၁ ကော ၆ - လွတ်လပ်မှု၌ ကန့်သတ်ချက်ရှိပါသည်။

အခန်းကြီးခြောက်တွင် ပေါလုက ကောရိန္တုအသင်းတော်ကို ဆက်လက်ပြီး ဝေဖန်ပြစ် တင်သည်။ အခန်းကြီးငါးနှင့်ခြောက်ကို အကျဉ်းမျှလေ့လာသောအခါ အသင်းတော်၏ ဝမ်းနည်းဖွယ်အခြေအနေကို တွေ့ရှိရမည်ဖြစ်သည်။ ဤအရာကိုကြည့်ခြင်းအားဖြင့် ပထမအသင်းတော်များ၌လည်း ကိုယ်စီပြဿနာများကို ကြုံတွေ့နေရကြောင်း သိထားရ ပါသည်။

တရားသူကြီးရှေ့၌ မှန်ကန်စွာ အသက်ရှင်နေထိုင်ခြင်း ၆း ၁-၈

ကောရိန္တုအသင်းတော်၌ရှိကြကုန်သော အသင်းသားအချင်းချင်းကြား၌ဖြစ်ပျက်သည့် ပဋိပက္ခများသည် အတွင်း၌ တင်ကျန်ရစ်နေသည်မဟုတ်။ သူတို့ကို အဆုံးအဖြတ်ပေး ဖို့ လောကတရားရုံးသို့သွားခဲ့ကြသည်။ ဤအရာက ပေါလုကို ပို၍စိတ်ထိခိုက်စေသည်။ ဘုရားသခင်၏အသင်းတော်ကို လောကမင်းများက မည်သို့တာဝန်ယူအစားထိုးနိုင်ကြ မည်နည်း။ နောက်ဆုံးတွင် အကြောင်းအရာများစွာ ပေါ်ထွက်လာသည်။ ဘုရားသခင်၏ နိုင်ငံတော်တွင် အဖွဲ့အစည်းရှိသည်။ အရာအားလုံးကို မျှဝေခံစားနိုင်ကြသည်။ ထို့ ကြောင့် ဖြစ်ပေါ်လာသောပြဿနာတိုင်းကို ထိုအဖွဲ့အစည်းကြား၌သာ ကောင်းမွန်ကျေ လည်စွာ ဖြေရှင်းအဖြေရှာကြရမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့်ပတ်သက်၍ ရှင်ပေါလုအတွက် အဆိုးဆုံးသောအခြေအနေမှာ ကောရိန္တုခရစ်ယာန်များသည် ၎င်းတို့၏ညစ်ပတ်သောအဝတ်အစားများကို လူအများ မြင်တွေ့နိုင်သည့်နေရာတွင် ဆေးကြောကြသည်။ ၎င်းသည် လောကဆန်သော တရား ရုံး၌သာလုပ်ဆောင်ရလေ့ရှိသည့်အရာဖြစ်သည်။ ခရစ်ယာန်မဟုတ်သူများ မြင်တွေ့နိုင် သောနေရာတွင် လုပ်ဆောင်ကြပါသည်။ သူတို့သည် အခြားခရစ်ယာန်များကို ဆန့်ကျင် ပြီးစောဒကတက်မည်ဆိုလျှင် အသင်းတော်၏ထူးချွန်ထက်မြစ်သောအသင်းသားများနှင့် ဤအကြောင်းအရာကို အဘယ့်ကြောင့် မဖြေရှင်းကြပါသနည်း။ ရှင်ပေါလုက အသင်း တော်သည် အတွင်းပိုင်းတည်ဆောက်မှုကိုလိုအပ်သည်ဟု ယူဆသည်။ ဆိုလိုသည်မှာ တာဝန်ရှိသူအဖြစ်ရွေးချယ်ခံထားရသော အသင်းသားက နေ့စဉ်နေ့တိုင်းရင်ဆိုင်နေရ သောပြဿနာကို ကိုင်တွယ်ရန်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ရှင်ပေါလုအမြင်တွင် လောကီတရားရုံးများ၌အကူအညီတောင်းခံခြင်းသည် သေးငယ် သောအမှုမဟုတ်သည်ကို မြင်ရသည်။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး (အခြား သောအရာအားဖြင့်) လူတိုင်းသည် ‘နောက်ဆုံးသောနေ့ရက်’၊ လောက၏အဆုံးပိုင်း နှင့် နောက်ဆုံးသောတရားစီရင်ခြင်းအမှုကို ရင်ဆိုင်ကြုံတွေ့ရမည်အကြောင်း ပြောဆိုပါ သည်။ ပေါလုက အကြောင်းအရာတစ်ခုကို ပြောဆိုသည်။ ဆိုလိုသည်မှာ ၎င်းသည် ကျွနု်ပ်တို့မသိရှိသောအရာဖြစ်သည်။ သို့ရာတွင် ကောရိန္တုအသင်းတော်ရှိလူများနှင့် တော့ရင်းနှီးကျွမ်းဝင်မှုရှိပါသည်။ သန့်ရှင်းသူများသည် လောကကြီးကို တရားစီရင်ရ မည်ကို တစ်ဦးချင်းစီတိုင်း သိရှိထားသင့်ကြောင်းကို သူက မျှော်လင့်ပါသည်။ ဆိုလို သည်မှာ ခရစ်ယာန်များသည် နောက်ဆုံးတရားစီရင်ခြင်းအမှုတွင် ပါဝင်ရကြမည်ဖြစ် ပါသည်။ ယေရှုက ၎င်း၏တပည့်တော်များအား ဂျူးလူမျိုးတစ်ဆယ့်နှစ်မျိုးကို စီရင်ကြ မည်အကြောင်း ကတိပေးထားသည်။(မဿဲ ၁၉း ၂၈) ပေါလုက ဤအကြောင်းအရာကို ခရစ်ယာန်များအားလုံးနှင့်လောကကြီးတစ်ခုလုံးကိုပေးထားပြီး သူတို့နှင့်တူညီသော အကြောင်းအရာကို မိန့်တော်မူခဲ့သည်။ ခရစ်ယာန်များသည် ကောင်းကင်တမန်များကို ပင် တရားစီရင်ကြမည်ဖြစ်သည်။ ဤအကြောင်းအရာကို သိနားလည်ခြင်းအားဖြင့် ခရစ် ယာန်များအား မည်သို့ဆိုလိုသည်ကိုလေ့လာရာတွင် ရှင်ပေါလုက ကောရိန္တုအသင်း တော်ရှိလူများသည် နေ့စဉ်နှင့်အမျှ သူတို့ကြား၌ လုပ်ဆောင်ရမည့်အရာများကို သဘောတူညီမှုမရှိနိုင်ကြသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်သောကြောင့် သူတို့ကြုံနေရ သောပြဿနာကို အပြင်က ခရစ်ယာန်မဟုတ်သောသူများက ကူညီဖြေရှင်းပေးနေရပါ သည်။

