၁ ကောရိန္တု ၁၆ ၊ အနာဂတ်အစီအစဉ်များ

ယေရုရှလင်ရှိဆင်းရဲသူများအတွက် ငွေကို ကောက်ခံခြင်း ၁၆း ၁-၆

ယေရုရှလင်ကောင်စီ(တမန်တော်အစည်းအဝေး) တွင် သဘောတူထားသော အရာ တစ်ခုရှိသည်။ ယင်းမှာ “ဆင်းရဲသားတို့ကို အောက်မေ့ရန်” ဖြစ်ပါသည်။(ဂလာတိ ၂း ၁၀) ဤအရာက ဆင်းရဲသောယုဒလူတို့ကိုကူညီမစခြင်းက နက်ရှိုင်းသောဓမ္မပညာအ မြစ်ကို တည်စေသည်။ ယုဒလူတို့သည် ဘုရားသခင်ရွေးချယ်သောလူများဖြစ်ကြပါ သည်။ ခရစ်တော်သည် သူတို့အလယ်တွင် အသက်ရှင်နေထိုင်သည်။ သို့ဖြစ်၍ ဧဝံဂေလိတရားသည် ယုဒလူမျိုးများထဲကထွက်လာပြီး တပါးအမျိုးသားခရစ်ယာန်များ ကို ယေရုရှလင်ရှိပထမအသင်းတော်၌ရှိသော လိုအပ်နေသူများကို ချစ်ခြင်းမေတ္တာဖြင့် ပေးကမ်းခြင်းအားဖြင့် အမှတ်ရစေပါသည်။

ပေါလုက သူ၏သဘောတူညီမှုကို မိမိအပိုင်းတွင် စောင့်ထိန်းလိုပြီး ယေရုရှလင်မြို့ရှိ မရှိ ဆင်းရဲသားများအတွက် အလှူငွေကောက်ခံခြင်းကို စတင်လုပ်ဆောင်သည်။ အစာရေ စာခေါင်းပါးခြင်းကြောင့် သူတို့သည် ငတ်မွတ်ခြင်းဘေးကို ရင်ဆိုင်နေကြရသည်။ (၂ ကော ၈း ၁-၇၊ ရောမ ၁၅း ၂၅-၂၉) အပိုဒ် ၁-၄ တွင် ပေါလုက ကောရိန္တုယုံကြည်သူများ အား အလှူငွေကောက်ခံခြင်းကို အသေးစိတ်ညွှန်ကြားမှုပြုလုပ်ပါသည်။ ဤအလှူငွေ ကောက်ခံခြင်းကို သေချာစေသည်။ ကောင်းမွန်စွာ လုပ်ဆောင်သည်။ ရှင်ပေါလုအ တွက် အလွန်အရေးကြီးသည်။ သူသည် ကောရိန္တုယုံကြည်သူများကောက်ခံသောအလှူ ငွေကို ဝေမျှခြင်းအားဖြင့် စိတ်မပျက်လိုကြောင်းကို ဖော်ပြထားပါသည်။

ရှင်ပေါလု၏နောက်ထပ် အလည်သွားခြင်း ၁၆း ၅-၁၂။

ပေါလုက ကောရိန္တုအသင်းတော်သို့ နောက်တစ်ဖန် အလည်သွားဖို့ အစီအစဉ်ရေးဆွဲ ထားသည်။ သူသည် ဧဖက်မြို့ကနေ ရေးသားခဲ့ပြီး ထိုနေရာသည် ကောရိန္တုမြို့သို့ လှေဖြင့်အလွယ်တကူ ရောက်သွားနိုင်သည်။ သို့ရာတွင် သူသည် ကုန်းကြောင်းဖြင့်သာ ခရီးသွားလိုပြီး ရေကြောင်းဖြင့် ခရီးမသွားလိုပါ။ သူသည် မက်ဆီဒိုးနီးယားနယ်၊ ဖိလိပ္ပိမြို့ရှိအသင်းတော်၊ သက်သာလောနိတ်အသင်းတော်နှင့်ပေရိအသင်းတော်တို့ ကိုလည်း ကြည့်ရှုရမည်။ ပေါလု၏အကြံအစည်မှာ ကောရိန္တု၌ အချိန်အတန်ကြာ နေထိုင်ရန်ဖြစ်သည်။ သူသည် ရန်ဖြစ်နေသော အသင်းတော်ကို အလျှင်အမြန်ထားရစ် ခဲ့ရမည်အကြောင်း ကောရိန္တုဒုတိယစာစောင်အားဖြင့် ကျွနု်ပ်တို့သိရပါသည်။

ပေါလုသည် “ပင်္တေကုတ္တိနေ့”တိုင်အောင် ဧဖက်မြို့၌ နေရန် အစီအစဉ်ချမှတ်သည်။ ယုဒလူတို့သည် ထွက်မြောက်ရာ ၂၃း ၁၅-၂၂ တွင် တွေ့ရသည်အတိုင်း အက်စတာနေ့ ပြီးတော့ ရက်ပေါင်းငါးဆယ်တွင် ပင်္တေကုတ္တိပွဲကို ကျင်းပလေ့ရှိကြပါသည်။ ပေါလုက ယုဒလူတို့၏ပင်္တေကုတ္တိနေ့အကြောင်းပြောချင်ပါသလား သို့မဟုတ် ခရစ်ယာန်တို့၏ပွဲ တော်(သန့်ရှင်းသောဝိညာဉ်တော်ပွဲ)အကြောင်း ဆိုလိုပါသလား မသဲကွဲပါ။ သို့ရာတွင် ဧဖက်မြို့တွင် ဖြစ်ပျက်ခဲ့သောအရာမှာ ရှင်းလင်းလှပါသည်။ အခြားသူများက ငြင်းပယ် နေချိန်တွင် အချို့က ဧဝံဂေလိတရားကို ယုံကြည်လက်ခံနေကြပါသည်။

