၁ ကော ၁၄ ၊ အသင်းတော်သည် အတူတကွ စုရုံးသည်။

အခန်း ၁၃ တွင်၊ ပေါလုက ခရစ်ယာန်များလုပ်ဆောင်သောအရာအားလုံး၏ အခြေခံသည် ချစ်ခြင်း မေတ္တာဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း တင်ပြထားပါသည်။ ချစ်ခြင်းမေတ္တာမရှိလျှင် ဘုရားသခင်ပေးထားသော ဝိညာဉ်ဆုကျေးဇူးများသည်လည်း အချည်းနှီးဖြစ်ရသည်။ လူတစ်ဦးသည် ၎င်းရရှိထားသော ဆုကျေးဇူးနှင့်ဝါကြွားနေမည် ဆိုလျှင် ပျက်စီးစရာသာ ဖြစ်စေမည်။ သူတို့သည် အသင်းတော်ကို မတည်ဆောက်နိုင် ပါ။ သူတို့သည် အတွင်းပိုင်း၌ အသင်းတော်ကို လှည့်ခြင်းမျှသာဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်များက သူတို့သည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်ကြောင်းကို နား လည်ကြမည်ဆိုလျှင် မတူညီသည့်ဆုကျေးဇူးများသည် ဘုရားသခင်ထံကလာသော ကြီးမားသည့် ကောင်းကြီးမင်္ဂလာဖြစ်ပေမည်။

တရားဒေသနာထဲ၌ ပရောဖက်ပြုခြင်းနှင့်အခြားသောဘာသာစကားပြောခြင်း ၁၄း ၁-၂၅

ဤအခန်းအစပိုင်းတွင်၊ ပေါလုက ဝိညာဉ်ဆုကျေးဇူးနှစ်မျိုးအကြောင်းကို ဖော်ပြထားပြီး ယင်းတို့မှာ ပရောဖက်ပြုခြင်းနှင့်အခြားသောဘာသာစကားပြောဆိုခြင်းတို့ဖြစ်သည်။ ထိုဆုကျေးဇူးများကို မည်သို့အသုံးပြုရမည်ဟူသော လမ်းညွှန်ချက်များကိုလည်းပေး ထားပါသည်။ အခြားသောဘာသာစကားပြောဆိုခြင်းသည် သန့်ရှင်းသောဝိညာဉ်တော် ဖြစ်စေသည့် အားရကျေနပ်ဖွယ်ဖြစ်ပါသည်။ ၎င်းသည် အထူးသဖြင့် ဆုတောင်းခြင်း သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့တွင် ဖြစ်လေ့ဖြစ်ထရှိပါသည်။ ပြောဆိုသော သူအပါအဝင် အနက်ဖွင့်သည့် အခြားဆုကျေးဇူးရရှိသူ၏ အနက်ဖွင့်ဆိုမှုမပါဘဲ ပြောဆို သမျှကို အဘယ်သူမျှ နားမလည်ပါ။ အနက်ဖွင့်ဆိုခြင်းအစွမ်းမှာ ပြောဆိုသောအရာကို အနက်ဖွင့်ခြင်းဖြစ်ပါသည်။

ပရောဖက်ပြုခြင်းဆုကျေးဇူးရှိသောသူသည် နားလည်နိုင်သော ဘာသာစကားဖြင့် ပြော ပါသည်။ ပရောဖက်ပြုခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်ပြီး ပရောဖက် ပြုသောသူသည် ပျော်စရာကောင်းသည့်အခြေအနေတွင် ရှိပါသည်။ ပြောဆိုသော စကားသည် စကားပြောသူထံမှလာခြင်းမဟုတ်ပါ။ ဘုရားသခင်၏ဝိညာဉ်သည် မိမိစိတ် နှလုံးထဲမှ မဟုတ်သောအရာတစ်ခုခုကို ဖြစ်ပေါ်သည်။ ပရောဖက်ပြုခြင်းသည် အနာ ဂတ်ဟောပြောမှု ကြောင်းကို ထုတ်လွှတ်စရာမလိုအပ်ပါ။ အခြားသူများမမြင်သောအရာ ကို မြင်ရန် ဘုရားသခင်က တစ်ဦးဦး၏မျက်စိကို ဖွင့်ပေးခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် အပိုဒ်ငယ် ၂၄-၂၅ တွင် ပေါလုက ပရောဖက်တစ်ပါးသည် အခြားသူတစ်ဦးဦး၏ ဝှက် ထားသောအတွေးများကိုပင် မြင်နိုင်ကြောင်းဆိုပါသည်။ ဤဆုကျေးဇူးကို ကောရိန္တုအ သင်းတော်၌ မည်သို့အသုံးပြုခဲ့ကြသနည်း။ ရှင်ပေါလုပြောသည်အတိုင်း အသုံးပြုကြ သင့်သလား။

