၁ ယော ၅ - ဘုရားသခင်၏မိသားစု

ကျွနု်ပ်တို့သည် ရှင်ယောဟန် ပထမစာစောင်ကိုလေ့လာသောအခါ အမိန့်တော်နှင့်တည်ကြည် သောတရားဒေသနာများ၊ နှိမ့်သိမ့်ခြင်း၊ ကျေးဇူးတော်၏စုံလင်ခြင်းအကြောင်းတို့ကို နားလည်ရပါ သည်။ ယခုအခါ ပေစာ၏နောက်ဆုံးအခန်းသို့ရောက်လာကြသဖြင့် ယောဟန်က ပေးစာလက်ခံသူ တို့အကြောင်းကို အဓိကထားပြောဆိုပြီး တစ်ဦးကိုတစ်ဦး ချစ်ခြင်းမေတ္တာထားတတ်ကြရန် တိုက် တွန်းနှိုးဆော်ထားပါသည်။

၅း ၁-၄ ၊ အားလုံး၏အဘက ညီကိုချင်း ချစ်ခြင်းမေတ္တာကို ဆောင်ယူလာသည်။

ယောဟန်က သူ၏ပေးစာကို ဖတ်သောသူတို့အား နောက်တဖန် သွန်သင်ပြန်သည်။ သူက လောကလူသားများအကြောင်းကို ပြောဆိုသည်မဟုတ်။ သို့မဟုတ် လူသားများအကြောင်းကို ယေဘုယျပြောဆိုသည်လည်းမဟုတ်။ ခရစ်ယာန်အသိုင်းအဝိုင်းတို့ကြား၌ရှိသော ဆက်နွယ်မှုအ ကြောင်းကိုသာ ပြောဆိုသည်။ ခရစ်တော်၌ယုံကြည်ခြင်းသည် လူ့ထံကလာသည်မဟုတ်၊ ဘုရား သခင်ထံက လာသောအရာဖြစ်ပါသည်။ ယုံကြည်သူတစ်ဦးသည် ဘုရားသခင်က မွေးဖွါးစေခြင်း ဖြစ်ပြီး ယင်းကို ဒုတိယအကြိမ်မွေးဖွါးခြင်းဟု ခေါ်ပါသည်။ သို့ရာတွင် သူ သို့မဟုတ် သူမသည် ဘုရားသခင်၏မိသားစု၌ တစ်ဦးတည်းသောကလေးမဟုတ်ပါ။ သခင်ဘုရား၌ အခြားသော သားသမီးများစွာရှိပါသည်။ သူတို့အားလုံးသည် ယုံကြည်ခြင်းတရား၌ ညီအစ်ကိုများဖြစ်ကြပါသည်။ တူညီသောခမည်းတော်၏သားသမီးများဖြစ်ကြပါသည်။ ခမည်းတော်ကိုချစ်သောသူက သူ၏သား သမီးများကိုလည်းချစ်ကြပါသည်။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သူတို့သည် ယုံကြည်ခြင်း၌ ပါဝင်ခွင့်ရသူများဖြစ်ကြပါသည်။ ဘုရားသခင်ကိုချစ်ခြင်းမှာ ခိုင်မာသောအရာဖြစ်ပါသည်။ တနည်း အားဖြင့် ဘုရားသခင်ပိုင်ဆိုင်သောသူများနှင့်မိဿဟာရဖွဲ့ခြင်းကိုလည်း ဖြစ်စေပါသည်။ သူ၏ ပညတ်တော်၌ ဆက်နွယ်မှုလည်းရှိပါသည်။ ဤအရာအားလုံးကို လွှမ်းခြုံထားသော ယုံကြည်ခြင်း တရားသည် ဘုရားသခင်ထံကလာသော ဆုကျေးဇူးပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ထံကဖြစ်ပါသည်။ ၎င်းသည် လောကအရာကို အောင်မြင်သည်။ ယုံကြည်ခြင်းမီးလျှံ သည် ဘယ်သောအခါမျှ ငြိမ်းသွားမည်မဟုတ်။ ချစ်ခြင်းမေတ္တာနှင့်အတူ လောင်မြိုက်နေပေမည်။ ဘုရားသခင်၏ပညတ်တော်တို့သည် ယုံကြည်ခြင်းအတွက် လေးသောဝန်မဟုတ်ပါ။ ထိန်းသိမ်းရန် လွယ်ကူသောအရာဖြစ်ပါသည်။

