ရှင်ပေါလု၏ ကောရိန္တုသို့ပေးစာ ပထမစောင်နှင့်ပတ်သက် ၍အနက်ဖွင့်ကျမ်း

နိဒါန်း

ဥရောပတိုက်၌ ရှင်ပေါလု၏သာသနာလုပ်ငန်းသည် လွယ်လွယ်ကူကူအစပြုသည်မဟုတ်။ တမန် တော် ၁၅ ကို လေ့လာကြည့်လျှင် ပေါလုနှင့်သိလတို့ကို ထောင်ထဲ၌ မည်သို့ချထားသည်ကို မြင်ရ ပါသည်။ ပေါလုသည် အသတ်ခံရမည်ကိုစိုးရိမ်ကြသဖြင့် သက်သာလောနိတ်နှင့်ဗေရိမြို့သို့ သွား စေကြသည်။ (တမန် ၁၇) ထိုအချိန်ကာလက မြို့တော်ဖြစ်သောအေသင်မြို့တွင် ဧဝံဂေလိတရား ကို အစပြုခဲ့သည်။ ဤသင်ခန်းစာသည် မှတ်ဉာဏ်တွင် လန်းဆန်းနေဆဲဖြစ်သည်နှင့်အညီ ပေါလု သည် အေသင်မြို့မှ ကောရိန္တုမြို့သို့ ခရီးသွားခဲ့သည်။ ထိုမြို့သည် ကောင်းသတင်းမရှိသည့်မြို့ဖြစ် ပါသည်။ ရှင်ပေါလုက ကောရိန္တုမြို့သို့ ဤသို့ရေးသားသည်မှာ အံ့သြစရာမရှိပါ။

“သင်တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် တကွ ငါရှိနေ၏။” (၁ ကော ၂း ၃)

ကြောက်ရွံ့သောစိတ်နှင့်အတူ ပေါလုသည် ကောရိန္တုမြို့သို့ ရောက်ရှိသွားခဲ့သည်။ သူ သည် သခင်ဘုရား၏သတင်းယူဆောင်သူအဖြစ် တစ်နှစ်ခွဲလောက် လုပ်ဆောင်ရန် အ ခွင့်အရေးရရှိသည်။ ထိုအကြောင်းကို တမန်တော် ၁၈ တွင် ဖော်ပြထားပါသည်။ ဘုရား သခင်က လူ့အတွေးအခေါ်အားလုံးကို ဆန့်ကျင်လျက် ပေါလုအား မိန့်တော်မူသည်မှာ ကောရိန္တုမြို့၌ လူများစွာရှိကြသည်။ ဘုရားသခင်သည် ကတိပေးထားသောအရာများကို အမှန်တကယ် လုပ်ဆောင်ပြီး စိတ်နှလုံးများစွာကိုလည်း ရုပ်တုကိုးကွယ်ခြင်းမှ ခရစ် တော်ထံသို့ ပို့ဆောင်ပေးခဲ့သည်။

တရားဇရပ်၌ ရှင်ပေါလု၏လုပ်ငန်းများသည်လည်း ဂျူးလူမျိုးတို့၏ဆန့်ကျင်မှုကြောင့် မ ကြာခင်ရပ်တန့်ရတော့မည်။ သို့သော် ရှင်ပေါလုသည် ယတ္တုအမည်ရှိသော သာသနာပ လူပိုင်ဆိုင်သည့် အိမ်နီးချင်းများထံသို့သွားပြီး ဆက်လက်တရားဟောနေသေးသည်(တ မန် ၁၈း ၆-၇) ယုဒလူများနှင့်အခြားလူတို့၏ခြားနားချက်မှာ ကျွနု်ပ်တို့သိသည်ထက် ပို၍ နက်ရှိုင်းသည်။ ဧဝံဂေလိတရားသည် ဤလူစုများကြားတွင် တံတားတစ်ခုသဖွယ်ဖြစ်ပါ သည်။ ကောရိန္တုအသင်းတော်ဝင်များစွာတို့သည် အရင်က ဘုရားမဲ့များဖြစ်ကြသည်။ သို့ရာတွင် ယုဒလူမျိုးများကြား၌လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။

