၁ ကော ၁၂ - ခန္ဓာအစိတ်အပိုင်းများ

ကောရိန္တုအသင်းတော်၏ အကြီးမားဆုံးသော ကောင်းကြီးမင်္ဂလာဖြစ်သော်လည်း တစ် ချိန်တည်းမှာပင် ပြဿနာဖြစ်လာခဲ့သည်။ ယင်းမှာ ကျေးဇူးတော်နှင့်ဆိုင်သော ဘုရား သခင်၏ကြွယ်ဝသော ဆုကျေးဇူးပင်ဖြစ်ပါသည်။ တနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်သည် ကောရိန္တုယုံကြည်သူများ၏ဝိညာဉ်ရေးရာအသက်တာတွင် အံ့သြဘွယ်ရာ အလုပ်လုပ်ခဲ့သည်။ ဆိုလိုသည်မှာ ကောရိန္တုအသင်းတော်သည် သူတပါးကို ပြစ်တင်ရှုပ် ချစေဖို့အတွက် ဆုကျေးဇူးကို အသုံးပြုခဲ့ကြသည်။

အခန်းကြီး ၁၂ တွင် ရှင်ပေါလုသည် ခရစ်ယာန်များအား မှန်ကန်သောလမ်းသို့ ပြန်လည် ဆွဲခေါ်ရန် ကြိုးစားအားထုတ်ခဲ့သည်။ ၎င်းသည် အခန်း ၁၁-၁၄ တွင် တွေ့ရသော အ နှစ်ချုပ်ရည်ရွယ်ချက်ဖြစ်ပါသည်။ ယင်းက ကောရိန္တုအသင်းတော်ရှိ ဝတ်ပြုကိုးကွယ်ခြင်း အကြောင်းကို ပြောဆိုထားသည်။

သန့်ရှင်းသောဝိညာဉ်တော်ကို မည်သို့သိရသနည်း။ ၁၂း ၁-၃

ရှင်ပေါလုက သန့်ရှင်းသောဝိညာဉ်တော်တန်ခိုး၌ အလုပ်လုပ်နေသည်ဟု ထင်ရသော တစ်ဦးချင်းစီတိုင်းသည် မှန်ကန်သောအရာကို မလုပ်ဆောင်ကြသည်ကို ကောင်းစွာ သိ လာသည်။ ရှေးမှားယွင်းသောဘာသာတရားတွင် ဘာသာရေးဆိုင်ရာ မှားယွင်းမှုများ ရှိသည်။ ကောရိန္တုအသင်းတော်တွင်လည်း ထိုသမိုင်းရှိသည်။ သူတို့သည် ရုပ်တုကို ကိုး ကွယ်ယုံကြည်ခဲ့ကြသည်။ အားရကျေနပ်စေသည့်ပြောဆိုမှုများကို ထွင်းထုထားသော ရုပ်တုရှေ့တွင် ကြားရသည်။ သင်တို့သည် သတိပြုရမည်ဟု ရှင်ပေါလုက ဆိုသည်။ နတ်ဆိုးနှင့်ဘုရားဝိညာဉ်တော်ကြားက ခြားနားချက်များကို ပြုလုပ်ရမည်။ အသင်းတော် နှင့်အတူ ဘုရားသခင်၏ဝိညာဉ်တော်သည် ယေရှုကို သခင်အဖြစ်ဝန်ခံခြင်းနှင့်အမြဲ တွန် တွဲလျက်ရှိသည်။ နတ်ဆိုးသည် ထိုသို့ဝန်ခံမှုကို လုံးဝမပြု။ ယေရှုကို ကျိန်ဆိုခြင်းသာ ပြုမည်။ အသက်ရှင်သောဘုရားသခင်၏ဝိညာဉ်သည် ထိုသို့ လုပ်ဝပြုမည်မဟုတ်။