ယောဟန်၏ပထမပေးစာစောင်သည် မယုံကြည်နိုင်စရာအကြောင်းများစွာဖြင့် အဆုံးသတ်ထားပါ သည်။ ဤနေရာ၌လည်း တူညီသောအရာပါရှိသည်။ ကျွနု်ပ်တို့သည် အလွန်အရေးပါသောအရာကို ကြည့်ရှုကြပါသည်။ တင်ပြထားသောယုံကြည်ခြင်းနှင့်ဆန့်ကျင်ပြီး ယုံကြည်ခြင်းကို မိမိကိုယ်ကို အ သစ်ပြုပြင်နိုင်ခွင့်မရှိပါ။ ဘုရားသခင်၏ဆုကျေးဇူးသာဖြစ်ပါသည်။ ကလေးတစ်ယောက် မွေးဖွါးလာ ခြင်းနှင့်အတူတူပင်ဖြစ်ပါသည်။ မိခင်တစ်ဦးသည် မွေးဖွါးခြင်းမရှိလျှင် ကလေးလည်း မွေးဖါွလာစရာ အကြောင်းမရှိ။ ဘုရားသခင်က ကျွနု်ပ်တို့ကို ဒုတိယအကြိမ်မွေးဖွါးစေခြင်းမရှိလျှင်၊ ဥပမာအားဖြင့် ယုံကြည်ခြင်းဆုကျေးဇူးကိုမပေးလျှင် ကျွနု်ပ်တို့၏ယုံကြည်ခြင်းမျိုးက အလျဉ်းမတတ်နိုင်ပါ။ မည်သို့ သော ဘာသာရေးလုပ်ဆောင်ချက်များကလည်း ကျွနု်ပ်တို့ကို အကူအညီမပေးနိုင်ပါ။ အသင်းတော် ၏ ပုံရိပ်ကိုလည်း မကောင်းမွန်စေနိုင်ပါ။ သို့မဟုတ် ကောင်းမွန်သော သာဓကမဖြစ်စေနိုင်ပါ။ အ ဘယ့်ကြောင့်ဆိုသော် ယုံကြည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ထံကလာသော ဆုကျေးဇူး တစ်ခုဖြစ်ပါသည်။ ဤအရာက ကျွနု်ပ်တို့အား သခင်ဘုရားရှေ့တွင် နှိမ့်ချစေပါသည်။ ဘုရားသခင် ထံဆုတောင်းပဌနာပြုစေသည်။ ကျွနု်ပ်တို့၌ ခွန်အားမရှိဘဲ ထောင်လွှားစရာအကြောင်းမရှိ။ ကျွနု်ပ် တို့သည် ဘုရားသခင်၏ကျေးဇူးတော်နှင့်ချစ်ခြင်းမေတ္တာကို နားလည်လာနိုင်ရန် ထိုဆုကျေးဇူးများ ကို ပေးထားခြင်းဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ဘယ်အရာမျှ လုပ်ဆောင်ခြင်းမရှိဘဲ ယုံကြည်ခြင်း ရောက်လာသည်ကို မစောင့်လိုကြပါ။ ကျွနု်ပ်တို့သည် ထိုသို့ဖြစ်လာရန် ဘုရားသခင်၏သန့်ရှင်း သောဝိညာဉ်တော်၏တန်ဆာပလာကို အသုံးပြုလိုသည်။ သန့်ရှင်းသော သမ္မာကျမ်းစာ၊ ဓမ္မဝတ် များတည်းဟူသော ဗတ္တိဇံမင်္ဂလာ၊ ဘိသိတ်ခြင်းနှင့်ပွဲတော်မင်္ဂလာတို့ကို အသုံးပြုလိုကြသည်။ ဘုရားသခင်သည် ထိုအရာများအားဖြင့် ကျွနု်ပ်တို့၌ အလုပ်လုပ်ပြီး ကျွနု်ပ်တို့၏ယုံကြည်ခြင်းကို ဖန်ဆင်းကာ စောင့်ထိန်းခဲ့ပါသည်။ ထိုအရာများမပါဘဲ ကျွနု်ပ်တို့အသက်တာ၌ အရေးကြီးသော နယ်ပယ်များတွင် အဘယ်အရာမျှ ဖြစ်ပေါ်လာစရာအကြောင်းမရှိပါ။

