၁ ကော ၁၅၊ ထမြောက်ခြင်း၊ ကျွနု်ပ်တို့ယုံကြည်ခြင်း၏အခြေခံ အုတ်မြစ်

အခန်းကြီး ၁၁- ၁၄ တွင်၊ ပေါလုက အသင်းတော်၌ရှိသောဝတ်ပြုကိုးကွယ်ခြင်းအ ကြောင်းနှင့်၎င်းနှင့်ဆက်နွယ်မှုရှိသော ပြဿနာတို့အကြောင်းကို ပြောနေပါသည်။ အခန်း ၁၅ တွင်၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပြောဆိုပါသည်။ ၎င်းသည်လည်း ကောရိန္တုအသင်းတော်၌ ပြဿနာတစ်ခုအဖြစ်ရှိနေပါသည်။

ရှင်ပြန်ထမြောက်ခြင်းအတွက် သက်သေအထောက်အထားများ ၁၅း ၁-၁၁

ရှင်ပေါလုက ထိုအကြောင်းကို အပိုဒ် ၁-၃က တွင် ဖော်ပြထားသည်။ ရှင်ပြန်ထမြောက် ခြင်းသည် ဧဝံဂေလိတရား၏အနှစ်ချုပ်ဖြစ်ကြောင်းကို ရှင်းပြထားသည်။ သူသည် ဧဝံဂေ လိတရားကို အခြားသူများထံက လက်ခံရရှိပြီး သူသည် ပြောင်းလဲပြီးနောက်တွင်
ကောရိန္တုမြို့ရှိယုံကြည်သူများနှင့်အခြားသူများအား ဝေမျှရန် သွားခဲ့သည်။ ထို့ကြောင့် ထိုသတင်းစကားကို အပြောင်းအလဲမလုပ်ဘဲ လုံး၀ ဆုပ်ကိုင်ထားရန် ကောရိန္တုယုံကြည် သူများအား တိုက်တွန်းထားသည်။

အပိုဒ်ငယ် ၃-၇ တွင် ပေါလုက ယုံကြည်ခြင်းနှင့်ဆိုင်သော ဝိညာဉ်ခြင်းမူဟောင်းတစ်ခု ကို ကိုးကားထားပါသည်။ ၎င်း၏အဓိက ထောင့်တိုင်မှာ ခရစ်တော်သည် ကျွနု်ပ်တို့၏ အပြစ်များအတွက် “ကျမ်းစာလာသည်အတိုင်း” အသေခံသည်ဟူသော အချက်ဖြစ်ပါ သည်။ ယင်းအချက်ကို ဓမ္မဟောင်းကျမ်းထဲ၌ ကြိုတင်ဟောကိန်းထုတ်ခဲ့သောအရာဖြစ် ပါသည်။ “ကျမ်းစာလာသည်အတိုင်း” ခရစ်တော်သည် သင်္ဂြိုလ်ခြင်းကိုခံရပြီး သုံးရက် မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်မည်။

ပေါလုက သူအပါအဝင် လူပေါင်းများစွာက ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းတွင် လူပေါင်းများစွာက ယေရှုကို မြင်တွေ့ခဲ့ကြကြောင်း ရေးသားခဲ့သည်။ ဤအရာမှာ ရှင်ပြန်ထမြောက်ခြင်းသက်သေနှင့်ပတ်သက်ပြီး ကျွနု်ပ်တို့သိခဲ့သော ရှေးအကျဆုံးအ ချက်ဖြစ်ပါသည်။ ဧဝံဂေလိဆရာများရေးသားခဲ့ခြင်းထက် ရာစုနှစ်လောက်စောသည်။ ယခုတွင် ပေါလုက ဖော်ပြခြင်းအကြောင်း ၎င်း၏အတွေ့အကြုံကို ပြောနေခြင်းမဟုတ်။ သက်သေခံခြင်းနှင့်ပတ်သက်ပြီး ကန့်သတ်စာရင်းကိုသာ ပြောနေခြင်းဖြစ်သည်။ ပေါလုက ထိုသက်သေများတွင် ၎င်း၏အမည်စာရင်းကို နောက်ဆုံးတွင် ထည့်သွင်းထား ပါသည်။ ရှင်ပြန်ထမြောက်သောသခင်ကို မြင်တွေ့သော သက်သေများတွင် သူသည် လည်း တစ်ဦးအပါအဝင်ဖြစ်ပါသည်။

