပါ သည်။ ယေရှုက ဤနေရာတွင် ခရစ်ယာန်ဗတ္တိဇံအကြောင်းကို ပြောပါသည်။ သို့သော် မိမိကိုယ် ပိုင်ဟန်နှင့်ပြောနေခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် လူတို့အား ဗတ္တိဇံအားဖြင့် အသစ်သော အသက်တာကို လုံးဝပေးထားသည်ကို နားလည်သည်။ သမ္မာကျမ်းစာက ဤနိမိတ်လက္ခဏာကို “ဒုတိယမေးခြင်း” ဟု သတ်မှတ်သည်။ ကျွန်တော်တို့သည် နောက်တဖန် မွေးဖွါးခြင်းပင်ဖြစ်ပါ သည်။

နိကောဒင်သည် မေးခွန်းများစွာနှင့်ရှိနေစဉ်တွင် ယေရှုသည် ဗတ္တိဇံနှင့်အသစ်သောအသက်တာတို့ ၏ဆက်နွယ်မှုကို ဆက်စပ်ခဲ့သည်။ သမိုင်းကိုပြန်ကြည်လျှင် ဂျူးလူမျိုးများသည် သဲကန္တာရတွင် ဘုရားသခင်ကို စတင်၍ ဆန့်ကျင်ကြသဖြင့် အဆိပ်သင့်မြွေဖြင့် ဒဏ်ခတ်ခဲ့ပါသည်။ မြွေကိုက်ခံရ သောလူတို့သည် သေလောက်သည့်ဒဏ်ကို ခံစားခဲ့ကြသည်။ ဘုရားသခင်သည် မိမိလူတို့အပေါ် သနားသောစိတ်ရှိသည်ဖြစ်၍ တိုင်ပေါ်တွင် ကြေးမြွေရုပ်ကို မြှောက်ထားရန် မိန့်တော်မူခဲ့သည်။ ထို ကြေးမြွေရုပ်ကိုကြည့်သောသူသည် ကျန်းမာခြင်းကိုရရှိပြီး မကြည့်သောသူသည် မြွေအဆိပ် ကြောင့်သေခြင်းသို့ရောက်မည်။(တော ၂၁း ၉) ယခုတွင် ယေရှုသည် ကြေးမြွေရုပ်ကဲ့သို့ဖြစ်ပါ သည်။ နှုတ်ကပတ်တော်တည်းဟူသော ဘုရားသခင်၏သားတော်သည် လူ့ဇာတိခံယူလာပြီး လက် ဝါးကပ်တိုင်ပေါ်တွင် အသေခံသည်။ လူတို့၏ပြက်ရယ်ပြုခြင်းကိုခံခဲ့သည်။ ဤနည်းလမ်းဖြင့် သူ သည် ကြေးမြွေရုပ်သစ်ဖြစ်လာခဲ့သည်။ သူ့ကို ကြည့်သောသူတို့သည် အသစ်သောအသက်တာကို ရရှိကြသည်။ ထိုအကြောင်းကို ယေရှုသည် နိကောဒင်ထံ ဖော်ပြခဲ့ပါသည်။ သူတို့သည် သေခြင်းကို လုံး၀ ကြုံရတော့မည်မဟုတ်ပါ။ ဤနည်းလမ်းဖြင့် ယေရှုကို ယုံကြည်ပြီး ဗတ္တိဇံခံသောသူတို့သည် အတူတကွဖြစ်ကြသည်။ ထိုအရာနှစ်ခုသည် သေခြင်းအလယ်၌ အသက်ကိုပေးသော ဘုရားသခင် အကြောင်းပင်ဖြစ်ပါသည်။ ယင်းသည် ဒုတိယမွေးခြင်းအကြောင်းပင်ဖြစ်ပါသည်။

ဖြစ်နိုင်ခြေနှစ်ခုသာရှိကြောင်း ယေရှုမိန့်တော်မူသောစကား၏နောက်ဆုံးအပိုင်းက ရှင်းရှင်းလင်း လင်းဖြစ်စေပါသည်။ အလင်းနှင့်အမှောင်ရှိသည်။ ယုံကြည်ခြင်းနှင့်ငြင်းပယ်ခြင်းဖြစ်သည်။ သမ္မာ တရားနှင့်မုသာတို့ဖြစ်ကြသည်။ အပြစ်ရှိသောလောကအတွက် ဘုရားသခင်၏မေတ္တာကို လူသား အားလုံးအား ကယ်တင်ရန် အမှောင်ထဲသို့ တစ်ပါးတည်းသောသားတော်ကိုစေလွှတ်တော်မူခြင်း အားဖြင့် သူ့၌ ထင်ရှားစေပါသည်။ ယခုတွင် ကျွန်တော်တို့အားလုံးသည် အသက်နှင့်သေခြင်းနှင့် သက်ဆိုင်သောမေးခွန်းကို ရင်ဆိုကြရပါသည်။ ယေရှုနှင့်ကျွန်တော်တို့ရဲ့ ဆက်နွယ်မှုပင်ဖြစ်ပါ သည်။ ဘုရားသခင်၏မေတ္တာသည် ဘုရားသခင်၏တပါးတည်းသောသားတော်ကိုငြင်းပယ်သော သူတို့အပေါ်၌လည်း ရှိလျက်နေသေးသည်။ ယေရှုခရစ်ကို ယုံကြည်သောသူအပေါင်းတို့သည် အ မှောင်မှအလင်းသို့ ကူးမြောက်သောသူများဖြစ်ကြပါသည်။

