ယောဟန် ၄ - ဘုရားသခင်သည် လူသားနှင့်တွေ့ဆုံသည်။

ယေရှုနှင့်နာမည်ပျက်အမျိုးသမီး ၄း ၁-၄၂

ယေရှုနှင့်ရှာမာရိမိန်းမတို့ကြား စကားပြောဆိုမှုအကြောင်းသည် စွဲမက်ဖွယ်ကောင်းပြီးလှပသည်။ ခရစ်ဝင်ကျမ်းအတွက် စံတစ်ခုဖြစ်သည့် စကားစမြည်ပြောဆိုခြင်းအကြောင်းက မိန်းမ၏နားလည်မှု လွဲမှားခြင်းဇာတ်ကြောင်းတွဲကို တည်ဆောက်ပေးသည်။ သို့ရာတွင် ယေရှုသည် သူမနှင့်စကားပြော ဆိုမှုကိုလက်ခံပြီး နောက်ဆုံးတွင် မိန်းမတစ်ဦးတည်းသာမက အခြားရှာမာရိမြို့သားများစွာလည်း ယေရှုထံသို့ ရောက်လာကြသည်။ ထို့ကြောင့် ဧဝံဂေလိသမားသည် ဤအကြောင်းအရာ၌ ယေရှု၏ သွန်သင်ချက်များကို အဓိကထားပြီး မလုံလောက်ဘဲ ဉာဏ်မရှိသောလူများကို ခွင့်ပြုခဲ့ပါသည်။

ပုံဝတ္ထု၏အရေးကြီးသောအကြောင်းမှာ ဤအဖြစ်အပျက်သည် ရှာမာရိပြည်တွင် ဖြစ်ပျက်ခြင်းဖြစ်ပါ သည်။ ယေရှုသည် ယုဒပြည်ကိုထားခဲ့ပြီး ဂလိလဲပြည်သို့ထွက်ခွါသွားသည်။ ယော်ဒန်မျက်ဝှမ်းတစ် လျှောက် ပူပြင်းသောအချိန်ကာလတွင် အဘယ်သူမျှ ခရီးမသွားလိုသော်လည်း သူသည် ရှမာရိမြို့ ကို ဖြတ်သွားသည်။ ၎င်းသည် ဂျူးလူမျိုးများအတွက် မနှစ်မြို့စရာဖြစ်ပြီး ယုဒလူမျိုးများနှင့်ရှမာရိလူ တို့သည် တစ်ဦးကိုတစ်ဦး မုန်းတီးနေကြသည်။

ကနဦးရှမာရိလူတို့သည် ဆက်လက်အငြင်းပွါးကြသေးသည်။ ရှေးရိုးစဉ်လာအတွက်တော့ မှန်ကန် ကောင်းမှန်ကန်နိုင်သည်။ ရှမာရိလူတို့သည် ဘီစီ ၇၂၂ ၌ ယေရုရှလင်ပျက်စီးပြီးနောက် ယုဒနိုင်ငံ တွင်နေထိုင်ကြသည့် ကပြားလူများဖြစ်ကြသည်။ ရှမာရိလူတို့က မိမိကိုယ်ကို စစ်မှန်သော ယုဒလူ မျိုးများအဖြစ်သတ်မှတ်နေကြပြီး ဂျူးလူမျိုးများက သူတို့ကို ဘုရားမဲ့များဟု သမုတ်ကြသည်။ သူတို့ က ကေဇိတောင်တွင်သာ ဗိမာန်တော်ကို အသုံးပြုကြပြီး ယေရုရှလင်ဗိမာန်တော်နှင့်ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ဂျူးလူမျိုးများသည် ၎င်းကို ဘီစီ ၁၂၈ တွင် ဖျက်ဆီးကြပြီး သန့်ရှင်းသောတောင်သည် အရေးပါသည့်ဆုတောင်းရာနေရာအဖြစ် ဆက်ရှိနေသည်။ ဂျူးနှင့်ရှမာရိလူမျိုးတို့ကြား အမုန်းအငြိုး သည် ယေရှု၏ခေတ်ကာလတွင် မကြာခဏ ပေါက်ထွက်သည်။ ဂျူးလူမျိုးများခရီးသွားသည့်အချိန် တွင်လည်း အသွေးကို ဖြန်းကြသည်။ ရှမာရိလူမျိုးတို့က တစ်ဦးကိုတစ်ဦး ရင်ဆိုင်တိုက်ခိုက်ကြပါ သည်။ ရှေးရိုးစွဲဂျူးလူမျိုးများက ရှမာရိလူမျိုးများကို အပြင်းအထန် ရှုတ်ချကြပြီး သူတို့နှင့်စကား ပြောရန် ငြင်းဆိုကြသည်။ ယခုတွင် ယောဟန်က ယေရှုသည် ဆန်ကျင်ဘက်အလုပ်ကိုလုပ်နေ ကြောင်းကိုလည်းကောင်း၊ သူသည် ထိုအရပ်တွင် လက်ခံကြကြောင်းကိုလည်းကောင်း ရှင်းရှင်း လင်းလင်းဖော်ပြထားသည်။

