၁ ကော ၇ ၊ - ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်း

ကောရိန္တုပထမစာစောင်အခန်းကြီးခုနှစ်တွင် လက်ထပ်ထိမ်းမြားခြင်းနှင့်စပ်လျဉ်း၍ ဓမ္မသစ်ကျမ်းတွင် အရေးကြီးသည့်အခန်းတစ်ခုကို တွေ့ရှိရပါသည်။ လက်ထပ်ထိမ်း မြားခြင်းကိုပြုမည့် စုံတွဲတွေအတွက် ဤအခန်းကိုဖတ်ရှုလေ့လာပြီး ဆွေးနွေးမှုတွေ ပြု သင့်ပါသည်။

ဤအခန်းတွင် ရှင်ပေါလုက အသင်းတော်အား အတွေ့အကြုံနှင့်သိုးများကိုထိန်းသိမ်း သောသူတစ်ဦးအနေဖြင့် ကောင်းမွန်စွာ တင်ပြထားပါသည်။ သူက အပြစ်ဖို့ခြင်းတော့မ ဟုတ်ပါ။ သူသည် အကြံဉာဏ်များကို ပေးထားခြင်းဖြစ်ပါသည်။ ကျမ်းစာပိုဒ်များကို မတူ ညီသည့်ရှုထောင့် ဘက်ပေါင်းစုံကနေ ဖတ်ရှုနိုင်ပါသည်။ သို့ရာတွင် ဘုရားမဲ့ဘဝကနေ ပြောင်းလဲလာသောသူတစ်ဦးသည် အခြားမိသားစုများနှင့်လုံးဝကွဲပြားခြားနားမှုရှိပြီး ယုဒ ပညာရေးကိုလက်ခံရရှိသောသူများနှင့်လိင်ပိုင်းဆိုင်ရာအသိပညာနှိုင်းယှဉ်နိုင်ကြောင်းကို သတိပြုရမည်။ နားလည်ထားရမည်။ ဂရိထုံးတမ်းစဉ်လာတွင် လူတစ်ဦး၏လိင်ပိုင်းဆိုင် ရာအသက်တာသည် မထင်မှတ်ဘဲဖြစ်ပျက်တတ်ခြင်းမှစတင်ပြီး ၎င်းသည် ထိုသို့လုပ် ဆောင်နိုင်သည့်အချိန်၌ဖြစ်ပါသည်။ လက်ထပ်ပြီးသည့်အချိန်၌ လက်မှတ်ထိုးကြသည်။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာသစ္စာတရားသည် ကျွနု်ပ်တို့သိထားသည်အတိုင်း စံနမူနာ တစ်ခုအဖြစ် ကျင်းပထားခြင်းမဟုတ်ပါ။

ပေါလုသည် လက်ထပ်ထိမ်းမြားခြင်းကို ပြုပါသလား။

၀မ်းနည်းစရာကောင်းသည်မှာ ကျွနု်ပ်တို့သည် ဓမ္မသစ်ကျမ်းထဲကလူများအကြောင်းကို အနည်းငယ်မျှသာ သိခွင့်ရကြသည်။ ပေါလုက လက်ထပ်ထိမ်းမြားခြင်းရှိမရှိမှာ အလွန် ပင် စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ဤကျမ်းပိုဒ်မတိုင်မှီ သူက မိန်းမမရှိဘဲ အသက်ရှင် သန်နိုင်ကြောင်းကို ဖော်ပြထားပါသည်။ ထိုအရာက ရှင်ပေါလု၏နောက်ကြောင်းကို သိမြင်စေသည်မဟုတ်။ ကနဦး ယုဒထုံးတမ်းစဉ်လာတွင် “များပြားစွာမွေးဖွါး၍ မြေကြီး ကိုပြည့်စေကြလော့” ဟူသောအချက်ကို သွန်သင်ထားပါသည်။ ၎င်းသည် သွန်သင် ထားရုံသက်သက်မဟုတ်။ လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင်၏အမိန့် တော်ပင်ဖြစ်ပါသည်။ “များပြားစွာမွေးဖွါး၍ မြေကြီးကိုပြည့်စေကြလော့” ဟူသည်မှာ အမိန့်တစ်ခုဖြစ်သည်။ ဘုရားသခင်၏ပိုင်ဆိုင်ထားမှုအလုံးစုံကို ချည်နှောင်ထားခြင်းဖြစ် ပါသည်။ သို့ဖြစ်၍ ဆရာများကိုယ်တိုင်၌ပင်လျှင် ပညတ်ချက်ကိုလိုက်နာပြီး လက်ထပ် ထိမ်းမြားရန် တာဝန်ရှိကြသည်။ တမန်တော်ရှင်ပေါလုကိုယ်တိုင်ကလည်း ဤအရာနှင့် လုံးဝကင်းလွတ်၍မရသည်မှာ ဖြစ်နိုင်ပါသည်။ သို့ရာတွင် သူသည် မုဆိုးဖိုဖြစ်ချင်လည်း ဖြစ်နိုင်ပါသည်။ တနည်းမဟုတ် တနည်းတော့ဖြစ်နိုင်ပါသည်။ သို့ရာတွင် သေချာမှုမရှိပါ။ ဤအကြောင်းနှင့်ပတ်သက်ပြီး အဘယ်သူမျှ ယတိပြတ်ဆုံးဖြတ်ထား၍မရနိုင်ပါ။

