၁ ကော ၄ - ပေါလု၏အဆင့်ကား မည်သို့နည်း။

အခန်းကြီးတစ်တွင် ပေါလုသည် ဆရာများကိုထိန်းသိမ်းလျက် အဖွဲ့လိုက်ကွဲပြားခြင်းနှင့် ပတ်သက်ပြီး ကောရိန္တုအသင်းတော်တွင် ကြုံတွေ့နေရသော ပြဿနာကို ဖော်ထုတ်ခဲ့ ပါသည်။ ထိုနောက် သူက ဧဝံဂေလိတရား၏ဇစ်မြစ်သည် လူသားမဟုတ်ဘဲ၊ ဘုရား သခင်သာဖြစ်ကြောင်း စတင်သွန်သင်ထားသည်။ ဧဝံဂေလိတရားသည် ဘုရားသခင်၏ ဉာဏ်ပညာအားဖြင့်ဖြစ်ပြီး လူသားများ၏ကျိုးကြောင်းတရားက နားမလည်နိုင်ပါ။ လူသားတို့၏ငြင်းခုံမှုသည် သင့်လျော်သောအရာမဟုတ်ပါ။ ထို့နောက် အခန်းကြီးသုံးသို့ ရောက်လာသောအခါ ဟောပြောသောဆရာတိုင်းသည် ဘုရားသခင်ရှေ့၌ တာဝန်ကိုယ် စီရှိကြကြောင်း ညွှန်ပြခဲ့သည်။ အသင်းတော်တွင် တရားဟောဆရာများအကြောင်းနှင့် ပတ်သက်ပြီး အငြင်းပွါးစရာအကြောင်းမရှိသည်အကြောင်းကို သွန်သင်ထားပါသည်။

ထိုငြင်းခုံမှုများဖြစ်ပေါ်လာပြီးနောက်တွင် ပေါလုက သော့ချက်အကြောင်းအရာများကို ပြောဆိုပြီး ၎င်းသည် သူ့အတွက် အကြီးမားဆုံးသော ပြဿနာဖြစ်ပါသည်။ ခရစ်ယာန် အားလုံးက ပေါလု၏အခွင့်အာဏာကို အသိအမှတ်မပြုကြ။ သူသည် အယူဝါဒဆိုင်ရာ သွန်သင်ချက်အချို့ကို သွန်သင်ပြီးနောက်၌သာ ထိုအကြောင်းကို ပြောလိုပါသည်။

ဘုရားသခင်သာလျှင် စီရင်ပိုင်သည်။ ၄း ၁- ၅

ယခုတွင် ရှင်ပေါလုက သူ့၏အဆင့်အတန်းကို ဖော်ပြထားသည်။ ပေါလုသည် ကောရိန္တု အသင်းတော်ကို တည်ထောင်သူဖြစ်သည်။ ထိုအရာက အခြားသူများလာခြင်းကို အဆီး အတားမဖြစ်ပါ။ စကားပြောဆိုခြင်းအတတ်ပညာဖြင့် လူများစွာကိုလည်း ဆွဲခေါ်နိုင် သည်။ ဤအရာများကို အသင်းတော်၌ခွင့်ပြုခြင်းသည် ပေါလုအတွက် လုံးဝပြဿနာမရှိ ပါ။ ပြဿနာမှာ အသင်းတော်၌ အချို့သောသူတို့က ပေါလု၏အခွင့်အာဏာကို လစ်လျူ ရှုလိုကြသောကြောင့်ဖြစ်သည်။ ပေါလု၏သွန်သင်ချက်ကို သိပ်နားမထောင်လိုကြတော့ ပေ။ သူ့ကို ယေရုရှလင်မြို့ရှိ ကနဦးအသင်းတော်က တမန်တော်အဖြစ် အသိအမှတ်မ ပြုကြပေ။ တခြားတမန်တော်များနှင့်တန်းတူမထားလိုကြပေ။