သူတို့မြို့တွင်ဖြစ်ပျက်သောခက်ခဲမှုများကို ကောရိန္တုမြို့တွင် တွေ့ကြုံသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ တွင် ၊ အာခင်ရောမအင်ပါယာ၊ ပရိုကွင်စူလူစိုင်း ဂျူနီယက်ကာလီယို တို့သည် ယုဒလူမျိုးများက ပေါလုကို ဆန့်ကျင်သည့်မြို့မှ စွပ်စွဲမှုများကို သိမှတ်ရန် လို အပ်ခဲ့ပါသည်။ သို့ရာတွင် ပရိုကွင်ဆယ်သည် ဘာသာရေးနှင့်ပတ်သက်ပြီး ဥပဒေအရ ကိုင်တွယ်ရန် ငြင်းဆန်ခဲ့သည်။ ပေါလုသည် လွတ်မြောက်လာသော်လည်း သူ့အလုပ် ကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။ ထိုသို့မလုပ်ဆောင်မှီ ကောရိန္တုမြို့ တွင် အသင်းတော်အုတ်မြစ်ကို တည်ထောင်ခဲ့သည်။ ၎င်းသည် အသင်းတော်အဖွဲ့အ စည်းကြီးတစ်ခုဖြစ်လာပါတော့သည်။ ကောရိန္တုမြို့သို့ရေးသားသော ရှင်ပေါလု၏ပေးစာ သည် ဓမ္မသစ်ကျမ်းတွင် အရေးကြီးဆုံး အစိတ်အပိုင်းထဲ၌ ပါဝင်နေပါသည်။

ကောရိန္တုအသင်းတော်သည် ရှင်ပေါလုအတွက် နည်းလမ်းပေါင်းများစွာဖြင့် ခက်ခဲနေပါ သည်။ ထိုအကြောင်းကြောင့် ရှင်ပေါလုက ဤပေးစာကို ရေးသားထားခြင်းဖြစ်ပါသည်။ ဤပေးစာက ကောရိန္တုယုံကြည်သူများအား အဆင်ပြေချောမွေ့စွာ ဖတ်ရှုနိုင်သည့် ပေး စာကို ဖတ်ရှုစေနိုင်မည်ဖြစ်သည်။

ကောရိန္တု- အပြစ်နှင့်ပြည့်နှက်သောမြို့တစ်မြို့

ကောရိန္တုတွင် ရှေးဟောင်းနှင့်အသရေရှိသည့်သမိုင်းကြောင်းရှိသည်။ ပင်လယ်နှစ်ခု ကြား ကုန်းလေးတစ်ခုတွင် တည်ရှိသည်။ ဂရိလူမျိုးတို့သည် သဘောၤရွက်လွှတ်ခြင်းကို သင်ယူလေ့လာကြပြီးနောက် မြို့သည် ပင်လယ်စီးပွါးရေးအချက်အချာကျသော မြို့ဖြစ် လာသည်။ ရှေးခေတ် ဂရိတွင်(၄၈၀-၃၃၀ ဘီစီ) ကောရိန္တုသည် ပင်လယ်ကုန်သွယ်ရေး စခန်းအဖြစ်မှ တိုးတက်ချမ်းသာလာသည်။

ဂရိတို့ကို ဖိလိပိ ၂ နှင့်အလက်ဇန္ဒားဂကိတ်တို့ဦးဆောင်သည့် မက်ဆီဒိုးနီးယားက သိမ်း ပိုက်ထားသည်။ ထို့နောက်တွင် ရောမကလည်း နောက် နှစ်ပေါင်း ၁၀၀ တွင် သိမ်းပိုက် ပြန်သည်။ ဆိုလိုသည်မှာ ဂရိမြို့၏အသက်သေအထောက်အထားများကို ဆိုလိုခြင်းပင် ဖြစ်ပါသည်။ ကောရိန္တု၏ခေါင်းဆောင်မှုအောက်တွင် သူတို့သည် ရောမကို ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသည်။ ရောမတို့သည် ဘီစီ ၁၄၆ တွင် ဂရိတစ်ခုလုံးကို သတိပေးသည့် အနေဖြင့် ကောရိန္တုမြို့ကို ဖျက်ဆီးသည်။

