၁ ကော ၈-၁၁း ၁ - ချစ်ခြင်းမေတ္တာက ကျွနု်ပ်တို့ကို ဆက်ကပ်စေ သည်။

အခန်းရှစ်နှင့်အခန်းတစ်ဆယ့်တစ်အထိ ပေါလုက အကြိမ်ပေါင်းများစွာ သူပြောနေရ သောအကြောင်းအရာတစ်ခုကို အကျဉ်းချုံးဖော်ပြထားပါသည်။ ၎င်းမှာ ပူဇော်ထား သောအသားကို စားခြင်းအကြောင်းဖြစ်ပါသည်။ ယင်းသည် ရှင်ပေါလု ခေတ်ကာလ တွင် အသင်းတော်ကို ပြိုကွဲစေသည့် အကြောင်းအရာတစ်ခုဖြစ်ပါသည်။ ဤအငြင်းပွါးမှု အကြောင်းကို ရှင်ပေါလုက ကောရိန္တုအသင်းတော်အား ရှင်းပြနေစရာမလိုအပ်ပါ။ သို့ရာ တွင် ကျွနု်ပ်တို့က ရှင်းလင်းချက်လိုအပ်ကြပါသည်။ ရုပ်တုအားပူဇော်ခြင်းဟူသည်မှာ အ ဘယ်နည်း။ အဘယ့်ကြောင့် ကွဲပြားမှုကြီးကြီးမားမားဖြစ်စေသနည်း။

ရှေးကာလတွင် ယနေ့ကာလနှင့်မတူဘဲ အသားသည် စားသောက်ရဖို့ခက်ခဲသည်။ ယေ ဘုယျအားဖြင့် ဆင်းရဲချို့တဲ့သောသူများ၊ သစ်သီးဝလံများနှင့်ကောက်ပဲသီးနှံများကို စား သုံးကြသည်။ သို့ရာတွင် မကြာခဏရောင်းချရန်အတွက်ဖြစ်ပါသည်။ ပြဿနာမှာ ဤအ သားသည် အခြားသောနည်းလမ်းဖြင့်ပေါင်းဖော်ကြသည်။ သို့မဟုတ် ရုပ်တုကို ကိုးကွယ် ကြပါသည်။

စဉ်းစားဆင်ခြင်တတ်သောယုဒလူများအတွက်ဆိုလျှင် သားသတ်သမား သတ်ဖြတ် သောအသားကို မောရှေ၏ပညတ်တော်တွင် တိကျသေချာသော စည်းမျဉ်းဥပဒေအရ မလုပ်ဆောင်လျှင် ဘုရားသခင်ကို ပြစ်မှားရာရောက်သည်ဟု ဆိုသည်။ ထိုထက်ပင် သာ၍ဆိုးသေးသည်။ သတ်ဖြတ်သည့်အချိန်တွင် တိရိစ္ဆာ၏သေးငယ်သောဆံပင် အ စိတ်အပိုင်းပင်လျှင် ဖြစ်နိုင်ပါသည်။ ၎င်းတို့သည် ယစ်နှင့်ဆိုင်သောရုပ်တုဖြစ်ပါသည်။ တိရိစ္ဆာအများတို့ကို ဗိမာန်တော်၌ ရုပ်တုအတွက် ယဇ်ပူဇော်ကြပြီး အသားထဲကအနည်း ငယ်ကို ယဇ်ပလ္လင်ပေါ်တင်ကြပြီး ကျန်အပိုင်းများကို ဈေး၌ ရောင်းစားကြပါသည်။ သို့ရာ တွင် ပညတ်တရားသည် ဂျူးလူမျိုးများအတွက် ရှင်းရှင်းလင်းလင်းရှိပါသည်။ ထိုသို့သော အသားမျိုးကို အဘယ်သူမျှ စားပိုင်ခွင့်မရှိပါ။ ထိုသို့စားခွင့်မရှိရလေအောင် တားမြစ်ထား ပါသည်။ ပဋိညာဉ်တရားဟောင်းအောက်၌ရှိသော ရွေးချယ်ခံလူတို့သည် ၎င်းတို့၏ အ သိုင်းအဝိုင်းကို ပုံစံသွင်းကြသည်။ သူတို့သည် မောရှေ၏စည်းမျဉ်းဥပဒေကိုလိုက်နာကြ ကာ ဤသို့သောအသားမျိုးကို သူတို့၊ သူတို့မိသားစုနှင့်လူမျိုးစုကသာလျှင် စားသောက် ကြရသည်။

ဘုရားမဲ့မှပြောင်းလဲလာသောသူများအတွက် လုံး၀ ကွဲပြားခြားနားသည်။ ဤခရစ်ယာန် များသည် တူညီပေါင်းစည်းသောအဖွဲ့အစည်းထဲတွင် အသက်ရှင်ကြသည်မဟုတ်။ ပွင့် လင်းမြင်သာသည့် အပြင်လောကတွင် အသက်ရှင်နေထိုင်ကြပါသည်။ အမဲသားစားခြင်း ကို ဆီးတားထိန်းချုပ်ထားမည်ဆိုလျှင် မိသားစုမိတ်ဆွေများနှင့်လုပ်ဆောင်မည့် ပွဲလမ်း သဘင်များကို ဖျက်ဆီးရမည်။ ဤအကြောင်းအရာသည် ဘာသာရေးတရားပွဲကြီး ကျင်း ပသည့်အချိန်တိုင်းတွင် အရေးကြီးသည့်အချက်ဖြစ်ပါသည်။ ဤပွဲတော်များအတွင်း၌ တာဝန်ရှိသူများသည် ပွဲလမ်းသဘင်သွားမည့်သူများအစားအသောက်ကို ပြင်ဆင်ဖို့ ကြိုး စားကြသည်။ ထိုအစားအသောက်တွင် ထည့်စရာများစွာရှိပါသည်။ ကောရိန္တုအသင်း တော်ရှိ ဆင်းရဲသားများစွာတို့အတွက် စုံးစမ်းနှောက်ယှက်ခြင်းသည် အလွန်များပြား သည်။ ထိုအကျိုးမှာ သူတို့သည် ကွဲပြားသွားကြသည်။ အချို့က အသားစားကြသည်။ အချို့က မစားလိုကြပါ။ အသားမစားသောသူတို့သည် အခြားသူများကို ရုပ်တုကိုးကွယ် သူများအဖြစ် စွက်စွဲကြပါသည်။ ထို့ကြောင့် ဤအရာသည် ကနဦးအသင်းတော်တွင် အ လွန်ကွဲပြားစေသည့် အကြောင်းအရာဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်နား လည်နိုင်ပါသည်။

