၁ ကော ၂ - လက်ဝါးကပ်တိုင်အကြောင်း ဟောပြောခြင်း

ကြောက်ရွံ့တုန်လှုပ်လျက် ကောရိန္တုမြို့သို့ရောက်ရှိလာခြင်း ၂း ၁-၅

အခန်းကြီးတစ်တွင် ပေါလုသည် ကောရိန္တုအသင်းတော်၌ ခိုက်ရန်ဖြစ်ပွါးမှုအကြောင်း ဖြင့် စတင်ခဲ့သည်။ ယခုတွင် နောက်ထပ်အခြားအရာကို ပြောလိုဟန်တူသည်။ သူသည် ထိုအကြောင်းကို အခန်းကြီး ၁ ၏အဆုံးပိုင်းတွင် အလေးအနက်ထား ဖော်ပြပြီးဖြစ် သည်။ ၎င်းမှာ ဘုရားသခင်၏ဧဝံဂေလိတရားသည် လူသားတို့၏ခံယူချက်၊ အယူဝါဒ မဟုတ်ကြောင်းဖြစ်သည်။ ဘုရားသခင်၏ဉာဏ်ပညာသည် လူ့အတွေးအခေါ်နှင့် လုံး၀ ကွဲပြားခြားနားသည်။ သို့ရာတွင် ပေါလု၏စိတ်ထဲတွင် ကောရိန္တုအသင်းတော်တွင်ဖြစ် ပျက်သော အငြင်းအခုံအကြောင်း အမြဲတွေးထားသည်ကို မမေ့ရပါ။ ထိုအကြောင်းကို အခန်းကြီး ၄ တွင် လေ့လာရမည်။

ကောရိန္တုအသင်းတော်၌ တမန်တော်ရောက်လာခြင်းသည် ကောင်းမြင်ခြင်းတစ်ခုမဟုတ် ခဲ့ပါ။ ပေါလုသည် လာရာလမ်းတစ်လျှောက်တွင် ဒုက္ခပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ရပါ သည်။ တိုက်ခိုက်မှုများ၊ ဖိလိပိ၌ ချုပ်နှောင်ခံရခြင်း၊ သက်သာလောနိတ်မြို့မှလွတ် မြောက်လာခြင်းနှင့်အေသင်မြို့ရှိ အတွေးအခေါ်ပညာရှင်များနှင့်အချိန်ဖြုန်းတီးခြင်းတို့ ဖြစ်ခဲ့ရသည်။ ပေါလုသည် အာရုံကြောများကို စတီးဖြင့်ဖန်ဆင်းထားသော ထူးကဲ့သည့် တရားဟောဆရာမဟုတ်။ အေသင်မြို့မှ ကောရိန္တုမြို့သို့ရောက်လာသောအခါ သူသည် အလွန်ပင် စိုးရိမ်ကြောင့်ကြမှုရှိသည်။ သူ့ကို ကောရိန္တုမြို့၌ မည်သည့်အရာက စောင့် နေသည်ကို မည်သူသိနိုင်သနည်း။

ထိုအကြောင်းကြောင့် ကောရိန္တုမြို့တွင် ရောက်လာခြင်းသည် ခွန်အားအပြည့်နှင့်ရောက် ရှိလာခြင်းမဟုတ်။ ထိုအခြေအနေမျိုးတွင် အရေးကြီးဆုံးသောအရာကိုသာ ဦးစားပေး နိုင်သည်။ သူသည် ခရစ်တော်၏အပြစ်ဖြေခြင်းနှင့်အပြစ်ခွင့်လွှတ်ခြင်းအကြောင်းကိုသာ ပြောသည်။ သူသည် ဘုရားသခင်၏မြင့်မြတ်သောအရာကိုသာပြောသည်။ ဘုရားသခင် က သူ့ထံသို့ခေါ်ထားသောသူအားလုံးသည် ဧဝံဂေလိရားကိုကြားနာကြပြီး ဗတ္တိဇံကိုခံ ကြပါသည်။