ဤအကြောင်းအရာကို ရှင်းပြထားသောလူများစွာတို့က မိန်းမသည် မြို့အပြင်ဘက်ရှိ ရေတွင်းသို့ နေခင်းချိန်အခါ၌ မည်သို့ရောက်လာသည်ဟူသော ၎င်းတို့၏စိတ်အာရုံသို့ဆွဲခေါ်ခဲ့ကြသည်။ ဤအ ရာသည် သူမဘဝထဲ၌ ယေရှုမြင်တွေ့ခဲ့ရသောအရာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤမိန်းမ သည် အပြစ်နှင့်ပြည့်နေသောသူဖြစ်ပြီး မိမိလူမျိုးတို့၏ ငြင်းပယ်ခြင်းကို ခံရသောသူဖြစ်ပါသည်။ နာမည်ပျက်ရှိသောမိန်းမတစ်ယောက်သည် အခြားမိန်းမများရေခတ်ဆင်းသည့်အချိန်ကို ရှောင်ရှား ခဲ့သည်။ ထို့ကြောင့် ယေရှုသည် သူမနှင့်ဝေးဝေးနေရန် အကြောင်းပြချက်များစွာရှိလိမ့်မည်။ သို့သော် ထိုအကြောင်းပြချက်များစွာကို အလေးမထားဘဲ သူမနှင့်စတင်ပြီး စကားပြောသည်။ သူမ သည် လွန်စွာ အံ့သြခဲ့ရသည်။ အရှေ့အလယ်ပိုင်းရဲ့ ခေတ်သွေ့သည့်နေရာတွင် ရေသည် အလွန် တန်ဖိုးရှိသည့် သဘာဝရင်းမြစ်တစ်ခုဖြစ်ပါသည်။ သူတို့စကားပြောသည်မှာ ရေတွင်းနက်နက်နား တွင်ဖြစ်ပါသည်။ ထိုရေတွင်းကို ယာကုပ်၏ခေတ်ကာလ၌ သူတို့တူးဖော်ခဲ့ကြသည်။

အသက်ရေနှင့်ပတ်သက်ပြီး ယေရှု၏သွန်သင်ချက်မှာ အလွန်ပင် အံ့သြစရာဖြစ်ခဲ့ရသည်။ မိန်းမ သည် ရုတ်တရက် နားလည်မှုလွဲပြီး ဝှက်ထားသောစမ်းရေအကြောင်းကို ပြောနေခြင်းဟု ထင်မိပါ သည်။ ယေရှု ညွှန်းဆိုထားသောရေမှာ လုံး၀ ကွဲပြားခြားနားသည်။ ယေရှုသည် ထိုရေကို ညွှန်းဆို ထားခြင်းမဟုတ်ပါ။ သို့ရာတွင် ခရစ်ဝင်ကျမ်းကိုဖတ်သောစာဖတ်သူများက အဖြေကို သိရှိကြပါ သည်။ သခင်ယေရှုက အလင်း၊ သမ္မာတရား၊ ဘုရားသခင်ပေးထားသောအသက်ဆုကျေးဇူးများပင် ဖြစ်ပါသည်။ ယေရှုနှင့်တွေ့သောသူများသည် အသက်သာ၏ခမ်းနားထယ်ဝါသောအဓိပယ်ကို သိရှိ ကြမည်။ နောက်ထပ်ရှာဖွေရန် အကြောင်းမရှိတော့ပါ။