သို့ရာတွင် သက်သေစာရင်းသည် ပြီးပြည့်စုံခြင်းမရှိပါ။ ခရစ်ဝင်ကျမ်းထဲ၌ ရှင်ပြန်ထ မြောက်သောခရစ်တော်ကို မြင်တွေ့ခဲ့ရသော အမျိုးသမီးတို့သည် စာရင်းထဲ၌ မပါရှိပါ။ ထိုအချိန်ကာလ၌ ဤချန်လှစ်မှုကို နားလည်ရမည်။ တမန်တော်တို့၏မြင်တွေ့ခဲ့ရသော သက်သေသည် ယုံလောက်ပေသည်။ ထိုစာရင်းကို စိတ်နှလုံးဖြင့် သင်ယူလေ့လာခဲ့ရ သည်။ သို့ရာတွင် ကျွနု်ပ်တို့အတွက် အမျိုးသမီးများ၏ ဧဝံဂေလိသက်သေခံချက်များ သည်လည်း အထင်အရှားရှိပါသည်။

ပေါလုက ယေရှုသည် လူပေါင်း ၅၀၀ ထက်မနည်းသူများထံ ပေါ်ထွန်းသည်ဟု ဖော်ပြ သည်။ ယာကုပ်ထံလည်း ပေါ်ထွန်းခဲ့သည်ဟုဆိုသည်။ ဤထင်ရှားမှုကို အသေးစိတ်ရှာ ဖွေတွေ့မြင်ရသည်မှာ အံသြစရာကောင်းလှပါသည်။ အထူးသဖြင့် လူပေါင်း ၅၀၀ ထံ ပေါ်ထွန်းခြင်းဖြစ်ပါသည်။ သို့ရာတွင် ကံမကောင်းစွာဘဲ ရှင်ပေါလုက ဤနေရာတွင် ရေးသားသောအရာထက်ပို၍ ကျွနု်ပ်တို့က မသိကြပါ။

ရှေးကျသောယုံကြည်မှု(ယုံကြည်ခြင်းဝန်ခံချက်) က ခရစ်တော်၏လုပ်ဆောင်ချက်သည် မြေကြီးပေါ်တွင် စုံလင်ခဲ့ကြောင်း ဆိုသည်။ သူသည် ဒုက္ခဝေဒနာကိုခံစားခဲ့ရသည်။ အသေခံခဲ့သည်။ သင်္ဂြိုလ်ခြင်းကိုခံရသည်။ သို့ရာတွင် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှထမြောက်ခဲ့သည်။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် ကျွနု်ပ် တို့တွေးချင်ရုံသက်သက်အကြောင်းအရာတော့မဟုတ်ပါ။ တမန်တော်များက ထမြောက် သောခရစ်တော်ကို မြင်တွေ့ခဲ့ကြသည်။ အသင်းတော်၏ယုံကြည်ခြင်းသည် ထင်ရောင် ထင်မှားခြင်းအပေါ် အခြေခံထားသည်မဟုတ်။ ခိုင်မာသော အုတ်မြစ်ပေါ်တွင် တည် ထားသည်။ ကျွနု်ပ်တို့က ခရစ်တော်သည် အသက်ရှင်ကြောင်း တမန်တော်များထံမှ ခိုင် မာသောသက်သေကို ရရှိခဲ့ကြသည်။

ကောရိန္တုအသင်းတော်၌ ထမြောက်ခြင်းအကြောင်း ငြင်းဆိုသူများ ၁၅း ၁၂

ပေါလုက ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ရေးသားခဲ့ပါသည်။ အဘယ့် ကြောင့်ဆိုသော် ကောရိန္တုအသင်းတော်တွင် ဤအကြောင်းနှင့်ပတ်သက်ပြီး အခက်အခဲ များ ကြုံတွေ့နေရသည်။ ကိုယ်ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းကို ငြင်းပယ်သည့်လူအချို့ ရှိသည်။ ဤသည်မှာ နားလည်ရလွယ်ကူပါသည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာဖြင့် ထ မြောက်ခြင်းသည် ခရစ်ယာန်တို့၏ အမြင်ဖြစ်ပြီး အချို့သောသူများကို အမြဲတမ်း ပြစ်မှား သည်။