ရှင်ပေါလု၏စကားကို ယနေ့ ကျွနု်ပ်တို့အခြေအနေတွင် လက်တွေ့အသုံးချသောအခါ ကျွနု်ပ်တို့သည် အလွန်များလှစွာသောအရာကို တန်ပြန်ရရှိမည်။ မြောက်ပိုင်းဥရောပ တွင် လူဦးရေအများစုတို့သည် ခရစ်ယာန်များဖြစ်ကြပါသည်။ တရားစီရင်သောသူအ များစုမှာ လူနည်းစုဖြစ်သော ခရစ်ယာန်မဟုတ်သူများဖြစ်သည်။ ခရစ်ယာန်များသည် လည်း ထိုသူများထံသွားပြီး တရားမျှတမှုကို ရှာဖွေကြပါသည်။ တစ်ဦးဦးက အငြင်းပွါး လာလျှင် ခရစ်ယာန်တို့သည် ရှင်ပေါလု၏သွန်သင်ချက်ကို လိုက်နာသတိပြုရပါမည်။ ထို့အပြင် တရားမျှတခြင်းတရားကိုလည်း ယနေ့အသင်းတော်အတွင်း၌ ရှာဖွေကြရမည် ဖြစ်ပါသည်။ သို့ရာတွင် ၎င်းသည်လည်း အဖြေ၏အစိတ်အပိုင်းသာလျှင်ဖြစ်ပါသည်။

