၁ ကော ၁၃ ၊ မေတ္တာဖြင့်ချီးမွမ်းခြင်း

ပေါလုရေးသားဖူးသမျှတွင် အကောင်းဆုံးကျမ်းပိုဒ်မှာ ကောရိန္တုပထမစာစောင်အခန်း ကြီးတစ်ဆယ့်သုံးဖြစ်သည်ဟု အများက ထင်မြင်ယူဆကြသည်။ ဤမေတ္တာသီဖွဲ့အခန်း ကို အကြောင်းပြချက်များစွာရှိသည်။ စာပေအနှစ်သာရမြင့်မားသော အခန်းလည်းဖြစ်ပါ သည်။ ဤအခန်း၏ကြီးမြတ်မှုကို အခြားဘာသာတရားများစွာကလည်း ချီးမွမ်းခန်းဖွင့် ကြပါသည်။ ကျွနု်ပ်တို့ခရစ်ယာန်များအတွက် ဂုဏ်ယူဝံ့ကြွားစရာတစ်ခုလည်းဖြစ်ပါ သည်။ ထိုနည်းတူစွာ ဤအခန်းက ခရစ်ယာန်များကို အရှက်ရစေသည်။ အဘယ့် ကြောင့်ဆိုသော် ဤအခန်း၏ကြီးမြတ်သည့်စံချိန်အတိုင်း ကျွနု်ပ်တို့သည် အသက်မရှင် နိုင်ကြပါ။

မေတ္တာမရှိခြင်းသည် ရန်ကိုဖြစ်စေသည်။

အခန်း ၁၂ နှင့် ၁၄ တို့တွင် ရှင်ပေါလုက သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးအ ကြောင်းကို ဖော်ပြထားသည်။ ဤကြားထဲ၌ မေတ္တာနှင့်ပတ်သက်သည့် သွန်သင်ချက်ကို ရှာဖွေတွေ့ရှိခြင်းသည် အလွန်အံ့သြစရာကောင်းလှပါသည်။ သို့ရာတွင် ထိုအရာကို နား လည်ခြင်းကို အခန်း ၁၂ ၏နောက်ဆုံးစကားလုံးတွင် တွေ့ရပါသည်။ ယင်းမှာ “သာ၍ မြတ်သောလမ်းကို ငါပြဦးမည်” (၁၂း ၃၁) ဟူ၍ဖြစ်သည်။ ချစ်ခြင်းမေတ္တာအကြောင်း ပြောနေခြင်းသည် မေတ္တာလိုအပ်နေခြင်းကြောင့်ဖြစ်သည်။ ထိုအကြောင်းကြောင့် ကောရိန္တုမြို့တွင် အမုန်းအညိုးများ ပွားလျက်ရှိပါသည်။

လူတိုင်းက ၎င်းတို့၏ဝိညာဉ်ဆုကျေးဇူးများကို အလွန်အကျွံတန်ဖိုးထားကြသောအခါ ခရစ်ယာန်အသက်တာသည် ဝိညာဉ်ဆုကျေးဇူးကြီးကြီးမားမားအသုံးပြုခြင်းဖြစ်သည်ဟု တွေးထင်စပြုလာသည်။ ယင်းမှာ အဓိကအကြောင်းတရားမဟုတ်။ အရာအားလုံးတို့၏ စမှတ်မှာ ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ ထိုအကြောင်းအရာကို ကောရိန္တုအသင်းတော်က မေ့လျော့နေပါသည်။ ထို့ကြောင့် ဝိညာဉ်ဆုကျေးဇူးများကို လွဲမှားစွာ အသုံးပြုကြပါ သည်။ ထို့ကြောင့် ကောရိန္တုခရစ်ယာန်များသည် တစ်ဦးကိုတစ်ဦး မကြာခဏ ရန်ဖြစ် ကြပါသည်။