ဂရိရောမအင်ပါယာတွင် အများထင်မြင်ယူဆသောအရာတစ်ခုရှိသည်။ ၎င်းသည် လူသားတို့၏ကိုယ်ခန္ဓာအစိတ်အပိုင်းသည် အလွန်ဆိုးညစ်သော်လည်း လူ့စိတ်ဝိညာဉ် သည် ဘုန်းအသရေနှင့်လွှမ်းခြုံထားသည်။ ကောင်းမြတ်သည်ဟူ၍ဖြစ်သည်။ ကိုယ်ခန္ဓာ ကို ကန့်သတ်မှုရှိသောအရာအဖြစ် မြင်ပြီး စိတ်ဝိညာဉ်ကိုမူ စဉ်းစားဆင်ခြင်မှုမှ ကန့် သတ်ထားပါသည်။ ထိုစိတ်ဝိညာဉ်သည် မြင့်မားသောအဆင့်တွင်ရှိနေပြီး ဘုရားသခင် ၏လွှမ်းမိုးမှုတွင် ရှိနေပါသည်။ အတွေးအခေါ်နှင့်ပတ်သက်ပြီး ဂရိတို့၏အတွေးအခေါ် နည်းလမ်းသည် ဓမ္မဟောင်းသတင်းစကားကို လက်မခံနိုင်ပါ။ ယင်းမှာ လူတစ်ဦးသည် တစ်ဦးတည်းရှိနေသည်။ ဘုရားသခင်က ဖန်ဆင်းထားသည်။ လူသည် ဖန်ဆင်းခံရ သည်အတိုင်းရှိနေသည်။ အပြစ်ထဲ၌လဲကျခဲ့သဖြင့် ခရစ်တော်က ရွေးနှုတ်ကယ်တင်ပါ သည်။ ထို့ကြောင့် သန့်ရှင်းသောသူဖြစ်သဖြင့် ဘုရားသခင်က သူ့ကိုချစ်သည်။

ကောရိန္တုအသင်းတော်တွင်ရှိသည့် လွတ်လွတ်လပ်လပ်တွေးခေါ်သမားများက ကိုယ်ခန္ဓာဖြင့်ထမြောက်ခြင်းကို လုံးဝလက်မခံလိုကြပေ။ ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်း သည် သူတို့အတွက် မှားယွင်းသောအရာဖြစ်သည်။ ဥပဒေနှင့်မညီညွှတ်သောအရာဖြစ် သည်။ ဖြစ်နိုင်သည့်အရာကဲ့သို့ စိတ္တဇဆန်ဆန်လိုစေလိုကြသည်။ ဆိုးသွင်းနည်းလမ်း ဖြင့် “အဓိပ္ပါယ်ဖွင့်ဆို” လို ကြသည်။ သူတို့၏ယုံကြည်ချက်ကို ကျွနု်ပ်တို့က တိတိကျကျ မသိရပါ။ သူတို့က ဝိညာဉ်၏မသေဆုံးနိုင်ခြင်းကို နည်းလမ်းအချို့ဖြင့် ယုံကြည်ကြသည် လည်းဖြစ်နိုင်ပါသည်။ သို့သော် ကိုယ်ခန္ဓာ၏ထမြောက်ခြင်းသည် လုံး၀ ဖြစ်နိုင်စရာမရှိ တော့ပါ။

ရှင်ပြန်ထမြောက်ခြင်းသည် မှန်ကန်သောအရာဖြစ်သည်။ ၁၅း ၁၃-၂၈

ပေါလုက နိဂုံးဆီသို့ ခေါ်ဆောင်လာခဲ့သည်။ လူသားတို့၏ရှင်ပြန်ထမြောက်ခြင်းအလုံးစုံ သည် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းပေါ်တွင် အခြေခံထားသည်။ ယင်းသည်လည်း ခရစ်တော်၏အပြစ်ဖြေခြင်းကို ဘုရားသခင်က လက်ခံသည်ဟူသော အချက်ပေါ်တွင် အခြေခံသည်။