အသိပညာဗဟုသုတ သို့မဟုတ် ချစ်ခြင်းမေတ္တာ ၈း ၁- ၁၃

ကောရိန္တုမြို့သားအချို့တို့သည် သူတို့၏သံသယဖြစ်ဖွယ်လက်တွေ့လုပ်ဆောင်မှုကို ဓမ္မ ပညာဆိုင်ရာအကြောင်းတရားကို ဆွဲကိုင်ခြင်းအားဖြင့် အကြောင်းအရာတစ်ခုလုံးကို လှုံ့ ဆော်ထားပါသည်။ သူတို့၏အငြင်းပွါးမှုသည် ဤအကြောင်းအရာနှင့်အတူ သွားနေပါ သည်။ “ထိုကဲ့သို့ ရုပ်တုများမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ရုပ်တုသည် တည်ရှိနေခြင်း မရှိ။ ယဇ်ပူဇော်ခြင်းသည် ထိပ်ဖျားမဲ့နေသည်။ ရုပ်တုကို ယဇ်ပူဇော်ခြင်းသည် ဘာမျှ မ ဆိုလိုပါ။ ကောင်းသောအသားသည် ယဇ်ပူဇော်ခြင်းဖြစ်စဉ်တွင် ညစ်ညမ်းသောအရာမ ဟုတ်ပါ။ သို့ဖြစ်၍ ၎င်းသည် လူတိုင်းစားနိုင်သောအရာဖြစ်သည်။ ပူဇော်သောအရာ သည် မကောင်းသောအရာကို ပူဇော်သောအရာဖြစ်စေ၊ မဖြစ်စေ စားသောက်ခွင့်ရှိပါ သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာတို့သည် အမှန်တကယ် တည်ရှိသောအရာ မဟုတ်ပါ။” ပေါလုသည် ခွဲခြမ်းစိတ်ဖြာသောအခါ ကောင်းသောအရာများစွာကို တွေ့ မြင်ရသည်။ သို့ရာတွင် တွေ့ရသောအရာတို့သည် အငြင်းပွါးစရာများသာဖြစ်သည်။

ရှင်ပေါလု၏အဆိုအရ၊ ရုပ်တုမရှိသည်မှာ မှန်ကန်သောအရာဖြစ်သည်။ ဘုရားတစ်ဆူ တည်းသာရှိပါသည်။ အသက်ရှင်သော သခင်ဖြစ်သည်။ လောကကြီးကို ဖန်ဆင်းသော သခင်လည်းဖြစ်ပါသည်။ အခြားအရာများကို “ဘုရားဟု အခေါ်ခံရသော ဘုရားများ” သာဖြစ်ကြသည်။ ထိုနည်းတူစွာ ငွေကြေးသည်လည်း ရုပ်တုအဖြစ်အမြတ်တရိုးထား ကိုးကွယ်သောလူသားမပါလျှင် တန်ဘိုးမရှိလှပါ။ ဤအရာကိုလေ့လာလျှင် ရုပ်တုပေါင်း များစွာရှိပါသည်။ သို့ရာတွင် လူများက မည်သို့ပင် ပြောနေကြပါစေ သခင်ဖြစ်သော ဘုရားတစ်ပါးတည်းသာရှိသည်။ ဤသို့ဆိုရာတွင် ကောရိန္တုမြို့သားအချို့တို့၏လုပ်ရပ် သည် မှန်ကန်မှုရှိပါသည်။ ရုပ်တုများ တည်ရှိသောအရာမဟုတ်သဖြင့် ယဇ်ပူဇော်ခြင်း ကလည်း သူတို့အတွက် အကျိုးသက်ရောက်မှုများစွာ ရှိမည်မဟုတ်။ သို့ရာတွင် ဤအ ရာသည် မှန်ကန်သောအရာမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ခရစ်ယာန်ယုံကြည်ခြင်း သည် ဦးနှောက်နှင့်သိသော ယုံကြည်ခြင်းမျိုးမဟုတ်ပါ။ ခရစ်ယာန်တိုင်းသည် အခြားလူ များအပေါ် တာဝန်ယူစိတ်ရှိစေသည်။ ထို့ကြောင့် ရှင်ပေါလုက ကောရိန္တုမြို့သားများ သည် ဤအကြောင်းအရာကို မေ့နေကြသည်ကို တွေ့ရှိခဲ့သည်။ သူတို့သည် မှန်ကန် သောသခင်ကို ရရှိခဲ့ကြသည်။ သို့ရာတွင် ဤအသိပညာဗဟုသုတသည် ၎င်းတို့၏ မာန်မာနကို မြို့သိပ်ထားကြသည်။ ထို့ကြောင့် ရှင်ပေါလုက သူတို့ကို သတိပေးထားပါ သည်။

“လူတစ်ဦးသည် အရာအားလုံးကို သိသည်ဟုထင်လျှင်၊ သူသိသင့်သည်အတိုင်း မသိသေးပေ။”