ပေါလုက သူ့နေရာကို စွဲကိုင်ထားသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သူ့ကိုယ်သူ ခေါင်းမာသည်လည်းမဟုတ်၊ သို့မဟုတ် မိမိကိုယ်ကိုအရေးကြီးဆုံးဟု သတ်မှတ်သည် လည်းမဟုတ်။ ဘုရားသခင်က သူ့အားပေးထားသော အလုပ်အပေါ်တွင် သစ္စာရှိလို ရုံသာဖြစ်ပါသည်။ ဘုရားသခင်က သူ့အား တပါးအမျိုးသားတို့အတွက် တမန်တော်ဟု ခေါ်ဆိုသည်။ ထို့ကြောင့် တမန်တော်၏စကားကို သူတို့က ယုံသည်ရှိ၏၊ မယုံသည်ရှိ ၏မှာ ကောရိန္တုမြို့သားတို့၏ ဆုံးဖြတ်ချက်သာဖြစ်ပါသည်။

ပေါလုသည် ခရစ်တော်၏အစေခံ၊ ဘုရားသခင်၏နက်နဲသောအရာကို ကိုင်ဆောင်သည့် ဘဏ္ဍာစိုးဖြစ်တော်မူသည်။ ကောရိန္တုရှိ သူ၏ပုံရိပ်သည် ထိုအရာပေါ်တွင် အခြေခံသည်။ သူ့အပေါ်လူတို့၏တန်ဖိုးထားမှုမှာ လုံးဝမမျှတပါ။ သူသည် ဘုရားသခင်ရှေ့၌သာ တန် ဖိုးရှိသည်။

ယခုတွင် ပေါလုက ဘုရားသခင်ပေးထားသည့်တာဝန်လုပ်ဆောင်သည့်အပေါ် ဆန့်ကျင် မှုအတွက် သတိပေးထားသည်။ စီရင်ဆုံးဖြတ်ရန်မှာ သူတို့မဟုတ်ဘဲ ဘုရားသခင်သာ ဖြစ်ကြောင်းဆိုသည်။ “ဘုရားသခင်၏နက်နဲသောအရာကို ထိန်းသိမ်းသောသူ” ကို သူ တို့မှာ စီရင်ပိုင်ခွင့်မရှိဟုဆိုသည်။ မိမိအစေခံများအပါအဝင် လူသားအားလုံးကို ဘုရား သခင်က စီရင်လာသည့်တစ်နေ့ ရောက်လာပါလိမ့်မည်။ ပေါလုက နှိမ့်ချလျက်ရှိသော စိတ်နှလုံးကို စောင့်နေသည်။ ဘုရားသခင်၏စီရင်ခြင်းအပေါ် ယုံကြည်မှုရှိသည်။ သို့ရာ တွင် ကောရိန္တုလူတို့သည် သူ့ကိုသော်လည်းကောင်း၊ သို့မဟုတ် တစ်ဦးဦးကိုသော် လည်းကောင်း စီရင်ပိုင်ခွင့်မရှိကြပါ။

အာပေါလုနှင့်ပေါလုသာဓကများ ၄း ၆-၇

“ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကိုလွန်၍ သူတပါးကို မရိုသေအပ်ဟု ငါတို့ကို ထောက်၍နားလည်စေခြင်းငှါ၎င်း၊ မာနစိတ်ထောင်လွှားသည်နှင့်တယောက်ကိုမှီဝဲ၍ တယောက်ကိုငြင်းဆန်ခြင်းမရှိစေခြင်းငှါ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏အကျိုး ကိုထောက်၍ ငါနှင့်အာပေါလုကို ပုံဆောင်၍ဆိုသတည်း။”

ပြောချင်သည့်အရာမှာ ရှင်းရှင်းလင်းလင်းတွေ့ရသည်။ ပေါလုက သူကိုယ်တိုင်နှင့်အာ ပေါလုကို တရားဟောဆရာဖြစ်ခြင်း၏တာဝန်ကို သရုပ်ပြရန် ဥပမာအနေဖြင့် အသုံးပြုပါ သည်။ ပေါလုနှင့်အာပေါလုနှစ်ဦးလုံးသည် ဘုရားသခင်၏အစေခံများဖြစ်ကြသည်။ ထို့ ကြောင့် ဘုရားသခင်ကသာလျှင် စီရင်ပိုင်သည်။ ပြဿနာမှာ ကောရိန္တုမြို့သားခရစ် ယာန်များသည် ၎င်းတို့၏အမြင်ကိုပြောဖို့ စိတ်အားထက်သန်ကြသည်။ ထို့အပြင် မိမိ ကိုယ်မိမိ တရားသူကြီးအဖြစ်၌ နေလိုကြသည်။ ပေါလုက ထိုသို့သောအခွင့်အာဏာကို အဘယ်သူထံ၌ရရှိသည်အကြောင်းကို မေးလေ့ရှိသည်။ သူတို့၌ရှိသမျှသော ဆုကျေးဇူး သည် ဘုရားသခင်ထံကလာခြင်းဖြစ်သည်။ ဘုရားသခင်၏ ဤဆုကျေးဇူးသည် မိမိ ကိုယ်ကို သူများအထက်၌ ထားပိုင်ခွင့်ပေးထားသည်မဟုတ်။

