၁ ယော ၂ - ဘုရားသခင်၏ဘုန်းတော်နှင့်အပြစ်သား

ပေးစာ၏ပထမအခန်းကို ကြည့်ရှုလေ့လာသောအခါ သမ္မာကျမ်းစာထဲက အခန်းခွဲခြားမှု(စာရေးသူ များကိုယ်တိုင် ပြုလုပ်သည်မဟုတ်) က တွေးတောဆင်ခြင်မှုကို ပျက်စီးစေသည်။ သို့ဖြစ်သော ကြောင့် ပထမအခန်း၏နောက်ဆုံးအပိုဒ်ကို ဤနေရာတွင် ပြောဆိုဖို့ ချန်ထားရပါသည်။ အပိုင်း တည်ဆောက်ပုံအကြောင်းကို လေ့လာကြပါစို့။ အဓိကဖော်ပြချက်မှာ ပဉ္စမမြောက်အပိုဒ်တွင်ဖြစ် ပါသည်။ “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ မှောင်မိုက်သည်အလျင်းမရှိ။” ဤအကြောင်းအ ရာနောက်တွင် ကန့်သတ်တည်ရှိနေမှုကို စတင်ပြီး ဤညွှန်ကြားချက်သည် အဓိကသော့ချက်ဖော်ပြ ထားမှုမှ ဆင်းသက်လာပါသည်။ ဘုရားသခင်၏ဘုန်းအသရေနှင့်အညီ အဘယ်အရာသည်ဟုတ် မှန်ပြီး အဘယ်အရာသည် မဟုတ်မမှန်ဖြစ်နေပါသနည်း။ ကျွနု်ပ်တို့က ဘုရားသခင်ကို ပိုင်ဆိုင် သည်ဟုဆိုလျက် အပြစ်ထဲ၌ရှိနေလျှင်(၁း ၆-၇) သို့မဟုတ် အပြစ်မရှိဟုဆိုလျှင်(၁း ၈-၉) ကိုက်ညီ မှုမရှိတော့ပေ။ ယခုတွင် အခြေပြုကျမ်း၏ညွှန်ကြားမှုကို ကြည့်ကြပါစို့။ ထိုအကြောင်းအရာက ဒုတိယအခန်းကို ဖော်ပြထားပါသည်။

အလင်း၏သားသည် ၎င်းတို့အပြစ်ကို တိုက်ခိုက်သည်။ ၁း ၁၀-၂း ၂

ဤအပိုင်း၌ တတိယလမ်းညွှန်ချက်သည် အရှေ့ကတစ်ခုကို ထပ်မံပြောဆိုနေဟန်တူပါသည်။ သို့ရာတွင် ကျွနု်တို့အား ဆက်လက်ပြီး ရှေ့သို့သွားစေပါသည်။ အစပိုင်းတွင် အပြစ်သားဟု ဝန်ခံ သောသူတို့ကို ဝေဖန်မှုရှိသည်။ သို့ရာတွင် အမှန်မှာ ထိုအရာကို ငြင်းပယ်ထားကြပါသည်။ အပြစ် သားဖြစ်သည်ဟု ဝန်ခံရန်မှာ အလွန်လွယ်ကူပြီး ကျွနု်ပ်တို့ ပြစ်မှားကျူးလွန်သောအရာကို ဝန်ခံရန် မှာ သာ၍ခက်ခဲသည်။ သို့ရာတွင် ဤသည်မှာ ခရစ်ယာန်တစ်ယောက်က ဆက်လက်လုပ်ဆောင် နေရမည်။ သို့မဟုတ်လျှင် ဘုရားသခင်ကို အရူးလုပ်နေသလိုဖြစ်မည်။ ဘုရားသခင်က ကျွနု်ပ်တို့ သည် အပြစ်သားများဖြစ်ကြောင်း၊ သူသည် ခရစ်တော်၏အသွေးတော်အားဖြင့် ကျွနု်ပ်တို့အပြစ်ကို ခွင့်လွှတ်ထားကြောင်း မိန့်တော်မူသည်။ ကျွနု်ပ်တို့သည် မိမိကိုယ်ကို သန့်ရှင်းသည်ဟုဝန်ခံလျှင် ခရစ်တော်၏လက်ဝါးကပ်တိုင်တရားလမ်းကို အချည်းနှီးဖြစ်စေပါသည်။ ထိုနည်းတူစွာ မှားယွင်း သောအရာလည်းဖြစ်စေပါသည်။

