ရှင်ယောဟန် သြဝါဒစာ တတိယစောင်

အင်တာနက်ပေါ်တွင် သမ္မာကျမ်းစာကို ဖတ်ရှုပါ။
ရှင်ယောဟန် သြဝါဒစာ တတိယစောင်


ဂါယုထံသို့ပေးသောစာတစ်စောင်

ရှင်ယောဟန်သြဝါဒစာ တတိယစာစောင်က ဒုတိယစာစောင်နှင့်တူညီသော အကြောင်းအရာကို သွန်သင်ထားပါသည်။ သို့ရာတွင် တည်ဆောက်ပုံမှာ လုံးဝကွဲပြားခြားနားသည်။ ဤပေးစာက လည်း ခရီးသွားနေသောဆရာများနှင့်ဒေသန္တရအသင်းတော်အကြောင်းကို ပြောဆိုပါသည်။ သို့ရာတွင် မှားယွင်းစွာကိုင်တွင်သော ဒေသန္တာရအသင်းတော်ခေါင်းဆောင်မှုကို ပြောဆိုထားပါ သည်။ ယခုအခါ ခရီးသွားဟောပြောနေသော ဆရာတို့သည် အခြေအနေကို အဆင်ပြေချောမွေ့ စေရန် လုပ်ဆောင်ကြသည်မှာ မှန်ကန်ပါသည်။

ဂါယု၊ အသင်းတော်သည် မှန်သောအရာကို လုပ်ဆောင်သည်။ ၃ ယော ၁-၄။

ရှင်ယောဟန်သြဝါဒစာ တတိယစောင်သည် ဒုတိယစောင်နှင့်မတူညီဘဲ ဒေသန္တာရအသင်း တော်ကို ဦးတည်ရေးသားခြင်းမဟုတ်။ ပေးစာကို လက်ခံသူမှာ “ဂါယု” ဖြစ်ပြီး ၎င်းထံသို့ “အသက်ကြီးသူ” က ရေးသားထားပါသည်။ အသက်ကြီးသူသည် ဤပေးစာတွင် မိမိကိုယ် ကို မိတ်ဆက်ထားခြင်းမရှိပါ။ ဒုတိယစောင်တွင်လည်း မိမိကိုယ်ကို မိတ်ဆက်ထားခြင်းမရှိ ပါ။ သူသည် ကိုယ်နှင့်စပ်ဆိုင်သောသူတို့တွင် လူသိများသော သူဖြစ်ပါသည်။ သူ၏အခွင့် အာဏာသည် အငြင်းပွားစရာမရှိပါ။

ဂါယုသည် ရောမ၏ပထမနာမည်တစ်ခုဖြစ်ပါသည်။ ဤနာမည်နှင့်ပတ်သက်ပြီး ကန့်သတ်မှုအ နည်းငယ်ရှိပါသည်။ အများစုက တူညီမှုရှိပါသည်။ ထိုအကြောင်းကြောင့် ကောရိန္တုအသင်းတော် တွင် ဂါယုဟူသောနာမည်နှင့်ဆက်စပ်မှုရှိသောအရာတွေကို ရှာဖွေတွေ့နိုင်ဖို့ ခက်ခဲပါသည်။ သူ၏ နာမည်အပြည့်အစုံမှာ ဂါယုတိတုဂျစတပ်စ်ဖြစ်ပါသည်။ ရောမနိုင်ငံသားများရှိသောနေရာများတွင် ဂါယုများစွာရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် ဤပေးစာတွင် ဖတ်ရသောနာ မည်ထက် အခြားနာမည်အကြောင်း ဘာတစ်ခုမှမပြောနိုင်ပါ။ ကျွနု်ပ်တို့တွေ့မြင်သည်အတိုင်း တင့် သင့်မျှတသော သတင်းသာရရှိကြပါသည်။ အသက်ကြီးသူသည် ခက်ခဲသောအသင်းတော်အခြေ အနေတွင် ရှိနေသော်လည်း သမ္မာတရားပေါ်တွင် ရပ်တည်သော ဤလူကို ချစ်ခင်မြတ်နိုးသည်။ ဥပမာအားဖြင့် သူသည် မှန်ကန်သောနည်းလမ်းဘက်တွင် ရပ်တည်လေ့ရှိပါသည်။