ဘုရင်များနှင့်လူမိုက်များ ၄း ၈- ၁၃

ပေါလုက ကောရိန္တုယုံကြည်သူများအား ခါးသီးသောစကားများဖြင့် ဆက်လက်သင်ကြား ပေးသည်။ ကောရိန္တုယုံကြည်သူများသည် ဘုရားသခင်၏ခိုင်မာသောလူများဖြစ်ခြင်းအ ပေါ် အားကျနေကြသည်။ သူတို့သည် ဘုရင်နှင့်တရားသူကြီးများကို တင်မြှောက်ကြပြီး သားဖြစ်သည်။ လောကအမြင်အားဖြင့်ကြည့်ရသော် ခရစ်တော်၏လက်ဝါးကပ်တိုင် သည် သူတို့ကို မိုက်မဲစေဟန်မရှိ၊ သူတို့၏လေးစားဖွယ်အဆင့်ကို မည်သူမျှ အငြင်းပွါးမှု မရှိ။ တမန်တော်၌ဖြစ်ပျက်သောအရာသည် လုံးဝကွဲပြားခြားနားသည်။ ပထမဆုံးနှုတ် ဆက်စကားဆိုပြီးနောက် ပေါလုသည် မိမိအကြောင်းကို ဤစကားလုံးတွင် အသုံးပြု ထားပါသည်။

ဘုရားသခင်သည် တမန်တော်များအား များစွာသောဒုက္ခဆင်းရဲကိုခံဖို့ ခွဲခန့််ထားသည်။ သူတို့သည် ဆင်းရဲဒုက္ခကြုံတွေ့ကြသည်။ အိုးမဲ့အိမ်မဲ့နေကြသည်။ ၎င်းတို့၏လုပ်ငန်း ဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကြသည်။ သူတို့သည် ညှင်းပန်းနှိပ်စက်ခြင်း၊ ခေါင်း ဖြတ်သတ်ခြင်းလည်း ခံရကြသည်။ ဘုရားသခင်က သူ၏တမန်တော်များကို အမှိုက်သ ဖွယ် ဖြစ်စေသည်။ သို့မဟုတ် လူတိုင်းက သူတို့ကို တံထွေး ထွေးကြသည်။ ကံကောင်း စွာဖြင့် ကောရိန္တုယုံကြည်သူများသည် ကြီးမားသောသူများ၊ တန်ခိုးကြီးသည့် သခင်များ ဖြစ်ကြသည်။ ပေါလု၏ကြမ်းတမ်းသောစကားသည် သူတို့ကို နာကျင်စေသည်။ သူ၏ စာရေးသားပုံစံမှာ အလွန်ထူးကဲသည်။

သို့ရာတွင် သူသည် သူတပါးကို ပျက်ရယ်ပြုသည်မဟုတ်။ ဘုရားသခင်က ကောရိန္တုယုံ ကြည်သူတို့အားပေးထားသော ဆုကျေးဇူးတော်များသည် အလွန်ကြီးမားသည်။ ပြဿနာမှာ ကောရိန္တုမြို့သားများသည် ဘုရားသခင်ကို ရိုသေလေးစားခြင်းမရှိကြပါ။

