၁ ကောရိန္တု ၃ - အငြင်းအခုံဖြစ်ခြင်းက မည်သည့်အရာကို ပြသသနည်း။

ပထမအခန်း၏အစပိုင်းနှင့်ဒုတိယအခန်းတွင် ပေါလုက ခရစ်တော်၏ဧဝံဂေလိတရား သည် လူ့ထံကလာသည်မဟုတ်၊ ဘုရားသခင်ထံကလာခြင်းဖြစ်သည်ဟု ပြောဆိုထား ပါသည်။ ဤသည်မှာ ကောရိန္တုအသင်းတော်၌ဖြစ်ပျက်သော အတွင်းပိုင်းအငြင်းအခုံအ ပေါ် ရှင်ပေါလု၏တန့်ပြန်မှုဖြစ်ပါသည်။ ထို့နောက် ပေါလုသည် အတွင်း၌အငြင်းအခုံဖြစ် မှုနှင့်ပတ်သက်ပြီး ၎င်း၏တုန့်ပြန်မှုကို ဆက်လက်ပြောဆိုသည်။ သူသည် အရင်အခန်း တွင် ပြောဆိုသည်ထက် ပိုမိုယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်လာသည်။

ကျေလွယ်သောအစာ ၃း ၁-၄

ကောရိန္တုသို့ဝင်ရောက်သောအခါ ပေါလုသည် ဘုရားသခင်၏နက်နဲသောအရာအားလုံး ကို ချက်ချင်းပြသထင်ရှားစေသည်မဟုတ်။ သူသည် မိမိသားငယ်များကို ညှင်သာစွာ ပြုစုကျွေးမွေးသည့် မိခင်အလား ပြုမူလုပ်ဆောင်ခဲ့သည်။ မွေးကင်းစကလေးသည် အ သက်ကြီးသူများစားသည့်အစာကို မစားနိုင်သေးပါ။ အကျိုးသက်ရောက်မှုသည် အလွန် ပင်ကြီးမားလိမ့်မည်။ ထိုနည်းတူစွာ ပေါလုသည် ကောရိန္တုယုံကြည်သူများကို ကောင်း မွန်စွာ ကိုင်တွယ်ထားသည်။ အခြေခံသဘောတရားကို ထပ်ခါထပ်ခါ သွန်သင်သည်။ ခက်ခဲနက်နဲသည့်မေးခွန်းများဖြင့် အရင်ဆုံးဝင်ရောက်သည်မဟုတ်။

နက်နဲသည့်သွန်သင်ချက်များသည် သူတို့အတွက် များလွန်းမည်။ ယခုပင်လျှင် များနေ သည့်အနေအထားတွင် ရှိသည်။ သို့ဖြစ်သောကြောင့် သူတို့သည် ၎င်းတို့၏ဆရာနှစ်ပါး နှင့်ပတ်သက်ပြီး တစ်ဦးကိုတစ်ဦး တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေကြသည့်အချက်မှာ သိနိုင်ပါသည်။ ကောရိန္တုအသင်းတော်သည် နို့ကိုသာ လိုအပ်နေသေးသည့်ခြေအနေ ဖြစ်ပါသည်။ ဆိုလိုသည်မှာ အခြေခံသဘောတရားများကိုသာ လိုလားနေသေးသည့် အ ခြေအနေဖြစ်ပါသည်။

ထိုသို့ဖြစ်နေလျက်ပင် ကောရိန္တုအသင်းတော်ရှိယုံကြည်သူများက မိမိကိုယ်ကို “ဝိညာဉ် လူ”အဖြစ်သာ ရှုမြင်နေကြသည်။ “ဝိညာဉ်လူ”၊ ဝိညာဉ်ရေးရာနှင့်သက်ဆိုင်သောစကား လုံးကို သုံးနှုန်းသောအခါ (အပိုဒ် ၁) ရှင်ပေါလုက ကောရိန္တုအသင်းတော်အတွက် သန့်ရှင်းသောဝိညာဉ်တော်ပေးထားသော ဆုကျေးဇူးများစွာကို ရည်ညွှန်းလိုကြောင်း အထင်အရှားတွေ့ရပါသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အသက်ရှင်သည်ဟု ထင်မှတ်သောသူတို့သည် တကယ်တော့ ခရစ်ယာန်ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ပထမအဆင့် ကခဂ ကိုသာ စတင်သင်ယူနေသူများဖြစ်နေသေးကြောင်းကို ထင်ရှားစေ ပါသည်။