သမ္မာကျမ်းစာထဲ၌တွေ့ရသည့်ဤကျမ်းပိုဒ်သည် ယနေ့တွင် ၎င်း၏ဂုဏ်သိက္ခာကို ဆုံးရှုံး ထားသည်မဟုတ်။ အဓိကကျသောလူများသည် ခရစ်ယာန်များဖြစ်သော်လည်း ဂုဏ်သိက္ခာက ကျဆင်းသွားစရာအကြောင်းမရှိ။ ဘုရားသခင်၏လူတို့သည် နေ့စဉ်နှင့်အ မျှ တရားမျှတမှုကို ရှာဖွေကြသည်။ ယုံကြည်မှုကို ခရစ်ယာန်များနှင့်ဆန့်ကျင်ဘက်ဖြစ် နေလျှင် မတူညီသည့်နည်းလမ်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ အတူတကွ ပူးပေါင်း လုပ်ဆောင်ခြင်းသည် ဦးစားပေးသင့်သောအရာဖြစ်ပါသည်။ အသင်းတော်၌ရှိသောလူ များက အကူအညီပေးရန်ဖြစ်သည်။ ထိုသို့ဆိုရာတွင် သင်းအုပ်ဆရာများထံကနေ အ ကြံကောင်းဉာဏ်ကောင်းများကို တောင်းခံရမည်ဟု မဆိုလိုပါ။ အသင်းတော်အဖွဲ့အ စည်းအတွင်း၌ရှိသော အမြော်အမြင်ရှိသည့်လူများထံမှ အကြံကောင်းဉာဏ်ကောင်းများ ကို တောင်းဆိုရန်ဖြစ်ပါသည်။

ဘုရားသခင်၏နိုင်ငံတော်ကို မည်သူအမွေခံမည်နည်း။ ၆း ၉-၁၁

ရှင်ပေါလုက ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသော အပြစ်များစွာထဲက တစ်ခုကို ဆက် လက်ရေးသားဖော်ပြထားပါသည်။ အခြားသော သာဓကများကို ဂလာတိ ၅း ၁၉- ၂၁ နှင့် ဧဖက် ၅း ၅ တို့တွင် တွေ့ရှိရပါသည်။ “ပညတ်တရားမဲ့အသက်ရှင်ခြင်း” သည် ဘုရားမဲ့လူများအတွက် သာမာန်ကိစ္စရပ်သာဖြစ်ပါသည်။ မတရားသောမေထုန်၌မှီဝဲနေ ထိုင်ခြင်းသည် ဘုရားသခင်၏ပညတ်ချက်၏အစိတ်အပိုင်းဖြစ်ပါသည်။(ပညတ်တော် ဆယ်ပါး) လက်မထပ်ခင် အတူပေါင်းသင်းနေထိုင်ခြင်းသည်လည်း ထိုကိစ္စပါဝင်သည်။ လက်မထပ်ခင် အတူတကွ နေထိုင်းခြင်းဖြစ်သည်။ “လင်တူဆက်ဆံခြင်းကိုပြုသောသူ” ဟုဆိုရာတွင် ပါတီတွင် ပါဝင်ပါတ်သက်သူနှင့်ဤနည်းလမ်းဖြင့် မိမိကိုယ်ကို ပျက်စီးရာ လမ်းကြောင်း ရှာသူတို့ပါဝင်ပါသည်။

ဤအချက်တွင် မှတ်သားထားစရာရှိပါသည်။ ကောရိန္တုတွင်နေထိုင်ကြသော ယောကျ်ား အများစုလုပ်ဆောင်နေကြအနေအထားမှာ ၎င်းတို့၏လိင်ပိုင်းဆိုင်ရာဖြစ်သည်။ သူတို့၌ လိင်ပိုင်းဆိုင်ရာ၌ ပူးပေါင်းပါဝင်လုပ်ဆောင်သူများစွာရှိကြသဖြင့် လက်မထပ်ခင် အတူ တကွပေါင်းသင်းနေထိုင်ခြင်းသည် အပြစ်ဖြစ်သည်ဟု မည်သူမျှ မယူဆကြပေ။ ယုဒလူ မျိုးများ၏ကိုယ်ကျင့်တရားနှင့်ခရစ်ယာန်ကိုယ်ကျင့်တရားသည် အလွန်ပင် အလှမ်းဝေး လျက်ရှိနေသည်။ သူတို့သည် လက်မထပ်ခင်နှင့်လက်မထပ်ထားသည့်သူနှင့်အတူတကွ လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းနေထိုင်မှုကို လုံး၀ ကန့်သတ်ထားသည်။