နောက်ဆုံးအပိုင်းတွင် စာရေးသူက “သူချစ်ရသောသူများ” ဟု ပေးစာလက်ခံသူများကို ရည်ညွှန်း ပြောဆိုထားပါသည်။ ယခုတွင် အုတ်မြစ်သည် ခိုင်မာလျက်ရှိသည်။ ကျွနု်ပ်တို့က နိဂုံးအကြောင်းကို ပြောဆိုနိုင်ပါသည်။ ဘုရားသခင်၏ဘုန်းတော်နှင့်မအပ်စပ်လျှင် အပြစ်ဖြစ်ပါသည်။ ကျွနု်ပ်တို့၏ အပြစ်ရှိခြင်းကို ငြင်းဆန်ခြင်းသည်လည်း အပြစ်ဖြစ်ပါသည်။ သို့မဟုတ် ကျွနု်ပ်တို့၏မကောင်းသော အပြုအမူသည်လည်း အပြစ်ဖြစ်ပါသည်။ ဤသည်မှာ ကျွနု်ပ်တို့သည် ဤအချက်အလက်များကို နားလည်ပြီး ဘုရားသခင်၏သန့်ရှင်းခြင်း၊ ကျွနု်ပ်တို့၏အပြစ်နှင့်ပြည့်နှက်ခြင်း၊ တိုက်တွန်းနှိုးဆော် ခြင်းတို့ကို နားထောင်နိုင်ရန် ဘုရားသခင်၏သားတော်သွန်းလောင်းသောအသွေးတော်အားဖြင့် ကျွနု်ပ်တို့အပြစ်ကို ငြိမ်းစေကြောင်းကို သင်ယူလေ့လာပြီးမှဖြစ်ပါသည်။ ကျွနု်ပ်တို့သည် အပြစ်ကို တိုက်ခိုက်ရမည်။ အပြစ်တရားသည် အလွန်အန္တရယ်ကြီးမားပြီး ကြောက်မက်ဖွယ်ရာဖြစ်ပါသည်။ တချိန်တည်းမှာပင် နှိမ့်သိမ်းခြင်းကိုလည်း ပေးနိုင်ပါသည်။ တစ်ဦးတစ်ယောက်က အပြစ်ကိုကျူး လွန်မိလျှင် ပထမအခန်းတွင် ကျွနု်ပ်တို့တွေ့ကြုံရသည်အတိုင်း အမြဲဖြစ်နေသောအကြောင်းအရာ ဖြစ်ပါသည်။ သို့ရာတွင် ကျွနု်ပ်တို့၌ ဘုရားသခင်နှင့်ဆက်သွယ်ပေးသော ရှေ့နေရှိပါသည်။ ယေရှုခရစ်သည် ကျွနု်ပ်တို့အပြစ်ကို ငြိမ်းစေသောသူဖြစ်သည်။ ကျွနု်ပ်တို့အပြစ်သာမက ဤလော က၏အပြစ်ကိုပါ ငြိမ်းစေသောသူဖြစ်ပါသည်။