ဝိညာဉ်ဆုကျေးဇူးများစွာရှိသည်။ ၁၂း ၄-၁၁

မတူညီသည့် ဝိညာဉ်ဆုကျေးဇူးများစွာရှိသည်။ မတူညီသောသူများကို ဘုရားသခင်က ပေးထားခြင်းဖြစ်သည်။ သို့ရာတွင် တူညီသောရင်းမြစ်ဆီကနေ လာခြင်းဖြစ်ပါသည်။ ၎င်းမှာ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ သူက ပထမဆုံး ယုံကြည်ခြင်းဆုကျေးဇူး၊ ဒုတိယအနေဖြင့် အနာငြိမ်းခြင်း၊ တတိယအနေဖြင့် ပရောဖက်ပြုခြင်းနှင့်စတုတ္ထတွင် အခြားသောဘာသာစကား စသည်ဖြင့် ဆုကျေးဇူးအမျိုးမျိုးဖြင့် ကောင်းကြီးပေးထားပါ သည်။ ဆုကျေးဇူးများထဲတွင် အစေခံခြင်းနှင့်စီမံခန့်ခွဲမှုဆုကျေးဇူးလည်းရှိပါသည်။ ဤဆုကျေးဇူးအားလုံးတို့သည် ကောင်းသောအကျိုးအတွက်၊ အသင်းတော်၏ ကြီးပွါး ခြင်းအတွက် ပေးထားခြင်းဖြစ်ပါသည်။

ဤအခန်း၏ရည်ရွယ်ချက်မှာ ဆုကျေးဇူးများမတူညီသော်လည်း သူတို့အားလုံးသည် ဘုရားသခင်၏လူများဖြစ်ကြောင်း ကောရိန္တုလူများကို ဖော်ပြရန်ဖြစ်ပါသည်။ သူတို့သည် အသင်းတော်အတွက် အကောင်းဆုံးကို ပေးထားပါသည်။ အဘယ်သူမှ မငြင်းပယ်သင့် ပါ။ တစ်ဦးကိုတစ်ဦးလည်း မဆန့်ကျင်ကြသင့်ပါ။

ပေါလုက အသေးစိတ်ရှင်းပြထားခြင်းမပြုဘဲ ဝိညာဉ်ဆုကျေးဇူးများကို ဖော်ပြထားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဆုကျေးဇူးအားလုံးကို ကောရိန္တုယုံကြည်သူများက သိရှိ ထားပြီးဖြစ်ပါသည်။ သို့ရာတွင် ဤအရာတို့သည် နည်းသောအရာများဖြစ်ကြောင်း ကျွနု်ပ်တို့သိကြရသည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် ဆုကျေးဇူးစာရင်းကို နောက်တစ်ဖန် လေ့လာကြမည်။

-“အသိပညာ” ဟူသောစကားလုံးများကို အပိုဒ် ၈ တွင် တွေ့ရပြီး ဉာဏ်ပညာနှင့်ဗဟုတု သကို ရည်ညွှန်းထားပါသည်။ ထိုအရာနှင့်ပတ်သက်ပြီး ကောရိန္တုအသင်းသားများကို များစွာ ချီးကျူးစရာရှိပါသည်။ (၁ကော ၁-၄)

  • ယုံကြည်ခြင်းသည် လူသားတို့၏လုပ်ဆောင်ချက်ကနေ လာခြင်းမဟုတ်၊ ဘုရားသခင် ၏ဆုကျေးဇူးဖြစ်သည်။

  • အနာငြိမ်းခြင်းဆုကျေးဇူး၊ နိမိတ်လက္ခဏာကို ပြုနိုင်သောတန်ခိုးဆုကျေးဇူးသည် ရှင်းပြစရာပင်မလိုအပ်ပါ။

-ပရောဖက်ပြုခြင်းဟူသည်မှာ ဘုရားသခင်ထံက သတင်းစကားကိုရရှိပြီး အခြားသူများ အား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ (အခန်း ၁၄)