ဤအခြေအနေတွင် ဧဖက်မြို့၌ ရှင်ပေါလုအသက်တာ၌ အဘယ်အရာဖြစ်ပျက်ခဲ့သည် ကို ကျွနု်ပ်တို့က ပြည့်ပြည့်စုံစုံမသိကြပါ။ (၁ ကော ၁၅း ၃၂) ကို ကြည့်ပါ။ တမန်တော် တို့၏တမန်တော်ဝတ္ထုက ကြီးမားသောအရာကို ဖော်ပြသည်။(တမန် ၁၉)။ လူများက စိတ်အားထက်သန်မှုကို ပြသည့်အချိန်တွင် အချို့က ဧဝံဂေလိတရားကို ငြင်းပယ် ဆန့် ကျင်ကြပါသည်။

ပေါလုက တိမောသေသည် ကောရိန္တုမြို့သို့လာမည်အကြောင်း၊ သင့်လျော်သည့်အချိန် ကာလကို အာပေါလုက စောင့်နေကြောင်းဆိုသည်။ ရှေ့ကအခန်း(၁-၄) က အာပေါလု သည် ပေါလု၏ပြိုင်ဖက်ဖြစ်သည်ဟု ယူဆကြသည်။ ပေါလုက သာသနာပြုသူတို့သည် ပြိုင်ဖက်များမဟုတ်ကြကြောင်း၊ အတူတကွလုပ်ဆောင်နေကြကြောင်းကို ပြသလိုသည်။ အာပေါလုသည် ပေါလုနှင့်မပေါင်းဘဲ သီးခြားရပ်တည်သည်။ ပေါလု၏တောင်းဆိုမှုကို လည်း မလိုက်လျော့ပါ။ သို့ရာတွင် ပေါလုက သူ့အား “ညီအစ်ကို အာပေါလု” ဟုသာ ခေါ်သည်။ ကောရိန္တုသည် ယခုအချိန်တွင် ပြဿနာထွေပြားနေသော အချိန်ကာလဖြစ် ပါသည်။ အာပေါလုသည်လည်း ထိုသို့ ပြဿနာပွားများသောအသင်းတော်ကို မသွားလို ပါ။

ဖိတ်ခေါ်ခြင်းနှင့်နှုတ်ဆက်ခြင်း ၁၆း ၁၃-၂၄။

ပေးစာ၏နောက်ဆုံးစကားလုံးတွင် ဆိုသကဲ့သို့ ပေါလုသည် ခွန်အားပေးခြင်းနှင့်လမ်း ညွှန်ခြင်းအတွက် စကားလုံးအနည်းငယ်ကို ပေးထားသည်။ “သတိပြုကြလော့” ဟူ သောစကားမှာ သခင်ဘုရားကြွလာမည့်အချိန်ကို လူတို့သည် စောင့်နေကြကြောင်း အဓိပ္ပာယ်ရှိသည်။ ခရစ်တော်၏ကြွလာခြင်းသည် ပေါလု၏အတွေးထဲတွင် အမြဲဝင် ရောက်နေရာယူနေသည်။ ယခုအခါ ၎င်းကို ကောရိန္တုအသင်းတော်ပြဿနာနှင့်ဆက်စပ် မိသည်။ (၃း ၁၃) ရှင်ပြန်ထမြောက်ခြင်းအကြောင် ငြင်းဆိုချက်လည်း ထည့်သွင်းထားပါ သည်။(၁၅)

သတေဖန်၊ အခါယကုနှင့်ဖော်တုနတ်တို့သည် ပေါလုနှင့်အတူ ဧဖက်မြို့တွင် နေထိုင်ခဲ့ ကြသည်။ ယခုတွင် သူတို့သည် ပေါလု၏ပေးစာကို ကောရိန္တုမြို့သို့ ယူဆောင်သွားခဲ့ကြ ပါသည်။ ပေးစာက လက်ခံရရှိသောသူတို့အား ဤလူတို့ကို အပြည့်အဝထောက်ပံ့ပေး ရန်နှင့်အသင်းတော်ကို တည်ဆောက်ဖို့ ကြိုးစားအားထုတ်သောသူမှန်သမျှကို ထောက် ပံ့ပေးရန် တိုက်တွန်းသည်။

အပိုဒ် ၂၂ ၏နောက်ဆုံး၌ မရဏသာ “သခင်ယေရှုကြွလာတော်မူပါ” ဟူသောစကားလုံး သည် ဘာမျှမသက်ဆိုင်ပါ။ ယင်းသည် ခရစ်ယာန်တို့၏ပထမဆုံးသော ဆုတောင်းခြင်း ဖြစ်ပါသည်။ ယင်းသည် ခရစ်ယာန်ပွဲတော်မင်္ဂလာတွင် ပဲ့တင်ထပ်ခဲ့သည်။ ခရစ်ယာန်တို့ သည် သခင်ဘုရား၏ပြန်လည်ကြွလာခြင်းကို အမြဲစောင့်မျှော်နေကြသည်။ “သခင်ယေရှု၊ ကြွလာတော်မူပါ။”