အလင်း၏သားသည် ဘုရားသခင်၏ပညတ်တော်ကိုချစ်သည်။ ၂း ၃-၅က

စတုတ္ထညွှန်ကြားချက်ကလည်း သခင်ဘုရားကိုယ်တိုင်က “သူတို့၏အသီးအားဖြင့် သူတို့ကို သိနိုင် သည်” ဟု တူညီသောစကားကို ဆိုခဲ့သည်။ ဘုရားသခင်၏နည်းလမ်းနှင့်အလွန်းရင်းနှီးကျွမ်းဝင်မှုရှိ သည်ဟုဆိုကြသော မှားယွင်းသည့်ဆရာများရှိကြပါသည်။ သို့ရာတွင် သူတို့အသက်တာသည် သတိထားစရာသာဓကများဖြစ်ကြပါသည်။ သူတို့၏ လုပ်ဆောင်ချက်အသက်ရှင်ပုံသည် ဘုရား သခင်၏ဘုန်းတော်အတွက် မဖြစ်နိုင်ကြပါ။ ထို့ကြောင့် ထိုသို့သောဆရာများကို အသိအမှတ်မပြုရ ပါ။ သူတို့ကို တားမြစ်ထားရန်မှာ ကြီးမားသည့် လုပ်ဆောင်မှုဖြစ်ပါသည်။ စစ်မှန်သောဆရာတစ်ပါး အနေဖြင့် ဘုရားသခင်၏ပညတ်တရားသည် အလွန်တန်ဖိုးရှိပြီး အံ့သြစရာပင် သင့်လှပါသည်။ ယေရှုကို ချစ်သောချစ်ခြင်းသည်လည်း အချည်းနှီးသက်သက်မဟုတ်။ သို့ရာတွင် ထိုမေတ္တာသည် နှုတ်ကပတ်တော်နှင့်ကျွနု်ပ်တို့၏ဆက်နွယ်မှုကို ပေါ်လွင်ထင်ရှားလာစေပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် အလွန်ခိုင်မာမှုရှိသည်။ ကျွနု်ပ်တို့သည် မိမိကိုယ်ကို စစ်ဆေး ရပါမည်။ ကျွနု်ပ်တို့သည် ရိုကျိုးဦးညွှတ်ရပါမည်။ အထက်ကပေးထားသော ညွှန်ကြားချက်များကို လည်း သတိရရပါမည်။ အလင်း၏သားတို့သည် ၎င်းတို့၏အပြစ်နှင့်ပြည့်နှက်နေခြင်းကို လုံးဝဥဿုံ ယုံကြည်လက်ခံကြပါသည်။ ထို့အပြင် ဤစကားများကို ရင်ဆိုင်တွေ့သောအခါ ငြင်းဆိုရခက်ခဲ သွားပေမည်။

ကျွနု်ပ်တို့သည် ခိုင်မာသော သွန်သင်မှုကိုလည်း ရရှိကြပါသည်။ ဆရာများစွာ၊ ဆွဲဆောင်သူများစွာ၊ အနိုင်ရသူများ၊ ပါရမီရှိသူများစွာရှိကြပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သွန်သင်ပေး သော သူတစ်ဦး၏အသက်တာသည် တစ်ဦးတည်း၏ဘဝအသက်တာမဟုတ်၊ အသင်းဝင်မှလည်း ထိမ်းသိမ်းရန်မဟုတ်သည်မှာ အံ့သြစရာပင်ဖြစ်ပါသည်။ သွန်သင်မှုကိုပြုသောဆရာသည် မည်သို့ အသက်ရှင်ကြောင်းကို လေ့လာရန်သာ အကြံပေးထားသည်။ တိုင်းတာသောကိရိယာမှာ သူတို့၏ မျက်နှာချိုအပြုံးအားဖြင့်မဟုတ်၊ သို့မဟုတ် သူတို့၏ လူ့အမြင်ဒူးထောက်နှိမ့်ချမှုအားဖြင့်မဟုတ်၊ ထိုသွန်သင်သူ၏အသက်တာ၌ ဘုရားနှုတ်ကပတ်တော် စိုက်ပျိုးခြင်းရှိမရှိဖြစ်သည်။ မေးခွန်းတစ်ခု မှာ ခိုင်မာသောသမ္မာကျမ်းစာပိုဒ်အတွက် ၎င်းတို့၏ရပ်တည်ချက်ဖြစ်ပါသည်။ သွန်သင်သောသူများ ၏အသက်တာတွင် ဤလေးမြတ်ခြင်း၌ စစ်ဆေးမှုမရှိလျှင် ၎င်းတို့ဟောပြောသောတရားဒေသနာ စကားသည် ၎င်းတို့အသက်တာ၌ စွဲမြဲထင်ကျန်နေမည်မဟုတ်၊ သူတို့၏ဟောပြောမှုကို အဘယ်သူ မျှ အလေးထားနားထောင်လိုမည်မဟုတ်တော့ပါ။