  • ဝိညာဉ်များကြား ပိုင်းခြားသိမြင်နိုင်သောဆုကျေးဇူးဆိုသည်မှာ လူတစ်ဦးသည် ဝိညာဉ်ဆိုးနှင့်သန့်ရှင်းသောဝိညာဉ်တော်ကြား၌ ခွဲခြားသိမြင်ခြင်းဖြစ်ပါသည်။

  • အခြားသောဘာသာပြောခြင်းသည် ခရစ်ယာန်တစ်ဦးက ဆုတောင်းခြင်းနှင့်ဘုရား သခင်ကိုချီးမွမ်းရာတွင် သူ/သူမ မသိသောဘာသာစကားကို အသုံးပြုခြင်းဖြစ်ပါသည်။ ဤအရာသည် လူတိုင်းအတွက် ရှင်းပြ၍မရနိုင်ပါ။ ပြောသောသူကိုယ်တိုင်လည်း မရှင်း ပြနိုင်ပါ။ ဘာသာပြန်ဆုကျေးဇူးများလည်းရှိသည်။ နောက်ပိုင်းတွင် ဤဆုကျေးဇူးကို လက်ခံရရှိသောသူသည် အခြားသောဘာသာစကားဖြင့်ပြောသောသူနှင့်ကြားသော သူတို့ကြားတွင်ဘာသာပြန်ဆိုပေးခြင်းအလုပ်ကို လုပ်ဆောင်သည်။ သုံးပါးတစ်ဆူဖြစ်သော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နက်ရှိုင်း သောအကြောင်းအရာအကြောင်းကို အပိုဒ်ငယ် ၄-၆ တွင် ပြောဆိုထားပါသည်။ ဤအ ပိုဒ်များကို ဖတ်သောသူတစ်ဦးချင်းစီတိုင်းသည် တူညီသောတည်ဆောက်ပုံအတိုင်း တည်ထောက်ထားကြောင်းကို သတိပြုရမည်။ “ဝိညာဉ်တော်၊ သခင်(ယေရှု)နှင့်ဘုရား သခင်” တို့သည် ဆုကျေးဇူးတို့၏နောက်ကွယ်တွင် ရှိနေကြသည်။ ဓမ္မသစ်ကျမ်း၏ အချို့သောအခန်းများတွင် ဥပမာအားဖြင့် ဗတ္တိဇံနှင့်သာသနာလုပ်ငန်းအတွက် မဟာ စေခိုင်းချက်တွင်(မဿဲ ၂၈း ၁၈-၂၀) သန့်ရှင်းသောသုံးပါးတစ်ဆူတို့သည် အတူတကွ ရှင်းရှင်းလင်းလင်းလုပ်ဆောင်ကြသည်။ ဘုရားသခင်၏နက်နဲသောအရာအဖြစ် ရှိနေကြ ပါသည်။ဤအရာကို ငြင်းပယ်သောသူတို့မှာ သုံးပါးတစ်ဆူကို လက်မခံခြင်းဖြစ်သည်။ သူတို့သည် (ဥပမာ-ယေဟောဝါသက်သေခံ) တကယ်တော့ ခရစ်ယာန်များမဟုတ်ပါ။

ခရစ်တော်ကို မည်သူပိုင်သနည်း။ ၁၂း ၁၂-၁၃။

Iဤအပိုင်းတွင် ပေါလုသည် ခရစ်တော်၏လူများသည် ခရစ်တော်၏ကိုယ်ခန္ဓာတွင် တည် နေကြကြောင်းကို အံ့သြစရာနည်းလမ်းများဖြင့် စတင်ပြောဆိုလာသည်။ ဤသင်ခန်းစာ အကြောင်းကို အခြားကျမ်းပိုဒ်များ(ဥပမာ- ရောမ ၁၂၊ ဧဖက် ၅) တွင်လည်းတွေ့ရတတ် ပါသည်။ ခရစ်တော်၏ဤကိုယ်ခန္ဓာသည် အသေမဟုတ်ပါ။ အသက်ရှင်ပြီး လုပ်ဆောင် တတ်သော သတ္တဝါဖြစ်ပါသည်။ ခရစ်ယာန်တိုင်းသည် ဤခန္ဓာ၏အစိတ်အပိုင်းများဖြစ် ကြပါသည်။ ခရစ်ယာန်တို့သည် အတူတကွ လုပ်ဆောင်ကြသောအခါ ဤအသက်ရှင်ပြီး လုပ်ဆောင်သောအရာက ဤလောကသို့ ဘုရားသခင်၏သာသနာကို သယ်ဆောင်သွား ကြပါသည်။