ကျွနု်ပ်တို့သည် ယုံကြည်ခြင်း၌ ညီအစ်ကိုမောင်နှမများဖြစ်ကြောင်းကို ပြောဆိုခဲ့ပြီးဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ဤသမ္မာကျမ်းစာကျမ်းပိုဒ်ကို လေ့လာသောအခါ ဤကျမ်းပိုဒ်သည် စကားလုံးလှလှ အသုံးပြုခြင်းမှတပါး အဘယ်အကျိုးမျှမရှိဟုသာ တွေးထင်တတ်ကြပါသည်။ ကျွနု်ပ်တို့၌ တူညီ သော ဘုရားသခင်ကို ပိုင်ဆိုင်ထားကြပါသည်။ ခွေးနှင့်ကြောင်အလား သားသမီးများ တစ်ဦးနှင့် တစ်ဦးကို မိဘများက ခိုက်ရန်ဖြစ်ဘွားစေလိုသော အိမ်ဟူ၍ရှိမည်မဟုတ်။ သားသမီးများကြား ပြစ်တင်မှုများ ရှိလိုကြမည်မဟုတ်။ မိသားစုဝင်အချင်းချင်းကြား၌ မထီလေးစားပြုမူခြင်းသည် မိဘ များအတွက် ခါးသီးသောအရာများဖြစ်ကြပါသည်။ တစ်ဦးကိုတစ်ဦး ချစ်ခြင်းသည် မိသားစုကို ဝမ်း မြောက်စေသည်။ ဘုရားသခင်၏မိသားစု၌လည်း ထိုနည်းအတိုင်းဖြစ်ပါသည်။ ဘုရားသခင်၏မိ သားစုထဲ၌ ရန်ငြိုးရန်စများရှိဖို့ အခန်းမထားသင့်ပါ။ ထိုနေရာ၌ ရန်ငြိုးရန်စ မရှိအံ့ပေ။

ဘုရားသခင်၏ပညတ်တော်များသည် မိမိတို့၏အကြံဉာဏ်ကိုသာ ဦးထိပ်ထားသူများအတွက် မဖြစ် နိုင်ပါ။ အကြောင်းမှာ မယုံကြည်သူများသည် ပညတ်တရားက ၎င်းတို့၏ဘုရားမဲ့အသက်ရှင်နေခြင်း ကို ဖော်ပြသည်။ မယုံကြည်မှုက ဘုရားသခင်၏ဉာဏ်ပညာကို ဝန်ခံသည်။ ယုံကြည်သူတစ်ဦး သည် ဤပေးစာကိုလေ့လာမှတ်သားခြင်းမှ အလေးအနက်ထားသည်အတိုင်း နည်းလမ်းပေါင်းများ စွာ၌ မစုံလင်သူများနှင့်အပြစ်နှင့်ပြည့်နှက်နေသူများဖြစ်ကြပါသည်။ ထို့ကြောင့် ဘုရားသခင်ပေး ထားသောယုံကြည်ခြင်းသည် ဘုရားသခင်ပေးထားသော ပညတ်တရားကို ဝန်ခံသည်။ ကျွနု်ပ်တို့အ ထဲ၌ တိုက်ခိုက်မှုရှိသည်။ မိမိကိုယ်အတွင်း၌ ဖြစ်ပါသည်။ မယုံကြည်မှုသည် ကျွနု်ပ်တို့အထဲ၌ ခရစ် တော်ကို ဆန့်ကျင်သည်။ ဥပမာအားဖြင့် ယုံကြည်ခြင်းဖြစ်ပါသည်။ ဤသို့ဖြစ်ပျက်မှုတွင် ကျွနု်ပ်တို့ သည် အကြွေစေ့တိုင်းကို ဆုပ်ကိုင်သည်၊ သို့မဟုတ် ယူရိုထောင်ပေါင်းများစွာကို စွန့်လွှတ်သည်။ ကျွနု်ပ်တို့သည် လက်စားချေမလား၊ အပြစ်ခွင့်လွှတ်ခြင်းကိုပြုမလား။ တစ်ခုခုကို ရွေးချယ်စရာဖြစ် လာပါသည်။ ကျွနု်ပ်တို့သည် တနင်္ဂနွေနေ့၌ အေးအေးဆေးဆေးအိပ်မှာလား၊ သို့မဟုတ် ဘုရား သခင်၏လူများနှင့်အတူ ရွေးနှုတ်ရှင်ကိုကိုးကွယ်ချီးမြှောက်ဖို့ ဝတ်ပြုအစီအစဉ်သို့သွားမှာလား ကျွနု်ပ်တို့၏ရွေးချယ်မှုဖြစ်သည်။