လက်ထပ်ထိမ်းမြားခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သလော ရး ၁-၇

ရှင်ပေါလုက ကောရိန္တုမြို့သားများက သူ့ထံပေးပို့သောစာတွင် မေးထားသည့်မေးခွန်း ကို ပိုမိုသဘောကျနှစ်သက်သည်။ အချို့သောသူများက လက်ထပ်ထိမ်းမြားခြင်းမပြု ခြင်းသည် သာ၍ကောင်းသည်ဟု ထင်မြင်ယူဆကြသည်။ ရှင်ပေါလုက နောက်ပိုင်းတွင် ညှင်းပန်းနှိပ်စက်ခြင်းအကြောင်းကို ဦးစားပေးရေးသားထားပါသည်။(ရး ၂၆) သို့ရာတွင် သူက လက်ထပ်ထိမ်းမြားခြင်းမပြုဘဲနေသောသူကို လေးစားဂုဏ်ယူကြောင်း၊ ကောင်း မွန်ပြီး တန်ဖိုးရှိသောရွေးချယ်မှုဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ သူ့အတွက်ဆို လျှင် လက်ထပ်ထိမ်းမြားခြင်းမပြုဘဲနေခြင်းသည် ဘုရားသခင်ထံကလာသော ဆုကျေး ဇူးဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါသည်။ သို့ရာတွင် ထိုသို့ဖြစ်လာရန်မှာ ချမှတ်ထား သောဥပဒေကြောင့်မဟုတ်ရပါ။ ပုံမှန်အနေအထားအပေါ် သံသယဖြစ်ခြင်းကို ရှင်ပေါလု က လုံးဝသဘောမတူပါ။ လူတိုင်းသည် အိမ်ထောင်ဘက်ရှိသင့်သည်။ ၎င်းကသာလျှင် ချုပ်တည်းခြင်းကိုဖြစ်စေနိုင်မည်ဖြစ်သည်။

တိုတောင်း၊ ထိမိပြီးလှပသောစကြောင်းများကိုအသုံးပြုလျက် ရှင်ပေါလုက ခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်းအကြောင်းနှင့်ပတ်သက်ပြီး အရေးကြီးသည့်ကိုယ်ကျင့်တရား ဆိုင်ရာဆင်ခြင်မှုကို ဆက်လက်ပြီး အကျဉ်းချုပ်ထားပါသည်။ လင်မယားနှစ်ဦးစလုံးတွင် တစ်ဦးအပေါ်တစ်ဦး လိင်ပိုင်းဆိုင်ရာတာဝန်ရှိကြသည်။ ထိုအရာကို သူတို့လုပ်ဆောင်ရ ပါမည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤအရာမှာ ပေါလုစာရေးသားပေးပို့သည့်အချိန် ကာလတွင် ပေးထားသည့်သွန်သင်ချက်မှာ အံ့သြသင့်စရာကောင်းပါသည်။ ၎င်းမှာ လင်မယားနှစ်ဦးစလုံးတွင် တန်းတူအခွင့်အရေးရှိကြကြောင်းဆိုသည်။ မိန်းမသည် မိမိ ကိုယ်ကိုမပိုင်ဆိုင်ကြောင်း၊ ၎င်း၏ခင်ပွန်းကသာပိုင်ဆိုင်ကြောင်း ထိုနည်းတူ ခင်ပွန်း သည်လည်း မိမိကိုယ်ကိုမပိုင်ဘဲ မိန်းမကသာပိုင်ဆိုင်ကြောင်းဆိုသည်။ ဤသည်မှာ ယုတ္တိဆန်သောအကျိုးဆက်ဖြစ်ကြောင်း ရှင်ပေါလုက ဆိုသည်။ ၎င်းသည် မိန်းမနှင့် ယောကျ်ားကို လက်ထပ်ထိမ်းမြားခြင်း၌ တစ်လုံးတစ်ဝတည်းဖြစ်စေသော အရာလည်း ဖြစ်ပါသည်။