အနက်ဖွင့်သူမရှိဘဲ အခြားသောဘာသာစကားပြောဆိုခြင်းသည် မည်သူမျှ နားလည် စရာအကြောင်းမရှိ။ ပြဿနာကိုသာ ပွားစေပါသည်။ ကောရိန္တုမြို့တွင် ပေါလုကလွဲရင် အခြားတစ်ဦးဦးကို ဝန်ထုတ်ဝန်လေးဖြစ်စေဟန်မတူကြပါ။ သူက ရိုးစင်းသောသာဓက တစ်ခုကို ပြလိုက်သည်။ ကောရိန္တုအသင်းတော်သို့ အလည်အပတ်သွားခြင်းပင်လျှင် အကျိုးမရှိသကဲ့သို့ဖြစ်သည်။ ကောရိန္တုအသင်းတော်သည် သူပြောဆိုသောစကား တစ် လုံးတပါတကိုပင် နားလည်ခြင်းမရှိလျှင် သူ၏အလည်အပတ်သွားခြင်းသည် အချည်းနှီး ဖြစ်သည်။ အားလုံးသည် အခြားသောဘာသာစကားကိုသာ ပြောနေလျှင် ဝတ်ပြုကိုး ကွယ်ခြင်းအစီအစဉ်သည် နိုင်ငံခြားသားများ၏အစည်းအဝေးတစ်ခုလိုြ့ဖစ်နေမည်။ တစ် ဦးကိုတစ်ဦး နားမလည်နိုင်ပါ။

အခြားသောဘာသာစကားဆုကျေးဇူးကို ဝတ်ပြုကိုးကွယ်ခြင်း၌ အသုံးပြုခြင်းသည် ထူး ဆန်းသောအခြေအနေတွင် ရံဖန်ရံခါ ဦးဆောင်သွားသည်။ တစ်ဦးဦးက အခြားသော ဘာသာစကားကို အချိန်ကြာမြင့်စွာ ပြောဆိုပြီး အခြားတစ်ဦးက သူ့စကားကို နားမ လည်ပဲ “အာမင်” ဟုထူးလိုက်သည်။ အဘယ်သူမျှ နားမထောင်ပါ။ အဘယ်အရာပြော သည်ကိုလည်း အဘယ်သူမျှ နားမလည်ပါ။ ယင်းမှာ အခြားသောဘာသာစကားပြော ခြင်းသည် အဘယ်သူကိုမျှ ယုံကြည်သူမဖြစ်စေသည့် အကြောင်းရင်းဖြစ်ပါသည်။ (၂၁-၂၂)

ထို့ကြောင့် ရှင်ပေါလုက အခြားသောဘာသာစကားဖြင့်ဆုတောင်းလျှင် အနက်ဖွင့်ခြင်း ဆုကျေးဇူးလည်းရှိရမည်ဟုဆိုသည်။ သူပြောသည့်စကားကို အနက်ပြန်ပေးသူလည်းရှိ ရပါမည်။ ပေါလုက သူကိုယ်တိုင်လည်း အခြားသောဘာသာစကားဆုကျေးဇူးရှိသော် လည်း ထိုသို့ပြောထားပါသည်။ မိမိ၏ဝိညာဉ်ဆုကျေးဇူးကို ပြစ်တင်ခြင်းမရှိပါဘဲ သူ့ရှေ့ တွင် အနက်ဖွင့်သောသူမရှိလျှင် အသင်းတော်စုရုံးခြင်း၌ သူ၏ဆုကျေးဇူးကို ဘယ်တော့ အခါမျှ အသုံးမပြုကြောင်းဆိုသည်။