“ချစ်ခြင်းမေတ္တာ” ကျွနု်ပ်တို့၏မေတ္တာလား သို့မဟုတ် ခရစ်တော်၏မေတ္တာလား။

အခြားအဓိကသော့ချက်မေးခွန်းမှာ ချစ်ခြင်းမေတ္တာအကြောင်းပြောသည့်အခါ၌ ရှင်ပေါလုသည် မည်သူ့ကို ရည်ရွယ်ထားပါသနည်း။ လူတွေက ခရစ်တော်နှင့်၎င်း၏ ချစ်ခြင်းမေတ္တာအကြောင်းကို ပြောနေသည်ဟု ပြောလေ့ရှိကြပါသည်။ တနည်းအားဖြင့် သူသည် ယေရှုအကြောင်းကို လုံးဝမပြောပါ။ သူသည် ကောရိန္တုအသင်းတော်၏ချစ်ခြင်း မေတ္တာနှင့်ခရစ်ယာန်တို့၏ချစ်ခြင်းမေတ္တာအကြောင်းပြောနေခြင်းမဖြစ်နိုင်ဘူးလား။

ဂရိဘာသာစကားတွင် စကားလုံးပေါင်းများစွာရှိပြီး “ချစ်ခြင်းမေတ္တာ” စကားလုံးကို ဖွဲ့ဆို ရှင်းပြရာတွင် အသုံးပြုနိုင်ပါသည်။ သူတို့တွင် မတူညီသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များရှိပါ သည်။ ချစ်ခြင်းမေတ္တာအတွက် အသုံးပြုသောစကားလုံးမှာ “အဂ္ဂပေ” ဖြစ်သည်။ ဆိုလို သည်မှာ အခြေအနေအပေါ် မူမတည်သော ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ တန်ဖိုးရှိသော သူ၊ သို့မဟုတ် အသုံးဝင်သောသူကိုသာ ချစ်သော ချစ်ခြင်းမေတ္တာလည်းမဟုတ်ပါ။ “အဂ္ဂပေ” ဟူသောစကားလုံးသည် ဓမ္မသစ်ကျမ်း၌ ဘုံစကားလုံးဖြစ်ပါသည်။ သို့ရာတွင် ဆက်နွယ်မှုရှိသည်။

ပေါလုသည် ခရစ်တော်၏မေတ္တာအကြောင်းပြောနေသလား သို့မဟုတ် ကျွနု်ပ်တို့ ၏မေတ္တာအကြောင်းပြောနေသလားဟူသောမေးခွန်းကို လေ့လာဆန်းစစ်မှုက အဖြေ ပေးပါလိမ့်မည်။ ဤပြဿနာကို စိတ်ပိုင်းဆိုင်ရာက ဖြေရှင်းပေးနိုင်မည်မဟုတ်။ သန့်ရှင်း သောဉာဏ်ပညာနှင့်အလုပ် လုပ်ဆောင်သည်ထက် ကြီးမြတ်သောအရာမရှိပါ။ သာ၍ နက်ရှိုင်းသောအရာထဲသို့ တိုးဝင်စေလိုသည်။ ဤအခန်းကြီးက ပြောဆိုသော “အဂ္ဂပေ” မေတ္တာဓာတ်ထဲတွင် ရှိနေလိုသည်။

ခရစ်ယာန်တို့၏ချစ်ခြင်းမေတ္တာမှာ ခရစ်တော်သည် ကျွနု်ပ်တို့အသက်တာတွင်ရှိနေပြီး ကျွနု်ပ်တို့ပတ်ဝန်းကျင်တွင်ရှိသောသူတို့ကို အစေခံပါသည်။ ထိုမေတ္တာသည် ဂေါသဂေါလရှိ လက်ဝါးကပ်တိုင်တွင်အစပြုပြီး ကျွနု်ပ်တို့အသက်တာတွင် ရောင်ပြန်ဟပ် ပါသည်။

ချစ်ခြင်းမေတ္တာသည် ကြီးမြတ်သည်။ ၁၃း ၁-၃

ရှေးကာလက ရေးသားချက်များစွာရှိပါသည်။ အရေးကြီးဆုံးသောအရာကို ချစ်မွမ်းပြီး အခြားသူများကို နှိမ့်ချသည်။ ၁ ကော ၁၃ က ဤသဘောတရားကို လိုက်သည်။ ဤအ ခန်းတွင် ချစ်ခြင်းမေတ္တာကို အရာအားလုံးထက် ဦးစားပေးသည်။ ကောရိန္တုအသင်းတော် ရှိပြဿနာကြောင့် ပေါလုသည် ချစ်ခြင်းမေတ္တာကို ဝိညာဉ်ဆုကျေးဇူးနှင့်နှိုင်းယှဉ်ထားပါ သည်။