ကောရိန္တုမြို့သားမျာသည် ခရစ်ယာန်များအကြောင်းကို အခြားနောက်ခံသမိုင်းမှလေ့ လာပြီး ဆင်ခြင်သုံးသပ်ဖို့ကို ငြင်းဆိုခဲ့ကြသည်။ အခြားသောသူများက ရုပ်တုကိုးကွယ် ခြင်းကို လိုလိုလားလားရှိချိန်တွင် ခရစ်ယာန်တစ်ဦးက မည်သည့်အရာကို ဆင်ခြင်သင့် သနည်း။ ထိုသူသည် အခြားသူများသွားရာလမ်းကို ကျိုးကြောင်းတရားဖြင့် လိုက် လျှောက်ကြသည်။ ဤအရာကဲ့သို့သော ယဇ်ပူဇော်မှုကို တွေ့ကြုံရကာ အမျက်ထွက်မှု တွေ၊ ငြင်းခုံမှုတွေစတင်သည်။ ထိုထက်ပင် ပို၍ဆိုးတတ်သည်။ အဘယ့်ကြောင့်ဆို သော် အသားစားခြင်းနှင့်ပတ်သက်၍ အငြင်းပွါးမှုကို နားလည်ရန်လိုအပ်ချက်ကြောင့် ရုပ်တုကိုးကွယ်ခြင်းတွင် ပါဝင်ရန် လိုင်စင်ရထားသကဲ့သို့ဖြစ်ပါသည်။

ရှင်ပေါလုက အစားအသောက်သည် ဘုရားသခင်နှင့်သာ၍မနီးစေသကဲ့သို့ မဝေးစေ သည်ကို ကောင်းကောင်းနားလည်သဘောပေါက်ထားသည်။ အခြားခရစ်ယာန်များ၏ အပြုအမူသည် အခြားတစ်ဦးဦးကို လမ်းမှားရောက်စေသည်။ အဘယ့်ကြောင့်ဆိုသော် နောက်၌ရှိသောအကြောင်းတရားသည် နားလည်၍မရပါ။ အပြုအမူကိုလည်း ရုပ်တုကိုး ကွယ်ခြင်းကို ပြစ်တင်နိုင်ဖို့ မှားယွင်းနိုင်ပါသည်။ ယဇ်ပူဇော်ထားသောအသားသည် တစ် ဦးဦးအား ဘုရားသခင်နှင့်မိဿဟာရဖွဲ့ခြင်းကို ထိခိုက်ပြီး လမ်းလွဲစေပြီး ရုပ်တုကိုးကွယ် ခြင်းအဖြစ်သို့ ဦးဆောင်စေနိုင်ခြင်းမရှိသည်ကို နားလည်သောသူတို့အတွက် ရည်ရွယ် ထားခြင်းမဟုတ်ပါ။ ပေါလုသည် မိမိ၏အခွင့်အရေး(အသားစားရန်) နှင့်အသိပညာ(ထို သို့လုပ်ဆောင်ရန် ဓမ္မပညာပိုင်းဆိုင်ရာ၌ လုပ်ဆောင်ခွင့်ရှိ နိုင်ခြေ) ကို လက်လွှတ်ခဲ့ရ သည်ထက် အခြားသူများထိမိ၍လဲစရာအကြောင်းမဖြစ်စေဖို့ တမင်သက် သက်ရှောင် ကြဉ်ခြင်းဖြစ်ပါသည်။

ရှင်ပေါလု၏စကားထဲ၌ ကျွနု်ပ်တို့သင်ယူရရှိမည့်အရာများစွာရှိသည်။ ကျွနု်ပ်တို့သည် မိမိ တို့၏ယုံကြည်ခြင်းကို ကိုယ်ပိုင်တစ်ခုအဖြစ် စဉ်းစားလေ့ရှိကြပါသည်။ လုပ်ဆောင်ရမည့် အရာနှင့်ရှောင်ကြဉ်ရမည့်အရာတို့သည် တစ်ဦးချင်းစီ၏လုပ်ဆောင်မှုမဟုတ်ပါ။ အမှန်အ ကန်ဆိုရလျှင် မှန်ကန်သောချာသောအရာတစ်ခုဖြစ်ပါသည်။ ကျွနု်ပ်တို့တစ်ဦးချင်းစီ တိုင်းသည် ကျွနု်ပ်တို့အသက်တာများအတွက် ဘုရားသခင်၌ တိုက်ရိုက်တာဝန်ရှိကြပါ သည်။ သို့မဟုတ် ခရစ်ယာန်ချစ်ခြင်းမေတ္တာသည် အခြာသူများအပေါ် ထားရှိသော သဘောထားမျာအပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိကြပါသည်။ ဤသွန်သင်ချက်များကို လက်တွေ့ကျင့်သုံးချမှုများစွာရှိပါသည်။ သူတို့သည် ကျွနု်ပ်တို့အား ဒုက္ခထဲတွန်းပို့ပေး ထားကြပါသည်။ ဤအရာများကိုအချက်အလက်များဖြင့်စုဆောင်းထားရာတွင် မည်သည့်အရာနှင့်တူပါသနည်း။ မှားယွင်းသောအရာ သို့မဟုတ် ချယ်လည်မှုတစ်သော အရာကို စတင် သော ကွဲပြားခြင်းနားသည့်လူများကြားတွင် မတူညီသည့်အပြုအမူများ၌ အချက်တစ်ချက်ရှိပါသလား။

ပေါလုသည်လည်း ၎င်း၏လွတ်လပ်မှုကို အသုံးမပြုခဲ့ပါ ၉း ၁-၂၇

ဤအခန်းကိုးတွင် ပေါလုသည် အသားကို ရုပ်တုအားပူဇော်ခြင်းအကြောင်းကို ဘေး ချိတ်ထားဟန်ရှိပါသည်။ သို့ရာတွင် သူသည် ထိုအကြောင်းကို နောက်လာမည့်အခန်း တွင် တင်ပြထားပြန်သောကြောင့် အခန်းကြီးကိုးကို ဤအကြောင်းအရာဖြင့် နားလည် ထားရမည်။ ပေါလုက မိမိကိုယ်ကို ခရစ်ယာန်တစ်ဦးသည် မိမိတို့၏ကိုယ်ပိုင်အခွင့်အ ရေးနှင့်လွတ်လပ်မှုများကို စွန့်ပစ်ရန် ရွေးချယ်မှုသည် ပုံသက်သေတစ်ခုအဖြစ် အသုံးပြု ထားပါသည်။