ပေါလုသည် ကျွမ်းကျင်သောဟောပြောမှုဖြင့် မလုပ်ဆောင်နိုင်ပါ။ သူသည် အတွေးအ ခေါ်ပညာရှင်များနှင့်လည်း ငြင်းဆိုမှုကိုမပြုနိုင်ပါ။ ရိုးစင်းသောစကားကိုသာပြောသည်။ ယုံကြည်သောသူတို့သည် ဘုရားသခင်ကို တွေ့ခဲ့ကြသည်။ မယုံကြည်သောသူတို့ကို ကျော်သွားသည်။ ယင်းမှာ ကောရိန္တုအသင်းတော်၏ ယုံကြည်ခြင်းသည် လူ့ပညာ၌ မတည်၊ ပေါလု၏ အစွမ်းအစ၊ သို့မဟုတ် ဂါထာ၌မတည်သည်ကို ထင်ရှားစေသည်။ ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၌တည်နေသည်။ ခရစ်တော် ၏အပြစ်ဖြေလွှတ်ခြင်းအကြောင်း အံ့သြဘွယ်သွန်သက်ချက်၌တည်နေသည်။ ထိုစကား သည် မယုံနိုင်လောက်သောအသီးကိုသီးစေပါသည်။

ဧဝံဂေလိတရားသည် ကမ္ဘာပေါ်တွင် အလှပဆုံးအရာဖြစ်သည်။ ၂း ၆-၁၆

ဤလောက၌ ပညာရှိသောသူတို့သည် ဘုရားသခင်၏ဧဝံဂေလိတရားကို လစ်လျူရှုကြ သည်ဟူသောအချက်ကို ပြောဆိုသောအခါ ပေါလုသည် ခရစ်တော်၏ဧဝံဂေလိအ ကြောင်းကို ဟောပြောရာတွင် ရှက်ကြောက်ခြင်းမရှိပါ။ တနည်းအားဖြင့် ဤအခန်းတွင် ဧဝံဂေလိတရား၏ထူးခြားဆန်ကြယ်မှုအကြောင်းကို ချီးမွမ်းခန်းဖွင့်ထားသည်။ ဧဝံဂေလိ တရားဟူသည်မှာ စစ်မှန်ပြီး စုံလင်သော ဉာဏ်ပညာ၊ အံ့သြဘွယ်ရာဖြစ်သည်။ ပြဿ နာမှာ လောက၌ရှိသော ဉာဏ်ပညာရှင်တို့ထံက ထွက်လာခြင်းဖြစ်သည်။ သူတို့သည် ဧဝံဂေလိတရားကို ငြင်းပယ်ကြသောအခါ သူတို့သည် မြေကြီးပေါ်၌ရှိသော မြင့်မြတ် သောအရာကို နှစ်သက်ပြီး အသက်ရှင်လျှောက်လှမ်းနေကြပါသည်။

ဤလောက၌ တန်ခိုးအကြီးဆုံးသောသူသည် ၎င်းတို့၏တန်ခိုးဖြင့် ဝါကြွားကြသည်။ သူတို့ကို လူတွေက လေးစားကြသည်။ ဉာဏ်ပညာကို လူတွေက တန်ဖိုးထားကြသည်။ လေးစားအားကျကြသည်။ နောက်ဆုံးတွင် ပညာရှိနှင့်တန်ခိုးရှိသောသူတို့သည် ၎င်းတို့ ၏ပညာနှင့်တန်ခိုးသည် အချည်းနှီးဖြစ်ကြောင်းကို တွေ့ရှိလာကြသည်။ ခရစ်တော်၏အ သွေးတော်၌ ဝှက်ထားလျက်ရှိသော ဘုရားသခင်၏ဉာဏ်ပညာသည် မြေကြီးမဖန်ဆင်း မှီကတည်းက ဘုရားသခင်၏အကြံအစည်ပင်ဖြစ်ပါသည်။