ဟောပြောသူ၏အရေးပါမှု ၃း ၅- ၉

ကောရိန္တုအသင်းဝင်များကို အဖွဲ့နှစ်ဖွဲ့ဖြင့် အငြင်းပွါးနေကြသည်။ သူတို့သည် ပေါလု ကိုထောက်ခံသောအဖွဲ့နှင့်အာပေါလုကို ထောက်ခံသောအဖွဲ့ဟူ၍ဖြစ်သည်။ အထူးသ ဖြင့် စကားပြောရာ၌ ကျွမ်းကျင်ပါးနပ်သောအာပေါလု (တမန် ၁၈) သည် လူများစွာကို ဆွဲဆောင်ဟန်တူပါသည်။ ယခုတွင် ပေါလုသည် ထိုသို့လုပ်ဆောင်ခြင်းမှာ မှားယွင်း ကြောင်း၊ ရပ်တန့်သင့်နေပြီဖြစ်ကြောင်း ပြောလာသည်။ အပိုဒ်ငယ် ၉ ကိုကြည့်သောအ ခါ သူက တမန်တော်တို့သည် ဘုရားသခင်၏အမှုကိုဆောင်ရွက်နေသူများ၊ သာသနာဟူ သည်မှာ ဘုရားသခင်ပိုင်ဆိုင်သောကွင်းဖြစ်ကြောင်း၊ ကောရိန္တုအသင်းတော်သည် ဘုရားသခင်၏အဆောက်အဦးဖြစ်ကြောင်း အလေးအနက်ထားပြောသည်။ သာသနာ ကွင်းနှင့်အလုပ်လုပ်သူသည် ဘုရားသခင်ပိုင်ဆိုင်သည်။ ထို့ကြောင့် ဟောပြောသူတို့ကို ကြိုးကိုင်ပြီး အဖွဲ့များကွဲပြားနေခြင်းသည် အချည်းနှီးသက်သက်၊ ဘုရားသခင်၏သ ဘောတရားမဟုတ်ကြောင်း ဆိုသည်။

ဟောပြောသူတစ်ဦးသည်၊ တစ်ခုသာလုပ်ဆောင်နိုင်သည်။ အခြားတစ်ခု ကျန်နေသေး သည်။ ပေါလုသည် ကောရိန္တုအသင်းတော်ကို တည်ထောင်သည်။ ထို့ကြောင့် သူသည် အသင်းတော်တည်ထောင် အစပြုသူဖြစ်သည်။ အာပေါလုသည် အသင်းတော်ကို ကြည့် ရှုပြုစုသည်။ သို့ဖြစ်၍ သူသည် မျိုးစေ့ကို ရေလောင်းသောသူဖြစ်သည်။ ထိုအရာနှစ်ခု၏ နောက်ကွယ်တွင် ဘုရားသခင်သည် အပင်ကိုကြီးထွားစေသည်။ အာပေါလုနှင့်ပေါလု နှစ်ဦးလုံးသည် ၎င်းတို့၏လုပ်ဆောင်ချက်နှင့်အညီ ဘုရားသခင်ထံပါးမှ ဆုလဒ်သရဖူကို ကိုယ်စီရရှိကြမည်။ လူတိုင်း ကိုယ်လုပ်သည့်အလုပ်အတွက် တာဝန်ယူရကြမည်။ သို့ဖြစ် ၍ ရှင်ပေါလုက ဟောပြောသောသူသည် ကိုယ့်အကြောင်းကိုဟောပြောနေသည်မ ဟုတ်၊ ဘုရားသခင်၏အစေကိုခံနေကြသည်ဟူသော အချက်ကို ပြောသည်။

ဟောပြောသူ၏တာဝန် ၃း ၁၀-၁၇

ပေါလုက ဥပစာကို ဆက်လက်အသုံးပြုသည်။ အသင်းတော်သည် ဘုရားသခင်၏ အ ဆောက်အဦးဖြစ်သည်။ ကောရိန္တုမြို့သို့ရောက်ရှိပြီးနောက်တွင် ပေါလုသည် အသင်း တော်အတွက် ခိုင်မာသောအုတ်မြစ်ကို ချထားသည်။ အခြားသောဘုရားသခင်၏အစေခံ ဖြစ်သည့် အခြားသောဟောပြောသူတို့သည် ပေါလုချထားသောအုတ်မြစ်အပေါ်အခြေခံ ၍ အဆောက်အဦးကို ထပ်ဆင့်တည်ဆောက်ပေးကြသည်။ ထိုအဆောက်အဦးကို ပေါလုပိုင်သည်မဟုတ်။ အခြားတည်ဆောက်သူများလည်း ပိုင်သည်မဟုတ်၊ ဘုရား သခင်ကိုယ်တိုင်သာ ပိုင်သည်။