ပေါလုသည် ကောရိန္တုအသင်းတော်ရှိလူများနှင့်အတူညီသည့်အသက်ရှင်ပုံနှင့်အသက် ရှင်ရန် အခွင့်အရေးအများကြီးရှိပါသည်။ မည်သူမျှ တိုက်ပွဲကို ၎င်းတို့၏ကုန်ကျစရိတ် ဖြင့် မဆင်နွှဲပါ။ အဘယ်သူမျှ ဥယျာဉ်ကိုစိုက်ပျိုးပြီး ၎င်း၏ထွက်ကုန်များကို မျှဝေရောင်း ချရန် ငြင်းပယ်မည်မဟုတ်။ ဘုရားသခင်၏ပညတ်တရားကတောင်မှ နှုတ်ကပတ်တော် ၏အစေခံကျွန်သည် အသင်းတော်မှ ၎င်း၏အသက်ရှင်သန်မှုကို ရယူရမည်ဟုဆိုသည်။ ရှင်ပေါလုသည်လည်း သခင်ဘုရား၏တမန်တော်ဖြစ်သည့်နည်းတူ ကောရိန္တုအသင်း တော်နှင့်ဆန့်ကျင်ဘက်ဖြစ်သောအသက်ရှင်မှုကို ရှာဖွေရန် မငြင်းပယ်နိုင်သောအခွင့် အရေးရှိပါသည်။ ထို့ကြောင့် ထိုအခြေအနေတွင် ၎င်း၏အခွင့်အရေးကို အသုံးမချရန် ရွေးချယ်ခဲ့ပါသည်။ သူက ထိုအရာအတွက် ကောရိန္တုအသင်းတော်အပေါ်၌ ဝါကြွားလို စိတ်လုံးဝမရှိပါ။ သူသည် ဧဝံဂေလိတရာကို ကြဲဖြန့်ရာတွင် အဆီးအတားလုံးဝမရှိစေ လိုပါ။ သို့ဖြစ်သောကြောင့် ပေါလုသည် မိမိလက်ဖြင့်လုပ်သောအရာကို ပို၍ နှစ်သက် သည်။ ပို၍ သဘောကျသည်။

ရှင်ပေါလုက ၎င်း၏လုပ်ဖော်ဆောင်ဖက်များကိုလည်း ထိုနည်းလမ်းအတိုင်းဖြစ်စေလိုပါ သည်။ သူသည် ခရစ်ယာန်တစ်ဦးဖြစ်သည့်အားလျော်စွာ မောရှေ၏ပညတ်တရား အောက်၌မရှိတော့ဘူးဆိုတာကို နားလည်ထားသော်လည်း ယုဒလူမျိုးများနှင့်အတူ တွေ့သောအခါ မောရှေ၏ပညတ်တရားအောက်၌ မိမိကိုယ်ကိုအပ်နှံသည်။ သူသည် တပါးအမျိုးသားများနှင့်အတူ နေထိုင်သောအခါ ထိုနည်းအတိုင်းပြုထားပါသည်။ နောက် ဆုံးအနေနှင့်ဆိုရလျှင် သူ၏ရည်ရွယ်ချက်မှာ ဧဝံဂေလိတရား၏လမ်းတွင် မည်သည့်အ ရာမျှ ဆီးတားခြင်းမပြုရပါ။

ပေါလု၏လုပ်ဆောင်ချက်နောက်ကွယ်တွင် လူများစွာပြောင်းလဲလာသည်ဟူသော ကြီး မားသည့်အချက်ရှိပါသည်။ သို့ဖြစ်သောကြောင့် သူသည် မိမိကိုယ်တိုင်နှင့်၎င်း၏လွတ် လပ်ခွင့်ကို စွန့်ပစ်ရန် ဆန္ဒရှိသည်။ သူက မိမိ၏သာဓကကို အတုခိုးရန် ကောရိန္တုယုံ ကြည်သူများကို တိုက်တွန်းနိုးဆော်ထားသည်။ အားကစားသမားသည် လေ့ကျင့်မှုကို အဖန်တလဲလဲလုပ်ဆောင်သည်အတိုင်း လုပ်ဆောင်ကြရန် တိုက်တွန်းသည်။ ခရစ်ယာန်တစ်ဦးသည် မည်မျှပင် လွတ်လပ်မှုရှိစေကာမူ မိမိကိုယ်ကို အခြားသူများအား အစေခံလိုသောစိတ်ထားဖြင့် မိမိကိုယ်ကို ချုပ်တည်းနိုင်ရမည်။

အဆင့်မြင့်မြင်လုပ်ဆောင်သော အားကစားသမားသည် စည်းကမ်းတကျလုပ်ဆောင် သကဲပသို့ လုပ်ဆောင်ဖို့လိုအပ်ပါသည်။ အားကစားသမား၏ပန်းတိုင်မှာ ကြီးမားသည့် အောင်ပွဲ ဂုဏ်စည်းစိမ်ကို ရရှိရန်ဖြစ်သည်။ ထိုဆုလာဒ်သည် နောက်ဆုံးတွင် ကံကြမ္မာ တစ်ခုဗမာဖြစ်ပါသည်။ သို့ရာတွင် ခရစ်တော်သည် မိမိလူတို့အား ကံနှင့်ထိုက်သောအ ရာကို ပေးထားခြင်းမဟုတ်၊ သူတို့သည် ဘဝအဆုံးတွင် အောင်မြင်သောအရာကို ပေး ထားခြင်းဖြစ်ပါသည်။ ဤလောကတွင်ရှိသော ခရစ်ယာန်အသက်ရှင်မှုသည် ဆုလာဒ်ကို မရသေးပေ။ ထို့ကြောင့် ပေါလုသည် ကောရိန္တုယုံကြည်သူများအား ၎င်းတို့၏လွတ်လပ် ခွင့်ကိုချိုးနှိမ်ရန် ယုံကြည်ခြင်းကို အစစ်ခံရန် တိုက်တွန်းခွန်အားပေးပါသည်။