အလင်း၏သားတို့သည် ၎င်းတို့အသက်တာတွင် သခင်၏ခြေတော်ရာကို လိုက်ကြသည်။ ၂း ၅ခ-၈

ယောဟန်က ခက်ခက်ထန်ထန်ပြောဆိုပြီး မှားယွင်းသောဆရာများ၏ ထွင်လုံးများအကြောင်းကို ဖော်ပြထားပါသည်။ သူတို့သည် အတွေ့အကြုံနှင့်ဗဟုသုတအားဖြင့် ဘုရားသခင်ကို ကောင်းမွန် စွာသိရှိနိုင်မည်ဟု ယုံကြည်ကြသည်။ ယောဟန်က ထိုအယူအဆကို လုံးဝဆန့်ကျင်ထားပါသည်။ သခင်ဘုရားကို ယုံကြည်လက်ခံသောသူတိုင်းက ယေရှုကို သူတို့၏စံအဖြစ်ထားရှိကာ ကိုယ်ကျိုး စွန့်မေတ္တာကို စောင့်ထိန်းသင့်ကြသည်။ ထိုအတွက် အချက်ပြခြင်းမရှိ။ သူတို့၏သွန်သင်ချက်များ သည် မှားယွင်းနေသည်။ မှားယွင်းသောဆရာများက ၎င်းတို့၏ဖန်တီးယူထားသောအရာများဖြင့် လူတို့ကို လှည့်ဖြားဖို့ကြိုးစားအားထုတ်ကြပါသည်။ ယောဟန်က အလွန်ရှေးကျပြီး ရိုးရှင်းသော ပညတ်တစ်ခုကိုပေးထားသည်။ ၎င်းမှာ ယေရှုကို စံထားပြီး အသက်တာကို အသက်ရှင်ရန်ဖြစ်ပါ သည်။

ကျွနု်ပ်တို့သည် ဤနေရာတွင် ခရစ်ယာန်ယုံကြည်ခြင်းသည် ခက်ခဲသောအရာမဟုတ်သည်အ ကြောင်းကို မြင်တွေ့ရပြန်ပါသည်။ ဤသည်မှာ အလွန်ရိုးစင်းသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ စကားကို နားထောင်ရင်း ဘုရားသခင်၏ကျေးဇူးတော်နှင့်မေတ္တာတရား၌ ကျင်လည်ကြသည်။ ထိုသို့နှင့်အညီ နောင်တစိတ်ဖြင့် အသက်ရှင်ကြပါသည်။ ကျွနု်ပ်တို့၏ယုံကြည်ခြင်းသည် ဤအရာ ထက် သာ၍ပြည့်စုံနိုင်စရာအကြောင်းမရှိတော့ပါ။ ၎င်း၌ ထာဝရကာလတည်တံ့မည့် သင်ယူခြင်း နှင့်လေ့လာခြင်းများပါဝင်နေပါသည်။

အလင်း၏သားသည် ကိုယ်နှင့်သက်ဆိုင်သူကို မမုန်း ၂း ၉-၁၁

စာရေးသူက နားလည်မှုအလွဲအမှားများ မဖြစ်နိုင်စေရန် ဆက်လက်ပြီး လုပ်ဆောင်သည်။ မေးထား သည့်မေးခွန်းမှာ ကျွနု်ပ်တို့သည် ကိုယ်နှင့်သက်ဆိုင်သောသူများကို မည်သို့ပြုမူဆက်ဆံကြပါ သနည်း။ ဘုရားသခင်၏လူဖြစ်ကြောင်းဆိုပြီး ကိုယ်နှင့်စပ်ဆိုင်သောသူကို မုန်းတီးနေလျှင် မုသာကို သုံးသောသူဖြစ်ကြောင်း ပြသထားပါသည်။ သူက မိမိကိုယ်ကို အလင်း၏သားဟု ခံယူထားသော် လည်း သူသည် မှောင်မိုက်ထဲ၌ ကျင်လည်နေဆဲဖြစ်ပါသည်။ မှောင်မိုက်ထဲ၌ ကျင်လည်အသက် ရှင်နေသောသူတို့သည် လမ်းမှားသောသူများဖြစ်သည့်အားလျော်စွာ သူသည် မည်သည့်အရပ်၌ ရှိနေသည်၊ သို့မဟုတ် မည်သည့်အရပ်ဆီသု့ိ ဦးတည်သွားနေသည်ကို နားမလည်နိုင်တော့ပါ။ မှောင်မိုက်သည် သူ၏မျက်စိကို ကွယ်စေပြီး မှန်ကန်သောလမ်းကို မမြင်နိုင်တော့ပါ။ သို့ရာတွင် ကိုယ်နှင့်စပ်ဆိုင်သောသူတို့၏အသက်တာသည် လုံးဝကို ကွဲပြားခြားနားသည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီဖြစ်ပါသည်။ ထိုသို့သောသူသည် အလင်း၏သားကဲ့သို့ဖြစ်ပေသည်။