ပေါလုသည် အသင်းတော်ရဲ့အုတ်မြစ်ကိုချထားခဲ့သည်။ ထိုအုတ်မြစ်မှာ ခရစ်တော်ဖြစ် ပြီး ၎င်း၏လက်ဝါးကပ်တိုင်၌ အသေခံခြင်းလည်းဖြစ်သည်။ ယခုတွင် ပေါလုက ထိုအ ဆောက်အဦးကိုဆန့်ကျင်သည့် မည်သည့်အခြားအဆောက်အဦးကိုမဆို ဆန့်ကျင်ပြော ဆိုလာသည်။ ခရစ်တော်သည်သာလျှင် ခိုင်မြဲမည့်တစ်ခုတည်းသော အုတ်မြစ်ဖြစ်သည်။ လုပ်ဆောင်သူတိုင်းသည် ထိုအုတ်မြစ်ပေါ်တွင် ထပ်ဆင့်၍တည်ဆောက်နိုင်သည်။ သို့ရာတွင် တရားစီရင်သောနေ့၌ တည်ဆောက်မှုကို မီးဖြင့် စစ်ကြောမည်။

တရားစီရင်သောနေ့တွင် ဖြစ်ပျက်နိုင်သည်မှာ တစ်ဦးဦး၏တည်ဆောက်သောအလုပ် သည် မီးဖြင့်စစ်ကြော၍ လောင်ကျွမ်းသည်ကို ထင်ရှားစေနိုင်သည်။ တနည်းအားဖြင့် ၎င်းသည် ကောရိန္တုအသင်းတော်ကဲ့သို့သော တည်ဆောက်မှုဖြစ်နိုင်ပါသည်။ ကြိုးစား အားထုတ်ဆည်ဆောက်မှုသည် မီးလောင်ကျွမ်းပျက်စီးသွားနိုင်သည်။ ထိုသူသည် ကယ် တင်ခြင်းသို့ရောက်မည်မဟုတ်။ သို့ရာတွင် ဘုရားသခင်၏အလုပ်ကိုလုပ်ဆောင်သောသူ သည် ခရစ်တော်အပေါ်၌တည်ဆောက်လျှင် လုပ်ဆောင်သောအရာသည် နည်းပါးသော် လည်း ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ သို့သော် မီးထဲသို့အစစ်ခံသောအခါ ဘုရား သခင်၏နိုင်ငံတော်အတွက် ဘာမျှမရှိတော့ပါ။

ထို့ကြောင့် ဤအခန်းက ငရဲလေးအကြောင်း ပြောနေခြင်းမဟုတ်။ ထိုစကားလုံးသည် အသင်းတော်ကို ကြည့်ရှုသူများကိုဆိုလိုသည်။ ဘုရားသခင်၏အသင်းတော်၌တာဝန် ပေးခံရသူတို့ကို ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် ဤကျမ်းပိုဒ်ကိုဖတ်ရှုနေခြင်းသည် ခရစ် ယာန်တိုင်းအတွက် ကောင်းသည်။ နောက်ဆုံးသောနေ့တွင် တရားစီရင်ခြင်းသည် ဘုရားသခင်၏အိမ်တော်ဖြစ်သော အသင်းတော်မှစတင်လိမ့်မည်။ ထိုနေ့တွင် အ ဆောက်အဦးသည် တည်မြဲသည်၊ သို့မဟုတ် မတည်မြဲသည်ကို ဖော်ပြမည်။ ပေါလု၏ စကားသည် ကောရိန္တုအသင်းတော်တွင် သွန်သင်မှုကိုပြုသော ဆရာသမားများကို သတိပေးနေခြင်းဖြစ်သည်။