လူသည် မှန်ကန်သောအရာကို မမြင်နိုင်ဟူသော အကြီးမားဆုံးသော သက်သေပြချက် မှာ သခင်ဘုရားသည် မိမိကိုယ်ကို ဘုန်းထင်ရှားစေသည်၊ ယေရှုသည် လက်ဝါးကပ် တိုင်မှာ အသေခံသည်ဟူသောအချက်ဖြစ်ပါသည်။ ဘုရားသခင်၏ဉာဏ်ပညာကို လူတို့ ချီးမွမ်းခံပုဂ္ဂိုလ်များက လစ်လျူရှုထားကြသည်။ ဘုရားသခင်ကိုချစ်သောသူတို့က လက် ခရစ်တော်၏ဧဝံဂေလိတရားအားဖြင့် လက်ခံကြသည်။ လူ့ဉာဏ်ပညာထက် ပို၍တွေး တောဆင်ခြင်ကြသည်။

လူ့ဉာဏ်ပညာသည် မမှီနိုင်လျှင် လူသည် ဧဝံဂေလိတရားကို မည်သို့လက်ခံနိုင်မည် နည်း။ လူတစ်ဦးသည် အကြောင်းကျိုးတရားကြောင့် ခရစ်တော်အကြောင်း သတင်းစ ကားကို လက်ခံ၍မရလျှင် ခရစ်ယာန်တစ်ယောက် မည်သို့ဖြစ်လာမည်နည်း။ လူ့ဉာဏ် ပညာသည် အဆီးအတားသာဖြစ်လျှင် လူသား၏မိုက်မဲခြင်းတရားသည် ဘုရားသခင်၏ ဉာဏ်ပညာကိုမှီဖို့ သော့ချက်ဖြစ်ပါသလား။

ပေါလုက ဉာဏ်ပညာ၊ မိုက်မဲခြင်းအကြောင်းကို ပြောနေသည်မဟုတ်။ ခရစ်ယာန်တစ်ဦး ဖြစ်လာနိုင်ဖို့ရန်မှာ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သာဖြစ်ကြောင်းကို သာဆိုလိုသည်။ ဘုရားသခင်၏နက်နဲသောအရာသည် များပြားလှသည်။ လူသားသည် ထိုသူတို့ကို စူးစမ်းရန်မဟုတ်။ လူမှတပါး အဘယ်သူမျှ သူ၏အကြံအစည်ကိုမသိနိုင်။ ဘုရားသခင်သည် သာ၍ကြီးမြတ်သည်မှာ ဤနေရာတွင် ထင်ရှားသည်။ သူသည် လူတို့၌ ဝှက်ထားလျက်ရှိသော်လည်း မိမိဝိညာဉ်တော်အရာ၌ ဝှက်ထားတော်မမူ။ ဘုရား သခင်၏ပညာကိုသိလာနိုင်သည့် လူသားတို့၌ရှိသောအခွင့်အရေးမှာ သန့်ရှင်းသော ဝိညာဉ်တော်က ခေါ်ရန်ဖြစ်ပါသည်။

လုသာသည် ဤအကြောင်းကို ဓမ္မအမေးအဖြေစာအုပ် ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး တတိယဆောင်းပါးတွင် ပြောဆိုထားသည်။ “မိမိအစွမ်းအစ၊ ခွန်အားဖြင့် ယေရှုခရစ်ကို မယုံကြည်နိုင်၊ ကျွနု်ပ်သခင်ထံသို့လည်း မလာနိုင်။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ် တော်သည် ဧဝံဂေလိတရားအားဖြင့် ကျွနု်ပ်ကိုခေါ်ပြီး ဆုကျေးဇူးဖြင့်အလင်းပေးသည်၊ သန့်ရှင်းစင်ကြယ်စေပြီး စစ်မှန်သောယုံကြည်ခြင်း၌ စောင့်ထိန်းထားသည်ကို ယုံကြည်ပါ သည်” ဟုဆိုထားသည်။

သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်မပါဘဲ ခရစ်တောာ်၏လက်ဝါးကပ်တိုင်အ ကြောင်း ပြောဆိုသမျှသည် ထူးဆန်းသောအရာ၊ ခက်ခဲသောအရာ၊ မိုက်မဲရာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်လာသောအခါ ကျွနု်ပ်တို့အသက်တာ၌ ရှင်းလင်း လာသည်။ ဧဝံဂေလိတရားသည် ဘုရားသခင်ထံကလာသော နှိမ့်သိမ့်ခြင်းအဖြစ် စတင် တည်ရှိလာသည်။ ဘုရားသခင်ပေးသမျှသောအရာကို သင်ယူနိုင်သည့် တစ်ခုတည်း သော နည်းလမ်းပင်ဖြစ်ပါသည်။