ရှင်ပေါလုက ခင်ပွန်းတစ်ဦးသည် ရဟန်းဘောင်ထဲဝင်ရောက်ဖို့ ဆုံးဖြတ်ချက်ကို တား မြစ်ထားပါသည်။ ထိုသို့သောဆုံးဖြတ်ချက်မျိုးကိုဖြစ်စေသည့် သွန်သင်ချက်ကိုလည်း တားမြစ်ထားသည်။ အချိန်ကန့်သတ်မှုကို သဘောတူထားနိုင်သည်။ ဤသို့ဖြင့် လင်မ ယားတို့သည် ဆုတောင်းခြင်းအသက်တာကို အာရုံစူးစိုက်နိုင်ကြမည်ဖြစ်ပါသည်။ သို့ သော် အသိပညာအမြော်အမြင်ရှိရှိ လုပ်ဆောင်တတ်ရမည်။ ထိုသို့သော သဘောတူညီ မှုမျိုးသည် ပေါလု၏အကြံပြုချက်သာဖြစ်သည်။ စည်းမျဉ်းဥပဒေသမဟုတ်ပါ။ ပုံမှန်အ ခြေအနေမှာ လက်ထပ်ထိမ်းမြားခြင်းဖြစ်သည်။ ၎င်း၏အကျိုးဆက်မှာ ဘဝတွင် တည်ရှိ နေမည့်လိင်ပိုင်းဆိုင်ရာဖြစ်ပါသည်။

ကျွနု်ပ်တို့သည် လက်ထပ်ထိမ်းမြားခွင့်ရှိပါသလား။ ရး ၈-၉

ရှင်ပေါလုက လက်မထပ်ခြင်းနှင့်မုဆိုးဖို၊ မုဆိုးမများနှင့်သက်ဆိုင်သောမေးခွန်းဆီသို့ ပြန် လှည့်လာသည်။ တဖန် သူက လက်မထပ်ဘဲနေခြင်းကိုလည်း တန်ဖိုးထားသည်။ ဤအ ပိုင်းတွင် သူသည် ယေရှု၏သွန်သင်ချက်ကို လိုက်နာသည်။(မဿဲ ၁၉း ၁၀-၁၂) အထူး သဖြင့် ယုဒဘာသာတွင် ကျင့်ထုံးဖြစ်ပါသည်။ သူက လက်မထပ်ဘဲနေခြင်းသည် ဘုရား သခင်ထံကလာသော ဆုကျေးဇူးတစ်ခုဟု သွန်သင်ထားပါသည်။ သို့ရာတွင် ထိုအရာအ တွက် ဘုရားသခင်က လုပ်ဆောင်ရမည့်အရာကို ပေးထားပါသည်။ ဤအရာမှာ ဘဝအ ခြေအနေတစ်ခုဖြစ်ပါသည်။ အဘယ်သူမှ ထွက်ပြေးလို့မရသလို၊ ထိုသို့လုပ်ဆောင်ရန် ကြိုးစားရှာဖွေ၍လည်းမရပါ။ ဤအရာသည် ဘဝ၏ဒုတိယမိလမ်းကြောင်းလည်းမဟုတ် ပါ။ လေးစားဖို့၊ တန်ဖိုးထားဖို့လိုအပ်သော အသက်ရှင်သန်မှုတစ်ခုလည်းဖြစ်ပါသည်။ ထို နည်းတူစွာ ရှင်ပေါလုက ဤအရာကို အဘယ်သူအပေါ်၌မျှ ဝန်မတင်မိစေဖို့ ဂရုစိုက်ပါ သည်။ လက်မထပ်ဘဲနေခြင်းသည် ကြီးလေးသည့်အရာမဟုတ်ပါ။ ဘုရားသခင်သည် လက်ထပ်ထိမ်းမြားဖို့ အဘယ်သူကိုမျှ မမြစ်တားပါ။

