၁ ကော ၁၁၊ - ဓမ္မဝတ်၏နက်နဲသောအရာ

ရုပ်တုကိုဆက်ကပ်ထားသောအသားကိုစားသောက်ခြင်းနှင့်ကိုယ်နှင့်စပ်ဆိုင်သူကို ချစ် ခြင်းအကြောင်းနှင့်ပတ်သက်ပြီး အချိန်အတော်ကြာပြောဆိုကြပြီးနောက်တွင် မတူညီ သည့်အကြောင်းအရာဖြစ်သည် အသင်းတော်၌ ဝတ်ပြုကိုးကွယ်ခြင်းအကြောင်းကို ရှင်ပေါလုက စတင်ပြောဆိုလာသည်။

ခေါင်းဖုံးခြင်း သို့မဟုတ် မဖုံးခြင်း ၁၁း ၂- ၁၆

ဤအခန်းတွင် ပေါလုက ကောရိန္တုအသင်းတော်တွင် သူအမှန်ပြင်ချင်သောအကြောင်း အရာတစ်ခုကို ပြောဆိုသည်။ ပထမရှုထောင့်တွင် အကြောင်းအရာသည် ရှင်းလင်းထား ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေ တမန်တော်ကြီးက ကောရိန္တုအသင်းတော်ရှိမိန်းမများ သည် ဆုတောင်းခြင်း သို့မဟုတ် ပရောဖက်ပြုခြင်းကို လုပ်ဆောင်သောအခါ ဦးခေါင်းမ ဖုံးကြသည့်အချက်ကို ဆွေးနွေးသည်။ ဤအခန်းက ထိုအကြောင်းအရာသည် ထိုအချိန် ကာလတွင် အလွန်ပင် အရေးပါသောအကြောင်းအရာဖြစ်ကြောင်းကို ရှင်းလင်းစွာ ပြသ ထားပါသည်။ ပေါလုက ကောင်းသည့်အရာကိုပေးကမ်းပြီး ခွန်အားပေးသည့်မှတ်ချက်စ ကားများဖြင့် အစပြုထားပါသည်။ အခန်း ၁-၄ တွင် အလွန်ရင်းနှီးသောစကားလုံးများကို အသုံးပြုခြင်းအားဖြင့် သူ၏သတင်းစကားကို ဝေမျှဖို့ ပထမဦးစွာ ကြိုးစားအားထုတ်ခဲ့ပါ သည်။ ရှင်ပေါလု၏အဆိုအရ ယောကျ်ားတို့သည် ဆုတောင်းခြင်း သို့မဟုတ် ပရောဖက် ပြုခြင်းကို လုပ်ဆောင်သောအခါ ခေါင်းကိုမဖိုးဘဲထားသင့်သည်ဟုဆိုသော်လည်း မိန်းမ တို့သည် ခေါင်းကိုဖုံးထားသင့်သည်ဟုဆိုထားသည်ကို သတိချပ်စေလိုသည်။ဆုတောင်း ခြင်းနှင့်ပရောဖက်ပြုခြင်းနှစ်ခုလုံးတွင် ပရောဖက်ပြုခြင်းသည် အများသူငါရှေ့တွင် လုပ် ဆောင်ရသောအရာဖြစ်ပါသည်။ ဆုတောင်းခြင်းသည်လည်း အများရှေ့တွင် လုပ် ဆောင်၍လည်းရပါသည်။ ပရောဖက်ပြုခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ထံကလာ သောသတင်းစကားကို လူအများအား ဝေမျှခြင်းပင်ဖြစ်ပါသည်။

ပေါလုက ဤအကြောင်းအရာရှင်းလင်းချက်ကို ဖန်ဆင်းခြင်းအစီအစဉ်ကနေ ရရှိထား သည်ကို တွေ့ရသည်။ မိန်းမအားလုံးသည် ယောကျ်ားထဲကလာသည်ဖြစ်၍ မိန်းမတစ် ဦးသည် “အခွင့်အာဏာနှင့်ဆိုင်သောသင်္ကေတတစ်ခု” ကို သူ့မ၏ဦးခေါင်း၌ စောင့် ထိန်းသင့်သည်။ ရှေးကနဦးအချိန်ကလမှစ၍ ပုံသဏ္ဍာန်တွင် ကျွနု်ပ်တို့က ဖုံးအုပ်ခြင်း၌ မျက်နှာမပါဘဲ ဆံပင်သာဖုံးအုပ်ထားသည်ကို တွေ့ရသိရကြပါသည်။ ယောကျာ်းသည် အများရှေ့၌ ဆုတောင်းပဌနာပြုသောအခါ သို့မဟုတ် ပရောဖက်ပြုသောအခါ ဦးထုပ်ကို မဝတ်ဆင်သင့်ပါ၊ အဘယ့်ကြောင့်ဆိုသော် ယောကျ်ားသည် မိန်းမကနေလာခြင်းမဟုတ် သောကြောင့်ဖြစ်သည်ဟု သင်ကြားပေးထားပါသည်။ တမန်တော်ကြီး၏အဆိုအရ၊ သဘာဝတရားကလည်း ရှည်သောဆံပင်သည် ယောကျာ်းအတွက် ရှက်စရာကောင်း သည်ကို သင်ကြားပေးသည်။ ကောင်းကင်တမန်များသည်လည်း ပါဝင်လာသည်။ (အပိုဒ် ၁၀) ၎င်းက ကောင်းကင်ဘုံဝတ်ပြုခြင်းကို ရည်ညွှန်းထားသည်။(နောက်ဆုံးတွင် ဤအရာသည် အသေးအမွှားကိစ္စရပ်မဟုတ်သည်ကို ရည်ညွှန်းထားခြင်းလည်းဖြစ်နိုင်ပါ သည်)။ လူတစ်ဦးသည် ထိုအရာကို အငြင်းအခုံပြုလုပ်လိုလျှင် ရှင်ပေါလု၏ပြောဆိုချက် အရဆိုလျှင် ကောရိန္တုအသင်းတော်၌ ဘုရားသခင်၏အသင်းတော်ချည်နှောင်ထားသည့် နည်းလမ်းကို နားလည်သိရှိသင့်သည်ဟုလည်း ဆိုသည်။