မာတင်လူသာသည် ခရစ်ယာန်တို့၏လွတ်လပ်မှုဟူသော ၎င်း၏စာအုပ်တွင် တူညီသော ကောင်းစဉ်ကိုပေးထားပါသည်။

“ခရစ်ယာန်တစ်ဦးသည် အားရာအားလုံး၏ လွတ်လပ်မှုအရှိဆုံးသောအရှင်၊ သူ့ကို နှိပ်ကွက်မည့်အရာမရှိပါ။ ခရစ်ယာန်တစ်ဦးသည် အရာအားလုံးအ တွက် တာဝန်အရှိဆုံးလည်းဖြစ်ပါသည်။ လူတိုင်းအပေါ် နှိမ့်ချတတ်ရမည်။”

ကျွနု်ပ်တို့သည် ဤဆန့်ကျင်ဘက်ဖော်ပြမှုများကို မိမိတို့အသက်တာ၌ လက်တွေ့ ကျင့် သုံးသင့်ပါသည်။ တနည်းအားဖြင့် ခရစ်ယာန်တို့သည် ဘုရားသခင်ကို ပိုင်ဆိုင်ထားကြ ပါသည်။ သို့ရာတွင် ဘုရားသခင်ရှေ့၌ အရာအားလုံးအတွက် တာဝန်လည်းရှိကြပါ သည်။ သူသည် အခြားသူများအကြောင်းကို သတိပြုနေစရာမလိုပါ။ သို့ရာတွင် အခြား တစ်ဘက်ကကြည့်လျှင် ခရစ်ယာန်တို့သည် လူတိုင်း၏အစေခံများဖြစ်ကြသည်။ ခရစ် တော်သည် လူတိုင်း၏အစေခံကျွန်ခဲ့သို့ မိမိကိုယ်ကို နှိမ့်ချသည့်နည်းတူ ခရစ်ယာန်များ သည်လည်း သူတပါးအပေါ် ကျွန်ကဲ့သို့နှိမ့်ချထားရမည်။ ၎င်းသည် ခရစ်တော်၏လူများ ဟူသော သဘောကိုပေါ်လွင်စေပါသည်။ ကျွနု်ပ်တို့လုပ်ဆောင်နိုင်ပါမည်လား။

ရုပ်တုကိုးကွယ်ခြင်းကို သတိပြုရမည်။

ရှင်ပေါလုသည် အခန်းကြီးတစ်ဆယ်တွင် ရုပ်တုအားပူဇော်သောအသားအကြောင်းဆီ သို့ ပြန်လည်သွားခဲ့သည်။ အချို့သောကောရိန္တုမြို့သားတို့သည် ထိုအကြောင်းကို အ မြော်အမြင်ရှိရှိရှင်းပြကြပါသည်။ ရုပ်တုသည် အမှန်တကယ် တည်ရှိနေသောအရာမ ဟုတ်သောကြောင့် ယဇ်ပူဇော်ခြင်းသည်လည်း ညွှန်ပြစရာမရှိ။ အချို့က ထိုနည်းလမ်း ကို လိုက်ရန်ပင် ပြင်ဆင်ထားကြသည်။ ရုပ်တုရှိရန် ဗိမာန်တော်တွင် ကျင်းပသော ကိုး ကွယ်ခြင်းပွဲလမ်းတွင်ပင် ပါဝင်ရန် ကြိုး စားအားထုတ်ကြပါသည်။ပေါလုက ခရစ်ယာန် တို့၏ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်ညီအစ်ကိုချင်းအပေါ် တာဝန်ရှိသည်ဟူသောအရာ ကို ညွှန်းဆိုပြသခဲ့ပြီးဖြစ်ပါသည်။ ထိုအကြောင်းကို ဆက်လက်ပြောဆိုရာတွင် လုပ်ဆောင်သောအရာ မှားယွင်းသောအခါ မှန်ကန်သောအရာသည် အဘယ်အရာဖြစ် သည်ကို သတိပေးပြညွှန်ထားပါသည်။

ဂျူးလူမျိုးများသည် သတိပေးမှုအတွက် သာဓကဖြစ်သည်။ ၁၀း ၁- ၁၃

ပဋိညာဉ်သစ်လူများသည် ပဋိညာဉ်ဟောင်းလူများ၏နည်းလမ်းကို သိနားလည်သင့်ကြပါ သည်။ သူတို့အမှားထဲကနေလည်း သင်ယူလေ့လာကြရမည်။ ရှင်ပေါလုက ဘုရားသခင် သည် မိမိလူတို့ကို ကျွန်ခံရာ အီဂျစ်ပြည်မှ မည်သို့လွတ်မြောက်စေကြောင်းကို သတိပေး ထားပါသည်။လူတိုင်းသည် တူညီသော တိမ်အောက်တွင်ရှိနေကြသည်၊ တူညီသော ပင် လယ်ကိုဖြတ်သန်းကူးခတ်ကြသည်၊ မောရှေ၏ဗတ္တိဇံကိုခံယူခဲ့ကြသည်အကြောင်းကို အချက်အလက်ကို အကျဉ်းမျှ ဖော်ပြထားပါသည်။ အားလုံးက မန္နကိုစားကြသည်၊ အား လုံးက ကျောက်ပေါ်ကရေကို သောက်သုံးကြသည်။ သို့ရာတွင် အနည်းငယ်သောသူများ သာလျှင် ကတိတော်ပြည်ကို ဝင်စားနိုင်ကြသည်။ အခြားသူများသည် လမ်းခရီးတွင် ဆုံး ရှုံးသွားခဲ့ကြပါသည်။ ဟေဗြဲ ၃-၄ တွင် တူညီသော အကြောင်းအရာကို ဖော်ပြသည်။ ယင်းသည် ကနဦးအသင်းတော်နှင့်ယေရုရှလင်မြို့တွင် ဟောလေ့ရှိသော တရားဒေသ နာလည်းဖြစ်ပါသည်။