ယနေ့တွင် လူသားတို့၏လိင်ပိုင်းဆိုင်ရာဖြစ်ပျက်မှုအကြောင်းကို အတိတ်ကထက် ပွင့် ပွင့်လင်းလင်းပြောလာကြသည်။ အချို့သောအကြောင်းတရားတွင် ကျွနု်ပ်တို့၏လိင်ပိုင်း ဆိုင်ရာအကြောင်းတရားအချက်အလက်များကြောင့် ပိုမိုဖောင်းပွလာသည်။ လိင်ပိုင်း ဆိုင်ရာစည်းကမ်းတကျရှိမှုသည် နည်းပါးလာသည်။ လောကကြီး၏သမိုင်းကြောင်းကို ကြည့်ရလျှင် လိင်ပိုင်းဆိုင်ရာကိစ္စရပ်ကို ဒေါက်ထောက်ကြည့်နေကြသည်။ ဤသို့ဖြစ် ပျက်လာရခြင်းမှာ လူသားတို့၏တပ်မက်ခြင်းနှင့်ငွေကြေးကြား မသန့်ရှင်းသောပူးပေါင်း မှုထက်မပိုပါ။ သူတို့၏စီးပွါးရေးတိုးတက်မှုအတွက် လိင်ပိုင်းဆိုင်ရာတပ်မက်ဖွယ်သော အရာများကိုအသုံးပြုပြီး ကြော်ငြာတင်ကြသည်။

လူငယ်များအတွက် အထူးသဖြင့် တားမြစ်ဖို့ခက်ခဲပါသည်။ လိင်ပိုင်းဆိုင်ရာ စွန့်စားမှု သို့မဟုတ် ၎င်းတို့လိုအပ်ခြင်း စသည်တို့ကို ထိုက်တန်မှုအတိုင်းအတာတစ်ခုဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ဤလမ်းကိုသွားဖို့ တစ်လှမ်းကလေးမျှ ကြောက်နေစရာမလိုအပ်ပါ။ လူသားတို့၏တန်ဖိုးသည် ၎င်းတို့၏လိင်ပိုင်းဆိုင်ရာနှင့်လုံးဝမှီခိုခြင်းမရှိပါ။ ကျွနု်ပ်တို့၏ တန်ဖိုးသည် ဘုရားသခင်၏ဖန်ဆင်းမှုအပေါ်တွင်သာ တည်နေပါသည်။ သို့ဖြစ်သော ကြောင့် လူသားအားလုံးသည် စစ်မှန်ပြီး လေးစားထိုက်သောသူများဖြစ်ကြပါသည်။

ပညတ်တရား ရး ၁၀-၁၁

လင်မယားကွဲခြင်းအကြောင်းကို ပြောသောအခါ၊ ထိုအကြောင်းနှင့်ပတ်သက်ပြီး ပြောဆို ရာတွင် ၎င်း၏အမြင်ကို ပြောဆိုရန် ငြင်းဆိုရသည်။ ကောရိန္တုမြို့သားများအား သခင်ဘု ရား၏အမိန့်တော်ကိုပေးခြင်းသာလျှင် ဖော်ပြထားသည်။ ညွှန်ကြားချက်မှာ လင်ဖြစ်စေ၊ မယားဖြစ်စေ ၎င်း၏လက်ထပ်ထိမ်းမြားခြင်းကို ပျက်စီးစေရန်ခွင့်မပြုပေ။ ဖြစ်ပျက်ခဲ့ သော် လက်တွဲဖော်ပြန်လာဖို့ တံခါးကိုဖွင့်ထားပေးရမည်။ သေခြင်းမှတပါး လင်မယား ကို အဘယ်အရာကမျှ ခွဲခွါစေရန်မဟုတ်ကြောင်း ဆိုလိုသတည်း။ ရှင်ပေါလု၏သွန်သင် ချက်သည် ယေရှု၏စကားနှင့်လုံးဝခိုင်မာမှုရှိပြီး ၎င်းတို့ မာကု ၁၀း ၁၁- ၁၂ နှင့်မဿဲ ၁၉း ၆ တွင် တွေ့ရှိရပါသည်။