ပရောဖက်ပြုချက်နှင့်ပတ်သက်ပြီး အခြေအနေက ကွာခြားသည်။ သို့ဖြစ်သောကြောင့် အသင်းတော်၌ ပရောဖက်ပြုခြင်းရှိသည်မှာ ကောင်းသောအရာဖြစ်သည်။ နားထောင် သောသူတို့က ကြားရလျှင်၊ ပရောဖက်ပြုချက်စကားလုံးများသည် သူတို့ကို နှိမ့်သိမ့် ခြင်းပေးထားသည်။ ပေါလုက သာဓကတစ်ခုပေးထားသည်။ အသင်းတော်၌ ပရောဖက် များစွာရှိပြီး လူတစ်ယောက်သည် ယုံကြည်ခြင်းမရှိဘဲရှိနေလျက် ပရောဖက်ပြုသည်ကို ကြားရလျှင် သူတို့၏လှို့ဝှက်အကြံအစည်များသည် လူသိရှင်ကြားဖြစ်လာမည်။ လျှောက်နေသောသူအား ဘုရားသခင်သည် အသင်းတော်၌ အမှန်တကယ် တည်ရှိ သည်ကို ပြသပေမည်။ မယုံကြည်သည့် အပြင်လူပင်လျှင် ပရောဖက်ပြုသော စကားကို နားလည်နိုင်သည်။ ဤဆုကျေးဇူးက ခရစ်ယာန်မဟုတ်သောသူကိုပင်လျှင် ယုံကြည်သူ ဖြစ်လာစေနိုင်ပါသည်။ အခြားသောဘာသာစကားပြောဆိုခြင်းက အနက်ဖွင့်သောသူမရှိ လျှင် ရှုတ်ထွေးမှုကို ဖြစ်စေနိုင်သည်။ လူတစ်ဦးအား အသင်းတော်အပြင်၌ သွားလာနေ သောသူအား ယုံကြည်ခြင်းကို ငြင်းပယ်စေနိုင်ပါသည်။

၀တ်ပြုကိုးကွယ်ခြင်းအတွက် ညွှန်ကြားမှုများ ၁၄း ၂၆- ၄၀

အခန်းကြီး ၁၁-၁၄ တွင် ပေါလုက အသင်းတော်အား လမ်းညွှန်ချက်နှင့်ဥပဒေသများကို ချမှတ်ပေးထားသည်။ အပိုဒ်ငယ် ၂၆-၄၀ တွင် အပိုဒ်ငယ် ၂၆ တွင် ဖော်ပြထားသော ခေါင်းစဉ်များအားလုံး၏အနှစ်ချုပ်ကို ဖော်ပြထားသည်။ ၎င်းတို့မှာ

က) အခြားသောဘာသာစကားနှင့်အနက်ဖွင့်ခြင်း
ခ ) ဖော်ပြခြင်းနှင့်ပရောဖက်ပြုခြင်း
ဂ ) သွန်သင်ခြင်း တို့ဖြစ်ကြသည်။