နောက် နှစ်တရာကြားလာပြီးနောက် ဘီစီ ၄၆ တွင် ကာရဂျူလီယက်ဆီဇာသည် ရောမ ကိုလိုနီတစ်ခုအဖြစ် မြို့ကို ပြန်လည်တည်ထောင်ခဲ့သည်။ ကောင်းသည့်နေရာသည် အသက်ပါသောမြို့အဖြစ် မကြာခင်ရောက်ရှိလာသည်။ ဘီစီ ၂၉ ခုနှစ်အစောပိုင်းတွင် အာခိတို့နယ်မြေ၏အဓိကမြို့ဖြစ်လာပြီး ပရိုကွင်ဆူ၏စီမံခန့်ခွဲမှုရှိသောမြို့အဖြစ်သို့ ရောက်လာသည်။

ရှင်ပေါလု၏လက်ထက်တွင် မြို့သည် ယနေ့ခေတ်ကာလကဲ့သို့ပင် မကောင်းသည့်အရာ များနှင့်ပြည့်နှက်နေပါသည်။ ရေတွက်မရနိုင်လောက်အောင် များပြားသည့် ဆိုးသွင်းမှု များရှိပါသည်။ ငွေကြေးကြွယ်ဝချမ်းသာသူများ ပေါများသလောက် ဆင်းရဲချို့တဲ့သူများ လည်း ပေါများသည်။ သူတို့အသက်တာတွင် ဘာသာတရားသစ်အယူအဆများစွာ စီး ဆင်းသည်။ ၎င်းတို့က ကောရိန္တုအသင်းတော်ကို လွှမ်းမိုးထားသဖြင့် ကောရိန္တုပေးစာ တွင် ထိုအကြောင်းအရာများကိုထည့်သွင်းရေးသားထားပါသည်။

ပေါလုနှင့်ကောရိန္တုအကြား ပေးစာ၏အလဲအလှယ်

ပေါလုနှင့်ကောရိန္တုကြားရှိပေးစာများ၏အလဲအလှယ်နှင့်ပတ်သက်ပြီး ကျွနု်ပ်တို့သည် ပေးစာအချို့သာ ရှိကြသည်။ မူရင်းစာမည်မျှပေးပို့ထားသည်ကို လုံးဝမသိကြပါ။ ၁ ကော ၁း ၁၁ နှင့် ရး ၁ တွင် ကောရိန္တုမြို့ကနေ ရှင်ပေါလု လက်ခံရရှိသော စာအ ကြောင်းကို ဖော်ပြထားပါသည်။ ကောရိန္တု ၅း ၉ တွင် ရှင်ပေါလုက ကောရိန္တုသို့ပေးပို့ သော စာအကြောင်းကို ပြောဆိုသည်။

သေချာသိရှိရန်မှာ မဖြစ်နိုင်ပါ။ သို့ရာတွင် ပေးစာ၏အလဲအလှယ်ကို အောက်ပါအတိုင်း အကျဉ်းချုံးဖော်ပြထားပါသည်။ ကောရိန္တုပထမစာစောင်တွင် ပေါလုသည် ကောရိန္တုမြို့ရှိအားလုံးသောသူတို့သည် ကောင်းမွန်စွာအသက်ရှင်ကြခြင်းမရှိကြောင်းကို လက်ခံရရှိပါသည်။ သူသည် တိမောသေကို ကောရိန္တုမြို့သို့စေလွှတ်ခဲ့သည်။ (၁ ကော ၄း ၁၇) သို့သော် တိမောသေ သည်လည်း အခြေအနေကို ကောင်းမွန်စွာ မထိန်းသိမ်းတတ်ပါ။ မထိန်းသိမ်းနိုင်ပါ။ ရှင်ပေါလုက ပထမစာစောင်ကိုရေးသားရသည်မှာ ထိုအကြောင်းကြောင့်ဖြစ်ပါသည်။ ပေါလုပေးပို့သောစာကလည်း ပြဿနာကို မဖြေရှင်းပေးနိုင်ပါ။ တမန်တော်ပေါလုသည် ထိုနေရာသို့ ကိုယ်တိုင်သွားရမည်။ သူသည် ထိုနေရာသို့ အလည်အပတ်သွားမည့်အ ကြောင်းကို ၂ ကော ၁၃း ၂ တွင် ဖော်ပြထားပါသည်။