၅း ၅-၁၂ ကျွနု်ပ်တို့အားပေးသော ဘုရားသခင်၏သတင်းစကား

အလွန်ရိုးစင်းသောသတင်းစကားကို နောက်အပိုင်းတွင် တွေ့ရနိုင်ပါသည်။ လူတို့သည် ယေရှုအ ကြောင်းကို သက်သေခံပေးရုံသက်သက်မဟုတ်။ အရာအားလုံးကို သက်သေခံပါသည်။ ခမည်း တော်ဘုရားကိုလည်း သက်သေခံပါသည်။ သားတော်ယေရှုခရစ်ကို ဤသို့သက်သေခံပါသည်။ ဘုရားသခင်သည် သားတော်ယေရှုခရစ်၌ ကျွနု်ပ်တို့အား ထာဝရအသက်ကိုပေးသည်။ ကျွနု်ပ်တို့ သည် ခရစ်တော်ကိုပိုင်ထားလျှင် ထာဝရအသက်ကို ရရှိပါသည်။ ခရစ်တော်ကိုမရလျှင် ထာဝရ အသက်ကိုမရ။ ဘုရားသခင်က ဤသက်သေခံချက်ကို အကြိမ်ပေါင်းများစွာ ပေးထားပါသည်။ ခရစ်တော်ဗတ္တိဇံခံချိန်၌ ထိုအရာကို ပြန်လည်ပဲ့တင်ထပ်စေသည်။ သို့သော် ယေရှု၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၌လည်း ထင်ရှားသည်။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားသခင် ၏ကြီးမားသောအာမင်ဖြစ်ပါသည်။ ထိုအရာအားဖြင့် တလောကလုံး၏အပြစ်အတွက် သားတော်က ပေးအပ်သော ယစ်ကို သူလက်ခံကြောင်း ပြသထားသည်။ ထို့ကြောင့် ကယ်တင်ခြင်းအမှုအတွက် ဘုရားသခင်၏လုပ်ဆောင်ချက်သည် အလွန်ဆက်စပ်မှုရှိပါသည်။ သမိုင်းတွင်သည့် ယေရှု၏ မြေကြီးပေါ် အသက်ရှင်လျှောက်လှမ်းခြင်းနှင့်လည်း ဆက်စပ်မှုရှိပါသည်။