က) အခြားသောဘာသာစကားနှင့်အနက်ဖွင့်ခြင်းနှင့်စပ်လျဉ်း၍ (အပိုဒ် ၂၇-၂၈) လမ်း ညွှန်ချက်များမှာ ရှင်းရှင်းလင်းလင်းရှိပါသည်။ တစ်ဦးဦးက ပြောဆိုသောအခါ အခြား နောက်တစ်ဦးက တစ်ချိန်တည်းမှာ ပြော၍မရပါ။ အနက်ဖွင့်သောသူမရှိလျှင်၊ အခြား သောဘာသာစကားပြောခွင့်မရှိပါ။ ဝတ်ပြုအစည်းအဝေးတိုင်းတွင် နှစ်ယောက်၊ အများ ဆုံးသုံးဦးကသာ အခြားသောဘာသာစကားကို ပြောခွင့်ရှိသည်။ ရှင်ပေါလုက ရှင်းရှင်း လင်းလင်းပြောဆိုသည်မှာ သူတို့သည် အနက်ဖွင့်သောသူမရှိလျှင် မိမိကိုယ်ကို ပြောကြသည်၊ ဘုရားသခင်ကို လည်း အခြားသောဘာသာစကားအားဖြင့်ပြောကြသည်။ သို့ရာတွင် တစ်ဦးဦးကသာ နားထောင်နေလျှင် ပရိသတ်နားလည်နိုင်သည့်နည်းလမ်း ဖြင့် ပြောရမည်။

ခ ) ဖွင့်ပြခြင်း၊ ပရောဖက်ပြုခြင်းတို့သည် ဝတ်ပြုကိုးကွယ်ခြင်း၏အစိတ်အပိုင်းတစ်ခုဖြစ် ပါသည်။ ပေါလုသည် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး အရင်က ချီးမွမ်းခန်းဖွင့်ခဲ့ဖူးပါ သည်။ သို့ရာတွင် အရာခပ်သိမ်း၌ သူ့အစီအစဉ်နှင့်သူရှိပါသည်။ နှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ပရောဖက်ပြုခြင်းဆုကျေးဇူးနှင့်အတူ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွင် ပြောဆိုနိုင်ကြသည်။ ပရောဖက်ပြုခြင်း၏အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုမှာ “သက် သေခံခြင်း”ဖြစ်ပါသည်။ ပရောဖက်ပြုခြင်းသည် တမန်တော်ယုံကြည်ချက်နှင့်အညီလုပ် ဆောင်ခြင်းရှိမရှိကိုလည်း နားလည်ရမည်။ ဒုတိယပရောဖက်သည် အခြားတစ်ဦးနှင့်အ တူ တက်တက်ကြွကြွပြောဆိုနေလျှင် ပထမတစ်ဦးသည် တိတ်တဆိတ်နေရမည်။ ဝတ်ပြုကိုးကွယ်ခြင်းသည် တစ်ဦးရဲ့အထက်စီးတွင် တစ်ဦးက စကားပြောနေသည့်နေ ရာမဟုတ်ပါ။ စစ်မှန်သောပရောဖက်သည် ၎င်း၏ပြောဆိုမှုကို ထိန်းချုပ်နိုင်သည်။ သူ့အ လှည့်ကိုလည်း စောင့်နိုင်သည်။

ဂ ) သွန်သင်ခြင်းသည် အပိုဒ်ငယ် ၃၃ခ-၃၅ တွင် အဓိကအကြောင်းအရာဖြစ်ပါသည်။ ပေါလုက ယခုတွင် ဒုတိယအကြိမ်အနေဖြင့် ကောရိန္တုအသင်းတော်ရှိ ဝတ်ပြုကိုးကွယ် ရာတွင် မည်သို့ပြုမူရမည်အကြောင်းနှင့်ပတ်သက်ပြီး ရေးသားထားသည်။ အခန်း ၁၁ တွင် သူတို့သည် ပရောဖက်ပြုခြင်းနှင့်ဆုတောင်းခြင်းတို့တွင် ပါဝင်နိုင်ခွင့်ရှိကြောင်း၊ သို့ရာတွင် ဦးခေါင်းကိုဖုံးအုပ်ထားရမည်အကြောင်း ရေးသားထားသည်။ အစောပိုင်းတွင် ကောရိန္တုအမျိုးသမီးများသည် ဖော်ပြမှုကိုရရှိချိန်၌ သူတို့၏ခေါင်းဖုံးကို ချွတ်ကြသည်။ ၎င်းက သူတို့သည် လွတ်လပ်စွာ သင်ကြားနိုင်ခွင့်ရှိသည်ကို ဖော်ပြသည်။ ပေါလုက ၎င်းကို လက်မခံပေ။ အကြောင်းပြချက်ကို ဤအခန်းတွင် တွေ့ရပါသည်။ ပေါလုက အမျိုးသမီးများအား သွန်သင်သောသူ သို့မဟုတ် ဟောပြောသောသူများအဖြစ် လုပ် ဆောင်ခွင့်မပြုပါ။ ကောရိန္တုပထမစာစောင်တွင် ပေါလုက လိမ္မာပါးနပ်စွာ ရေးသားထား ပြီး အဓိကအကြောင်းအရာကို စိုက်ထားသည်။ ပြောဆိုမှုကို တားမြစ်ခြင်းသည် အလွန် သင့်လျော်သောအရာဖြစ်ပါသည်။