ဤကျမ်းပိုဒ်တွင် လူသားနှင့်ကောင်းကင်တမန်တို့သည် ဘာသာစကားဖြင့်ပြောဆိုမှုကို ဖော်ပြရာတွင် သာသာစကားပြောဆိုခြင်းကို ရည်ညွှန်းသည်။ ကောရိန္တုအသင်းတော်က ဆုကျေးဇူးကို အလွန်အကျွံအလေးထားကြသည်။ ၂ ကော ၁၂း ၄ တွင် ဥပမာတစ်ခုအ နေဖြင့် ကောင်းကင်တမန်စကားနှင့်ဆက်စပ်ခိုင်းထားသည်ကို တွေ့ရသည်။ အခြား သောဘာသာစကားပြောခြင်းတစ်ခုတည်းသည် အကျိုးမရှိဟုဆိုသည်။ ပေါလု၏အဆို အရ ချစ်ခြင်းမေတ္တာမပါဘဲပြောဆိုခြင်းသည် အသက်မပါသော တူရိယာနှင့်တူကြောင်း ကို ပြောဆိုသည်။

ပရောဖက်ပြုချက်တောင်မှ မြင့်မြတ်သောအရာအားလုံး သို့မဟုတ် အသိပညာ၊ သို့မဟုတ် ကြီးမားသောယုံကြည်ခြင်းကိုဖော်ပြခြင်းသည် ချစ်ခြင်းမေတ္တာမရှိလျှင် အချည်းနှီးဖြစ်ကြောင်းဆိုသည်။ ထိုနည်းတူစွာ လူတစ်ဦးသည် ဆင်းရဲသားတို့အတွက် စည်းစိမ်အားလုံးကိုပေးနိုင်သော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် အကျိုးမရှိ။ အချို့သော မာတုရများသည် မီးထဲ၌ ကိုယ်ကိုရှို့ထားသော်လည်း(ဒံယေလ ၃) ချစ်ခြင်းမေတ္တာမရှိ လျှင် အဘယ်အကျိုးမျှမရှိ။ ချစ်ခြင်းမေတ္တာမရှိလျှင် ရရှိသမျှသောအောင်မြင်မှုတို့သည် အကျိုးမရှိ။ အချည်းနှီးသက်သက်သာဖြစ်ပါသည်။ သူတို့သည် တန်ဖိုးမဲ့ဖြစ်ကြသည်။ ခရစ်ယာန်များသည် ထိုသို့ဖြစ်နေသောကြောင့် ခရစ်တော်သည် ကျွနု်ပ်တို့အပြစ်အ တွက် လက်ဝါးကပ်တိုင်မှာ အသေခံသည်။ ထိုအချိန်မှစ၍ ဆုကျေးဇူးသည် အကျိုးရှိ သောအရာဖြစ်လာသည်။

ချစ်ခြင်းမေတ္တာဟူသည်မှာ အဘယ်နည်း။ ၁၃း ၄-၇

ရှင်ပေါလုက သူပြောဆိုနေသည့် စစ်မှန်သောချစ်ခြင်းမေတ္တာအကြောင်းကို နှိုင်းယှဉ်ရန် အချိန်အနည်းငယ်မျှ တိတ်ဆိတ်နေခဲ့သည်။ ရှင်ပေါလုပြောနေသည့် မေတ္တာသည် အယူ အဆသက်သက်မဟုတ်။ စစ်မှန်သောမေတ္တာ၊ လက်တွေ့ကျသောမေတ္တာ၊ ကိုယ်နှင့်စပ် ဆိုင်သောသူကို ခရစ်တော်ထံတွန်းပို့ပေးသော မေတ္တာဖြစ်သည်။ ဤမေတ္တာသည် ကောရိန္တုအသင်းတော်တွင် တကယ်လိုအပ်နေခဲ့သည်။ အသင်းတော်သည် အလွန်ခိုင် မာပြီး သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝနေဟန်ရှိသော်လည်း တကယ်တမ်းတော့ ဘုရားသခင်၏ဆုကျေးဇူးများစွာတို့သည် ချစ်ခြင်းမေတ္တာမရှိသောကြောင့် ၎င်းတို့၏ တန်ဘိုးကို ဆုံးရှုံးကြသည်။ အသင်းတော်သည် အားနည်းလာပြီး လှုံ့ဆော်မှုလည်း မရှိ တော့ပေ။