ဓမ္မဟောင်းပရောဖက်များနည်းတူ၊ ယေရှုသည် လူ့စိတ်နှလုံးကို တည့်တည်းပြောထားသည်။ မိန်းမ ၏ပေါင်းစပ်ထားသောအကြောင်းအရာအားဖြင့် ပြောဆိုသည်။ သူမသည် သူ့ဘဝလုံခြုံမှုဆီက အလျှင်အမြန်ခွဲထွက်စေပြီး ငြင်းခုံမှုကိုဖြစ်စေသည်။ ဘုရားသခင်ကို မည်သည့်အရပ်တွင် အစေခံရ မည်နည်း၊ ကေဇ၌လော၊ သို့မဟုတ် ယေရုရှလင်မြို့၌လော။ ယေရှုပေးထားသောအဖြေမှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းအတွက် စံနမူသာသာဖြစ်သည်။ ဤနေရာ၌မဟုတ်၊ ဟိုနေရာ၌မဟုတ်၊ ဝိညာဉ်နှင့်၎င်း၊ သမ္မာတရားနှင့်၎င်း ကိုးကွယ်ရမည်ဟူ၍ဖြစ်သည်။ ထိုစကားလုံးများက ၎င်းတို့၏ အဓိပယ်ကိုဖော်ဆောင်ထားသည်။ အထူးသဖြင့် ယေရုရှလင်ပျက်စီးပြီးနောက်ပိုင်းတွင်ဖြစ်ပါသည်။ ဘုရားသခင်၏ဗိမာန်တော်ကို အပိုင်းပိုင်းဖြိုဖျက်သော်လည်း ဘုရားသခင်ကို ဆုတောင်းခြင်းဖြင့် နေရာတိုင်း၌ ချဉ်းကပ်၍ ရနိုင်သည်။ “နံဝိညာဉ်နှင့်၎င်း၊ သမ္မာတရားနှင့်၎င်း” ဟူသည်မှာ တိကျ သေချာသောနေရာတွင် အစီအစဉ်လုပ်ဆောင်သင့်သည်ဟု ဆန့်ကျင်ဘက်အယူအဆကို ကိုင်စွဲ ခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ဖတ်ရှုသောအခါ ဤအရာ က သားတော်နှင့်ဆက်စပ်သောအခါ ခမည်းတော်ကို အစေခံခြင်းဖြစ်သည်၊ မည်သည့်နေရာ၌ စေ ခိုင်းသည်ဖြစ်ပါစေ အရေးမကြီးပါဟု ဆိုလိုခြင်းဖြစ်ပါသည်။

စကားပြောဆိုခြင်းသည် ယေရှုက မိမိကိုယ်ကို ခရစ်တော်တည်းဟူသော မေရှိယဖြစ်ကြောင်းကို မိန်းမအား မိတ်ဆက်ပြီးသောအချိန်တွင် အဆုံးသတ်ပါသည်။ အလင်းကိုသယ်ဆောင်သူအဖြစ် သူမ၏တာဝန်သည် ချက်ချင်းပင် စတင်ခဲ့ပါသည်။