အပိုဒ် ၆-၈ အပိုင်းသည် ထိုအချိန်ကာလက မှားယွင်းသောအယူဝါဒရှိသူများက ယေရှု၏ဒုက္ခေ၀ ဒနာခံစားခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအကြောင်း ငြင်းဆိုကြသည်ကိုသိလျှင် နား လည်ရလွယ်ကူပါသည်။ ဘုရားသခင်သည် ယေရှုက ယောဒန်မြစ်၌ ဗတ္တိဇံခံယူချိန်၌ သားဖြစ် ကြောင်းဝန်ခံသည်ကို ကျွနု်ပ်တို့သိနားလည်ကြသည်။ သို့ရာတွင် သူတို့အတွက်မူ ယေရှုသည် ဘုရားသဏ္ဍာန်ယူပြီး ဒုက္ခဝေဒနာခံပြီး လက်ဝါးကပ်တိုင်၌ အသေခံနိုင်စရာအကြောင်းမရှိသည့် ဝိညာဉ်ဖြစ်သည်ဟု ခံယူကြပါသည်။ ဤမှားယွင်းသောအယူဝါဒများကိုဆန့်ကျင်လျက် ယောဟန် က အလွန်ရိုးစင်းပြီး နူးညံ့သောနည်းလမ်းဖြင့် သင်ကြားပေးပါသည်။ ဘုရားသခင်၏စစ်မှန်သော တရားကို သင်ကြားပေးပါသည်။ ယေရှုသည် စစ်မှန်သောဘုရားဖြစ်သည်သာမက လက်ဝါးကပ် တိုင်၌ အပြစ်ဖြေခြင်းအတွက် အသွေးတော်ကို သွန်းလောင်းသော လူသားစစ်စစ်လည်းဖြစ်ပါ သည်။ သူ၏ဗတ္တိဇံခံခြင်းက သူ၏သေခြင်းကဲ့သို့ တူညီသောအချက်များအကြောင်းကို သက်သေခံ နေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဤအရာအတွက် သက်သေဖြစ်ပါသည်။ ကျွနု်ပ်တို့၏ ဗတ္တိဇံမင်္ဂလာနှင့်ပွဲတော်မင်္ဂလာ၌ပါဝင်ခြင်းက ဘုရားသခင်သည် သန့်ရှင်းသောမြေ၌ တစ်ကြိမ်တစ် ခါသာပေးသည်မဟုတ်၊ အသင်းတော်အား အစဉ်အဆက်ပေးသည်ဟု ဆိုလိုပါသည်။

၅း ၁၃- ၂၁ ပေးစာ၏နိဂုံးပိုင်း

ပေးစာ၏နောက်ဆုံးအပိုင်းသည် အလွန်ဝမ်းမြောက်စရာစိတ်ချမှုဖြင့် အစပြုပြီး ဘုရားသခင်၏လူ အစစ်အမှန်တို့သည် ထာဝရအသက်ကိုပိုင်ဆိုင်ထားရကြောင်း၊ ဘုရားသခင်၏မွေးစားခြင်းကို ရရှိ ကြကြောင်း စသဖြင့်ဖြစ်ပါသည်။ ကျွနု်ပ်တို့၏ဆုတောင်းသံကို ကောင်းကင်ဘုံကနေ ဘုရားသခင် နားညောင်းတော်မူကြောင်း စိတ်ချမှုလည်းရှိပါသည်။ ဤအကြောင်းအရာတွင် ပထမဆုံးထွက် ပေါ်လာသောမေးခွန်းမှာ အခြားယုံကြည်သူများအတွက် တောင်းသော ဆုတောင်းပဌနာအကြောင်း ဖြစ်ပါသည်။ ကျွနု်ပ်တို့ဆုတောင်းသံကို တိတိကျကျနားညောင်းကြောင်း စိတ်ချမှုကိုပေးပြီး လူတစ် ဦးသည် သေခြင်းကိုဖြစ်စေသော အပြစ်ကိုမကျူးလွန်လျှင် အပြစ်ခွင့်လွှတ်ခြင်းတရားသည် ခရစ် တော်၏နာမတော်အဖို့အလို့ငှါသာဖြစ်သည်။

“သေခြင်းဖြစ်စေသောအပြစ်”နှင့် “သေခြင်းကိုမဖြစ်စေသောအပြစ်” ဖော်ပြခြင်းက ပေးစာကို ယခု အချိန်၌ဖတ်ရှုသူများကြား၌ ပဟေဠိဆန်သောမေးခွန်းပေါင်းများစွာကို ပေးထားပါသည်။ ဤအပြစ် ဒုစရိုက်များကို ပြစ်မှားနိုင်ပါသလား။ ဆုတောင်းခြင်းကနေပင်လျှင် ပယ်ထုတ်နိုင်သည့် ဤအပြစ်မျိုး ကို ကျူးလွန်နိုင်ပါသလား။