ဧဝံဂေလိတရားသည် လူ့ပညာ၌မတည်သောကြောင့် ပေါလုသည် သူပြောသောစကား ကို လူ့ပညာဖြင့် အခြေမခံလိုပါ။ သူသည် ခရစ်တော်၏ လက်ဝါးကပ်တိုင်အကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်ပေးထားသောစကားဖြင့်သာ ပြောဆိုသည်။ ထိုအရာသည် ကြားသောသူတို့နှလုံးသားကို ထွန်းဖောက်ပြီး ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော် ခေါ်ခြင်းခံရသူများလည်းဖြစ်ပါသည်။ ဇာတိပကတိလူသည် ဧဝံဂေလိတရားအကြောင်း ကို ငြင်းပယ်ပြီး ရူးသွက်ခြင်းဟု ထင်မှတ်သည်။ ဝိညာဉ်လူမူကား အတွင်းထဲ၌ သန့်ရှင်း သောဝိညာဉ်တော်အလုပ်လုပ်သည်ဖြစ်၍ ဘုရားသခင်၏လက်ဝါးကပ်တိုင်တရားကို တုန့်ပြန်မှုပေးသည်။ ၎င်းကို တုန့်ပြန်နိုင်သောယုံကြည်ခြင်းဟု သမုတ်ကြသည်။

ပေါလုသည် ဤအခန်းကို ဟေရှာယ (၄၀း ၁၃ ) ကို ကိုးကားခြင်းဖြင့် အဆုံးသတ်သည်။ ပေါလုက ဟေဗြဲကျမ်းစာ၊ ဂရိကျမ်းစာတို့ကို မကိုးကားပါ။ ဆပ်တူးဂျင်းဟုခေါ်သော “သန့်ရှင်းသောဝိညာဉ်တော်ဘုရား” အကြောင်းကိုလည်းမပြောပါ။ “ဘုရားသခင်၏စိတ် တော်” ဟုသာခေါ်ဆိုသည်။ သူက “သန့်ရှင်းသောဝိညာဉ်တော်ကို ပိုင်ဆိုင်ကြသည်” ဟု ယူဆခြင်းကို ရှောင်ကြဉ်လိုသောကြောင့်ဖြစ်နိုင်သည်။ သို့ဖြစ်သောကြောင့် “ဘုရား သခင်၏ဝိညာဉ်တော်” အကြောင်းမပြောဘဲ “ခရစ်တော်၏စိတ်သဘော” ဟု သုံးနှုန်း ထားပါသည်။ မည်သို့ပင်ဆိုစေ ဤကျမ်းပိုဒ်က ပေါလုက ဓမ္မဟောင်းကျမ်းကို အဘယ်မျှ လောက်ဖတ်ကြောင်းကို ထင်ရှားစေသည်။ ကျမ်းစာက ဘုရားသခင်(ခမည်းတော်) အ ကြောင်းကို ပြောရင်တောင်မှ၊ ခရစ်တော် (သားတော်) ဟု ရည်ညွှန်းထားပါသည်။ သုံး ပါးတစ်ဆူဘုရားဖြစ်ခြင်း၏နက်နဲသောအရာသည် ဓမ္မဟောင်းကတည်းကပင် ဖော်ပြခဲ့ ပြီးဖြစ်သည်။