ရှင်ပေါလု၏အဆိုအရ၊ အကြောင်းအရာတစ်ခုလုံးသည် “ကျွနု်ပ်တို့ကို” သတိပေးရန် သို့မဟုတ် ခရစ်တော်၏အသင်းတော်ကို သတိပေးရန်ဖြစ်ပါသည်။ သူသည် သန့်ရှင်း သောဝိညာဉ်တော်ကို မိုးတိမ်နှင့်လည်းကောင်း(ဤနည်းလမ်းဖြင့် နားလည်ရန် လွယ် ကူပါသည်)၊ ဗတ္တိဇံကို ပင်လယ်နီဖြတ်ကျော်ခြင်းနှင့်လည်းကောင်း၊ ပွဲတော်မင်္ဂလာကို မန္နမုန့်နှင့်လည်းကောင်း နှိုင်းယှဉ်ထားပါသည်။ အရေးကြီးသည့်အရာမှာ အသင်းတော် သည် ဘုရားဘုန်းထင်ရှားစေသည့်လမ်းတွင်ရှိနေသေးသည်ဟူသောအရာကို မြင်တွေ့ စေရန်ဖြစ်သည်။ သို့ရာတွင် ကျွနု်ပ်တို့အားလုံးသည် ဘုန်းတော်ထဲသို့ဝင်စားရမည်ဟု မဆိုလိုပါ။ ကတိမပေးပါ။ အသင်းတော်ရှိ အနည်းငယ်သောသူသာလျှင် ထိုနေရာသို့ ရောက်နိုင်မည်ဖြစ်သည်။

ဆက်လက်ပြီး ရှင်ပေါလုက ဘုရားသခင်လှည့်လည်စေသော အသင်းတော်တွင် ဓမ္မဝတ် ကို မည်သို့ တူညီစေသည်ကို မြင်တွေ့ရသည်မှာ အလွန်ကောင်းလှသည်။ ထိုလှည့် လည်စေသည့် သဲကန္တာရထဲတွင် နိမိတ်လက္ခဏာပေါင်းများစွာကိုလည်း ပြသခဲ့ပါသည်။ လူတစ်ဦး၏ယုံကြည်ခြင်းသည် ဓမ္မဝတ်ကို ဖန်တီးနိုင်ခြင်းမရှိသည်ကို ကျွနု်ပ်တို့တွေ့မြင် ပါသည်။ ကျွနု်ပ်တို့အသင်းတော်က ဓမ္မဝတ်သည် ထိရောက်မှုရှိသည်ကို ယုံကြည်ကြပါ သည်၊ သွန်သင်ကြပါသည်။ ဝန်ခံကြပါသည်။ ဘုရားသခင်၏ကျေးဇူးတော်လာရာလမ်း ကြောင်းဖြစ်သည်ကို လက်ခံကြသည်။ သို့မဟုတ် လူတစ်ဦးသည် ဘုရားသခင်၏သနား ခြင်းကရုဏာတော်ကို ငြင်းပယ်လျှင် တရားစီရင်ခြင်းအမှန်ခံရမည်။

ကျွနု်ပ်တို့မြောက်ပိုင်းဥရောပတိုက်တွင် ဤအခန်းကြီးကို အလေးအနက်ထားပြီး ဂရုတ စိုက်ဖတ်ရှုဖို့လိုအပ်ပါသည်။ ရှင်ပေါလု၏အချိန်ကာလကတည်းက အချိန်ကာလသည် အမြဲတမ်းပြောင်းလဲနေသည်။ ထိုအချိန်တွင် အသင်းတော်များသည် ၎င်းတို့၏အသင်း သားများကို ကောင်းစွာဂရုစိုက်နိုင်ကြသေးသည်။ ယနေ့တွင် အသင်းတော်၏ “ခိုင်မာ သောအဖွဲ့” အစည်းများရှိသည်ကိုပြောဆိုမှုရှိသည့်အားလျော်စွာ ဝတ်ပြုကိုးကွယ်ခြင်း သို့ ပုံမှန်တက်ရောက်သောသူများကို ဆိုလိုပါသည်။ အခြားသူများကို သက်သေခံခြင်း သည် အလွန်ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်သည်။ အသင်းတော်သည် လူတို့၏ လုပ် ဆောင်ချက်နှင့်သက်ဆိုင်သောကျမ်းပိုဒ်တွင် ပါဝင်ကြသည်။ ၎င်းတို့မှာ ဗတ္တိဇံမင်္ဂလာ၊ အတည်ပြုခြင်း၊ လက်ထပ်ထိမ်းမြားခြင်းနှင့်အသုဘတို့ဖြစ်ပါသည်။ သို့ရာတွင် အခြားအ သက်တာများတွင် ဆက်သွယ်မှုသည် သေးငယ်သောအရာဖြစ်ပါသည်။ အသင်းတော် အကြောင်းကို ကြားရန်လိုအပ်သည်ဟု အဘယ်သူမျှ မခံစားကြပါ။ ၁ ကောရိန္တုရှိ အခန်း တစ်သည် ကျွနု်ပ်တို့က အလေးအနက်ထား နားထောင်ရမည်အကြောင်းကို သတိပေး ထားသည့်အခန်းတစ်ခုဖြစ်ပါသည်။ အချိန်ကာလနှင့်နည်းလမ်းများသည် အပြောင်းအ လဲများရှိသော်လည်း ဘုရားသခင်၏သမ္မာတရားသည် ပြောင်းလဲခြင်းမရှိ။ ဘုရားသခင် ပေးထားသော အသက်ကိုဖြစ်စေသော တရားဖြစ်သည်။ လိင်ပိုင်းဆိုင်ရာမှားယွင်းမှုကို ပြင်ဆင်ပေးသည်။ ဘုရားသခင်ကို ဆန့်ကျင်သော ကိုယ်ကျင့်တရားများကို အမှန်ပြင် ပေးပါသည်။