မိန်းမသည် မိမိလမ်းကိုသွားပြီး အခြားရှမာရိများထံသို့ ပြန်မသွားမှီတွင် ဆွေးနွေးရမည့်အချိန်ဖြစ်ပါ သည်။ ဆေးနွေးချက်၏ပြင်းထန်သောအရာမှာ မိန်းမ၏ထွက်ခွါသွားခြင်းပင်ဖြစ်ပါသည်။ ဤအချက် ကြားတွက် ဆက်စပ်လျက်ရှိသောအဖြစ်အပျက်များသည် စေလွှတ်ခြင်းနှင့်ပတ်သက်ပြီး ယေရှုမိန့် တော်မူစဉ်တွင် ဖြစ်ပျက်သည်။ ယေရှုသည် အစားအသောက်ကို မလိုလားပါ။ တပည့်တော်များက နောက်တဖန် နားလည်လွဲကြသည်။ သူ၏အစာမှာ ဘုရားသခင်၏အလိုတော်ကို ဆောင်ခြင်းသာ ဖြစ်ပါသည်။ ခမည်းတော်သည် သားတော်ကို ဤလောကသို့စေလွှတ်သဖြင့် သားတော်သည် မိမိ အလိုအတိုင်း အဘယ်အမှုကိုမျှမပြု၊ စေလွှတ်တော်မူသောသူ၏အလိုအတိုင်းသာ လုပ်ဆောင်ပါ သည်။

ခမည်းတော်သည် သားတော်အား ဤလောကသို့စေလွှတ်တော်မူသည်နည်းတူ၊ သားတော်သည် လည်း မိမိတပည့်တော်များကို စေလွှတ်တော်မူခဲ့ပါသည်။ လုပ်ဆောင်စရာ မရှားပါ။ ထိုင်စရာနှင့် စောင့်စရာမလိုပါ။ သည်းခံခြင်းကိုတောင်းဆိုသည့် နေ့တိုင်းစောင့်စရာလိုသောအရာမှာ မျိုးကြဲခြင်း နှင့်ရိတ်သိမ်းခြင်းကြားကာလသာဖြစ်ပါသည်။ ခက်ခဲသောနေရာတွင်နေထိုင်ကြသည့် ဆင်းရဲသား များကို ခက်ခဲစေသောအရာသည် ငတ်မွတ်ခြင်းနှင့်ဆာလောင်ခြင်းပင်ဖြစ်ပါသည်။ ယခုတွင် တပည့်တော်များသည် စောင့်နေစရာ မလိုအပ်ပါ။ ယေရှုသည် စိုက်ပျိုးခဲ့သည်။ ရိတ်သိမ်းရန်မှာ တပည့်တော်များ၏တာဝန်ပင်ဖြစ်ပါသည်။

ဤစကားလုံးများသည် ထိုအချိန်အတွက်သာ အသုံးချဖို့မဟုတ်၊ နောက်ပိုင်းအချိန်ကာလများအ တွက်လည်း အသုံးချနိုင်သည်။ ယေရှု၏သေခြင်းနှင့်ရှင်းပြန်ထမြောက်ခြင်းအကြောင်းကို ဟော ပြောရမည်။ အကျိုးရလဒ်သည် နောက်ဆုံးတရားစီရင်သောနေ့အထိ စောင့်နေစရာမဟုတ်။ ယေရှု၏နှုတ်ကပတ်တော်ကို ဝမ်းမြောက်စွာလက်ခံသောသူသည် သားတော်ကို သိရန် သင်ယူလေ့ လာပြီး သေခြင်းမှ အသက်ရှင်ခြင်းလမ်းသို့ ချက်ချင်းလိုက်ရမည်။ အပြစ်ရှိပြီး အနိမ်ခံရသော ရှမာရိ လူတို့အသက်တာတွင် ဤသို့ဖြစ်ပျက်ခဲ့ပါသည်။