ပထမနှင့်ဒုတိယအခန်းကြီးတို့တွင် ပေါလုသည် ခရစ်တော်၏ဧဝံဂေလိတရားနှင့်လူ့ ပညာအကြောင်းကို နက်နက်နဲနဲဖော်ပြခဲ့သည်။ ဤအခန်းကြီးသည် ပေါလု၏ပေးစာများ ထဲတွင် အကြီးမားဆုံးသောအရာတစ်ခုထဲတွင် ပါဝင်သည်။ လူ့ရှုထောင့်အားဖြင့်ကြည့် သော် ဤအခန်းများက တပါးအမျိုးသားတို့၏တမန်တော်ပေါလု စဉ်စားတွေးခေါ်မှုတွင် အထွဋ်အထိပ်သို့ရောက်သူအဖြစ်သို့ ချီးမြောက်သည်။ ပေါလုသည် သူ၏ ယုဒပညာ ရေးတွင် ဂရိဉာဏ်ပညာအကြောင်းမပါရှိသော်လည်း သူ့ခေတ်သူ့အခါက အတွေးအ ခေါ်ပညာရှင်များနှင့်စကားပြော ဆွေးနွေးဖို့ ရှက်ကြောက်ခြင်းမရှိ။

ပညာရှင်အများစုက အတွေးအခေါ်ဆိုင်ရာဘာသာရေးအတွေးအခေါ်သည် ကောရိန္တုအ သင်းတော်ရှိ အချို့သောခရစ်ယာန်များ၏ အကြိုက်ဖြစ်မည်ဟူ၍လည်းကောင်း၊ ဤအ ပိုင်းသည် အထူးသဖြင့် ထိုသူတို့အတွက် ရေးူသားခြင်းဖြစ်သည်ဟူ၍လည်းကောင်း ကောက်ချက်ချမှတ်ယူကြသည်။ သို့ရာတွင် ကျွနု်ပ်တို့သည် ထိုသို့သော အယူအဆမျိုး သည် မှန်ကန်ကြောင်း သက်သေပြဖို့ ကောရိန္တုအသင်းတော်ရှိနေသည့် အခြေအနေအ ကြောင်းကို လုံလုံလောက်လောက် မသိရှိနိုင်သည်ကို သတိပြုရမည်။

ဤအခန်းသည် အလွန်နက်နဲခက်ခဲသဖြင့် နားလည်ရခက်သည်မှာ ပေါလုသည် လောကပညာကို ဘေးချိပ်ထားသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ဤသည်မှာ ကောင်းသောအရာဖြစ်နိုင်ပါသည်။ လစ်လျူရှုခံရသောတံငါသည်က ပညာသည် အကျိုး မရှိဟုဆိုလျှင် လူတွေက ဟားတိုက်လုပ်ကြလိမ့်မည်။ ပညာတတ်၊ထက်မြစ်သော တမန် တော်ပေါလုဖြစ်နေချိန်တွင် ဘာမျှြုပဿနာမရှိ။ သူသည် အခြားပညာရှင်တို့နှင့်တန်းတူ နေနိုင်သောသူဖြစ်သည်။ ၎င်းတို့၏ဉာဏ်ပညာသည် ခရစ်တော်၏ကားတိုင်တရားကို ငြင်းပယ်လျှင် အချည်းနှီးဖြစ်သည်ကို ပြသနိုင်ပါသည်။ သူ့စကားကို သမ္မာတရား အမှန် အကန်ရှာဖွေသူများအတွက် ငြင်းပယ်ရခက်ခဲပါသည်။
ဘုရားသခင်သည် ကျွနု်ပ်တို့ကို စစ်မှန်သည့်ဖြစ်ခြင်းနှင့်ဖန်ဆင်းထားခဲ့သည်။ အချို့ သောကျွနု်ပ်တို့က နက်နက်နဲနဲတွေးခေါ်ခြင်းကို မလိုလားကြ။ အချို့တို့အတွက်မူ ဘ၀ ကိုစိတ်ဝင်စားစရာဖြစ်စေသည့်အရာကား အဘယ်အရာဖြစ်ကြောင်း တွေးတောရသည် ကို နှစ်သက်ကြသည်။ ဤအခန်းက ဘုရားသခင်ထံမှ လက်ဆောင်အဖြစ်ရရှိထားသော အသိဉာဏ်ကို အသုံးပြုခွင့်ပေးထားကြောင်း ယုံကြည်များကို ပြသခဲ့ခြင်းဖြစ်သည်။ ဤ အရာ၏အကောင်းဆုံးသာဓကမှာ တမန်တော်ပေါလုပင်ဖြစ်ပါသည်။