ကျွနု်ပ်တို့အားလုံးသည် သေခြင်းသို့ရောက်ရကြမည်၊ အဘယ့်ကြောင့်ဆိုသော် အာဒံ သည် လူသားအားလုံးအပေါ် အပြစ်ဒဏ်ကိုသင့်စေသည်ဟု ပေါလုက ဖော်ပြထားပါ သည်။ သို့ရာတွင် ကျွနု်ပ်တို့အားလုံးသည် ယေရှုက ဤလောကသို့ အသက်ကို ပြန် လည်ဆောင်ယူလာသောကြောင့် သေခြင်းမှထမြောက်ကြလိမ့်မည်။ ထိုအရာကို ယေရှု သည် ဘုရားသခင်၏တန်ခိုးတော်ဖြင့် ပြန်လည်ကြွလာသည့် နောက်ဆုံးသောနေ့တွင် မြင်တွေ့ကြရလိမ့်မည်။ ထိုအခါ သားတော်အား ခမည်းတော်၏တန်ခိုးကိုပေးလိမ့်မည်။
ဤသွန်သင်ချက်သည် ရှင်ပေါလုအတွက် အလွန်အရေးကြီးသည်။ ကျွနု်ပ်တို့ကိုယ်တိုင် ကလည်း အလေးအနက်ထားစဉ်းစားဖို့လိုအပ်ပါသည်။ ဘုရားသခင်သည် ခရစ်တော်၏ ရန်ငြိမ်းစေခြင်းကို လက်ခံထားသည်ဖြစ်၍ ဘုရားသခင်သည် သားတော်ကို သေခြင်းမှ ထမြောက်စေသည်။ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူသည်ဖြစ်၍ လူတိုင်း သည်လည်း သေခြင်းမှထမြောက်လိမ့်မည်။ လူတိုင်းသည် သေခြင်းမှထမြောက်မည်ဟု ပေးထားသည်။ ခရစ်ယာန်တိုင်းသည်လည်း သေခြင်းမှထမြောက်ရမည်။ ပညတ်တရား တစ်ခုကိုချိုးဖျက်သူသည် ပညတ်အလုံးစုံကို ချိုးဖျတ်သည်ဟုဆိုသည်။ လူအားလုံး၏ ထမြောက်ခြင်းကို မယုံကြည်သောသူသည် ခရစ်တော်၏ရန်ငြိမ်းစေခြင်းကို ငြင်းပယ် သည်ဟုဆိုသည်။ ထို့ကြောင့် ရှင်ပေါလု၏အဆိုအရ၊ ထမြောက်ခြင်းကိုမယုံကြည်လျှင် ခရစ်ယာန်ဖြစ်ဖို့ မဖြစ်နိုင်ပါ။ ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်လျှင်၊ အရာအားလုံးတို့ သည် ဆုံးရှုံးမှုရှိသည်။

ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ဒုက္ခဝေဒနာခံစားခြင်းလည်း အချည်းနှီးဖြစ်သည်။ ၁၅း ၂၉-၃၄