မှန်သောဆရာများ ၃ ယော ၅- ၈

အသက်ကြီးသူ၏အနည်းငယ်သောစကားက ကနဦးအသင်းတော်များအကြောင်းနှင့်ပတ်သက်ပြီး တန်ဖိုးမဖြတ်နိုင်သော သမိုင်းဆိုင်ရာအချက်အလက်များကို နားလည်စေပါသည်။ အသက်ကြီးသူ ၏ခိုင်မာသောအထောက်အပံ့ကိုပေးသည့် ခရီးသွားပြီးဟောပြောနေသော ဆရာတစ်စုရှိပါသည်။ ဂါယုသည် ဤခရီးသွားများကို ကြိုဆိုလက်ခံသည်။ သူတို့ကို စောင့်ရှောက်သည်။ ထို့အပြင် သူတို့ ကို ကူညီစေလွှတ်သည်။ ထိုအကြောင်းကို အသက်ကြီးသူက ကြားသိခဲ့သည်။ ထို့အပြင် ထိုအ ကြောင်းကြောင့် သူသည် အလွန်ပင် ကျေနပ်အားရမှုရှိပါသည်။ ဤခရီးသွားဟောပြောနေသူများ ကို ပြုစုစောင့်ရှောက်ရန်မှာ သူတို့၏အဓိက အကြောင်းအရာမဟုတ်။ အခြားသူများထံ၌ သူတို့ သည် အဘယ်အရာကိုမျှ မတောင်းဆိုကြပါ။ သူတို့သည် ခရစ်တော်၏နာမတော်အတွက်သာ ခရီး သွားဟောပြောနေကြသည်။ သူတို့အသက်တာကို တပါးအမျိုးသားများအတွက် အခွင့်ရေးမယူလို ကြပါ။ ထို့ကြောင့် သူတို့သည် ရှင်ပေါလုက ၎င်း၏ဧဝံဂေလိလုပ်ငန်းတွင် အခြားသူများကို အသုံး တော်ခံမလုပ်ဆောင်ခဲ့သည်အတိုင်း သူတို့သည် ထိုလမ်းကို ရွေးချယ်ကြပါသည်။

ဒိုင်ယိုထရာဖင်နှင့်ဒေမေတရိ ၃ယော ၁၀-၁၁

ယခုအခါ အသက်ကြီးသူက စာရေးသားရသည့်အကြောင်းကို ဖော်ပြထားပါသည်။ ပြဿ နာမှာ ဒိုင်ယိုထရာဖင်အမည်ရှိသော လူတစ်ဦးပါ။ သူသည် တကယ်တော့ “အသင်းတော် ကို ကျေနပ်ဖို့ဦးဆောင်လိုသည်။” သို့ရာတွင် သူသည် အသင်းတော်တွင် ခေါင်းဆောင်ဖြစ် ဖို့ ကြိုးစား ရုန်းကန်နေသူမဟုတ်ပါ။ ထိုနေရာတွင် ရှိနှင့်နေပြီးသောသူဖြစ်ပါသည်။ အခွင့် အာဏာကို ကောင်းကောင်းအသုံးချနေသူဖြစ်ပါသည်။ အသက်ကြီးသူက ခရီးလှည့်လည် ဟောပြောနေသောသူတို့ကို သူသည် သိရှိထားကြောင်း မှတ်ချက်ပေးသည့်စာပုံစံဖြင့် အ သင်းတော်ကို ရေးသားထားခြင်းဖြစ်ပါသည်။ သို့ရာတွင် ဒိုင်ယိုထရာဖင်သည် ထိုအကြောင်း ကို လုံးဝငြင်းပယ်ထားပါသည်။ သူသည် အသက်ကြီးသူတို့၏အခွင့်အာဏာကို လူသိရှင် ကြား ငြင်းပယ်သည်။ ခရီးသွားပြီး သွန်သင်ပေးသောသူများကိုလည်း ပြစ်တင်ရှုတ်ချသည်။ ထို့အပြင်၊ သူတို့ကို အိမ်၌ခေါ်ထားသောသူများကိုလည်း အသင်းတော်ကနေ ပထုတ်လိုက် သည်။ ထို့ကြောင့် သူသည် ယောဟန် ဒုတိယစာစောင်တွင် သွန်သင်သည့်အတိုင်း သွန် သင်ထားပါသည်။ သို့ရာတွင် မှားယွင်းသောလူများအပေါ် ညွှန်းကြားချက်ကိုအထူးသက် ရောက်စေပါသည်။ ထို့ကြောင့် အသက်ကြီးသူသည် အသင်းတော်ကိုပြန်လာပြီး ဒီအ ကြောင်းကို အသင်းတော်ရှေ့တွင် ချပြမည့်အချိန်သည် ရောက်လာမည်ဟု ဆိုရသည့်အ ကြောင်းရင်းပင်ဖြစ်ပါသည်။