အထူးကိစ္စရပ်တစ်ခု ရး ၁၂- ၁၆

ရှင်ပေါလုက အရေးကြီးသည့် တိကျသေချာသောအရာတစ်ခုကို ပြောဆိုရန် သဘော တူထားသည်။ ခရစ်ယာန်ဘာသာသည် ပျံ့နှံ့မှုရှိလာသောအခါ မိသားစုများ ကွဲပြားလာ သည်။ အချို့သောနေရာများတွင် ခင်ပွန်းသည်က ယေရှုနောက်လိုက်လာလျှင် အခြား တစ်ဦးကလက်မခံပါ။ ထိုသို့သောကိစ္စရပ်များတွင် မည်သို့ပြုမည်နည်း။ ယုံကြည်သူ သည် မြေကြီးပေါ်ကနေ ထွက်ပြေးပြီး ၎င်းတို့၏ခင်ပွန်းကို ထားခဲ့သင့်ပါသလား။ ထိုသို့ မဟုတ်ပါ။ ထိုသို့ဖြစ်နိုင်စရာအကြောင်းတစ်ခုမှာ မယုံကြည်သောသူသည် မိမိတို့ခင်ပွန်း တို့ကို စွန့်ပစ်သောအချိန်၌ဖြစ်ပါသည်။ ထိုသို့ဖြစ်လာလျှင် ရှင်ပေါလုက ခရစ်ယာန်များ အား ကောင်းသောစိတ်ကိုမွေးထားရန် တိုက်တွန်းထားပါသည်။ ဘုရားသခင်သည် သူတို့နှင့်သင့်တင့်မျှတအောင်နေစေသည်ဖြစ်၍ သူတို့နှင့်အငြင်းပွါးမှု၊ တိုက်ခိုက်မှုကို မပြုရန် တောင်းဆိုတိုက်တွန်းထားပါသည်။ သို့ရာတွင် ပေါလုက ထိုသို့သောကိစ္စရပ် တွင် နောက်ထပ်လက်ထပ်ပြီးအိမ်ထောင်သစ်ထူထောင်ရန် ပြောဆိုခြင်းမရှိပေ။

အပိုဒ် ၁၄၊ သည် ရည်ရွယ်ချက်လုံးဝရှိလာသည်။ မည်သို့ပင်ဆိုစေ ဘုရားသခင်၏သန့် ရှင်းခြင်းသည် ၎င်း၏လူတို့ထံမှ စီးဆင်းလာသည်။ မည်သို့သော သန့်ရှင်းခြင်းကို ရည် ရွယ်ထားပါသနည်း။ ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းတော့မရှိပါ။ ဤကျမ်းပိုဒ်ရဲ့အပြင် ဘက်၌ အဆုံးသတ်မှုမရှိစေရန်မှာ အလွန်ပင်အရေးကြီးလှသည်။ ဤကျမ်းပိုဒ်၏လမ်း ညွှန်မှုကို ဦးထိပ်ထားရပါမည်။

အဓိကစည်းမျဉ်းဥပဒေ ရး ၁၇- ၂၄

ရှင်ပေါလုသည် သာ၍ကျယ်ပြန့်သောအကြောင်းအရာနှင့်ဆက်နွယ်စေပြီး လက်ထပ် ထိမ်းမြားခြင်းအကြောင်းကို ဆက်လက်သွန်သင်ထားပါသည်။ သူ့အကြောင်းနှင့်ပတ် သက်ပြီး လူသားအားလုံးသည် ဘုရားသခင်ပေးထားသောအရာကိုလုပ်ဆောင်လျက် ဘုရားသခင်ရှေ့၌အသက်ရှင်နေထိုင်ကြရသည်ဟုဆိုသည်။ ဘုရားသခင်က အရေဖျား လှီးရန် တစ်ဦးဦးကိုခေါ်လျှင် ယုဒခရစ်ယာန်များအလား သူ/သူမသည် သခင်ဘုရား နောက်သို့လိုက်သင့်ပါသည်။ ဘုရားသခင်က အရေဖျားလှီးဖို့မခေါ်လျှင် ထိုသူသည် ပထမဦးစွာခရစ်ယာန်ဖြစ်လာသင့်သည် ယုဒလူမျိုးများကဲ့သို့လုပ်ဆောင်ရန် မခေါ်ပါ။ သင်သည် ခရစ်တော်ကိုပိုင်ဆိုင်သောသူဖြစ်လာရန်မှာ ပို၍ပင်အရေးကြီးပါသည်။

ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ လက်ထပ်ထိမ်းမြားခြင်းမပြုဘဲနေဖို့ ဘုရားသခင်က ဆုကျေးဇူးပေးထားလျှင် သို့မဟုတ် လက်ထပ်ထိမ်းမြားရန် ဘုရားသခင်ခေါ်လျှင် ဘုရား သခင်သတ်မှတ်ပေးထားသောအရာကို ဆန့်ကျင်ခြင်းမပြုဘဲ ဘုရားသခင်ပေးထားသည့် အခန်းကဏ္ဍတွင် ရပ်တည်လုပ်ဆောင်သင့်ပါသည်။ တရားဥပဒေအရလွတ်လပ်မှုရှိသော သူများနှင့်နှိုင်းယှဉ်လျှင် ကျွန်တို့သည် ဘုရားသခင်ကိုလွတ်လပ်စွာ အစေခံစေဟူသည် ကား အဘယ်အရာကို ဆိုလိုသနည်း။ ခရစ်ယာန်တို့သည် မြင့်သောအရပ် သို့မဟုတ် လူ မြင်နိုင်သောအဆင့်(လူ့အသိုင်းအဝိုင်း၌) တွင်ရှိနေသည်ဟူသောအရာကို အနည်းဆုံး ဆိုလိုရင်းဖြစ်နိုင်ပါသည်။ လူတိုင်းက လေးစားအားကျနေမှုသည် ခရစ်ယာန်တိုင်းအ တွက်မဟုတ်ပါ။

ရှင်ပေါလုက အပိုဒ် ၂၁ တွင် ဆိုလိုသောအရာမှာ မရှင်းလင်းပါ။ ကျမ်းပိုဒ်၏ပထမအပိုင်း သည် ရှေ့သို့ဖြောင့်ဖြောင့်သွားနေသည့်ကျမ်းပိုဒ်ဖြစ်ပါသည်။ “သင်သည် လူလွတ်ဖြစ် သော်လည်း” နည်းလမ်းနှစ်မျိုးနှင့် ဤစကားစုကို ဖတ်ရှုနိုင်ပါသည်။ က)“ သင်လုပ်ရ မည့်အလုပ်ကို လုပ်ဆောင်ရမည်၊” သို့မဟုတ် ခ) “သင်၏အခွင့်အရေးကို အသုံးချရ မည်၊” မည်သို့ပင်ဆိုစေ ပေါလုသည် လူသားတို့၏ဂုဏ်သိက္ခာပေါ်တွင် အခြေခံပြီး ရေးသားခြင်းမဟုတ်သည်မှာတော့ ရှင်းလင်းပါသည်။