ရှင်ပေါလုက ဤအခန်းကိုရေးသားရာတွင် ခရစ်ယာန်သဘောရိုးရှိသောလူများစွာရှိ သည့်နေရာက အသင်းတော်အခြေအနေကို အစပြုရန် ရေးသားခြင်းမဟုတ်ပါ။ ပေါလု ကြောက်ရွံ့နေသောကွဲပြားမှုမှာ ရိုးစင်းသောအရာမဟုတ်၊ ဥပမာအားဖြင့် အသင်းတော် ထဲ၌ရှိကြသောလူတို့သည် ကယ်တင်ခြင်းသို့ရောက်ကြသဖြင့် ထိုအသင်းတော်၌မရှိ သောသူများသည် ငရဲသို့သွားရမည်။ ပေါလုက စည်းမျဉ်းကို အသင်းတော်အတွင်းတွင် ရေးဆွဲထားရမည်ကို ကောရိန္တုအသင်းတော်ရှိလူများအား သတိပေးထားခြင်းဖြစ်ပါ သည်။

ဓမ္မဝတ်နှင့်ရုပ်တုကိုးကွယ်ခြင်း ၁၀း ၁၄-၂၂

ဤအပိုင်းတွင် ပေါလုသည် ရုပ်တုရှေ့တွင် ပူဇော်ထားသောယဇ်အသား၊ ၎င်းကိုစား သောက်ခြင်းနှင့်ပတ်သက်ပြီး မေးခွန်းအဖြေကို ပေးထားပါသည်။ တမန်တော်ပေါလုက ဤနေရာတွင် အလေးအနက်ထားလိုသောအရာမှာ ဓမ္မဝတ်၊ ပွဲတော်မင်္ဂလာဖြစ်ပါသည်။ သူသည် ဤစာစောင်၌သာလျှင် ဓမ္မဝတ်အကြောင်းကို ဖော်ပြထားသည်။ ထိုနည်းလမ်း အားဖြင့် ဓမ္မဝတ်၏အလွန်အရေးကြီးလှသည့်သဘောတရားအကြောင်းကို လူတိုင်းအ ပေါ်ရှင်းလင်းစေသည်။ အပိုဒ် ၁၆ တွင် ဟောင်းပြီးအာရာမိတ်ဝန်ခံခြင်းအကြောင်းပါဝင် ပါသည်။ တိကျသေချာသောစကားလုံးသည် မသေချာသော်လည်း အကြောင်းအရာ တော့ သေချာမှုရှိပါသည်။ ကျွနု်ပ်တို့ပါဝင်သုံးဆောင်သောအသားသည် ထိုအရာကို ပေးထားသည်အတွက် ဘုရားသခင်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်သည်။ ၎င်းသည် ခရစ် တော်၏ခန္ဓာနှင့်အသွေးတော်ပင်ဖြစ်ပါသည်။ ခရစ်တော်၏ခန္ဓာနှင့်ကျွနု်ပ်တို့ကို ဆက် နွယ်စေပါသည်။ ကျွနု်ပ်တို့သည် မုန့်ကိုစားခြင်းအားဖြင့် ခရစ်တော်၏ခန္ဓာထဲသို့ပါဝင်စေ ပါသည်။ ဤအရာကြောင့် ရုပ်တုကိုးကွယ်မှုကို ဖြစ်စေနိုင်စရာအကြောင်းမရှိပါ။

ရုပ်တုကိုးကွယ်ခြင်းသည် ဘာမျှမဟုတ်ဟုဆိုရာတွင် ကောရိန္တုမြို့သားများ၏ခံယူချက် သည် မှန်ကန်မှုရှိပါသည်။ ယဇ်ပူဇော်ခြင်းမှန်သမျှသည် သူတို့အတွက် အကျိုးမရှိ။ သို့ရာတွင် တပါးအမျိုးသားများသည် ယဇ်ပူဇော်ရာတွင် နတ်ဆိုးများကို ပူဇော်ရာ ရောက်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် နတ်ဆိုးများနှင့်ဆက်စပ်သလိုဖြစ်လာပါ သည်။ ခရစ်ယာန်များသည် ထိုအရာများနှင့်ခပ်ဝေးဝေးတွင်နေထိုင်ကြရန် ရှင်ပေါလုက အမြဲသတိပေးထားပါသည်။ သူက သခင်ဘုရား၏ပွဲတော်သို့လာပြီး တစ်ခါတရံ နတ်ဆိုး ၏စားပွဲကိုတည်ခြင်းမှာ ဖြစ်နိုင်စရာအကြောင်းမရှိဟု ဆိုထားသည်။ ထို့ကြောင့် ပေါလု က ရုပ်တုကို ကိုးကွယ်သောသူမှန်သမျှတို့သည် သခင်ဘုရား၏ပွဲတော်သို့လာခြင်းကို မြစ်တားရမည်ဟု ဆိုထားပါသည်။ သို့ရာတွင် သခင်ဘုရား၏ပွဲတော်ထဲသို့ပါဝင်ခြင်း သည် ရုပ်တုရှိရာဗိမာန်သို့မသွားရန် မြစ်တားခြင်းဖြစ်ပါသည်။ ထိုရုပ်တုဗိမာန်တွင် ပြင် ဆင်သော အစာကိုမစားရန်လည်းဖြစ်ပါသည်။

အချို့သောကောရိန္တုမြို့သားများသည် သူတို့၏ပလိပ်ဓားကိုအသုံးပြုပြီး ဤအရာကို ဖြတ်ကျော်ရန် ကြိုးစားအားထုတ်ကြပါသည်။ သို့ရာတွင် ဘုရားသခင်ကို ဉာဏ်နီညာဏ် နက်သုံးပြီး အနိုင်ယူ၍မရပါ။ ထို့ကြောင့် ရုပ်တုအတွက် ပြင်ဆင်ထားသောစားစရာဆီသို့ မသွားကြရန် ပေါလုက တားမြစ်ထားခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် လောင်သော မီးဖြစ်သည်။ ဤသို့လောင်သောမီးဖြစ်ခြင်းက ပြိုင်ဆိုင်မှုကိုသည်းမခံသည့် တစ်ဘက် သတ်ချစ်ခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏လူတစ်ဦးချင်းစီတိုင်းသည် ရုပ်တုကိုးကွယ်ခြင်းနှင့်ခပ်ဝေးဝေးတွင် နေရမည်။