သမ္မာကျမ်းစာက ဖတ်ရှုသောသူများအား ကနဦးအသင်းတော်၏အခြေအနေအချို့နှင့်၎င်းတို့၏ လက်တွေ့လုပ်ဆောင်ပုံများကို သိရှိနားလည်ကြရန် မကြာခဏတောင်းဆိုထားပါသည်။ ကနဦးအ သင်းတော်က သနားခြင်းကရုဏာနှင့်အပြစ်ခွင့်လွှတ်ခြင်းတရားကို လိုအပ်သော အပြစ်သားများပါ ဝင်သည်ကို နားလည်ထားပါသည်။ လူတစ်ဦးအား အသင်းတော်ကနေ နှင်ထုတ်ရစေသည့် အကြောင်းရင်းများလည်းရှိပါသည်။ ထိုသို့သောအကြောင်းအရာတစ်ခုကို ရှင်ပေါလု၏ပထမကော ရိန္တုစာစောင်တွင် တွေ့ရပါသည်။(အခန်းကြီး ၅) တစ်ဦးတစ်ယောက်ကို အသင်းတော်ကနေ နှင် ထုတ်လိုက်သောအခါ ဘုရားသခင်၏ကျေးဇူးတော်နှင့်အပြစ်ခွင့်လွှတ်ခြင်းတရားသည် သူတို့အ တွက် မဟုတ်တော့ကြောင်း ရှင်းရှင်းလင်းလင်းသိစေပါသည်။ အသင်းတော်စည်းကမ်းကို တင်း ကြပ်ထားပါသည်။ သို့ရာတွင် ၎င်းသည် တိုင်းပင်ခြင်း၏အစိတ်အပိုင်းပင်ဖြစ်ပါသည်။ နှင်ထုတ် ခြင်းခံရသူများက သူတို့သည် နောင်တရပြီး ပြန်မလာလျှင် ငရဲသို့သွားရာလမ်းသို့ ရောက်နေကြ သည်ကို အနည်းဆုံးသိကြသည်။ သူတို့သည် နောက်တဖန် ပြန်လာပြီး အပြစ်ခွင့်လွှတ်ခြင်းတရား ကို ရရှိနိုင်ကြပါသည်။ သူတို့သည် သိုးခြံထဲသို့ပြန်လာပြီး မကောင်းသောအရာများကို စွန့်ပစ်မည် ဟုဆိုလိုသနည်း။ သို့မဟုတ် ဘုရားသခင်အားပြစ်မှားသောအပြစ်ကို စွန့်လွှတ်မည်ဟု ဆိုလိုသည်။ ၁ ယောဟန်၏အဓိပ္ပါယ်ပေါ်လွင်ထင်ရှားခြင်းမရှိသည့်စကားလုံးနောက်ကွယ်တွင် အလွန်လက် တွေ့ကျသောအရာရှိသည်။ အသင်းသားများကြားတွင် ဆက်လက်ပြီး အပြန်အလှန် ဆုတောင်း ပေးခြင်းရှိသည်။ အခြားသူများ၏အပြစ်အတွက် ဘုရားသခင်ထံကလာသော သနားခြင်းကရုဏာ ရှိစေဖို့ရန် ဆုတောင်းပဌနာပြုခြင်းရှိသည်။ အသင်းတော်မှနှင်ထုတ်ခြင်းခံရသူတို့သည် ခရစ်တော် ၏လုပ်ဆောင်ချက်ကို မဆုပ်ကိုင်နိုင်ကြပါ။ ဤဆုတောင်းခြင်းသည် သူတို့နှင့်တော့ မသက်ဆိုင်ပါ။ သူတို့အတွက် ဆုတောင်းသောအရာမှာ နောင်တရပြီး အပြစ်မှ ပြန်လှည့်လာရန်ဖြစ်ပါသည်။ ယင်း သည် အလွန်ကွဲပြားခြားနားသော အကြောင်းအရာဖြစ်ပါသည်။