ယောဟန်နှင့်ကားတိုင်နှင့်ဆိုင်သောဓမ္မအတွေးအခေါ်

မာကုပေါလုတို့ကို စံထားခြင်းကို “လက်ဝါးကပ်တိုင်နှင့်ဆိုင်သောဓမ္မအတွေးအခေါ်” ဟု ခေါ်သည်။ ဤဓမ္မအတွေးအခေါ်အရ၊ ဘုရားသခင်သည် သူ့ဘုန်းတော်ကို ထိန်ဝှက်ထားပြီး အားနည်းချက်အ ရာ၌ မိမိခွန်အားကို ဝှက်ထားသည်။ ဤအရာသည် ယေရှုလက်ဝါးကပ်တိုင်၌ အသေခံတော်မူ ကြောင်းသေချာသည့်အချက်တွင် ထင်ရှားမှုရှိပါသည်။ ဘုန်းအသရေနှင့်ကြီးမြတ်ခြင်းနှင့်ဆိုင်သော အသက်တာဖြင့် အသက်ရှင်ခြင်းကို ငြင်းပယ်ထားပါသည်။

ယောဟန်သည် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောဓမ္မအတွေးအခေါ်ကို လေးစားဂုဏ်ပြုခြင်းနှင့် ဆိုင် သော အံ့သြဘွယ်ဓမ္မပညာနှင့်ဆက်စပ်ခဲ့ပါသည်။ ယေရှုသည် “မြေကြီးထဲက ထမြောက်ပြီး” လူ တိုင်းကို သူ့ထံသို့ ခေါ်ဆောင်သွားပါသည်။ ဤအရာတို့သည် နည်းလမ်းနှစ်ခုဖြင့် ဖြစ်ပျက်ခဲ့ပါ သည်။ ပထမအချက်အနေဖြင့် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်အသေခံရန် မြေကြီးထဲက “ထ မြောက်ခဲ့သည်။” လူအားလုံး၏ ပြက်ရယ်ပြုခြင်းကို ခံစေသည်။ ဒုတိယအချက်အနေဖြင့် ဘုရား သခင်၏ဘုန်းတော်အတွက် ထမြောက်ခဲ့ပါသည်။ သူသည် ယုံကြည်သောသူတို့ကို သူ့ထံသို့ ပြန် ၍ခေါ်ထားသည်။ ဤသို့သောအားဖြင့် အမှောင်ညထဲကနေ ဘုန်းတော်၊ နှိမ့်ချခြင်းကနေ လေး မြတ်ခြင်းနှင့်ဘုန်းအသရေဆီသို့ ဦးဆောင်သွားခဲ့ပါသည်။ ဤအရာအားလုံးသည် အပြစ်ရှိသော လောကသားများ ကယ်တင်ခြင်းရရှိဖို့ပင်ဖြစ်ပါသည်။

ဘေးချင်းယှဉ်သည့် လှုပ်ရှားမှုနှစ်ခု ၃း ၂၂-၂၄

သမိုင်းဆိုင်ရာစိတ်ဝင်စားမှုသည် အဓိက အချက်တစ်ခုဖြစ်ပါသည်။ လှုပ်ရှားမှုနှစ်ခုစလုံးသည် အတူူတကွ အလုပ်လုပ်ကြသည့် ဗတ္တိဇံဆရာယောဟန်နှင့်ယေရှုတပည့်တော်များထံက စတင်ခဲ့ ပါသည်။ ယေရှုသည် လူတို့ကိုလည်း ဗတ္တိဇံပေးထားသည်။ သို့မဟုတ် ပိုများသောလူအရေအတွက် ကို ပေးထားသည်။ သူ့တပည့်တော်များကလည်း လုပ်ဆောင်သည်။ (၄း ၁) ကျွန်တော်တို့သည် ဗတ္တိဇံအကြောင်းကို ပို၍တိကျအောင်တော့ မပြောနိုင်ပါ။ ရောက်လာမည့်နိုင်ငံတော်ကိုပြင်ဆင်ဖို့ အတွက် ယောဟန်၏ဗတ္တိဇံနှင့်တူညီဟန်ရှိပါသည်။ လှုပ်ရှားမှုနှစ်ခုလုံး၏တွဲဖက်တည်ရှိခြင်းသည် ဟေရုဒ်မင်းက ယောဟန်အား ထောင်သွင်းသည့်အချိန်တွင် အဆုံးသတ်သွားခဲ့ပါသည်။