ရှင်ပေါလု၏ ကောရိန္တုသို့ ဒုတိယအကြိမ် အလည်အပတ်သွားခြင်းသည် ရှုံးဆုံးခြင်းတွေ ရှိဟန်တူပါသည်။ ထို့ကြောင့် သူသည် ပြင်းထန်သည့် ပေးစာကိုပေးပို့ရပါသည်။ (၂ ကော ၂း ၄၊ ရး ၈) ဤပေးစာက ကောရိန္တုအသင်းတော်ရှိလူတို့၏စိတ်နှလုံးကို ကျိုးပဲ့စေ ပြီး ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းနှင့်နောင်တတရားကို ဖြစ်စေပါ သည်။ ကောရိန္တုဒုတိယစာစောင်တွင် ပေါလုက အသင်းတော်ကို မေတ္တာတရား၊ ပြန် လည်သင့်မြတ်ခြင်းတရားဖြင့် ရေးသားနိုင်ပါသည်။ ( ၂ ကော ရး ၆- ၁၃) အဘယ့် ကြောင့်ဆိုသော် ကောရိန္တုဒုတိယစာစောင်သည် ကြမ်းတမ်းသောစကားလုံးများပါဝင်သ ဖြင့် ပညာရှင်များက ရှင်ပေါလု၏ပေးစားပေါင်းများစွာကို စုပေါင်းထားခြင်းဖြစ်နိုင်သည် ဟုပင် ယူဆကြပါသည်။

ကျွနု်ပ်တို့သည် ပေးစာ၏အလဲအလည်ကို လုံးဝနားမလည်နိုင်ပါ။ အကုန်အစင်မသိနိုင် ပါ။ အငြင်းအခုံဖြစ်ရသည့်အကြောင်းရင်းကိုလည်း နားမလည်နိုင်ပါ။ မည်သို့ပင်ဆိုစေ၊ ပေါလုသည် အသင်းတော်၌ကြုံတွေ့ရသော အငြင်းပွါးမှုများဖြင့် ရုန်းကန်နေရသည်။ သူ သည် တမန်တော်ဖြစ်ကြောင်း ၎င်း၏အဆင့်ကိုလည်း ခုခံနေရသည်။

ကောရိန္တုပထမစာစောင်ကို ဧဖက်မြို့ကနေပြီး ရေးသားသည်။ (၁ ကော ၁၆း ၈) ထိုစာ ရေးသားနေစဉ်မှာ ပင်္တေကုတ္တိကာလဖြစ်သည်။ ပေါလုအသက်တာ၌ဖြစ်ပျက်နေသော အရာနှင့်ပတ်သက်၍ ကျွနု်ပ်တို့သိရှိသမျှမှာ အေဒီ ၅၄ သို့မဟုတ် ၅၅ ဝန်းကျင်ဖြစ်နိုင်ပါ သည်။ ကောရိန္တုပေးစာကိုဖတ်ရှုသူတို့က ပေါလုသည် ကောရိန္တုအသင်းသားများနှင့်အ ခြေအတင်ရှိသည်ကို မြင်တွေ့ရကြလိမ့်မည်။ သို့ရာတွင် သူသည် အချည်းနှီးသက်သက် အတွက် ရုန်းကန်နေရသည်မဟုတ်။