စကားလုံးများသည် အလွန်ခက်ခက်ပြီး ပို၍ပင် နားလည်ရခက်ပါသည်။ ထိုစကားလုံးများကို နူးနူး ညံ့ညံ့စကားလုံးများအသုံးပြုပြီး မရှင်းပြသင့်ပါ။ သမ္မာကျမ်းစာက ထိုအကြောင်းအရာကို ၎င်းအ တိုင်းပင်ဖော်ပြထားပါသည်။ အချိန်ကာလတစ်ခုကို သတ်မှတ်ရမည်။ ကျွနု်ပ်တို့က နောက်ဆုံးသော တရားစီရင်ခြင်းအကြောင်း သတိပေးထားရသည့်အကြောင်းကို ယခုအခါ နားလည်သဘောပေါက် မည်ဟု မျှော်လင့်မိသည်။ အထူးသဖြင့် မိမိဆန္ဒအတိုင်းအသက်ရှင်နေသောအခါ ဘုရားသခင်၏ တရားစီရင်ခြင်းကို အမှန်တကယ် ရရှိခံစားနိုင်သည်အကြောင်းကို နားလည်နိုင်ပါသည်။ ကျွနု်ပ်တို့ ၏တစ်ခုတည်းသောခိုလုံရာမှာ ကျွနု်ပ်တို့၏အပြစ်များကို ခရစ်တော်၏အပြစ်ကိုဖြေသောအသွေး တော်အားဖြင့် လွှတ်ခြင်းအခွင့်ရရှိသည်။ ဤအကြောင်းအရာကို သမ္မာကျမ်းစာက သွန်သင်ထားပြီး ဘုရားသခင်ကိုပိုင်ဆိုင်ထားရကြောင်းဟူသည့်အချက်ဖြင့် မှန်ကန်စွာ အဆုံးသတ်ထားပါသည်။

အသင်းတော်ကို ကောင်းမွန်စွာ အကာအကွယ်ပေးထားသည်။ ၂း ၁၂-၁၄

ယောဟန်က အကြိမ်ပေါင်းများစွာပြောခဲ့ပြီးသည်ကို သိသည်။ ရှေးဦးစွာ စိတ်တွင် သိုထားပြီး မှားယွင်းသောဆရာများသည် အဆိပ်အတောက်ဖြစ်စေမည့်မျိုးစေ့များကို ကြဲကြောင်း သိထားပါ သည်။ ယခုတွင် ချော့ရမည့်အချိန်ဖြစ်သည်။ ထိုကျမ်းပိုဒ်များကို ကျွနု်ပ်တို့၏ကျမ်းစာအုပ်တွင် နည်း လမ်းတစ်ခုတည်းဖြင့် အနက်ဖွင့်ထားသည်။ သို့ရာတွင် သူတို့သည် “သားသမီးတို့၊ နာမတော်အား ဖြင့် သင်တို့အပြစ်လွှတ်ခြင်းခံရကြောင်း သင်တို့အား ဤစာကို ရေး၍ ပေးလိုက်သည် ” ဟု နား လည်စေလိုပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကိုစစ်ဆေးရာတွင် အံ့သြစရာအကျိုးဆက်ရှိသည် ကို ရှာတွေ့ခဲ့ပါသည်။ ၎င်းကို စာဖတ်သူတို့ထံ တိုက်ရိုက်ညွှန်ကြားထားပါသည်။ ဤသည်မှာ တိုက် တွန်းနှိုးဆော်စာမဟုတ်၊ ဖော်ပြချက်တစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏သားတော်၏အသွေးတော် အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းကို ကျွနု်ပ်တို့ရရှိကြပါသည်။ ကျွနု်ပ်တို့သည် ဤယုံကြည်ခြင်းကို ထိန်း သိမ်းထားလျှင် မကောင်းသောအမှုကို ကျော်လွှားအောင်မြင်နိုင်ပါသည်။ မှားယွင်းသောသွန်သင် ချက်များသည် မာရ်နတ်၏ကြော့ကွင်းဖြစ်ပါသည်။ မှန်ပါသည်။ တမန်တော်တို့၏သွန်သင်ချက် သည် ကျွနု်ပ်တို့အား ပြိုလဲစရာများထဲက ထိန်းသိမ်းထားပါသည်။ ဘုရားသခင်၏ဘုန်းအသရေ သည် အလွန်ကြီးမြတ်သည်။ လောက၏ညသည် အလွန်မှောင်မိုက်လွန်းလှသည်။ အပြစ်သား သည် ခရစ်တော်၏အသင်းတော်ထဲ၌သာ လုံခြုံမှုရှိသည်။ ထိုအရပ်သည် ၎င်းအတွက် လုံးဝဥဿုံ လုံခြုံမှုရှိပါသည်။ ၎င်းမှာ တမန်တော်တို့၏သွန်သင်သော နှုတ်ထွက်စကား၌ဖြစ်ပါသည်။