နှစ်ခုလုံးက တစ်ခုကိုတစ်ခု လက်ခံရရှိကြသည်။ ၃း ၂၅- ၃၆

ဘေးချင်းယှဉ်လျက် အတူတကွတည်ရှိသော လှုပ်ရှားမှုနှစ်ခုက မည်သည့်လှုပ်ရှားမှုသည် အရင်ကျ သည်ကို မေးခွန်းပေါ်ထွက်စေခဲ့သည်။ ထို့ကြောင့် ဗတ္တိဇံဆရာယောဟန်သည် လူများက ယေရှုကို အလွန်အကျွံအားကိုးနေကြချိန်တွင် တပည့်တော်များအား အခြေကိုပေးထားသည်။ ယောဟန်က ဓမ္မဟောင်းအသုံးအနှုန်းနှင့်ဆက်စပ်လျက်ရှိသော သာဓကတစ်ခုဖြင့် တုန့်ပြန်ခဲ့ပါသည်။

ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်နှင့်ဂျူးလူမျိုးများကြား၌ ဆက်နွယ်မှုကို မင်္ဂလာဆောင်ခြင်းနှင့် အမြဲခိုင်းနှိုင်းလေ့တွေ့ရသည်။ (ယေရမိ ၃၊ ယေဇကျေလ ၁၆၊ ရှောလမုန်သီချင်း) ဤအခြေပြု ကျမ်းများသည် မနာလိုခြင်းမရှိဘဲ ဝမ်းမြောက်ခြင်းဖြင့် နောက်ခံအစိတ်အပိုင်းအဖြစ်ရယူသောအ ခါ နောက်ခံသမိုင်းကြောင်းဖြစ်လာသည်။ သူသည် သတို့သား၏မိတ်ဆွေ၊ မိမိချစ်သူနှင့်ကောင်းမွန် သော ဆက်ဆံမှုအထဲသို့ သတို့သားအား ခေါ်လာဖို့အကူအညီပေးသောသူပင်ဖြစ်ပါသည်။ ယခု တွင် အသင်းတော်နှင့်ခရစ်တော်သည် ရင်းနှီးကျွမ်းဝင်မှုတွေ ရှိလာသည်။ ဤအရာက ယောဟန် အား ကြီးမားသည့်ဝမ်းမြောက်ခြင်းနှင့်ရွှင်မြူးခြင်းကိုဖြစ်စေသည်။ ထိုနည်းအတိုင်း ဓမ္မသစ်ကျမ်း တွင်လည်း ဖြစ်ပျက်နေသည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်း၏နောက်ဆုံးခန်းတွင် တွေ့ရပါသည်။

သက်သေနှစ်ခုကြားက ခြားနားမှုများသည် ယိမ်းယိုင်စေပါသည်။ ယောဟန်သည် လူသားဖြစ်ပြီး မြေကြီးကဖြစ်သည်။ ထို့ကြောင့် သူ၏သွန်သင်ချက်များသည် မြေကြီးနှင့်သက်ဆိုင်သည်။ ယေရှု သည် ကောင်းကင်ကဖြစ်သဖြင့် သူ၏သက်သေခံချက်သည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သည်။ တစ်စုံတစ်ဦးက လက်ခံဖို့ခက်ခဲသော်လည်း အမှန်တရား၊ စစ်မှန်သောအရာပင်ဖြစ်ပါသည်။ ယေရှု စကားကို လက်ခံသောသူက ခမည်းတော်သည် သားတော်အား အရာခပ်သိမ်းကို အုပ်စိုးသည့် တန်ခိုးကို အကန့်အသတ်မရှိပေးထားကြောင်းကို မြင်ရသည်။ ဤနည်းလမ်းဖြင့် ယေရှုသည် ထာဝရအသက်ကို လူတိုင်းအား ပေးထားပါသည်။ ငြင်းပယ်သောသူတို့မူကား အမျက်တော်ကို ခံရကြမည်။ ယောဟန်၏သက်သေခံချက်သည် ခရစ်ဝင်ကျမ်းလေးကျမ်း၏စံနမူနာတွင် အဓိက အကြောင်းအရာဖြစ်လာသည်။ အသက်ရှင်ခြင်းနှင့်သေခြင်း(သို့မဟုတ် ဘုရားသခင်၏အမျက် တော်ခံရာနေ့) ကောင်းကင်ဘုံနှင့်ဆိုင်သောသမ္မာတရားနှင့်လောကရဲ့မှားယွင်းသောလမ်းတို့ပင် ဖြစ်ပါသည်။ အလုံးစုံတို့၏အချုပ်မှာ ဘုရားသခင်၏သားတော်၊ ယေရှုခရစ်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့၏ဘဝတစ်ခုလုံးကို သူနှင့်ဆက်နွယ်မှု၌ ဆက်ကပ်အပ်နှံထားပါသည်။