အသင်းဝင်များ၏နည်းပရိယာယ်ကြွယ်ဝသောဆက်ဆံပုံ

ကောရိန္တုအသင်းတော်သည် ဝိညာဉ်ရေးရာ၌ရှုပ်ထွေးထွေပြားနေပြီး ကြမ်းတမ်းသော ဆက်ဆံမှုရှိကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးအမျိုးမျိုးရသည်ဟုထင်မှတ် သောသူတို့က သူတို့သည် ပေါလုထက် အသိပညာဗဟုသုတရှိကြသည်ဟု ထင်ကြပါ သည်။ တနည်းအားဖြင့် ဆိပ်ကမ်းမြို့က ဆိုးသွင်းသောအကျင့်က အသင်းသူအသင်း သားများကြား လွယ်လင့်တကူ စူးဝင်သွားသည်။ အသင်းဝင်အချို့တို့သည် လူအများ ရှေ့တွင် အပြစ်ကျူးလွန်သည်အထိ ဖြစ်လာသည်။ ရှင်ပေါလုက မိမိ၏ချစ်ရသော၊ ပြဿနာကြားရှိနေသောအသင်းဝင်များကို မည်သို့ရေးသားသည်ကို ဖတ်ရှုလိုဖွယ် ကောင်းပါသည်။

ပေါလုသည် စာကိုရေးသားသည်အချိန်တွင် နှစ်လိုဖွယ်ရာ၊ ယဉ်ယဉ်ကျေးကျေး ရေး သားသည်မဟုတ်၊ သူသည် ရောမမြို့သို့ရေးသားသည့်ပုံစံမျိုးဖြင့် ရေးသားထားသည်။ သူသည် စာရေးသားသည်တွင် တစ်ဦးချင်းစီကို သိရှိသည်မဟုတ်။ ဧဝံဂေလိ တရားကို ကာကွယ်ရသည့် ဂလာတိအသင်းတော်ကိုရေးသားသည်အခါ၌ကဲ့သို့ အမျက်ထွက် သည်လည်းမဟုတ်။ ကောရိန္တုပထမစာစောင်တွင် အကောင်းမြင်ဝါဒဖြင့် ရေးသားထားပါ သည်။ နူးညံ့သည့်စကားလုံးများကိုအသုံးပြုလျက် သူ၏ညွှန်ကြားချက်များကို အသင်း ဝင်များက လက်ခံသဘောတူလိမ့်မည်ဟုလည်း ယုံကြည်မိသည်။ ယခုတွင်သာ ပေါလု သည် စာကို ဂလာတိအသင်းတော်သို့ရေးသားသည့်ပုံစံမျိုးဖြင့် ရေးသားလာသည်။ ထိုအချိန်ကာလများတွင် ပေါလုက သူတို့အသက်ရှင်လိုသည်အတိုင်း အသက်ရှင်ခွင့်မရှိ ကြောင်းကို ဖော်ပြထားသည်။ (၁ ကော ၅ ၊ ၁ ကော ၁၄ )

ပေးစာအကျဉ်းချုပ်

၁း ၁- ၉ နှုတ်ဆက်ခြင်း
၁း ၁၀-၄း ၂၁ ကောရိန္တုအသင်းတော်၌ အငြင်းပွါးမှု
၅း ၁- ၆း ၂၀ အသင်းတော်၏အဓိက ကိုယ်ကျင့်တရားမှားယွင်းမှုများ
ရး ၁- ၄၀ လက်ထပ်ထိမ်းမြားခြင်း
၈း ၁- ၁၁း ၁ အသားကို ယဇ်ပူဇော်ခြင်း
၁၁း ၂- ၁၄း ၄၀ အသင်းတော်ဝတ်ပြုကိုးကွယ်ခြင်း
၁၅း ၁- ၅၈ ရှင်ပြန်ထမြောက်ခြင်း
၁၆း ၁- ၂၄ ပေးစာ ဇာတ်သိမ်းပိုင်း