ခရစ်တော်ပိုင်ဆိုင်ခြင်း၏အခြေခံသဘောတရားမှာ ခရစ်တော်သည် ကိုယ်ကာယပိုင် ဆိုင်မှု အစွမ်းအစ၊ ထူးခြားကောင်းမွန်ခြင်း၊ သို့မဟုတ် ကိုယ်ပိုင်အောင်မြင်မှု၊ ဘုရား သခင်ပေးသနားတော်မူသောဆုကျေးဇူးတို့ မဟုတ်ပါ။ ခရစ်တော်ပိုင်သောသူဖြစ်နိုင်ဖို့ နှင့်သူ့ခန္ဓာအစိတ်အပိုင်းဖြစ်ဖို့ သူ/သူမသည် ဗတ္တိဇံခံဖို့လိုအပ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၌ဗတ္တိဇံခံခြင်းက ထိုသူကို ခရစ်တော်၏ကိုယ်ခန္ဓာထဲသို့ ၊ ထိုခန္ဓာအစိတ် အပိုင်းအဖြစ် ပို့ဆောင်ပေးပါသည်။

ဤသည်မှာ ခရစ်ယာန်တို့၏ အခြေခံတူညီမှုဖြစ်ပါသည်။ လူတိုင်း၌ တူညီသော ကျွမ်း ကျင်မှု သို့မဟုတ် တူညီသောလုပ်ငန်းတာဝန် သို့မဟုတ် အခွင့်အရေးများ ရှိသည်ဟု မဆိုလိုပါ။ တူညီခြင်းဟူသည်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် မတူညီသောလူတို့ အား မတူညီသော ဆုကျေးဇူးများ၊ တာဝန်များကိုပေးထားသည်ဟု ဆိုလိုသည်။ ခရစ် ယာန်တိုင်းသည် ၎င်းတို့၏ဗတ္တိဇံခံယူခြင်းကြောင့် ခရစ်တော်ကို ပိုင်ဆိုင်ထားကြပါသည်။ သို့ဖြစ်၍ အသင်းတော်၌ နိမ့်ကျသည်ဟု အဘယ်သူ၌မျှ ခံစားချက်မရှိသင့်ပါ။ အဘယ် သူမျှ ကြီးမြတ်သည်ဟူသော ခံစားချက်လည်း မရှိသင့်ပါ။