အခြားလေ့လာဆန်းစစ်မှုအရ၊ ပေါလု၏သင်ကြားပို့ချမှုသည် ဆန့်ကျင်ဘက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပထမဆုံး၌ သူသည် မိန်းမများကို ပရောဖက်ပြုခြင်း သို့မဟုတ် လူအများရှေ့ဆုတောင်းခြင်းကို ခွင့်ပြုထားပါသည်။(အခန်းကြီး ၁၁) ထို့နောက် ယခုတွင် သူက တားမြစ်ထားသည်။(အခန်းကြီး ၁၄) သို့ရာတွင် အခန်းကြီးနှစ်ခုလုံးကို ဂရုတစိုက်လေ့လာလျှင် တစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက်မဖြစ်သည်ကို တွေ့ရမည်။ အခန်း ၁၁ တွင် ပေါလုက အမျိုးသမီးများကို ပရောဖက်ပြုခွင့်ပြုပြီး လူအများရှေ့တွင် ဆုတောင်းခြင်းကိုခွင့်ပြုထားပြီး အခန်းကြီး ၁၄ တွင် အစည်းအဝေး၌ အမျိုးသမီးများ သည် အခြားနည်းလမ်းပုံစံနှင့် ဟောပြောခွင့်ကို တားမြစ်ထားပါသည်။ တမန်တော်များ က ဤနေရာတွင် အမျိုးသမီးများ တိုးတိုးနေရာ တိတိကျကျသွန်သင်ထားခြင်းမရှိပါ။ ပေါလုသည် ဤအကြောင်းအရာအားလုံးကို ပြောဆိုဖို့ သူ့အခွင့်အဏာအားလုံးကို အသုံးပြုရန်မလိုအပ်ပါ။ (အပိုဒ် ၃၇- ၃၈)

အပိုဒ်ငယ် ၃၅ တွင် တွေ့ရသောမေးခွန်းများက ပေါလုပြောဆိုနေသောအရာကို နား လည်စေရန် အထောက်အကူပေးသည်။ ကနဦးအသင်းတော်ရှိ တရားဒေသနာများ သည် ပြောဆိုဆွေးနွေးမှုဖြင့်သာ ဖြစ်ပြီး သွန်သင်ပေးသူက တရားနာပရိသတ်များကို မေးခွန်းမေးလေ့ရှိသည်။ မေးခွန်းကိုမေးသောသူသည် ဆွေးနွေးမှုကို ဦးဆောင်သောသူ ဖြစ်ပါသည်။ နားထောင်သောသူများထဲက တစ်ဦးသည် မေးခွန်းများမေးမြန်းပြီး ဆရာ့ နေရာကို “ခိုးယူရန်” ကြိုးစားသည်။ ဤအရာသည် ကောရိန္တုအသင်းတော်တွင် ထင်ထင်ရှားရှားဖြစ်ပျက်ခဲ့သည်။ ထို့ကြောင့် ပေါလုက အမျိုးသမီးများအား အသင်း တော်တွင် မေးခွန်းမေးခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းထားပါသည်။ အိမ်၌ ၎င်းတို့၏ ခင်ပွန်းအားကိုသာ မေးခွန်းမေးကြရန် ညွှန်ကြားထားပါသည်။ အဓိပ္ပါယ်မှာ ရှင်းရှင်း လင်းလင်းရှိသည်။ အသင်းတော်၌ အမျိုးသမီးများကို ဝတ်ပြုကိုးကွယ်ရာတွင် ဟောပြော ခွင့်မပြုထားပါ။