လက်ထပ်သည်ဖြစ်စေ၊ လက်မထပ်သည်ဖြစ်စေ ရး ၂၅-၄၀၊

လူငယ်များနှင့်မုဆိုးမများလက်ထပ်ထိမ်းမြားခြင်းမပြုသင့်သည်အကြောင်းကို ရှင်ပေါလု က ဆက်လက်ပြောဆိုသည်။ ပေါလုက ဤအကြောင်းအရာကို ပြောဆိုရန် ငြင်းဆိုထား ပါသည်။ သူကိုယ်တိုင်၏အမြင်ကိုသာ ပြောထားသည်။ ရှင်ပေါလုက ခရစ်ယာန်များ ကြုံ တွေ့ရမည့် ညှင်းပန်းနှိပ်စက်ခြင်းအကြောင်းကို ပြောဆိုသည်။ ၎င်းသည် ရုတ်တရက် ဖြစ်ပျက်နိုင်သည့်အကြောင်းအရာဖြစ်ပါသည်။ နောက်ဆုံးတွင် လောကကြီးသည် ပျောက်ကွယ်လာမည်ကို သိမြင်ခဲ့ခြင်းဖြစ်သည်။ မိမိတို့၏ကိုယ်ပိုင်ဘဝအကြောင်း စဉ်း စားနေသောအခါ ခရစ်ယာန်တိုင်းသည် အနာဂတ်တွင်တွေ့ကြုံလာမည့် အခက်အခဲကို လည်း ကြိုတင်တွေးတောသင့်သည်ဟုဆိုသည်။ ခရစ်ယာန်များအနေဖြင့် ကောင်းကင် နိုင်ငံသည် ၎င်းတို့အသက်ကြွလာသောအခါ လောကကြီးသည် ၎င်း၏သိသာထင်ရှားမှု ကို ဆုံးရှုံးကြပါသည်။ ညှင်းပန်းနှိပ်စက်ခြင်းများကြောင့် ခရစ်ယာန်တို့ကို သူတို့ဖြစ်သည် အတိုင်းရှိနေကြရန် အကြံပြုတိုက်တွန်းထားပါသည်။ လက်ထပ်ထိမ်းမြားခြင်းပြုလျှင် အိမ်ထောင်ပြိုကွဲခြင်းမပြုရန်ဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်းမပြုဘဲနေလျှင် လက်ထပ်ထိမ်းမြားခြင်းကို မပြုဘဲနေရန်ဖြစ်သည်။ ညှင်းပန်းနှိပ်စက်မှုရှိနေစဉ်အတွင်း၌ မိသားစုအပေါ် စဉ်းစားဆင်ခြင်းမှုက ကြီးမားသည့်ပူဆွေးမှုကို ဖြစ်စေနိုင်ပါသည်ဟု သတိပေးထားသည်။

ရှင်ပေါလုက ကောရိန္တုမြို့သားတို့အား နောက်ထပ်ညွှန်ကြားချက်များကို ပေးထားပါ သည်။ လူတစ်ဦးသည် လက်ထပ်ထိမ်းမြားခြင်းကို ပြုလိုလျှင် ရှင်ပေါလုက တားမြစ် မထားပါ။ သူသည် လက်ထပ်သည်ဖြစ်စေ၊ လက်မထပ်သည်ဖြစ်စေ၊ ကောရိန္တုမြို့သား များသည် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ကောင်းမွန်သောအရာကို လုပ်ဆောင် ကြရန်ဖြစ်ပါသည်။ ဘုရားသခင်၏ပညတ်တော်ကို လိုက်နာကြရန်ဖြစ်ပါသည်။ အဓိက ကျသောအရာမှာ အရာအားလုံးသည် “သခင်ဘုရား၌” လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ ၎င်း သည် လင်မယားနှစ်ဦးအတွက် ပြောဆိုခြင်းဖြစ်သည်။

ဤအခြေအနေတွင် ပေါလုသည် အသေးစိတ်သတိပြုသုံးသပ်မှုများပြုလုပ်ရန်ခွန်အား ပေးဖို့ရှိသော်လည်း မုဆိုးမများကို ပြန်လည်လက်ထပ်ရန် ဖော်ပြမှုကို သေချာသတိပြု သင့့်ပါသည်။ ပေါလု၏ကိုယ်ပိုင်အမြင်မှာ မုဆိုးမများသည် လက်မထပ်ဘဲနေလျှင် ပို၍ ပျော်စရာဖြစ်မည်အကြောင်းဟူ၍ဖြစ်သည်။ သို့ရာတွင် ဤသွန်သင်ချက်အားဖြင့် အ ဘယ်သူကိုမျှ ချုပ်နှောင်စေလိုခြင်းမပြုပါ။