အပိုဒ်ငယ် ၂၉ ကို ရှင်းပြဖို့ တစ်ဆယ့်နှစ်ကြိမ်လောက် ကြိုးစားအားထုတ်ခဲ့ပါသည်။ သို့ရာတွင် ရှင်းပြချက်အများစုသည် နားလည်စရာမရှိ။ မည်သို့ပင်ဆိုစေ၊ ကောရိန္တုအ သင်းတော်ယုံကြည်သူများက ဖြစ်ပျက်နေသောအရာကို သိနေကြသည်မှာ ရှင်းရှင်းလင်း လင်းရှိပါသည်။ အချို့သောသူတို့သည် သေပြီးနောက်တွင် ခရစ်ယာန်ဘာသာသို့ ကူး ပြောင်းလာသောချစ်ရသူများနှင့် အတူတကွရှိနေဖို့အတွက် ခရစ်ယာန်ဘာသာသို့ ကူး ပြောင်းလာကြသည်မှာ ဖြစ်နိုင်ပါသည်။ ကောရိန္တုခရစ်ယာန်များ၌ကား မည်ကဲ့သို့နည်း။ အချို့သောသူတို့သည် ၎င်းတို့၏ သေဆုံးခဲ့ပြီးသော ဆွေမျိုးများကိုယ်စား ဗတ္တိဇံပြန်ခံကြ ပါသည်။ သူတို့ကို ကယ်တင်ခြင်းသို့ ပြန်လည်ခေါ်ဆောင်ပေးရန်ဖြစ်ပါသည်။ ထိုသို့လုပ် ဆောင်ခြင်းသည် မှန်၏၊ မှား၏ဟူသောအချက်ကို ရှင်ပေါလုက အငြင်းအခုံမလုပ်ပါ။ သူက ထမြောက်ခြင်း၏အရေးကြီးခြင်းကို အရေးကြီးသည့်အကြောင်းအရာတစ်ခုအဖြစ် သာ ဖော်ပြထားပါသည်။ ကျွနု်ပ်တို့အတွက် ထမြောက်ခြင်းမရှိလျှင်၊ ဗတ္တိဇံခံခြင်းသည် လည်း အချည်းနှီးဖြစ်သည်။ တမန်တော်တို့၏လုပ်ဆောင်ချက်များနှင့်ညင်းပန်းနှိပ်စက်ခံ ရမှုများသည်လည်း အချည်းနှီးဖြစ်ပါသည်။ ထို့ကြောင့် အသင်းတော်သည် ထမြောက် ခြင်းနှင့်ပတ်သက်ပြီး ကြံ့ကြံ့ခံရပ်တည်သည်၊ သို့မဟုတ် လဲကျသည်။

သေပြီးနောက် မည်သို့ဖြစ်မည်နည်း။ ၁၅း ၃၅-၄၉

ရှင်ပေါလုက သေသောသူများ ထလာမည်အကြောင်းကိုလည်း ပြောဆိုသည်။ သူတို့ ရရှိ မည့်ကိုယ်ခန္ဓာအကြောင်းကိုလည်း ပြောဆိုသည်။ ဤကျမ်းပိုဒ်က သေပြီးနောက် ဘုရား သခင်နှင့်ထိတ်တိုက်တွေ့သောအခါ လူတစ်ဦးသည် မည်သို့သောသူဖြစ်မည်အကြောင်း ကိုလည်း အနည်းငယ်မျှ ပြောသည်။ ရှင်ပေါလုက တစ်ခုခုပြောနေသောအရာကို ပြော သည်။ သို့မဟုတ်လျှင် အရာအားလုံးကို ဝှက်ထားပါသည်။

သို့ရာတွင် ကျွနု်ပ်တို့သည် တစ်ခုခုကိုပြောနိုင်ပါသည်။ ကျွနု်ပ်တို့မြေကြီးပေါ်က အသက် တာရှင်သန်ချိန်အတွင်း ကျွနု်ပ်တို့သည် ပထမလူဖြစ်သည် အာဒံနှင့်တူညီသည်။ ကျွနု်ပ် တို့၏အနာဂတ် ကောင်းကင်ဘုံနှင့်ဆိုင်သောအသက်တာသည် ဒုတိယလူယေရှုနှင့် သဏ္ဍာန်တူညီမည်။ ကျွနု်ပ်တို့၏အပြောင်းအလဲဖြစ်ပါသည်။ ပျက်စီးတတ်သောအရာ သည် မပျက်စီးနိုင်သောအဖြစ်သို့ပြောင်းလဲမည်။ သေတတ်သောအရာသည် မသေနိုင် သောအရာဆီသို့ ပြောင်းလဲမည်။ ကျွနု်ပ်တို့သည် ထမြောက်သောအခါ ကိုယ်ခန္ဓာတစ်ခု လုံးသည် အသက်ရှင်မည်။ ဘုန်းအသရေနှင့်ပြည့်စုံမည်။ လယ်ကွင်းတွင်စိုက်ပျိုးထား သောမျိုးစေ့က အပင်ပေါက်လာသောအခါ အခွံ့ကို စွန့်ပစ်သကဲ့သို့ဖြစ်မည်။ သေခြင်းမှ တကြိမ်ထမြောက်သည်နှင့် မြေကြီးပေါ်တွင် အသက်ရှင်စဉ်က ကိုယ်ခန္ဓာနှင့်တူညီမည်။ သို့ရာတွင် အခြားသောနည်းလမ်းဖြင့် မသေနိုင်သောကိုယ်ခန္ဓာဖြင့် ပြောင်းလဲမည်။