ဤအခန်းက ရှင်းပြသောသူများနှင့်ထိုအခြေအနေတွင် နေထိုင်အသက်ရှင်သူနှစ်မျိုးလုံး ကို ရှုပ်ထွေးစေသည်။ ထိုအခြေအနေမျိုးတွင် အသက်ရှင်နေထိုင်ခဲ့သော ကနဦးအသင်း တော်ခေါင်းဆောင်ကြီးတာတူလီယံ မှန်ကန်သည့်နည်းလမ်းကို ရှာဖွေဖို့ ကျွနု်ပ်တို့အ တွက် ကြိုးစားခဲ့ပါသေးသည်။ သူသည် ရှင်ပေါလု၏ဆိုလိုရင်းကို နားလည်သဘော ပေါက်သဖြင့် ကောရိန္တုအသင်းတော်ရှိမိန်းများများသည် ၎င်းတို့၏ခေါင်းတွင် ဦးထုပ် အမြဲဆောင်းလေ့ရှိကြသည်။ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပရောဖက် ပြုခြင်းကိုလုပ်ဆောင်ကြသောအခါ သူတို့၏ဦးထုပ်ကို လွှတ်ပစ်ထားကြသည်။

ဤအခန်းက အနက်ဖွင့်သူများအတွက် ခက်ခဲမှုကို သက်သေပြခဲ့သည်။ အသင်းတော် ခေါင်းဆောင် တာတူလီယံက ထိုအခြေအနေမျိုးတွင် အသက်ရှင်နေထိုင်ခဲ့ပြီး မှန်ကန် သောနည်းလမ်းကို ရှာဖွေခြင်းဖြင့် ကျွနု်ပ်တို့ကို ကူညီနိုင်ပါသည်။ သူသည် ကောရိန္တုမြို့ ရှိမိန်းမများသည် ၎င်းတို့ဦးခေါင်းတွင် ဖုံးအုပ်ထားသောအဝတ်ကို အမြဲဝတ်ဆင်ကြရ မည်ဟူသောအဓိပ္ပယ်ဖြင့် ပေါလု၏စကားကို နားလည်ထားသည်။ သို့ရာတွင် ပရောဖက် ပြုစေနိုင်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့လက်ခံရရှိသောအခါ ထိုအဖုံးကို လွှင့်ပစ်ထားကြသည်။ ထိုအရာ၏သက်သေမှာ ဤသို့သောလုပ်ဆောင်ထားချက်က စကားပြောသူသည် မိန်းမတစ်ဦးအဖြစ် လုံးဝစကားပြောဆိုလိုခြင်းမရှိတော့ဘဲ အသင်း တော်တွင်သင်ကြားပေးသော ဆရာတစ်ဆူအဖြစ်သာ ခံယူလိုသည်ဟူသောအရာကို ပြညွှန်နေပါသည်။ ပေါလုက ထိုသဘောတရားကို သဘောမကျပေ။ ထို့ကြောင့် သူက နားလည်မှုလွဲမှားခြင်းကို ရှောင်ကြဉ်စေလိုသည်။ သို့ဖြစ်၍ မိန်းမအားလုံးတို့သည် ကောင်းမွန်သည့်ခေါင်းဖုံးကိုဝတ်ဆင်ပြီး ဘုရားသခင်၏အမှုတော်ထဲသို့ဝင်ရောက်သင့် သည်ဟူသောအရာမှာ ရှင်ပေါလု၏တောင်းဆိုခြင်းသက်သက်မဟုတ်။ ကောရိန္တုအသင်း တော်တွင် သွန်သင်သောသူအဖြစ်မှ မိန်းမများကို တားဆီးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းကို နောက်ပိုင်း အခန်းကြီး ၁၄ တွင် အတိအလင်း တားမြစ်ထားပါသည်။