ရှင်ပေါလုက ဤအကြောင်းအရာကို ပြောဆိုခဲ့ပြီးဖြစ်သည်။ ၎င်းသည် ကောရိန္တုဒုတိယ စာစောင်တွင် အရေးကြီးသောအကြောင်းအရာဖြစ်ပါသည်။ ကျွနု်ပ်တို့အတွက် အလွန် အရေးကြီးသောအရာဖြစ်သကဲ့သို့ လုသရင်အသင်းတော်များအတွက်လည်း အရေးကြီး လှပါသည်။ ဘုရားသခင်၏တန်ခိုးသည် လူ့အစွမ်းအစနှင့်ဘုန်းအသရေကဲ့သို့ ဤလော ကတွင် ပျောက်ကွယ်သွားမည်မဟုတ်။ ဤအချိန်တွင် ဘုရားသခင်သည် အားနည်းခြင်း အရာ၌ သူ၏ခွန်အားကို ဝှက်ထားသည်။

ပထမဦးဆုံးအနေဖြင့် ထိုအရာမှာ ခရစ်တော်၏အသက်တာ၌လုပ်ဆောင်ခဲ့သောအရာ ဖြစ်ပါသည်။ ယေရှုသည် မြင့်မြတ်သောနန်းတော်၊ ဘုန်းအသရေဖြင့်ပြည့်စုံသောနေရာ တွင် မွေးဖွါးလာသည်မဟုတ်။ ဆင်းရဲချို့တဲ့ပြီး ငြင်းပယ်ခံရသည့်နေရာတွင် မွေးဖွါးလာ ခဲ့သည်။ ခရစ်တော်၏ရွေးနှုတ်ခြင်းအလုပ်သည် ဘုန်းတော်လွှမ်းသည့်လမ်းမဟုတ်။ မိမိ ကိုယ်ကို နှိမ့်ချပြီး ကားတိုင်ထမ်းကာ အရှက်ကိုခံခဲ့သည်။

အသင်းတော်ကိုအစပြုသောအခါ ဘုရားသခင်ရွေးကောက်ထားသောလူတို့သည် ကမ္ဘာ ကြီး၏ ထိပ်ပိုင်း အတွေးအခေါ်ပညာရှင်များမဟုတ်။ ပညာမတတ်သည့် တံငါသည်များ သာဖြစ်ကြသည်။ ပေါလုသည် ဘုရားသခင်ထံမှ သာသနာကို ရရှိသောအခါ ဒုက္ခဝေဒ နာပေါင်းစုံကြုံရမည်အကြောင်း ဘုရားသခင်က ကတိပေးထားသည်(တမန် ၉း ၁၆)။ ထိုကတိတော်အတိုင်း ဒုက္ခခံခဲ့ရသည်။

“လက်ဝါးကပ်တိုင်အကြောင်းဓမ္မပညာ” က ဘုရားသခင်သည် ဤလောကတွင် သူ၏ ဘုန်းအသရေကို ဝှက်ထားပြီး သူ၏ခွန်အားကို အားနည်းခြင်းအရာ၌ ပြသသည်ဟု ဆိုသည်။ “ရိုသေလေးမြတ်ခြင်းဓမ္မပညာ” က ဘုရားသခင်၏မျက်မြင်ရသောခွန်အားကို နှစ်သက်သည်။ ခိုင်မာသော ခရစ်ယာန်များနှင့်စူပါသာသနာပြုများကို နှစ်သက်သည်။ “ရိုသေလေးမြတ်ခြင်းဓမ္မပညာ” က ပေါလု၏တနယ်ရပ်ခြားကအယူဝါဒဖြစ်သည်။