ခရစ်တော်၏ခန္ဓာသည် မည်သို့အလုပ် လုပ်သနည်း။ ၁၂း ၁၄-၃၁။

လူတိုင်းသည် ခရစ်တော်၌ ဗတ္တိဇံကိုခံယူလျှင် ခရစ်တော်၏ခန္ဓာအစိတ်အပိုင်းဖြစ်လာပြီး တစ်ဦးချင်းစီ၌ တာဝန်ကိုယ်စီရှိကြပါသည်။ ရှင်ပေါလုက လူကိုယ်ခန္ဓာတွင် အစိတ်အ ပိုင်းတစ်ခုသာ မရှိကြောင်း၊ လက်၊ နားရွက်၊ မျက်စိ၊ နှာခေါင်း စသဖြင့်ရှိကြောင်းကို ပြသ ခဲ့သည်။ အစိတ်အပိုင်းတစ်ခုချင်းစီ၌ တာဝန်ကိုယ်စီရှိကြောင်းကိုလည်း သင်ကြားပေး ထားပါသည်။ ထိုနည်းတူစွာ ခရစ်တော်၏ကိုယ်ခန္ဓာတွင်ရှိနေသော အစိတ်အပိုင်းများ သည်လည်း ထိုနည်းအတိုင်းဖြစ်ပါသည်။ လူတစ်ဦးတွင် အစိတ်အပိုင်းတစ်ခု၊ ဥပမာ ခြေထောက်သာရှိမည်ဆိုလျှင် ဘဝသည် အလွန်ပင် ခက်ခဲသွားနိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်က လူတစ်ဦးမများ မတူညီသည့် အစိတ်အပိုင်းများကို ပေးထားပါသည်။ ထိုအစိတ်အပိုင်းတို့သည် အတူတကွ အလုပ်လုပ်ပြီး လုပ်ငန်းတာဝန်များကို ပြီးစီးကြရန် ဖြစ်ပါသည်။ အသင်းတော်၌လည်း ထိုနည်းအတိုင်းဖြစ်ပါသည်။ ခရစ်တော်၏ကိုယ်ခန္ဓာ ၌ရှိသောသူတိုင်းတွင် သူတို့လုပ်ဆောင်ရမည့် ကိုယ်စီတာဝန်ရှိကြသည်။

ကျွနု်ပ်တို့သည် မတူကွဲပြားခြားနားနေကြသည်မှာ ပြဿနာမဟုတ်ပါ။ တနည်းအားဖြင့် အရေးကြီးသည့်အရာများကို လုပ်ဆောင်ရာတွင် မတူညီသောအရာများက အထောက် အကူပြုပေးပါသည်။ ကျွနု်ပ်တို့၏လက်များက ခြေထောက်ကို တိုက်ခိုက်ဖို့မဟုတ်ပါ။ အင်္ဂါချင်းဖြစ်ကြသည်။ ထိုနည်းတူစွာ ခရစ်ယာန်တစ်ဦးသည် ခရစ်တော်၏ကိုယ်ခန္ဓာ ချင်းဖြစ်သော အခြားသူများနှင့်တိုက်ခိုက်မှုကို မပြုသင့်ကြပါ။ အားလုံးသည် အသင်း တော်ဖြစ်ကြပါသည်။ အခြားသူနှင့်နှိုင်းယှဉ်ပြီး အဘယ်သူမျှ အားနည်းသည်ဟု စိတ် ဓာတ်မကျသင့်ပါ။ မည်သူမျှ ကြီးလေးသောတာဝန်ကို ထမ်းဆောင်ရသည်ဟု မဆိုလို ပါ။ တစ်ဦးကိုတစ်ဦး အထင်မြင်သေးခွင့်မရှိပါ။ ဘုရားသခင်၏အမြင်မှာ တူညီသော အခြေအနေတွင်ရှိနေကြပြီး ဘုရားသခင်၏ချစ်သားသမီးများဖြစ်ကြပါသည်။

ကျွနု်ပ်တို့သည် တစ်ဦး၏အောင်မြင်မှုတွင် အတူတကွဝမ်းမြောက်ကြပြီး တစ်ဦး၏ဝမ်း နည်းမှုတွင် အတူတကွ ငိုကြွေးကြရန်ဖြစ်ပါသည်။ ကျွနု်ပ်တို့ကိုယ်ခန္ဓာ၌လည်း ထိုသို့ဖြစ် လေ့ရှိပါသည်။ မျက်စိ၌တစ်ခုခုဖြစ်နေလျှင် သင့်ခြေထောက်က ၎င်းအား မှန်ရှိရာသို့ ခေါ် ဆောင်သွားပြီး သင့်လက်ချောင်းများနှင့်လက်မက မျက်စိအဆင်ပြေအောင် လုပ်ဆောင် ပေးသည်။ အသင်းတော်၌လည်း ထိုနည်းအတိုင်းဖြစ်သင့်ကြောင်း ရှင်ပေါလုက ကောရိန္တုအသင်းတော်ကို မိန့်မှာခဲ့သည်။