ဒေမေတရိသည် ဒိုင်ယိုထရာဖင်၏ ငြင်းပယ်ခြင်းကိုခံရသည့် လှည့်လည်ဟောပြောသောသူ ဖြစ်ပါသည်။ ငြင်းပယ်ခံရသူဖြစ်သည်။ သို့မဟုတ် ရာထူးကနေ ထုတ်ပယ်ခံရသူဖြစ်ပါသည်။ သို့ရာတွင် ဒေမေတရိသည် မှန်ကန်သောအရာကို လုပ်ဆောင်သည်။ သူတပါးရှေ့တွင်သာ မက အသက်ကြီးသူရှေ့၌ပင် သက်သေကောင်းကို ပြုသောသူဖြစ်ပါသည်။ သမ္မာတရားကို ဟောပြောသူလည်းဖြစ်ပါသည်။ ဘုရားသခင်က ဤသက်သေကို မည်သို့ပေးထားသည်ကို ကျွန်တော်ပင် နားမလည်နိုင်ပါ။

နောက်ဆုံးနှုတ်ဆက်ခြင်း ၃ ယော ၁၃- ၁၅

နောက်ဆုံးနှုတ်ဆက်ခြင်းသည် ရှင်ယောဟန်သြဝါဒစာ ဒုတိယစောင်၏အဆုံးသတ်ပိုင်းနှင့် ဆင်တူပါသည်။ ဤနေရာတွင် ညွှန်ကြားချက်ကို အကျဉ်းချုံးမျှ ရေးသားထားပြီး ရှင်းရှင်း လင်းလင်းလည်း ရေးသားထားပါသည်။ သို့ရာတွင် မကြာခင် အားလပ်ရက်တွင် မျက်နှာ ချင်းဆိုင် စကားပြောဖို့ဖြစ်နိုင်ပါလိမ့်မည်။ ယခုတွင် ပေးထားရမည့် ညွှန်ကြားချက်သည် အလွန်များပြားသည်။ ခက်ခဲသည့်အခြေအနေတွင် အသက်ကြီးသူက မိမိမိတ်ဆွေများအား တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကြရန် တောင်းဆိုသည်။ ဒိုင်ယိုထရာဖင်သည် အခြားသူများ ကဲ့သို့ မိမိအခွင့်အာဏာကို သတိမမူမိသည်မှာဖြစ်နိုင်ပါသည်။ သူတို့သည် အခြေအနေကို သတိပြုရမည်။ ဤအကြောင်းအရာများကား အဘယ်သို့နည်း။

ဂါယု၊ ဒိုင်ယိုထရာဖင်၊ နှင့်ဒေတရိတို့သည် ကျွနု်ပ်တို့သိသောသူများမဟုတ်ရင်တောင် အစိတ်အပိုင်းအများစုတွင် ဖြစ်ပျက်လာမည့်အရာများစွာကို နားလည်ရလွယ်ကူသည်လည်း ဖြစ်နိုင်ပါသည်။ ထို့အပြင် သူတို့ကိုလည်း ၎င်းတို့၏အခန်းကဏ္ဍတွင်လည်း တွေ့မြင်ဖို့ လွယ်ကူပါသည်။ ဒိုင်ယိုထရာဖင်သည် အသင်းတော်ကို ကြည့်ရှုသောသူဖြစ်ပါသည်။ ဂါယု သည် အသင်းတော်၏အသင်းသားဖြစ်ပါသည်။ ဒေမေတရိသည် အသက်ကြီးသူ၏ ထောက်ခံစာနှင့်အတူ ဂါယုထံသို့ရောက်လာသော လှည့်လည်တရားဟောသူဖြစ်ပါသည်။ ဒိုင်ယိုထရာဖင်သည် လှည့်လည်တရားဟောဆရာကို လက်မခံ၊ အသက်ကြီးသူ၏အခွင့်အာ ဏာကိုလည်း လူသိရှင်ကြား တိုက်ခိုက်သည်။ ထိုအကြောင်းကြောင့်၊ အသက်ကြီးသူက ဒိုင်ယိုထရာဖင်ကို လစ်လျူရှုပြီး အသင်းသားဖြစ်သောဂါယုဘက်သို့လှည့်သွားသည်။ ထို့အပြင် အသင်းတော်ခေါင်းဆောင်မဟုတ်သည့်တိုင်အောင် ခရီးလှည့်လည် တရားဟော ပြောသောဆရာကို ကြိုဆိုလက်ခံရန် တိုက်တွန်းနှိုးဆော်ပါသည်။