ပေါလုသည် ကောရိန္တု၌ တမန်တော်ဖြစ်သည်။ ၄း ၁၄- ၂၁

ဘုရားသခင်က မိမိ၏သာသနာပြုများကို နှိမ့်ချခြင်းအသက်တာဆီသို့ခေါ်ဆောင်လာ ခြင်းနည်းလမ်းအကြောင်းကို ဖော်ပြပြီးနောက် ပေါလုသည် သူ၏ကောရိန္တုအသင်းတော် ကို တဖန်ရင်ဆိုင်ပြောဆိုပြန်သည်။ ရှင်ပေါလုကိစ္စ၌ တမန်တော်များကို ပြစ်တင်ရှုပ်ချရန် မှာ သူတို့၏ ရပိုင်သောအခွင့်အရေးဖြစ်သည်ဟုပင် ထင်မှတ်ခဲ့ကြသည်။ များစွာသောသူ တို့က ကောရိန္တုအသင်းတော်ရှိ ရှင်ပေါလု၏အခွင့်အာဏာကို စိန်ခေါ်မှုပြုကြသည်။ အ ဘယ့်ကြောင့်ဆိုသော် ထိုအသင်းတော်တွင် သင်ကြားမှုကိုပြုသောသူအများရှိကြသည်။ ယခုတွင် ပေါလုက ၎င်း၏နောက်ဆုံးငြင်းဆိုမှုကိုပြုသည်။ ကောရိန္တုအသင်းသားများ သည် ခရစ်တော်၌ပညာရှိသောသူ တစ်သောင်းလောက်ရှိလျှင်ပင် ခရစ်တော်၌ ခမည်း တော်တစ်ပါးသာရှိမည်။

ပေါလုသည် သူတို့အသင်းတော်ကို တည်ထောင်သူဖြစ်သည်။ သူသည်သာလျှင် ဧဝံဂေလိတရားကို ကောရိန္တုမြို့သို့ ယူဆောင်လာသည်။ ထိုအကြောင်းကို ကြည့်လျှင် ပေါလုသည် အနည်းဆုံး ကောရိန္တုအသင်းတော်၌ တမန်တာ်ဖြစ်သည်။ အခြားတမန် တော်များကြား၌ တမန်တော်အဖြစ်လက်ခံခြင်းသည်၊ အသိအမှတ်ပြုခြင်းသည် ပေါလု အတွက် မလုံလောက်ပါ။ ကောရိန္တုအသင်းတော်တွင် သူသည် အသင်းတော်တစ်ခုလုံး ကို စီမံခန့်ခွဲဖို့ တာဝန်ရှိသည့် နံပတ်တစ် တမန်တော်ဖြစ်သည်။ ဤတာဝန်ကို ပစ်ပယ် ရန် ငြင်းဆိုသည်။ သို့ဖြစ်သောကြောင့် သူ့တာဝန်နှင့်အခွင့်အာဏာကို လုံးဝဆုပ်ကိုင် ထားသည်။

အသင်းသားများသည် ဘုရားသခင်၏အလိုတော်ကို ဝန်ခံရမည်။ ထိုအရာကို လူတိုင်း က သဘောတူရမည်ဟုမဆိုလိုသော်လည်း အချို့သောသူများအတွက်မူ နာခံခြင်းမပြုမှီ တွင် ခက်ခဲသောအချိန်ကာလကို ကြုံတွေ့ကြရနိုင်သည်။

ပေါလုသည် ကောရိန္တုအသင်းတော်သို့လာသောအခါ သူသည် အလုပ်ကို နှံ့နှံ့စပ်စပ်လုပ် ဆောင်သည်။ ပြန်လည်ပေါင်းစည်းလာသောအချိန်၌ ပျော်စရာပေါင်းစည်းမှုလား သို့မ ဟုတ် စည်းကမ်းပိုမိုတင်းကြပ်မည်လောဟူသည်မျာ အသင်းဝင်တို့အပေါ်တွင်သာ မူတည်ပါသည်။

ပေါလုက ၎င်း၏ပေးစာတွင် ကောရိန္တုယုံကြည်သူများကိုင်တွယ်ပုံမှာ အံ့သြမင်သက်ဖွယ် ကောင်းပါသည်။ သူ၏အဓိကပြဿနာမှာ သူ၏အခွင့်အာဏာအပေါ် ခုခံပြောဆိုကြခြင်း ပင်ဖြစ်သည်။ ထိုအကြောင်းက အသင်းတော်ကို ကြည့်ရှုပြုစုရန် သူ့အတွက် ပိုမိုခက်ခဲ စေပါသည်။ ပေါလုက ဤအကြောင်းကို ပေးစာအစပိုင်း၌ မပြောရခြင်းမှာ တွေးခေါ် တတ်လွန်းသည်။ ပထမဆုံး ခရစ်တော်၏ဧဝံဂေလိတရားအကြောင်းကို သူကပြောပါ သည်။ ထို့အပြင် တရားဟောဆရာ၏အခန်းကဏ္ဍနှင့်လုပ်ငန်းတာဝန်များအကြောင်းကို ပြောသည်။ ထိုအရာများကိုပြောဆိုပြီးနောက် တမန်တော်၏လုပ်ဆောင်ချက်တာဝန်များ အလွန်ခက်ခဲကြောင်း နားလည်သည့် ကောရိန္တုလူတို့အား လျှောက်ထားသည်။ ဤသို့ သောနည်းလမ်းဖြင့် အလွယ်တကူ ဆွဲခေါ်လို့ရသူများကို နားလည်စေသည်။ သူ့ဘက်၌ ငြိမ်းငြိမ်းချမ်းချမ်းမပါဝင်လိုသူများကို တင်းကြပ်သည့်စကားများ ပြောလိမ့်မည်။