ရှင်ပေါလုက မူးယစ်သေစာသောက်စားခြင်းကိုလည်း ထည့်သွင်းထားသည်။ အပြစ်သား ၊ ရုပ်တုကိုးကွယ်သူတို့ကိုလည်း ထည့်သွင်းထားပါသည်။ လောဘကြီးသောသူနှင့်သူတ ပါးကို မတရားစော်ကားသူများကိုလည်း ခေါ်သည်။ အားလုံးတွင် တူညီသော အကြောင်းအရာများရှိကြသည်။ ဘုရားသခင်၏အလိုတော်အတိုင်း အသက်မရှင်သော သူများသည် ဘုရားသခင်၏နိုင်ငံတော်ကို ဝင်စားခွင့်မရှိပါ။ သူတို့သည် ဤအကြောင်း အရာများကို သိရှိထားသင့်သည်အကြောင်းကို ရှင်ပေါလုက သိရှိစေပါသည်။ နားလည် စေရန် အကူအညီပေးပါသည်။ စူးစမ်းလေ့လာသူအချို့တို့က ခရစ်ယာန်များသည် ဤအ ကြောင်းအရာကို သိရှိထားသင့်သည့်အကြောင်းနှင့်စပ်လျဉ်းပြီး အံ့သြသင့်နေကြပါ သည်။ ယင်းကို ၎င်းတို့၏ဗတ္တိဇံ၌ဖြစ်သည်ဟု ယူဆကြပါသည်။ အသင်းတော်၌ ပထမဆုံးပါဝင်လာခြင်းနှင့်ခရစ်ယာန်အသက်တာစတင်ခြင်းဟု ယူဆကြသည်။ ကောရိန္တုသားတို့သည် ဤစာရင်းကိုဖတ်ရှုပြီး ဗတ္တိဇံပေးကြသည်။ ထို့ကြောင့် သူူတို့ သည် ဤကြီးလေးသောအဖြစ်ကို နောက်တွင် ချန်ရစ်ထားကြပါသည်။ ဤအရာက ပေါလုသည် အပြစ်များအကြောင်းကို ဖော်ပြပြီး ဗတ္တိဇံမင်္ဂလာအကြောင်း ပြောထား သည်ကို ရှားပြထားပါသည်။ ကောရိန္တုခရစ်ယာန်များက အတိတ်တွင် လေးစားမှု လျော့ နည်းမှုရှိလာသည်။ သို့ရာတွင် သူတို့သည် ခရစ်တော်ပိုင်ဆိုင်သောသူအဖြစ် ဗတ္တိဇံမင်္ဂ လာကို ခံယူကြသည်။ သူတို့သည် ခရစ်တော်၌ဖြောင့်မတ်သန့်ရှင်းသောသူများကဲ့သို့ ရှိနေကြပါသည်။ ထိုသို့လုပ်ဆောင်ခြင်းက ၎င်းတို့အသက်တာ၌ အပြစ်ကို လျော့ကြစေ ရန် တောင်းဆိုထားပါသည်။

ရှင်ပေါလုသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည့်သူနှင့်မခံရမည့်သူဟူ၍ ခွဲခြား ရှင်းပြရာတွင် ထူးချွန်ထက်မြက်သူဖြစ်ပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီးမေး မြန်းချက်သည် မိုက်မဲမှုတစ်ခုပင်ဖြစ်ပေမည်။ သို့ရာတွင် သူ၏သွန်သင်ချက်သည် ကျွနု်ပ် တို့၏အချိန်ကာလတွင် မေ့လျော့နေကြသည်။ ဤနည်းလမ်းဖြင့် အပြစ်ကျူးလွန်သော သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရဟူသော သွန်သင်ချက်မျိုးကို ယနေ့ အသင်းတော်များတွင် သွန်သင်မှုပြုပါသလား။ ထာဝရပြစ်ဒဏ်ခံရမည်ဟု သွန်သင်ကြပါ သလား။ ထိုအကြောင်းကို ကျွနု်ပ်တို့ဆင်ခြင်စဉ်းစားဖူးပါသလား။ ယေဘုယျအားဖြင့် စစ် မှန်သည့်ကောင်းကင်ဘုံနှင့်ငရဲဘုံရှိပါသလား။ ဤအကြောင်းအရာတွင် အသက်နှင့်သေ ခြင်းနှင့်ပတ်သက်ပြီး မေးခွန်းတွေ့ရှိကြပါသလား။ ခရစ်ယာန်ယုံကြည်ချက်သည် ကျွနု်ပ် တို့အတွက် ဖျော်ဖြေမှုတစ်ခုအလား ဖြစ်နေပါသလား။ ကျွနု်ပ်တို့သည် ထိုအကြောင်းကို အမှန်တကယ် နားလည်မည်ဆိုလျှင် ၎င်း၏အလင်းကို နှလုံးသားထဲ၌ အဘယ့်ကြောင့် မလင်းစေသနည်း။ ဤသွန်သင်ချက်၏အကျိုးကျေးဇူးအနေဖြင့် အဘယ့်ကြောင့် စိုးရိမ် ပူပန်နေကြရပါသနည်း။

