ရှင်ယောဟန်ပထမစာစောင်

အင်တာနက်ပေါ်တွင် သမ္မာကျမ်းစာကို ဖတ်ရှုပါ။
ရှင်ယောဟန်ပထမစာစောင်


ရှင်ယောဟန် ပထမစာစောင်အကြောင်း မိတ်ဆက်ခြင်း

ရှင်ယောဟန်ရေးသားသောပေးစာ(ပေးစာစောင်) က လူများစွာနှင့်ရင်းနှီးမှုမရှိဆိုခြင်းထက် တည်ရှိ နေပါသည်။ သို့ရာတွင် ထိုအကြောင်းကို သိနားလည်ရန် သင်ယူလေ့လာပြီးသောသူတို့က နှစ် သက်မြတ်နိုးကြပါသည်။ ဤပေးစာသည် သင်ယူလေ့လာရန် ထိုက်တန်သော ပေးစာဖြစ်ပါသည်။

ရှင်ယောဟန်ပေးစာကို လျှင်မြန်စွာ သင်ယူလေ့လာခြင်းက ကျွနု်ပ်တို့အား များစွာသောအရာကို ပြသပါသည်။ ပထမဦးစွာ၊ နှုတ်ကပတ်တော်အကြောင်းကို ဖော်ပြထားပါသည်။ ဤပေးစာသည် ပေးစာဖြစ်ရုံသက်သက်မဟုတ်။ ပေးစာအစပိုင်းတွင် ရေးသူ သို့မဟုတ် လက်ခံသူအကြောင်းကို ရေးသားဖော်ပြထားခြင်းမရှိ။ ထို့ကြောင့် ပေးစာတွင်ဖော်ပြသော အကြောင်းအရာသည် ဒေသန္တာရ အသင်းတော်ကို ဦးတည်ထားခြင်းမဟုတ်။ ဤပေးစားနှင့်အခြားတူညီသော ပေးစာများကို ကမ္ဘာ လုံးနှင့်သက်ဆိုင်သောပေးစာဟု သမုတ်ကြပါသည်။ တနည်းအားဖြင့် ခရစ်တော်၏အသင်းတော် များထံသို့ တိုက်ရိုက်ပို့ပေးသော စာများဖြစ်ပါသည်။

ဒုတိယအချက်မှာ ပေးစာကိုဖတ်ရှုသောသူများက ပထမဆုံးသိနားလည်သောခေါင်းစဉ်နှင့်စကား လုံးများမှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင် ရင်းနှီးကျွမ်းဝင်ပြီးသောစကားလုံးများဖြစ်ကြပါသည်။ အထူးသဖြင့် အလင်းနှင့်အမှောင်အကြောင်းဖြစ်ပါသည်။ စာဖတ်သူများက ရှင်ယောဟန်က လောကထဲသို့ပို့ဆောင်ပေးသော ဧဝံဂေလိတရားကို မှတ်မိကြသည်။ အလွန်ချစ်စရာကောင်းသော၊ ထွန်းလင်းတောက်ပပြီး ဂရုစိုက်ပေးသောအရာဖြစ်ပါသည်။

တတိယအချက်မှာ ဤပေးစာသည် တည်ဆောက်ပုံတူညီသည်ကို သတိပြုမိကြသည်။ တစ်ခုနှင့် တစ်ခုအလွန်နီးကပ်စွာ တုတ်နှောင်ထားသောအကြောင်းအရာမပါဘဲ ရှုထောင့်မျိုးစုံမှ ခရစ်ယာန် ယုံကြည်ခြင်းအကြောင်းသွန်သင်ချက်များပါဝင်ပါသည်။ မှားယွင်းသောသြဝါဒအကြောင်းသတိ ပေးခြင်းသည် အဓိကကျသောအခါင်းစဉ်ဖြစ်ပါသည်။