ကျွနု်ပ်တို့အတွက်မူကား ကနဦးအသင်းတော်၌ အသင်းတော်စည်းကမ်းအကြောင်း သင်ယူလေ့လာ ရသည်မှာ အလွန်ပင် အံ့သြစရာကောင်းလှပါသည်။ ယနေ့အချိန်တွင် လက်တွေ့လုပ်ဆောင်ရန် အလွန်ပင် ခက်ခဲသောအရာဖြစ်ပါသည်။ သို့ရာတွင် ဤအရာအတွက် တစ်ခုတည်းသောအ ကြောင်းတရားမှာ ကျွနု်ပ်တို့တစ်ဦးချင်းစီနှင့်လွတ်လပ်သောအချိန်ကာလဖြစ်သည်။ နှစ်ပေါင်းတစ် ထောင်အသင်းတော်သမိုင်းနှင့်ကနဦးအသင်းတော်သည် ခြွမ်းချက်မဟုတ်။ ကျွနု်ပ်တို့သာဖြစ်သည်။ ငရဲသို့သွားရာလမ်းသည် အလွန်ကျဉ်းမြောင်းပြီး ကောင်းကင်သွားရာလမ်းသည် အလွန်ကျယ်ဝန်း သည်ဟု ကျွနု်ပ်တို့ထင်ပါသလား။ ကျွနု်ပ်တို့သည် လူတို့ကို သတိလည်းမပေးတော့ပါ။ သို့မဟုတ် တိုက်တွန်းခြင်းလည်း မပြုတော့ပါ။ ကနဦးအသင်းတော်တွင် ဘုရားသခင်၏ပြင်းထန်းမှုနှင့် ကျေးဇူး တော်အ ကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းသောနားလည်မှုရှိပါသည်။ ၎င်းက ပြင်းထန်းသောတိုင်း တာမှုကိုပြုသောအခါတွင် ကိုယ်နှင့်စပ်ဆိုင် သောသူအ ပေါ် တာဝန်ရှိစေပါသည်။ ကိုယ်နှင့်စပ်ဆိုင် သူအဖို့ ကျွနု်ပ်တို့၏တာဝန်ကား အဘယ်နည်း။ ကျွနု်ပ်တို့က “ကျွနု်ပ်သည် ညီကိုထိန်းကျောင်းသူ ဖြစ်ပါသလား” ဟု ကာဣန ကဲ့သို့မေးခွန်းထုတ်ကြမည်လော။

ပေးစာ၏နောက်ဆုံးအပိုဒ်တွင် ယောဟန်က ကျယ်ဝန်းသောအနှစ်ကို ပေးထားသည်။ ဘုရားသခင် ဖြစ်ဘွားစေသောသူသည် အပြစ်ကိုမပြု။ လောကကြီးရှိနေသကဲ့သို့ မကောင်းသောအမှုအရာ၏ ထိန်းချုပ်မှုအောက်သို့မရောက်ဟုဆိုထားသည်။ နောက်ဆုံးသောနေ့တွင် ကျွနု်ပ်တို့သည် စစ်မှန် သောဘုရားဖြစ်သောခရစ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်၍ ထာဝရအသက်ကို ရရှိကြပါ သည်။ သူ့ကို ငြင်းပယ်သမျှသောသူတို့သည် ရုပ်တုကိုးကွယ်သူများဖြစ်ကြသည်။ ယောဟန်က သူတို့ကို ဆန့်ကျင်ပြီး ခိုင်မာသောသတိပေးမှုကို ပြုလုပ်သည်။

ထို့ကြောင့် ပေးစာ၏နောက်ဆုံးစကားလုံးက ပေးစာတစ်ခုလုံးကဲ့သို့ တူညီသောအချက်ကို အလေး အနက်ထားသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏သားသမီးများအသက်ရှင်သင့်သည်အတိုင်း အ သက်ရှင်ရမည်။ လောကသားများအသက်ရှင်သည့်အတိုင်း အသက်မရှင်ရပါ။ ကျွနု်ပ်တို့သည် ခရစ် တော်၌တည်နေရမည်။ အဘယ့်ကြောင့်ဆိုသော ခရစ်တော်သည် အပြစ်သားများအတွက် တစ်ခု တည်းသော မျှော်လင့်စရာဖြစ်သည်။ ရှင်ယောဟန်ပထမစာစောင်၏သတင်းစကားအများစုမှာ ဤရှု ထောင့်နှစ်ခုနှင့်ကိုက်ညီမှုရှိဟန်တူပါသည်။ ဤသည်မှာ အလွန်နွေးထွေးသောပေးစာ၊ ကျွနု်ပ်တို့ အား ညှိနှိုင်းဆွေးနွေးပေးသောစာ၊ ထို့အပြင် ပြင်းထန်မှုများသည် စာရေးသူ၏ စာဖတ်သူများအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကို ပေါ်လွင်ထင်ရှားစေပါသည်။