ပေါလုက သာဓကများစွာကို ဤနေရာတွင် အသုံးပြုထားပါသည်။ ကြယ်တစ်လုံးသည် အခြားတစ်လုံးထက် တောက်ပသည်။ သို့ရာတွင် နှစ်ခုလုံးသည် ကြယ်သာလျှင် ဖြစ်ပါ သည်။ တိရိစ္ဆာန်တွင် မတူညီသည့် အသားအရေများရှိပါသည်။ သို့ရာတွင် အသားက အသားပါပဲ။ အလွန်ထူးခြားသည့် ပုံသဏ္ဍာန်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် မြေကြီးပေါ် တွင် ပထမလူဖြစ်ပြီး ကောင်းကင်၌ ခရစ်တော်၏ဘုန်းကို ပိုင်ဆိုင်ကြမည်။

ကျွနု်ပ်တို့သည် မည်သို့ဖြစ်လာမည်ကို ရှင်းရှင်းလင်းလင်းမသိရပါ။ ကျွနု်ပ်တို့၏ သိလို စိတ်ပြင်းပြမှုသည် မကျေနပ်နိုင်ပါ။ သို့ရာတွင် တစ်နေ့၌ ကျွနု်ပ်တို့သိမြင်လာမည်မှာ သေချာသည်။ မိမိကိုယ်ကိုလည်း မြင်တွေ့လာရမည်။ အဘယ့်ကြောင့်ဆိုသော် ခရစ် တော်သည် သေခြင်းမှထမြောက်ခဲ့သည်ဖြစ်၍ ကျွနု်ပ်တို့အပေါ်လွှမ်းမိုးသော သေခြင်း တန်ခိုးကို ဖျက်ဆီးသည်။

လူတိုင်းသေရမည်လော။ ၁၅း ၅၀-၅၈

ရှင်ပြန်ထမြောက်ခြင်းနှင့်တရားစီရင်သောနေ့သည် တစ်ခုနှင့်တစ်ခုဆက်စပ်မှုရှိသည်ကို ဤအခန်း၏အဆုံးပိုင်းက ထင်ရှားစေသည်။ ခရစ်တော်ကြွလာသောအချိန်၌ အချို့တို့ သည် အသက်ရှင်ရကြအုံးမည်။ သို့ရာတွင် ဤသူသည် ဘုရားသခင်၏နိုင်ငံတော်တွင် လျှောက်လှမ်းနေရုံသက်သက်ဟု မဆိုလိုပါ။ ပျက်စီးတတ်သောကိုယ်ခန္ဓာသည် အပျက် စီးနိုင်သောအရာကို အမွေမခံနိုင်ပါ။ အားလုံးသည် သေရကြမည်ဟု မဆိုလို၊ နောက်ဆုံး သောနေ့၌ အသက်ရှင်လျက်ရှိသောသူတို့သည် ကိုယ်ခန္ဓာပြောင်းလဲကြမည်။ အသက် ရှင်လျက်ရှိသောသူတို့သည် တံပိုးမှုတ်ခေါ်သံကို ရုတ်တရက်ကြားလိုက်ကြမည်။ ဤ နည်းအားဖြင့် ပျက်စီးတတ်သောအရာသည် မပျက်စီးနိုင်သောအဖြစ်သို့ ပြောင်းလဲမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ပြောင်းလဲမည်။

သေခြင်းနှင့်အသက်ရှင်ခြင်းသည်လည်း ထိုနည်းအတိုင်းဖြစ်သည်။ “သေခြင်းသည် အောင်ခြင်း၌ နစ်မြှုပ်လေပြီ။” ဤသစ္စာတရားကို ခရစ်ယာန်အဖြစ်အသက်ရှင်ရာတွင် ကောရိန္တုခရစ်ယာန်များအား ခွန်အားကို တိုးစေပါသည်။