ဤပေးစာကို မည်သူရေးသားသနည်း။

ဤပေးစာကိုရေးသားသူက ၎င်း၏နာမည်ကို ဖော်ပြထားခြင်းမရှိပါ။ သို့ရာတွင် ၎င်း၏ဓမ္မပညာ “ရေးသားမှု” နှင့်ပုံစကိုကြည့်ခြင်းအားဖြင့် နားလည်ရမည့်အကြောင်းအရာများစွာကို ဖြစ်ပေါ်စေပါ သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့်ဆက်စပ်မှုသည် အလွန်ရှင်းလင်းပြီး ဤကျမ်းနှစ်ခုကို တူညီ သော စာရေးသူ ရေးသားထားခြင်းဖြစ်ကြောင်းကို သိရှိနိုင်ပါသည်။ သို့သော် ကျွနု်ပ်တို့မှာ သတိ ထားစရာများစွာရှိပါသည်။ အသင်းတော်၏ယဉ်ကျေးဇူးမှုက ယောဟန်သည် အလွန်လွှမ်းမိုးမှုရှိ သော ဆရာဖြစ်ကြောင်းကို သွန်သင်ထားသည်။ ဤသို့ဆိုထားခြင်းက ဤစာအုပ်များသည် ကနဦး အသင်းတော်ရှိ တူညီသောညွှန်ကြားချက်များမှ ဆင်းသက်လာကြောင်း အတိအလင်းဖော်ပြထား ပါသည်။

ဤပေးစာကိုရေးသားသည့်အချိန်ကာလအား တိတိကျကျဖော်ပြရန် ခက်ခဲပါသည်။ ဤပေးစာ သည် လွန်ခဲ့သောနှစ် ၁၄၀ ပတ်ဝန်းကျင်က ပါပိယများနှင့်ဆက်စပ်မှုရှိပါသည်။ ထိုထက်ပင် စော၍ ရေးသားထားခြင်းလည်း ဖြစ်နိုင်ပါသည်။ အေဒီ ၉၀ - ၁၀၀ ဝန်းကျင်၌ ရေးသားထားခြင်းဖြစ်သည် ဟုဆိုလျှင် ပို၍ပင် မှန်ကန်ပါလိမ့်မည်။

ချစ်ခြင်းလွှမ်းသောသတိပေးမှုများ

ရှင်ယောဟန် ပထမစာစောင်ကို လေ့လာသောအခါ၊ စာဖတ်သူများကို သတိပေးမှုဖြစ်ပေါ်လေ့ရှိပါ သည်။ စာရေးသူတို့က ၎င်းတို့၏မှားယွင်းသောသြဝါဒသတိပေးမှုများကို ဖော်ပြလေ့ရှိကြပါသည်။ ဤသည်မှာ ပေးစာ၏ထူးခြားသောအရည်အချင်းရှိသောနေရာသည် သိသာထင်ရှားလာပါသည်။ ပေးစာသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကဲ့သို့ တူညီသောမေတ္တာများ ဖြာထွက်လျက်ရှိပါသည်။ ဖတ်ရှုဖို့ အလွန်ကောင်းမွန်လှပါသည်။ ဘုရားသခင်၏ ဂရုတစိုက်ကြည့်ရှုစောင်မသော အရာ၏ နက်ရှိုင်းမှုကို ပေးထားပါသည်။ ထိုနည်းတူစွာ၊ သတိပေးစကားများလည်း သိသာထင်ရှားလှပါ သည်။ ချစ်ခြင်းမေတ္တာနှင့်ကန့်သတ်မှုများကို တူညီစွာ ပေါင်းဖက်စေရန်မှာ အလွန်ခက်ခဲလှပါသည်။ ရှင်ယောဟန်ပထမစာစောင်သည် အတူတကွ ပေါင်းဖက်ကြပြီး မေတ္တာ၏အဓိပ္ပါယ်သည် စိတ်ခံစား ချက်သက်သက်မဟုတ်၊ လက်တွေ့ဂရုတစိုက်ရှိနေခြင်းဖြစ်ကြောင်းကို ပြသထားပါသည်။ သိုးအုပ်စု ကို ဝံပုလွေများက တိုက်ခိုက်မည်ဆိုလျှင် သိုးထိန်းသည် လွယ်ကူသည်ဟု ထင်မည်မဟုတ်။ သူ သည် သိုးငယ်ပေါက်လေးများအတွက် မီးပုံပေးနားတွင် သီချင်းများ ညည်းဆိုရပေမည်။