ဘုရားသခင်၏ဆုကျေးဇူးတွင် အချို့ကို တမန်တော်၊ အချို့ကို ပရောဖက်၊ အချို့ကို အသင်းတော်၌သွန်သင်သူအဖြစ် ခွဲခန့်ထားပါသည်။ တစ်ဖန် ဤတာဝန်များကိုလုပ် ဆောင်ရာတွင် မတူညီသည့် ဆုကျေးဇူးများကို ဘုရားသခင်က ပေးထားပါသည်။ အ ဘယ်ခရစ်ယာန်မျှ ထိုအရာအလုံးစုံတို့ကို မပိုင်ဆိုင်ထားပါ။ ယင်းမှာ သူ၏ရည်ရွယ်ချက် အတိုင်းဖြစ်ပါသည်။ အားလုံးသည် တမန်တော်ဖြစ်ရန်မဟုတ်၊ သို့မဟုတ် အားလုံးက အခြားသောဘာသာစကားကို ပြောရန်မဟုတ်၊ သို့မဟုတ် အားလုံးက ပရောဖက်ပြုကြ ရန်လည်းမဟုတ်ပါ။ ကျွနု်ပ်တို့ကယ်တင်ခြင်း၏အခြေခံမှာ ဘုရားသခင်ထံက လာသော ဝိညာဉ်ဆုကျေးဇူးလည်းမဟုတ်ပါ။ ခရစ်တော်နှင့်၎င်းအသေခံရာ လက်ဝါးကပ်တိုင်သာ လျှင်ဖြစ်ပါသည်။

ပေါလုက ကယ်တင်ခြင်းအကြောင်းကို ကောင်းကောင်းအလေးထားပြောထားသည်။ ကျွနု်ပ်တို့အချိန်ကာလတွင် ကျွနု်ပ်တို့၏ဦးတည်ချက်မှာ သန့်ရှင်းသောဝိညာဉ်တော်ဆု ကျေးဇူးနှင့်တန်ခိုးကိုသာ ဦးစားပေးနိုင်ပါသည်။ ထိုအရာ၏လုပ်ဆောင်ချက်မှာ ခရစ် ယာန်တစ်ဦးသည် အခြားသူထက် နိမ့်ကျသောအခြေအနေတွင်ရှိနေသည်ဟု သူ၊ သူမ က ခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ထူးခြားသောဝိညာဉ်ဆုကျေးဇူး ကို မရရှိကြသောကြောင့်ဖြစ်သည်။ ခရစ်ယာန်များသည် တစ်ဦးကိုတစ်ဦး အထင်မြင် သေးနိုင်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အခြားသူများထက် သန့်ရှင်း သောဝိညာဉ်တော်ဆုကျေးဇူးကို အံ့သြစရာရရှိကြသောကြောင့်ဖြစ်သည်။ ဤနေရာတွင် ကယ်တင်ခြင်းထက် ဆုကျေးဇူးသည် အရေးမကြီးကြောင်းကို နားလည်ဖို့လိုအပ်ပါ သည်။ ခရစ်ယာန်တစ်ယောက်သည် ကယ်တင်ခြင်းနှင့်ထိုက်တန်ဖို့ ဝိညာဉ်ဆုကျေးဇူး မလိုအပ်ပါ။ ခရစ်တော်နှင့်၎င်း၏ဆုကျေးဇူးသည် ပြည့်စုံလုံလောက်လျက်ရှိပါသည်။ ကျွနု်ပ်တို့သည် ဗတ္တိဇံအားဖြင့် အသင်းတော်ကို ပိုင်ဆိုင်ထားကြပါသည်။ ကျွနု်ပ်တို့၏ တော်ခြင်းတတ်ခြင်းကြောင့်မဟုတ်ပါ။