ချစ်ခြင်းမေတ္တာသည် ထာဝရခိုင်မြဲသည်။ ၁၃း ၈-၁၃

ရှင်ပေါလုက ချစ်ခြင်းမေတ္တာနှင့်ဝိညာဉ်ဆုကျေးဇူး နှိုင်းယှဉ်မှုဆီသို့ ပြန်သွားခဲ့သည်။ ချစ် ခြင်းမေတ္တာကို အရာအားလုံးထက် ပိုပြီးကြီးမြတ်စေသည့်အကြောင်းမှာ ၎င်းသည် လုံး၀ အဆုံးမရှိပါ။ ဝိညာဉ်ဆုကျေးဇူးများသည် လုံးဝစုံလင်ခြင်းမရှိပါ။

ကောင်းကင်ဘုံ၌ရှိနေသောသူအားလုံးက ဘုရားသခင်၏နက်နဲသောအရာကို သိမြင်နိုင် သည့်အချိန် ရောက်လာလိမ့်မည်။ အခြားသောဘာသာစကားပြောဆိုခြင်းသည် ၎င်း၏ အဓိပ္ပယ်ကို ပျောက်ဆုံးစေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သောဆုကျေးဇူးကို အဘယ်သူမျှ မလိုအပ်တော့ပါ။ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီ။ ဝိညာဉ်ရေးဆိုင်ရာ အသိပညာတွင် မပြည့်စုံသောလောကကြီး ပိုင်ဆိုင်သောအရာရှိသည်။ ၎င်းသည် ပြန် လည်ပျောက်ကွယ်သွားလိမ့်မည်။ ပရောဖက်ပြုခြင်းနှင့်အခြားသောဘာသာစကား ပြောဆိုခြင်းသည်လဲ ကွယ်ပျောက်မည်။ အသိပညာကလည်း ၎င်း၏အဓိပ္ပယ်ကို ပျောက် ဆုံးသည်။ သို့ရာတွင် ချစ်ခြင်းမေတ္တာသည် စုံလင်သည်။ ဘယ်တော့မှ မဆုံးရပါ။ ထာဝရတည်နေသည်။

လူသားများ ကြီးပြင်လာခြင်းနှင့်တူညီသည်။ ကလေးများသည် ၎င်းတို့နားလည်နိုင်စွမ်း အကန့်အသတ်ရှိသည်အတိုင်း စဉ်းစားကြပြီး ထိုအတိုင်းပဲ ပြောတတ်ကြသည်။ ကလေး တစ်ယောက်သည် ကြီးပြင်းလာသောအခါ ၎င်းသည် စကားပြောဆိုမှုသည် ကလေးဆန် ဆန် မရှင်းမလင်းမဖြစ်တော့ပါ။ သူတို့သည် ကြီးပြင်းလာသည်အတိုင်း အများကြီး နား လည်တတ်ကျွမ်းလာသည်။ ဝိညာဉ်ဆုကျေးဇူး၌လည်း ထိုနည်းအတိုင်းဖြစ်လာသည်။

ဘုရားသခင်၏ဝိညာဉ်ဆုကျေးဇူးသည် အနာဂတ်ကို ကြိုတင်မြည်းစမ်းစေခြင်းဖြစ်ပါ သည်။ သို့ရာတွင် သူတို့သည် ပန်ကန်တစ်ခုစာလောက်မြည်းစမ်းလျှင် ဘုရားသခင်၏ စစ်မှန်သောအရသာသည် ကွယ်ပျောက်သွားလိမ့်မည်။ သို့ရာတွင် ချစ်ခြင်းမေတ္တာ ဟူသည်မှာ စုံလင်ပြီး ဘုရားသခင်ထံကလာသော အကြီးမားဆုံးသော ဆုကျေးဇူးဖြစ်ပါ သည်။ ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်တိုင်းကို ဝိညာဉ်ဆုကျေးဇူးဖြင့် မျှဝေနိုင်သော နည်းလမ်းဖြစ်သည်။ (၁၂း ၃၁) ကျွနု်ပ်တို့သည် ဤလမ်းကို လိုက်ပြီး ကျွနု်ပ်တို့ဘဝ၏အ ခြေခံအုတ်မြစ်နှင့်တန်ခိုးဖြစ်လာရန် ခရစ်တော်၏ချစ်မေတ္တာကိုလည်း ရှာဖွေရမည်။