ပေါလုသည် ပညာအမြော်အမြင်ရှိသည့် တိုင်ပင်ဖက်ဖြစ်သည်နည်းတူ စာရေးသူလည်း ဖြစ်ပါသည်။ သူသည် မိမိကိုယ်ကို အချိန်ကြာမြင့်စွာ ချုပ်တည်းခဲ့သည်။ သို့သော် အစီအစဉ်ကျနသော အပြုအမူတစ်ခုတွင် ၎င်း၏ဒေါသကိုလွှတ်ထားလိုက်ပါသည်။ တမန်တော်က မှားယွင်းသောဆရာများက လမ်းမှားဦးဆောင်မည်ကိုစိုးရိမ်သဖြင့် အ သင်းတော်ကို မစွန့်ခွါရန် ဆုံးဖြတ်ခဲ့သည်။ သို့ဖြစ်သောကြောင့်သာ သူသည် ခက်ခက် ခဲခဲရုန်းကန်နေရသည်။ ၎င်းသည် မိမိဘုန်းအတွက်မဟုတ်။ ဘုရားသခင်ကိုယ်တိုင်ပေး ထားသည့် သာသနာအဖြစ်ပါသည်။

ကောရိန္တုပထမစာစောင်ရှိ အခန်းလေးသည် ပေါလုက ကောရိန္တုအသင်းတော် ပြန်လည် ဦးမော့လာဖို့ လိုအပ်သည့်ဖော်ပြချက်များသာ စိတ်ဝင်စားစရာကောင်းသည်မဟုတ်။ ကျွနု်ပ်တို့အတွက်မူ သခင်ဘုရား၏တမန်တော်တို့တွင် ကျွနု်ပ်တို့ကိုလည်း ပြန်လည် ကောင်းမွန်သည့်အမိန့်ကိုပေးရန်ဟု အဓိပယ်ရှိပါသည်။ တမန်တော်၏ရေးသားချက်ကို ခေါင်းမာပြီး ရန်ပြုတိုက်ခိုက်နေခြင်းသည် ကောရိန္တုအသင်းတော်ပြုသောအပြစ်တစ်ခု လည်းမဟုတ်။ အချိန်တိုင်း၌ လူမြောက်များစွာရှိကြသည်။ ထိုသူတို့သည် ပေါလု သို့မ ဟုတ် အာပေါလုကိုပင် နားမထောင်ကြ။ ယခုတွင်ပင် ပေါလုသည် မှားနိုင်သည့်လူသား ပါပဲ၊ သူ၏အယူအဆသည်လည်း အခြားသူ၏အယူအဆနှင့်ထပ်တူကျသည်ဟု ထင်မိ သောခေါင်းဆောင်များစွာ ရှိကြသည်။

ပေါလုသည် အပြစ်သား၊ မပြည့်စုံသောသူဖြစ်သည်မှာ မှန်ပါသည်။ သို့ရာတွင် သူနှင့်အ ခြားသော သခင်ဘုရား၏တမန်တော်တို့သည် ၎င်းတို့နာမည်ပြောဆိုခြင်းမပြုပါ။ ပေါလု က သက်သာလောနိတ်စာကို ဤသို့ရေးသားထားသည်။

“ငါတို့ဟောပြောသော ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြ သောအခါ၊ လူ၏နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်အမှန် ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရား သခင်၏နှုတ်ကပတ်တရားကို ခံယူကြသည်အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။” (၁ သက် ၂း ၁၃)