အဓိက အကျဉ်းချုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါသည်။ သို့ရာတွင် မေးခွန်းတော့ စတင်ရ ပါတော့မည်။ ဒိုင်ယိုထရာဖင်သည် ခံယူချက်ဆိုင်ရာအကြောင်းတရားကြောင့် ခရီးလှည့် လည်ဟောပြောနေသော ဆရာများကို ငြင်းပယ်ပါသလား။ သို့မဟုတ် မှန်ကန်သည့်ရပ် တည်မှုတွင်ရှိသော သိုးထိန်းတစ်ယောက်ဖြစ်ပါသလား။ မိမိကိုယ်ကို အရေးပါသောသူဟု သတ်မှတ်နေသူဖြစ်သလော။ မတူညီသောကိုယ်ရေးကိုသာ သို့မဟုတ် တန်ခိုးကို ဆာငတ် ခြင်း စသောမေးခွန်းသာဖြစ်သည်မှာ ယုံကြည်ရခက်ပါသည်။ ယုံကြည်ဖို့ ပိုမိုခက်ခဲသောအ ရာမှာ အကြောင်းအရာတို့သည် မတူကွဲပြားခြားနားသည်ဟူသော အယူအဆဖြစ်ပါသည်။ အသင်းတော်နည်းစနစ်နှင့်ဆန့်ကျင်မှုရှိနေပါသည်။ မှန်းဆမှုဖြစ်နိုင်ခြေအရှိဆုံးမှာ ဒိုင်ယို ထရာဖင်သည် ခံယူချက်ဆိုင်ရာအကြောင်းတရားများကြောင့် ခရီးလှည့်လည်ဟောပြောသူ များကို ငြင်းဆန်တိုက်ခိုက်သည်။ သူသည် ဤအချက်တွင် မှားယွင်းစွာ လုပ်ဆောင်သည်။ ထို့ကြောင့် သူ့ကို အဘယ်သူမျှ နာခံမှုမပြုပေ။

နောက်ဆုံးတွင် မည်သို့အဆုံးသတ်မည်ကို ကျွန်တော်တို့မသိပါ။ ဒိုင်ယိုထရာဖင်က နောက် ဆုံးတွင် အနိုင်ရပြီး ဂါယုကို အသင်းတော်ကနေ နှင်ထုတ်နိုင်မလားမသိပါ။ သို့ရာတွင် ဂါယု ၏အိမ်သည် အသင်းတော်ကို ဒိုင်ယိုထရာဖင်လက်ထဲကနေ အသက်ကြီးသူများနှင့်၎င်း၏ မိတ်ဆွေများက ပြန်လည်လုယူရန် အခြေချသည့်နေရာဖြစ်နိုင်ခြေရှိပါသည်။ လူတစ်ဦးက ဤပေးစာကို ကောင်းစွာ ထိန်းသိမ်းပြီး အနာဂတ်မျိုးဆက်များအတွက် ကူးယူနိုင်ပါသည်။ ထိုကဲ့သို့ မည်သူလုပ်ဆောင်မည်နည်း။ ဂါယု သို့မဟုတ် အသက်ကြီးသူနှင့် ၎င်း၏အဖွဲ့က လုပ်ဆောင်ကြမည်လော။ သို့ရာတွင် ကျွနု်ပ်တို့သည် မှားယွင်းသောသိုးထိန်းကို အသင်း တော်တွင် မည်သူမျှ နာခံမှုပြုကြမည်မဟုတ်သည်ကိုတော့ အနည်းဆုံး နားလည်ထားရပါ မည်။

ကျွနု်ပ်တို့သင်ယူလေ့လာသောအရာကား အဘယ်နည်း။

ရှင်ယောဟန် ဒုတိယနှင့်တတိယစာစောင်တို့က ကျွနု်ပ်တို့အတွက် မတူညီသည့်အခြေအ နေနှစ်ခုကို ဖော်ပြပါသည်။ ပထမတစ်ခုမှာ အသင်းတော်သည် မှန်ကန်သောရပ်တည်မှုတွင် တည်ရှိသော်လည်း ခရီးလှည့်လည်ဟောပြောသူတို့သည် မှားယွင်းစွာ ဟောပြောသွန်သင် ကြပါသည်။ ဒုတိယအချက်မှာ အသင်းတော်သည် မှားယွင်းသောရပ်တည်မှုတွင်ရှိကြပြီး၊ ခရီးလှည့်လှည်ဟောပြောသူတို့သည် မှန်ကန်သောတရားကို ဟောပြောကြပါသည်။ ကျွနု်ပ် တို့သည် ဤအချက်ကို မိမိအချိန်ကာလနှင့်အခြေအနေတွင် မည်သို့လက်တွေ့အသုံးချ မည်နည်း။