လိင်ပိုင်းဆိုင်ရာသည် ဘုရားသခင်ထံမှလာသော ဆုကျေးဇူးဖြစ်သည်။

ဂရိကမ္ဘာကြီးတွင် လူတစ်ဦး၏လိင်ပိုင်းဆိုင်ရာသည် လက်ထပ်ဖို့အတွက် အကြပ်ကိုင် ထားခြင်းမဟုတ်ပါ။ ထိုနည်းတူစွာ အချို့သော အတွေးအခေါ်ဆိုင်ရာအယူအဆများမှာ အခြားသူများအပေါ် လိင်ပိုင်းဆိုင်ရာအတွက် အားနည်းချက်နှင့်ဇာတိအသွေးအသား တပ်မက်မှုအဖြစ် အကြံပြုထားသည်။ ဤရှုထောင့်များသည် ရာစုနှစ်ပေါင်းများစွာ ထင် ပေါ်ကျော်ကြားသည်။ လူအများကျင့်သုံးကြသည်။ အစားအသောက်နှင့်အခြားအ ကြောင်းအရာများကြောင့် လူတစ်ဦး၏လိင်ပိုင်းဆိုင်ရာကို အထူးအလေးထားသင့်ပါ သည်။ ထို့ကြောင့် လက်ထပ်ထိမ်းမြားခြင်းနှင့်၎င်း၏အကျိုးဆက်ဖြစ်သော မိသားစု ဘ၀ ကို ဆင်ခြင်စဉ်းစားမှုများစွာဖြင့် သတိပြုရမည်။

၁ ကော ၇ က သမ္မာကျမ်းစာသည် လိင်ပိုင်းဆိုင်ရာကို မည်သို့သဘောထားကြောင်း ဖော်ပြထားပါသည်။ ဓမ္မဟောင်းကျမ်းတွင် ဇာတိပကတိအကြောင်းကိုတွေ့ရှိရပါသည်။ ဘုရားသခင်ဖန်ဆင်းမှု၏အစိတ်အပိုင်းတစ်အဖြစ် အကောင်းမြင်မှုရှိပါသည်။ သမ္မာကျမ်း စာက လိင်ပိုင်းဆိုင်ရာနှင့်လက်ထပ်ထိမ်းမြားခြင်းကို မရှက်မကြောက် ပြုလုပ်ရန်၊ သဘာ ဝအတိုင်းပြုလုပ်ရန်နှင့် လှပသည့်အရာအဖြစ် ပြုလုပ်ရန် သွန်သင်ထားပါသည်။ ဘုရား သခင်၏ပညတ်တော်မှာ အလွန်ရှင်းလင်းပြီး ၎င်း၏ဖန်ဆင်းခြင်းအလုပ်အပေါ်တွင် အ ခြေခံထားသည်။ သူတို့သည် ကျွနု်ပ်တို့ကို ကယ်ကွယ်စောင့်ထိန်းရန် ရည်ရွယ်ထားပါ သည်။ သူတို့က အလွန်လှပသည့်အရာအဖြစ် ထိန်းသိမ်းထားဖို့ဖြစ်ပြီး သို့မဟုတ်လျှင် ပျက်စီးစရာဖြစ်နိုင်ကြောင်း ဆိုပါသည်။

ယနေ့တွင် ဤအတွေးအခေါ်နည်းလမ်းနှစ်မျိုးကို မကြာခဏဆိုသလို ရောနှောနေကြပါ သည်။ သို့ဖြစ်သောကြောင့် ခရစ်ယာန်ဘာသာသည် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး မှားယွင်းစွာ ထင်မြင်ယူဆကြသည်။ ရှုမြင်ကြသည်။ ကျွနု်ပ်တို့သည် ပတ်ဝန်းကျင်၌မြင် တွေ့ရသောအရာ၏လွှမ်းမိုးမှုထက် သမ္မာကျမ်းစာကို ပိုပြီးဖတ်ရှုလေ့လာသင့်ပါသည်။

ဤသွန်သင်ချက်ကို အလေးထားမှုမရှိခြင်းက ဘုရားသခင်၏အလိုတော်နှင့်ပညတ် တော်တို့ကို မြေပြင်ပေါ်တွင် ပစ်ချခြင်းနှင့်တူတူပင်ဖြစ်ပါသည်။ အခြားအခြေအနေတွင် လည်း ဤသို့ဖြစ်နိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာနှင့်လက်ထပ်ထိမ်းမြားခြင်း၌ ပြဿနာများ ကြုံတွေ့ရမည်ဆိုလျှင်လည်း အံ့သြစရာမရှိပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ငြင်း ပယ်သောသူသည် ဘုရားသခင်ပေးထားသော အသက်လမ်းကို ငြင်းပယ်ရာ ရောက်ပါ သည်။ ထို့အပြင် မိမိလက်ဖြင့် မိမိအသက်တာကို တာဝန်ယူဖို့ စိတ်ရှိသူများဟုပင် ထင် မြင်ယူဆရမည်။ ထိုအရာကနေ ကျွနု်ပ်တို့ကို ကယ်မတော်မူပါ အဘဘုရားသခင်။