လွတ်လပ်မှုအကန့်အသတ်ရှိသည် ၆း ၁၂- ၂၀

ရှေးပဝေသဏီက၊ လူသားတို့၏လိုအပ်ချက်နှင့်ပတ်သက်၍ တင်ပြသော အတွေးအခေါ် ဆိုင်ရာအကြောင်းတရားရှိပါသည်။ “အရာအားလုံးကို ကျွနု်ပ်အတွက် ခွင့်ပြုထားပါ၏” နှင့် “အစာသည် အစာအိမ်အတွက်နှင့်အစာအိမ်သည် အစာအတွက်” ဟူ၍ဖြစ်ပါသည်။ ရှင်ပေါလုက ဤအကြောင်းကို ဤနေရာတွင် အသုံးပြုထားပါသည်။ ၎င်းကို ကောရိန္တု တွင်နေထိုင်သော ခရစ်ယာန်များ၏အလိုကျလည်းဖြစ်ဟန်တူသည်။ သူတို့က ရှက် ကြောက်စရာမရှိ၊ ထိန်းချုပ်မှုမရှိဟု ခံယူထားကြသည်။ သူတို့ကလည်း ပေါလုက နောက်ခံသမိုင်းသွန်သင်ထားသကဲ့သို့ သွန်သင်လိုကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ အဓိကအကြောင်းမှာ ကောရိန္တုအသင်းတော်ရှိလူများက ကိုယ်ကာယ၊ ဇာတိပကတိပြစ်မှားခြင်းတို့ကို အလေးထားဟန်မရှိကြပါ။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးကိုသာ အလေးထားကြပါသည်။ ဤသည်မှာ ပေါလု၏ဆန့်ကျင် ဘက်လူများ အသုံးပြုလေ့ရှိသောစကားဖြစ်နိုင်ပါသည်။ ရည်ရွယ်ချက်အသစ်အတွက် လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အရာအားလုံးသည် ပညတ်တရားနှင့်အညီဖြစ်နေ သော်လည်း အငြင်းပွါးကြသည်။ အရာအားလုံးသည် ကောင်းကျိုးမဖြစ်ထွန်းပါ။ သို့ရာ တွင် တစ်စုံတစ်ခုသည် ပညတ်တရားအတိုင်းဖြစ်သော်လည်း လူတစ်ဦးကိုမျှ ကျွန်မပြု သင့်ပါ။ တနည်းအားဖြင့် ပေါလုသည် ကာမေသုမိစ္ဆာမှုကို မကျူးလွန်ရန် သတိပေးထား ခြင်းဖြစ်ပါသည်။ ကာမေသုကျူးလွန်ခြင်းသည် ပညတ်တော်ဆယ်ပါးထဲက “သူများ သားမယားကို မပြစ်မှားရ” ဟူသောအချက်ကို ကျူးလွန်ခြင်းဖြစ်ပါသည်။ ၎င်းသည် လက်မထပ်ခင်ပေါင်းသင်းနေထိုင်ခြင်းသက်သက်လည်းမဟုတ်ပါ။