လောကကိုမချစ်နှင့်။ ၂း ၁၅-၁၇

ခရစ်တော်၌ရှိသောယုံကြည်ခြင်းသည် နေ့စဉ်အသက်တာကိုလျှောက်လှမ်းစေသော အရာတစ်ခု ဖြစ်ပါသည်။ ကျွနု်ပ်တို့အား အရေးပါအရာရောက်ဆုံးသောအကြောင်းအရာ ကျွနု်ပ်တို့ရွေးချယ်ရ မည့်အခြေအနေတွင် မိမိကိုယ်ကို တွေ့ရှိကြရပါသည်။ ကျွနု်ပ်တို့သည် အဘခမည်းတော်ကို ချစ်ရ မည်၊ သို့မဟုတ်လျှင် လောကကို ချစ်ရမည်။ ယေရှုက ထိုနည်းအတိုင်းဆိုရာတွင် “သင်တို့ဘဏ္ဍာရှိ သည့်အရပ်တွင် သင်တို့၏စိတ်နှလုံးရောက်တတ်သည်” ဟု မိန့်တော်မူခဲ့သည်။ ကျွနု်ပ်သည် မိမိ၏ အပြစ်နှင့်ပြည့်နှက်နေသောအရာကို တပ်မက်စွဲလန်းနေပါသလား။ လောကအရာက ထိုအရာများ ကို ပေးကမ်းနေပါသည်။ သို့မဟုတ် ကျွနု်ပ်သည် ဘုရားသခင်၏သားဖြစ်ကြောင်းကို သတိရနေမည် လော။ ဤသည်မှာ ခိုင်မာသောခရစ်ယာန်ဘာသာဖြစ်ကြောင်းဆိုလိုသည်။ ယောဟန်၏ပထမပေး စာစောင်က ကျွနု်ပ်တို့၏ရွေးချယ်မှုပြုသောအခြေအနေတွင် အကူအညီပေးထားပါသည်။ ဤလော ကနှင့်ဤလောကတွင်ရှိသောအရာတို့သည် တစ်နေ့၌ ကွယ်ပျောက်သွားပေလိမ့်မည်။ ထိုအရာ သည် ကျွနု်ပ်တို့၏စည်းစိမ်ဖြစ်နေလျှင် ကျွနု်ပ်တို့ကိုယ်တိုင်သည်လည်း ပျက်စီးတတ်သောလောက ကြီးနှင့်အတူ ပျက်စီးဆုံးရှုံးသွားပေလိမ့်မည်။ သခင်ဘုရားသာလျှင် ကျွနု်ပ်တို့၏စည်းစိမ်ဖြစ်နေလျှင် ဘုရားသခင်၏ကျေးဇူးတော်ကြောင်း ကျွနု်ပ်တို့သည် ထာဝရအသက်ရှင်ခွင့်ရပြီး ဘုရားသခင်နှင့်အ တူ ကောင်းကင်အရပ်၌ နေရာ ရပေလိမ့်မည်။

အန္တီခရစ်နှင့်နောက်ဆုံးသောကာလများ၊ ၂း ၁၈-၂၅

ဘုရားသခင်၏လူတို့သည် ဤလောကကို အစိုးရသောမာရ်နတ်လက်လှမ်းမှီသည့်နေရာတွင် အ သက်ရှင်ကြမည်မဟုတ်။ မုသားနှင့်မှားယွင်းသောခံယူချက်အားဖြင့် မာရ်နတ်သည် သားကောင်ကို လိုက်ရှာနေသည်။ ယောဟ-န်က အန္တီခရစ်အကြောင်းကို ဤတစ်ချိန်တွင်ဖော်ပြထားပြီး အများ စကားလုံးဖြင့်ဖော်ပြထားပါသည်။ အန္တီခရစ်ပေါ်လာခြင်းသည် နောက်ဆုံးသောကာလ၏နိမိတ် လက္ခဏာပင်ဖြစ်ပါသည်။ ဤပေးစာကို ရေးသားချိန်တွင် “အန္တီခရစ်များ” ပေါ်ထွန်းလျက်ရှိပါသည်။ သူတို့သည် ကနဦး ခရစ်ယာန်များဖြစ်ကြပါသည်။ သူတို့သည် စစ်မှန်သောခရစ်ယာန်များမဟုတ် ကြောင်းကို ၎င်းတို့၏လဲကျရှုံးနိမ့်မှုက သက်သေထူနေပါသည်။ သူတို့သည် ၎င်းတို့၏သွန်သင်ချက် အားဖြင့် မှားယွင်းသောဆရာများဖြစ်ကြောင်းကို တိုင်းတာနိုင်ပါသည်။ ထိုအကြောင်းအရာမှာ သူတို့ သည် ယေရှုကို ဓမ္မဟောင်းကျမ်းက ညွှန်းဆိုထားသော ဘုရားသခင်၏သားတော်ယေရှုဖြစ်ကြောင်း လက်မခံကြပါ။ ထိုအကြောင်းကို ပေးစာ၏နောက်ပိုင်းတွင် ပြောဆိုကြပါမည်။