ဈေးတွင်ရောင်းသောအသားကား မည်သို့နည်း။ ၁၀း ၂၃- ၁၁း ၁

“အရာအားလုံးသည် တရားဥပဒေနှင့်ညီသည်” ဟူသောစကားစုသည် အချို့သော ကောရိန္တုမြို့သားများက နှစ်သက်ကြသည်။(၆း ၁၂) ပေါလုက ခရစ်ယာန်တို့၏လွတ် လပ်မှုသည် ကြီးမားနက်ရှုပြီး ပုံ၍စစ်မှန်သောအပြုအမူဖြစ်သည်ဟု သွန်သင်ထားပါ သည်။ အရာအားလုံးကို ခွင့်ပြုထားလျှင် အရာအားလုံးသည် အသုံးဝင်မည်မဟုတ်။ ကျွနု်ပ်တို့သည် အခြားခရစ်ယာန်များအကြောင်းကိုလည်း စဉ်းစားဆင်ခြင်ရပါမည်။

မေးခွန်းတစ်ခုကျန်ရှိနေသေးသည်။ ပူဇော်ထားသောအသားကိုစားသောက်ခြင်းသည် ထိုမျှလောက်အန္တရယ်ရှိသောအရာဖြစ်နေလျှင် ဈေးကအသားကို မည်သို့လုပ်ဆောင် သင့်သနည်း။ အထက်တွင်ဖော်ပြခဲ့သည်အတိုင်း ရုပ်တုကို ပူဇော်ထားသောအသားသာ လျှင် ရောင်းစရာဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်တို့သည် အသားစားခြင်းကို လက် လွှတ်သင့်သလား။ ရှင်ပေါလုပြောနေသည်မှာ ထိုအရာမဟုတ်ပါ။ ဘုရားသခင်သည် ဤ လောကကို ဖန်ဆင်းသောသူဖြစ်သည်။ ရုပ်တုအား ပူဇော်ဆက်သသော်လည်း အဘယ် အရာမျှ ပြောင်းလဲခြင်းမရှိပါ။ ယုံကြည်သူသည် ယဇ်ပူဇော်ခြင်းတွင်ပါဝင်ခြင်းမှရှောင် ကြဉ်လျှင် သားသတ်သမားရောင်သမျှသည်လည်း သြတ္တပ္ပစိတ်ကြည်ကြည်င်လင်ဖြင့် စားသုံးနိုင်ပါသည်။ သို့ရာတွင် အခြားသူများ၏ဦးဆောင်မှုကို သတိပြုကြရန် ပေါလုက သွန်သင်ညွှန်ကြားထားပါသည်။ ခရစ်ယာန်တစ်ဦးသည် ထမင်းဝိုင်းတွင် အသားကိုပေး လျှင် သြတ္တပ္ပစိတ်ကြည်ကြည်လင်လင်ဖြင့် စားနိုင်သည်။ သို့ရာတွင် ရုပ်တုအားပူဇော် သောအရာဖြစ်သည်အကြောင်း ထင်ရှားလျှင် ထိုအကြောင်းကိုသိသောသူအတွက် ထို အသားကိုမစားသင့်ပါ။ သူမ/သူသည် သြတ္တပ္ပစိတ်မကြည်လင်ပါ။ ပေါလုက ခရစ်ယာန် ချစ်ခြင်းမေတ္တာသည် မိမိလိုအင်ဆန္ဒနှင့်အခွင့်အရေး၊ လွတ်လပ်မှုကို အခြားသူအတွက် လက်လျှော့ခြင်းဖြစ်သည်ကို သတ်ပေးထားသည်။ ထိုနည်းအားဖြင့် ခရစ်ယာန်တို့သည် ယုဒလူကိုလည်း မပြစ်မှားပါ၊ တပါးအမျိုးသားများကိုလည်း မပြစ်မှားပါ။ ပေါလုက ကောရိန္တုခရစ်ယာန်များအား ပုံသက်သေအဖြစ်လည်း ပြောထားပါသည်။ ထိုအကြောင်း ကို အခန်းကြီးကိုးတွင် တင်ပြထားပြီး မိမိအခွင့်အရေးကို မည်သို့စွန့်လွှတ်ရမည်အ ကြောင်းဖြင့် အဆုံးသတ်ထားသည်။

ဤအခန်းက သင်ယူစရာသင်ခန်းစာများကို ပေးထားသည်။ ခရစ်ယာန်များသည် အ သက်ရှင်ရာတွင် သူတပါးက မည်သို့ရှုမြင်ကြောင်းကို အမြဲအလေးထားဆင်ခြင်ရန် အချိန်တိုင်းသင်ကြားပေးသည်။ ခရစ်ယာန်များသည် လွတ်လပ်မှုရှိကြသည်။ ကျွန် တစ်ဦးအဖြစ် မည်သူမျှမဆက်ဆံပါ။ သို့ရာတွင် သူသည် လူတိုင်း၏အစေခံဖြစ်လာစေ ရန်အတွက် ရွေးချယ်မှုကို ကိုယ်ပိုင်လုပ်ရမည်။ ထိုသို့ပြောလိုသည်မှာ ဝါကြွားပြောဆိုလို ၍မဟုတ်ပါ။ အယူအဆကိုပေါင်းသင်လိုခြင်းလည်းမဟုတ်ပါ။ ရှင်ပေါလုက ဤသို့သော အသက်တာသည် အကောင်းဆုံးသောနည်းလမ်းဖြစ်သည်ကို ထင်ရှားစေလိုခြင်းသာဖြစ် ပါသည်။ ကျွနု်ပ်တို့အသက်တာ၌ လက်တွေ့ကျင့်သုံးဖို့ သင်ယူလေ့လာထားသော သင် ခန်းစာကို လက်တွေ့အသုံးချရာတွင် စိန်ခေါ်မှုကိုပေးထားခြင်းဖြစ်ပါသည်။