ဘုရားသခင်သည် လူကိုအသုံးပြုပြီး ငါတို့ကို စကားပြောသည်။ ထိုကဲ့သို့ပင် နှုတ်ကပတ် တော်ကိုပေးထားသည်။ မစုံလင်သောလူတို့၏စကားသည် သူတို့ကိုစေလွှတ်သောသူတို့ ၏စကားဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းသောနှုတ်ကပတ်တော်ဖြစ်ပါသည်။သို့ဖြစ်၍ ပေါလု၏စကားနှင့်ခရစ်တော်၏စကားကို နှိုင်းယှဉ်တိုက်ခိုက်စေသည်မှာ မှားယွင်းသော အရာဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်က ပေါလု၏ပေးစာကို အတည်ပြုပေးသည်။ အထက်တွင်ဖော်ပြထားသော ကိုးကားစာကို ကြည့်ပါ။ ထိုစကားသည် ငါတို့အထဲတွင် လည်း အလုပ် လုပ်သည်။

ဤစာအုပ်တွင် လူတို့၏အယူအဆမဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်နောက် သို့လိုက်ကြသည်။ ကျွနု်ပ်တို့အသင်းတော်၏ ကွန်ကော့ဖ်စာအုပ်က ဤသို့ဆိုသည်။

“တစ်ခုတည်းသောစည်းမျဉ်းနှင့်ဥပဒေသသည် သွန်သင်ခြင်းအားလုံးနှင့်ဆရာအားလုံး တို့ကို တိုးမြှင့်ပြီးဆုံးဖြတ်သင့်ကြောင်း ယုံကြည်၊ သွန်သင်၊ ဝန်ခံကြပါ၏(၂ တိ ၃း ၁၅-၁၇) ထိုအရာတို့သည် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတွင်သာရှိသည့် ပရောဖက်နှင့်တမန် တော်တို့ဟောပြောသောအရာဖြစ်သည်။ ထိုအကြောင်းကို ဆာလံ ၁၁၉း ၁၀၅ တွင် “နှုတ်ကပတ်တော်သည် အကျွနု်ပ်ခြေရှေ့၌မီးခွက်ဖြစ်၍၊ အကျွနု်ပ်လမ်းခရီးကို လင်းစေ ပါ၏” ဟုဆိုထားသည်။ တမန်တော်ပေါလုက ဤသို့ဆိုသည်။
“သို့သော်လည်း၊ သင်တို့အား ငါတို့ဟောပြောသော ဧဝံဂေလိတရားမှတပါး အခြား သော ဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကို ခံစေ(ဂလာ ၁း ၈)။”

လူများစွာက ကျမ်းစာအပေါ် ထိုသို့သောဆက်ကပ်အပ်နှံခြင်းသည် ချည်နှောင်ခံရခြင်း နှင့်ကျွန်ဖြစ်ခြင်းမည်၏ဟု ယုံကြည်ကြသည်။ အစစ်အမှန်မှာ အလွန်ကွဲပြားခြားနားပါ သည်။ ကျွနု်ပ်တို့သည် အပြစ်သားဖြစ်သည်အတွက် မိမိကိုယ်ကို ကိုးစားလျှင် ထာဝရ ပျက်စီးခြင်းသို့ရောက်ရန် သေချာသည်။ သို့ရာတွင် ဘုရားသခင်၏ကတိတော်က အပြစ်ခွင့်လွှတ်ခြင်းနှင့်ခရစ်တော်၏အသွေးတော်အားဖြင့် ကောင်းကင်ကို ကတိပေး ထားပါသည်။ ဘုရားသခင်၏မမှားနိုင်သောနှုတ်ကပတ်တော်က ထိုသို့သောအရာသည် မှန်ကန်ကြောင်း အသိမပေးလျှင် ထိုသို့သောကတိကို မည်သူက ယုံကြည်ရဲပါသနည်း။

ဘုရားသခင်သည် ကတိပေးသမျှကို ပြည့်စုံစေသည်။ ထို့ကြောင့် အားနည်းသောသူနှင့် ဆင်းရဲသောယုံကြည်သူတို့သည် ဘုရားသခင်နှင့်၎င်း၏နှုတ်တော်ထွက်စကားများကို ယုံ ကြည်ကိုးစားနိုင်ပါသည်။