ပေါလုက သတိပေးစကား နောက်ထပ်တစ်ခုကိုလည်း ယူဆောင်လာသည်။ ကောရိန္တု မြို့တွင် သူ၌အခြားအဆောက်အဦးမရှိဘဲ သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်သော ဘုရားသခင်၏ဗိမာန်တော်သာရှိကြောင်း သတိပေးထားသည်။ ဓမ္မဟောင်းကျမ်းက ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်းသည်၊ မညစ်ညူးစေရသောနေရာ၊ အဘယ်သူ မျှမဖျက်ဆီးနိုင်သောနေရာဖြစ်ကြောင်းကို (ဆာလံ ၁၂၅၊ ၁၂၉၊ ၁၃၂) အကြိမ်ကြိမ် အလေးအနက်ထားပြောဆိုသည်။ ယခုတွင် ကောရိန္တုအသင်းတော်ကို ဖျက်ဆီးလိုပြီး မှန်ကန်သောအယူဝါဒကို မှောက်လှန်ရန်ကြိုးစားအားထုတ်လျှင် အကျိုးကို အမှန်တ ကယ်ခံရမည်။ ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်က သူ့ကို ပြန်၍ ဖျက်ဆီးမည်။

ဤအခန်းတစ်ခုလုံးကိုကြည့်လျှင် ခရစ်ယာန်တို့၏ဝိညာဉ်ရေးရာ၌ ယဇ်ပုရောဟိတ်ဖြစ် ခြင်းအကြောင်းကို ဆက်လက်တွေ့ရှိရသည်။ ၎င်းတွင် သိုးထိန်း၏အဆင့်တစ်ခုကို ထင်သာမြင်သာတွေ့ရသည်။ လူတစ်ဦးသည် အသင်းတော်အတွက် တာဝန်ရှိသည်။ သူသည် ထိုအသင်းတော်၌ လုပ်ဆောင်ရမည်မှာ သွန်သင်ခြင်းအမှုပင်ဖြစ်ပါသည်။

ကွဲပြားမှုအတွက် အငြင်းအခုံနှင့်ဆန္ဒများ ၃း ၁၈- ၂၃

ဤအခန်းတွင် ပေါလုသည် အခန်း ၄ တွင် ဖော်ပြထားသည့်အရာကို အကျဉ်းချုံး၍ တင် ပြထားပါသည်။ အဖွဲ့အစည်းများ၊ အုပ်စုများ မည်သို့ဖြစ်ပေါ်လာသည်။ တစ်ဦးကိုတစ်ဦး အငြင်းအခုံဖြစ်နေသည်မှာ မလိုလားအပ်သောအရာဖြစ်ကြောင်း၊ ရူးမိုက်ခြင်းသက်သက် သာဖြစ်ကြောင်း ပြောဆိုသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းမှာ သူတို့သည် အခြားသူ ထက်ပို၍ တော်သည်၊ တတ်သည် ဟူသော လူတို့၏စိတ်ဆန္ဒကြောင့်ဖြစ်သည်။ ပေါလု သည် အခန်းကြီး ၂ တွင်ဆွေးနွေးသည့် ခေါင်းစဉ်သို့ပြန်သွားပါသည်။ လူ့ပညာသည် ဧဝံဂေလိတရားကို နားမလည်နိုင်။ လူတစ်ဦးက မိမိကိုယ်ကို ပညာရှိသည်ဟုထင်လျှင် ခရစ်တော၌ ပညာကိုရဖို့ လူမိုက်ဖြစ်ပါစေ။ ဘုရားသခင်၏အသင်းတော်တွင် လူတွေနှင့် ပတ်သက်ပြီး အငြင်းပွါးရမည့်အကြောင်းမရှိပါ။

ပေါလု၊ အာပေါလုနှင့်ကေဖ (ပေတရု) တို့သည် ဘုရားသခင်၏အမှုတော်ထဲ၌ အလုပ် လုပ်နေသူချင်းဖြစ်ကြသည်။ ဘုရားသခင်က သူတို့အားလုံးကို မတူညီသည့် ဆုကျေး ဇူးများပေးထားသည်မှာ ကောရိန္တုအသင်းတော်အတွက် ကောင်းသောအရာဖြစ်ပါသည်။ ဘုရားသခင်က ခွဲခန့်သည်။ အသင်းတော်ကို သူတို့ပိုင်သည်ဟု အဘယ်သူမျှ မထင်စေ နှင့်။ ခရစ်တော်သာပိုင်ဆိုင်သည်။ ထိုခရစ်တော်အားဖြင့် ဘုရားသခင်သာပိုင်ဆိုင်သည်။ ကောရိန္တုအသင်းသားများသည် ခရစ်တော်၏နာမ၌ ဗတ္တိဇံကို ခံကြသည်။ ထို့ကြောင့် အသင်းတော်ဝင်များသည် ဘုရားသခင်ကိုသာ ရိုသေလေးမြတ်ခြင်းရှိဖို့ သင်ယူလေ့လာ ရမည်ဖြစ်သည်။