ကျွနု်ပ်တို့အသင်းတော်သည် လူသရင်ယုံကြည်ချက်အပေါ် ရပ်တည်ကာ စင်ကြယ်သော တရားကို ထိန်းသိမ်းလိုကြပါသည်။ စင်ကြယ်သောတရားကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ဘီရှေခ့်(သင်းအုပ်) များ၏အလုပ်ဖြစ်ပါသည်။ မှားယွင်းသော သွန်သင်ချက်များက မည်သည့်အသင်းဝင်များကိုမျှ မပျက်စီးစေရန်အတွက် မှားယွင်းသောသွန်သင်ချက်များကို တိုက်ခိုက်ဖျက်ဆီးရန် ရည်ရွယ်ထားပါသည်။

ရှေးဦးစွာ၊ ကျွနု်ပ်တို့သည် မှားယွင်းသောဆရာများကို မျက်နှာသာလုံးဝမပေးရန် သင်ယူ လေ့လာကြပါသည်။ ဥပမာအားဖြင့် ကျွနု်ပ်တု့ိသည် ယေဟောဝါသက်သေများ သို့မဟုတ် မော်မွန်းတို့ကို အိမ်သို့ခေါ်ဖိတ်မည်မဟုတ်။ သူတို့သည် အသင်းတော်သို့လာရောက်ပြီး တရားဟောနိုင်အောင် ခေါ်ဖိတ်ဖို့ မသင့်လျော်သောသူများဖြစ်ကြောင်းကို ဘီရှော့ခ်က သေချာလုပ်ဆောင်ရပါမည်။ကျွနု်ပ်တို့သည် သူတို့၏စာအုပ်ကို ဝယ်ဖို့အဆင်မပြေသကဲ့သို့ သူတို့မဂ္ဂဇင်းများကိုလည်း သဘောကျနှစ်သက်ကြောင်းလည်း ဖော်ပြမည်မဟုတ်ပါ။ လုံး၀ မောင်းထုတ်ပစ်မည်ဖြစ်ပါသည်။ မှားယွင်းသောအယူဝါဒသည် ပေါ့သေးသေးကိစ္စမဟုတ်ပါ။ လုသရင်ရှုထောင့်အနေဖြင့်ကြည့်လျှင် ၎င်းသည် ကျွနု်ပ်တို့အလယ်၌ ဘုရားသခင်၏နာမကို ရှုပ်ချဖို့ဖြစ်စေသော အရာပင်ဖြစ်ပါသည်။

ဒုတိယအချက်အနေဖြင့် ကျွနု်ပ်တို့သည် အသင်းတော်ရှိ တရားဝန်ရာထူးအဆင့်သည် လူတစ်ဦး အား ယုံကြည်စရာမဟုတ်ကြောင်းကို နားလည်စေသည်။ အသင်းတော်ကို ထိန်းကျောင်းဦးဆောင် သောသူတို့သည် တမန်တော်တို့၏အယူဝါဒကို စောင့်ရှောက်ဖို့ တာဝန်အပြည့်ရှိကြပါသည်။ သူတို့ သည် ဘုရားသခင်ထံကနေ သွေဖည်ကြလျှင် အခွင့်အာဏာကိုလည်း အလွဲသုံးစားနိုင်ကြပါသည်။ သူတို့သည်ဆောက်ထားသော အရာကိုလည်း လစ်လျူရှုထားသင့်ပါသည်။ အသင်းတော်အပြင် ဘက်ကဖြစ်သော်လည်း မှန်ကန်သောတရား၌ရပ်တည်သောသူကို မျက်နှာသာပေးထားရပါမည်။ သို့ဖြစ်၍ အသင်းတော်၌ လူတစ်ဦး၏အဆင့်အတန်း ရာထူးသည် အဓိကမဟုတ်။ သို့ရာတွင် တမန် တော်တို့၏ယုံကြည်ခြင်းတရား၌ တည်နေခြင်းသာ အဓိကကျပါသည်။ လူတစ်ဦးက မည်သို့ပင် ဆိုနေပါစေ မှားယွင်းသောသင်းအုပ်သည် မှားယွင်းနေဆဲဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းကို ဖော်ပြသော အသင်းတော်၏သာမန်အသင်းသားတစ်ယောက်သည်လည်း မှန်ကန်နေဆဲဖြစ်ပါ သည်။ ဤအချက်တွင် ထိုအကြောင်းနှင့်ပတ်သက်ပြီး ကျွနု်ပ်တို့အတွက် စဉ်းစားရမည့်အကြောင်း အရာများစွာရှိပါသည်။