အခန်းကြီး ၁၄ ၏အဆုံးပိုင်းတွင် ပေါလုက လိုက်ရှောက်ရမည့် တိကျသေချာသော ညွှန် ကြားမှုကိုပေးထားသည်။ ကောရိန္တုအသင်းတော်သည် ဤစည်းမျဉ်းစည်းကမ်းများကို သူတို့က လိုက်နာမှုရှိသည်၊ မရှိသည်ကို သူတို့ကိုယ်တိုင် မဆုံးဖြတ်နိုင်ပါ။ ဘုရားသခင် ၏နှုတ်ကပတ်တော်သည် ကောရိန္တုအသင်းတော်ကနေ စတင်သည်မဟုတ်။ ထိုအသင်း တော်သို့ ဆောင်ယူလာခြင်းသာဖြစ်ပါသည်။ မရေမတွက်နိုင်သော မြို့များသို့လည်း ဆောင်ယူသွားခဲ့ကြသည်။ အသင်းတော်တစ်ပါးသည် အခြားသောအသင်းတော်များစွာ ကို မဆန့်ကျင်နိုင်ပါ။ ကောရိန္တုသည် ဖော်ပြခြင်းနှင့်ပရောဖက်ပြုခြင်း၊ နှင့်ခေါင်းဆောင် တို့၏တန်ခိုးကို တန်ဖိုးထားကြသည်မှာ ထင်ရှားလှသည်။ ဤအကြောင်းတရားကြောင့် ပေါလုက မည်သည့်စကားလုံးကိုမျှ ပြန်၍ နောက်ပြန်မသွားပါ။ အစီအစဉ်တကျဝတ်ပြု ကိုးကွယ်ဖို့ ဤစည်းမျဉ်းများသည် ဘုရားသခင်၏ပညတ်ချက်ဖြစ်ကြောင်း ရေးသား ထားပါသည်။ အပိုဒ် ၃၈ ကို “တစ်စုံတစ်ယောက်က ဤစည်းမျဉ်းကို ဝန်မခံလျှင်၊ ဘုရား သခင်သည် သူ့ကို ဝန်ခံမည်မဟုတ်” ဟု အနက်ပြန်ထားရမည်။ စည်းမျဉ်းက အလွန် ရှင်းပါသည်။ တမန်တော်ရှင်ပေါလုက ဤနေရာတွင် ရေးသားထားသောအရာမှာ သခင် ဘုရား၏ပညတ်တော်ဖြစ်သည်။ ဤအရာကို ဝန်မခံသောသူရှိသမျှသည် အသင်းတော် ၏အပြင်ဘက်ကလူဖြစ်သည်။

အဘယ်ပရောဖက်မျှ ဤပညတ်တော်ကို ချိုးဖောက်ရလောက်အောင် ဝိညာဉ်ရေးရာ အား အကြီးဆုံးမဟုတ်။ ရိုသေလေးမြတ်ခြင်းနှင့်ကောင်းမြတ်ခြင်းအားဖြင့် အရာအားလုံး ကို လုပ်ဆောင်ရမည်အကြောင်း ရှင်ပေါလုက ညွှန်ကြားထားပါသည်။ “အလေးအမြတ် ထားခြင်းနှင့်ကောင်းမြတ်သောအမှုအရာ” ဟုဆိုရာတွင် မည်သည့်လုပ်ဆောင်ချက်ကို ကောရိန္တုအသင်းတော်က ချန်ရစ်ထားသနည်း။ သခင်ဘုရား၏ပညတ်တော်များကို လိုက်လျှောက်သော ဘုရားသခင်၏တမန်တော်က ကြော်ငြာထားအရာဖြစ်သည်။