ယေရှုကိုမသိလိုသောသူသည် ဘုရားသခင်ကိုလည်း မသိပေ။ ယေရှုကို သိသောသူသည် ဘုရား သခင်ကိုလည်း သိသည်။ တမန်တော်တို့၏ မူလသွန်သင်ချက်သည် မှန်ကန်သောနည်းလမ်းထဲသို့ သွားပြီး ထာဝရအသက်ကို မွေခံမည့်လမ်းစဉ်ဖြစ်သည်။ “ဘိသိတ်ပေးခြင်း” ဟုဆိုရာတွင် သန့်ရှင်း သောဗတ္တိဇံမင်္ဂလာတွင် ရရှိထားသော သန့်ရှင်းသောဝိညာဉ်တော်ကို ဆိုလိုသည်။ ဤဆုကျေးဇူး သည် ဘုရားသခင်ထံက ရရှိထားခြင်းဖြစ်ပြီး ကမ္ဘာအဆုံးထိတိုင် ကျွနု်ပ်တို့အား စောင့်ထိန်းပေး သောအရာဖြစ်ပါသည်။

တစ်ခါတစ်ရံ ကျွနု်ပ်တို့က “ဘုရားသခင်ကို ယုံကြည်သည်၊ သို့ရာတွင် ယေရှုကို ယုံကြည်ဖို့လိုသေး လား” ဟူသောစကားကို ကြားရတတ်သည်။ ခရစ်တော်မရှိသည့် ခရစ်ယာန်ဘာသာသည် တမန် တော်တို့သွန်သင်ချက်ထက် ပို၍လက်ခံနိုင်ဖွယ်ရှိသယောင်ဖြစ်သည်။ သခင်ဘုရား၏ကားတိုင်အ ကြောင်းကို လုံးဝပြောဆိုခြင်းမရှိလျှင် စိတ်ဝင်စားစရာမရှိ။ အသင်းတော်ရှိလူများက ကြားလိုသော အရာလည်းဖြစ်ပါသည်။ သို့ရာတွင် ၎င်းသည် ခရစ်တော်ကို ဆုံးရှုံးသည်သာမက ခမည်းတော်ကို လည်း ဆုံးရှုံးသည့် နည်းလမ်းဖြစ်ပါသည်။ ဘုရားသခင်ထံသို့သွားသည့် တစ်ခုတည်းသောလမ်းမှာ တံခါးအားဖြင့်ဖြစ်၍ ထိုတံခါးမှာ ခရစ်တော်ပင်ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာကို “ခေတ်သစ်ဆန်” လုပ်ဆောင်သော သူတို့စကားကို ကျွနု်ပ်တို့ နားမယောင်ဖို့အရေးကြီးသည်။ ကျွနု်ပ်တို့အပြစ်ကို ငြိမ်းစေခြင်းအကြောင်းကို ငြင်းပယ်သူတို့စကားကိုလည်း နားမယောင်မိဖို့အရေးကြီးပါသည်။ (မော် မွန်းနှင့်ယေဟောဝါသက်သေခံများ)