ခိုင်မာသောယုံကြည်ခြင်း ၄း ၄၃-၅၄

ဂါလိလဲပြည်သို့ပြန်လာသောအခါ ယေရှုသည် အာရုံစူးစိုက်မှုအများကို လက်ခံခဲ့သည်။ သူ့ကို ငြင်း ပယ်သည့်အချိန်ကာလလည်း ကျော်လွန်သွားပြီ။(မာကု ၆း ၁-၆ ကို ကြည့်ပါ။) ထို့ကြောင့် ရှင်ယော ဟန်အရ၊ ဂါလိလဲတွင် အစပြုထားသောအရာသည် ယေရုရှလင်သို့အလည်အပတ်သွားခြင်းအထိ အကျိုးသက်ရောက်မှုရှိသည်။ ကပေရနောင်မြို့တွင်နေထိုင်သော ဘုရင်၏ခိုင်မာသောယုံကြည်ခြင်း အကြောင်းက သူသည် မဿဲ ၈း ၅-၁၃ နှင့် လုကာ ရး ၁-၁၀ တွင် မိန့်ဆိုသော ပုံဝတ္ထုနှင့်ဆက် နွယ်မှုရှိမရှိကို အံ့သြမင်သက်စေသည်။ ထိုကျမ်းပိုဒ်များတွင် အကြောင်းအရာမှာ ဘုရားမဲ့များအ ကြောင်းဖြစ်ပါသည်။ သို့ရာတွင် ဤနေရာတွင် ဖော်ပြထားခြင်းမဟုတ်ပါ။

ဤအကြောင်းအရာ၏အဓိကအချက်မှာ ဤခိုင်မာသောဖြင့် မည်သို့ “ယုံကြည်ခဲ့သည်” ဟူသော အရာဖြစ်သည်။ အကူအညီတောင်းခံသူအပေါ် ယေရှုပေးထားသောအဖြေမှာ နည်းနည်းအရိုင်း ဆန်သည်။ နိမိတ်လက္ခဏာ၊ အံ့သြဘွယ်ရာမပါဘဲ ကျမ်းစာတစ်ခုတည်းအပေါ် အခြေခံလျက် ယေရှုကို ယုံကြည်လက်ခံရမည်။ သို့ရာတွင် ယေရှုက ထိုလူစွဲကိုင်ထားသောအရာကို မိန့်တော်မူခဲ့ သည်။ ထို့ကြောင့် “ယုံကြည်သည်” ဟူသော အဓိပယ်သည် လူသားသည် ချမ်းသာပေးနိုင်သည် ကို အကြွမ်းမဲ့ယုံကြည်ကိုးစားခြင်းပင်ဖြစ်ပါသည်။

ကာနမြို့မှာ ကပေရနောင်မြို့သို့ အပြန်လမ်းတွင် ဝမ်းမြောက်စရာသတင်းစကားကို ဆောင်ယူလာ ပေးသော လူတို့ကို လူတစ်ဦးက ဆုံတွေ့ခဲ့သည်။ ထိုသတင်းကောင်းမှာ ယေရှုသည် အရေးပါ သောစကားကို မိန့်တော်မူစဉ်တွင် ကလေးသည် ကျန်းမာလျက်ရှိကြောင်းသတင်းစကားဖြစ်သည်။ ခမည်းတော်ကိုလည်း “ယုံကြည်သည်အတိုင်း” သူတို့သည်လည်း ယုံကြည်ကြသည်။ သို့သော် ယုံ ကြည်မှုသည် ကွဲပြားခြားနားသည့် အဓိပယ်ကို ဖော်ဆောင်သည်။ ရှင်ယောဟန်က ခက်ခက်ခဲခဲ ရှင်းပြသော်လည်း သူ့ယုံကြည်ခြင်းသည် ယေရှုအပေါ်ဖြစ်နေသည်ကို နားလည်ရသည်။ ယေရှု၏ကိုယ်ရေးကိုယ်တာနှင့်အမှုတော်လုပ်ငန်းနှင့်ဆက်စပ်မှုရှိသောအကြောင်းအရာကို ကျွန် တော်တို့ဖြစတ်ရှုခဲ့ကြသည်။ ယေရှုသည် အမှောင်မှအလင်း၊ မုသာမှ သမ္မတရားသို့၊ သေခြင်းမှ အ သက်ရှင်ခြင်းသို့ ဦးဆောင်သော ခမည်းတော်၏သားတော်မှာ ယေရှုပင်ဖြစ်ပါသည်။