ထိုခရစ်ယာန်တို့၏ လက်မထပ်မှီ ကာမယှက်တင်ပြုခြင်းသည် ပေါလုအတွက် လုံးဝကို မဖြစ်နိုင် မဖြစ်သင့်သောအရာဖြစ်ပါသည်။ ခရစ်ယာန်တိုင်းသည် ခရစ်တော်၏ကိုယ်ခန္ဒာ အစိတ်အပိုင်းများဖြစ်ကြသည်။ လူနှစ်ဦးသည် တစ်ဦးဖြစ်လာသောအခါ တစ်သားတစ် ကိုယ်တည်းဖြစ်လာကြသည်။ ပေါလုက ၎င်းမှာ လက်ထပ်ထိမ်းမြားခြင်း၏အံ့သြဘွယ် ရာကြီးမားသောအမှုအရာဖြစ်ပါသည်။ ခရစ်ယာန်တို့သည် လမ်းပေါ်က ပြည့်တန်ဆာ နှင့်တစ်သားတစ်ကိုယ်တည်းဖြစ်လျက် အသင်းတော်၌ခရစ်တော်နှင့်လည်း တစ်သား တစ်ကိုယ်တည်းဖြစ်လျှင် ၎င်းသည် လုံးဝစဉ်းစား၍မရနိုင်သောအခြေအနေတစ်ခုပင် ဖြစ်ပါသည်။ခရစ်ယာန်များသည် နှုတ်ကပတ်တော်နှင့်မကိုက်ညီသည့်အသက်တာတွင် အသက်ရှင်သန်ခွင့်မရှိဟု မကြာခဏဆိုလေ့ရှိပါသည်။ ခရစ်ယာန်များသည် ဘုရား သခင်၏ဝိညာဉ်တော်ကျိန်းဝပ်ရာဗိမာန်တော်ဖြစ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့အထဲ၌ ကျိန်းဝပ်နေသည်။ မည်သို့အသက်ရှင်ရမည်မှာ လူသားဆုံးဖြတ်ရ မည့်အရာမဟုတ်။ ဤသွန်သင်ချက်ကို စီစစ်သောအခါ ခရစ်တော်သည် အသင်းတော် ကို မိမိအသွေးနှင့်ရွေးဝယ်ထားသည်ဟူသောအချက်ကို တွေ့ရမည်။ ဤအရာက ယုံကြည်သူများအား အပြစ်နှင့်ဆန့်ကျင်တိုက်ခိုက်စေပါသည်။

ယနေ့ခေတ်ကာလတွင် လက်ထပ်ထိမ်းမြားခြင်း၏တန်ဖိုးကို မည်သူမျှအလေးမထားကြ တော့ပေ။ မြောက်ပိုင်းဥရောပတိုက်တွင် ခရစ်ယာန်အသိုင်းအဝိုင်း၌ပင်လျှင် ပေါင်းသင်း ဆက်ဆံမှုကို လူသိရှင်ကြားလုပ်ဆောင်နေကြသည်။ လက်မထပ်ခင် အတူပေါင်းသင်း နေထိုင်ခြင်းသည် ခြွှမ်းချက်ဟူသောသဘောတရားထက် လူသိရှင်ကြား ယဉ်ကျေးမှု တစ်ခုလိုဖြစ်နေသည်။ “သမ္မာကျမ်းစာသည် ပညတ်တော်ကျမ်းမဟုတ်ပါ” ဟူသောအ ရာသည် ဤအရာအပေါ် ဖြောင့်မတ်စေခြင်းအတွက် လက်သုံးစကားဖြစ်သည်။ သို့ဖြစ်၍ သမ္မာကျမ်းစာနှင့်ကိုက်ညီသောသွန်သင်မှုများကို လစ်လျုရှုငြင်းပယ်ကြပါသည်။ ၎င်း သည် အံ့သြစရာတော့မဟုတ်ပါ။ ထို့ကြောင့် လက်ထပ်ထိမ်းမြားခြင်းသည် ယနေ တွေ့ ကြုံရသည့်အခက်အခဲတစ်ခုလည်းဖြစ်ပါသည်။ သို့ရာတွင် ထာဝရရှင်သန်ဖို့ ဘုရား သခင်ချမှတ်ထားသည့် စည်းမျဉ်းဥပဒေပင်ဖြစ်ပါသည်။

ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံမည့်သူနှင့်မခံမည့်သူများကို ဘုရားသခင်သာလျှင် ခွဲခြားသိမြင်မည်။ ကျွနု်ပ်တို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနာဖို့ဖြစ်ပါသည်။ အလိုတော်နှင့်အညီ ဘုရားသခင်၏သွန်သင် ချက်ကို လိုက်လျှောက်ဖို့ပင်ဖြစ်ပါသည်။ ဘုရားသခင်သည် အားနည်းသူတို့ကို ခွင့်လွှတ် ပေးနိုင်သည်။ မိမိအပြစ်ကို ဝန်ချတောင်းပန်သူတို့ကိုလည်း ခွင့်လွှတ်ပေးနိုင်သည်။ သို့ရာတွင် မာနကြီးသောသူနှင့်မိမိကိုယ်ကို အထင်ကြီးသောသူတို့သည် မိမိကိုယ်ကို ဘာမျှမဟုတ်ကြောင်း သိရှိရန် သွန်သင်ထားသင့်ပါသည်။