နောက်ဆုံးသောကာလအကြောင်းကို အကျယ်တဝန်း ဆွေးနွေးထားပါသည်။ အန္တီခရစ်ပေါ်ထွန်း ခြင်းအကြောင်းကို နိမိတ်အားဖြင့်ဖော်ပြသည်။ ကျွနု်ပ်တို့က ဤပေးစာကိုရေးသားသောအခါ နောက်ဆုံးသောကာလမရောက်သေးသည်ကို မြင်ရသည်။ သို့ရာတွင် ဤနေရာ၌ အန္တီခရစ်အ ကြောင်းများစွာကို ရေးသားထားပါသည်။ အန္တီခရစ်ပေါ်ထွန်းခြင်းနှင့်မှားယွင်းသောဆရာများပေါ် လာခြင်းအကြောင်းကို အရိပ်ပြဖော်ပြလာပါသည်။ ဤအကြောင်းအရာက သမိုင်း၏အချိန်ကာလ များစွာကို မှောင်မိုက်စေပါသည်။ မှားယွင်းသောအယူဝါဒ၊ နောက်ပြန်လဲခြင်း၊ မျက်စိကွယ် အမုန်း အငြိုး၊ ခရစ်ယာန်တို့ကို ညှင်းပန်းနှိပ်စက်ခြင်းတို့သည် အန္တီခရစ်ရောက်လာမည့်အချိန်ကိုပြသော နိမိတ်ဖြစ်ပါသည်။ ကျွနု်ပ်တို့အချိန်ကာလတွင် နောက်ဆုံးသောကာလကို ညွှန်းဆိုသည့် နိမိတ် ပေါင်းများစွာရှိသည်။ ဤနိမိတ်များသည် နောက်ဆုံးသောအချိန်မရောက်ခင်လေးတွင် အပြည့်အ၀ မြင်တွေ့ရကြမည်။ စိုးရိမ်ပူပန်မှုအလယ်တွင် ဘေးဒဏ်ကြီးကာလနောက်ပိုင်းတွင် နောက်ဆုံးသော ကာလက စုံလင်သောရွေးနှုတ်ခြင်းကို ကျွနု်ပ်တို့အား ဆောင်ယူလာမည်အကြောင်း သတိရကြပါ မည်။

ကျွနု်ပ်သည် နောက်ဆုံးသောကာလတိုင်အောင် ယုံကြည်ခြင်း၌ မည်သို့တည်နေမည် နည်း။ ၂း ၂၆-၂၇။

ကနဦး၌ ကျွနု်ပ်တို့ထိတွေ့သောအခြေခံသဘောတရားများကို ဤအပိုင်းတွင် ထပ်တလဲလဲဖော်ပြ ထားပါသည်။ “ဘိသိတ်ခြင်း”၊ ဆိုရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏လူတို့ကို စောင်မပြီး သမ္မာတရားလမ်းကို ပြသမည်။ မှားယွင်းသောဆရာများကို သန့်ရှင်းသောဝိညာဉ်တော် က ဦးဆောင်မထားပေ။ ထို့ကြောင့် သူတို့သည် သိသိသာသာလမ်းမှားတတ်ကြသည်။ တရားနာ သောသူတို့သည် ၎င်းတို့၏သွန်သင်ချက်များကို ဆန့်ကျင်ကြသည်။ တမန်တော်တို့ထံက သွန်သင် ချက်များကို လိုက်နာကြသည်။ စာရေးသူက သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများကို သစ္စာရှိစွာ စောင့်ထိန်းပေးသည်ဟု ဖော်ပြထားပါသည်။

ယုံကြည်ခြင်းတရား၌ တည်နေခြင်းသည် ကျွနု်ပ်တို့၏ ကိုယ်တိုင်လုပ်ဆောင်မှုအပေါ် ရပ်တည်ခြင်း မဟုတ်ကြောင်းသိရသည်မှာ အံ့သြစရာပင်ဖြစ်ပါသည်။ သို့မဟုတ်လျှင် ကျွနု်ပ်တို့၌ အသက်ရှင်နိုင် သည့် ခွန်အားရှိမည်မဟုတ်။ သို့ရာတွင် ကျွနု်ပ်တို့က သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင် ၏နှုတ်ကပတ်တော်အား တန်ဆာပလာအဖြစ်အသုံးပြုသည်ကို မမေ့အပ်ပါ။ ထို့ကြောင့် ကျွနု်ပ်တို့ သည် ထိုနှုတ်ကပတ်တော်ကို နားထောင်ရမည်။ ဖတ်ရှုရမည်။ ထိုကျမ်းစာလာအတိုင်း နောင်တရ ရမည်။

ဤအခန်း၏နောက်ဆုံးအပိုဒ်(၂း ၂၈-၂၉) က နောက်လာမည့်အခန်းကို ဖော်ပြထားပါသည်။ ဤအ ကြောင်းတရားမှာ ကျွနု်ပ်တို့သည် ထိုအကြောင်းအရာကို အခန်းသုံးတွင် ဆက်လက်ဆွေးနွေးသွား ပါမည်။