ဤအခန်းတွင်သွန်သင်ထားသောအခြေခံသဘောတရားအပေါ်တွင်မူတည်၍ ယောကျာ်းတို့သည် မတူညီသောယဉ်ကျေးမှုတွင် အသင်းတော်သို့ဝင်ရောက်ချိန်၌ ခေါင်းဖုံးချွတ်ခြင်းဖြင့် လိုက်နာခဲ့ကြသည်။ ထိုနည်းတူစွာ မိန်းမများသည်လည်း အချို့ သောယဉ်ကျေးမှုတွင် ၎င်းတို့ခေါင်း၌ ခေါင်းဖုံး သို့မဟုတ် ဦးထုပ်တစ်ခုခုကို ထားကြပါ သည်။ ထိုအခြေအနေသည် အချို့သောကွန်ဆာဗေ့တစ်အသိုင်းအဝိုင်း၌ ကျင့်သုံးကြပါ သည်။ ဤသို့လုပ်ဆောင်ခြင်းကို အဘယ်သူမျှ ကန့်ကွက်စရာအကြောင်းမရှိပါ။ ရှိမည် ဟုလည်း မထင်ပါ။ ပြောစရာရှိနေသေးသည့်အရာတစ်ခုရှိသည်။ လက်ရှိတွင် လက် တွေ့ကျင့်သုံးနေကြသေးသည့်အခြေအနေမှာ သမ္မာကျမ်းစာကို မှားယွင်းစွာ ခွဲခြမ်းစိတ် ဖြာအသုံးပြုမှုအပေါ်တွင် တည်မှီနေပါသည်။ ဤအမှားအယွင်းသည် သာမန်အချက် ကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။ ထိုအချိန်ကာလအတွင်း၌ လုပ်ဆောင်မှုပုံစံသည် အ ပြောင်းအလဲရှိသည်ဖြစ်၍ လူတို့က ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရှင်ပေါလု၏ ဆို လိုရင်းကို သဘောမပေါက်နိုင်ကြပါ။

ပွဲတော်မင်္ဂလာတွင်ကြုံရသောအခက်အခဲ ၁၁း ၁၇- ၂၂

ပေါလုအတွက် ကြီးမားသည့်ပြဿနာတစ်ခုမှာ ကောရိန္တုအသင်းတော်တွင် ပွဲတော်မင်္ဂ လာဝင်စားခြင်းနည်းလမ်းဖြစ်ပါသည်။ သူတို့၏လက်တွေ့လုပ်ဆောင်မှုသည် အလိုဆန္ဒ များစွာ ပါဝင်သည်။ ပေါလုသည် ဤအကြောင်းနှင့်ပတ်သက်ပြီး ကောရိန္တုအသင်းတော် ကို အလည်အပတ်လာသောလူများထံမှ ကြားသိပြီး ထိုအကြောင်းအရာကို ပြောဆိုရန် လိုအပ်လာပြန်ပါသည်။

တမန်တော်ကြီးသည် အသင်းတော်ကို အငြင်းပွါးမှုအတွက် ဆူပူကြိမ်းမောင်းလိုစိတ်မရှိ ပါ။ ထိုအကြောင်းကို အခန်းကြီး (၁-၄ ) ဖော်ပြထားသည်။ အသင်းတော်၌ မတူညီသည့် အုပ်စုများရှိခြင်းသည် ပုံမှန်သဘောတရားနှင့်ကောင်းသောအရာဟုသာ ဆင်ခြင်မိသည်။ သို့မှသာ ထိုမတူညီသည့်အုပ်စုက မတူညီသည့်အမြင်အားဖြင့် ပြဿနာဖြစ်စေသည့်အ ရာကို ထင်ရှားစေသည်။ ထိုအချိန်ကာလတွင် ပွဲတော်မင်္ဂလာဝင်စားချိန်တွင် လူတိုင်း သည် ထမင်းကိုစားကြသည်။ ၎င်းသည် လူအများတွင် နေ့စဉ် စားသုံးသောအစာဖြစ်ပါ သည်။ ထိုနည်းတူစွာ အစာကိုသုံးဆောင်သောအခါ မုန့်နှင့်စပျစ်ရည်၊ ဓမ္မဝတ်တို့ကို လည်း သုံးဆောင်ကြပါသည်။ အဆာကိုပြေစေသောအစာသည် လူတိုင်းအစားအစာကို ယူဆောင်လာစေပါသည်။ ယူလိသည် မုန့်အတွက် ဘုရားသခင်ထံဆုတောင်းခြင်းဖြင့် အစပြုခြင်းဖြစ်နိုင်ပါသည်။ ဥပမာ ထိုမုန့်သည် ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံသော မုန့် ဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ယေရှုကလည်း မိန့်တော်မူခဲ့ပါသည်။ ထိုမုန့်ကိုစားပြီးနောက် အစာစားရသည်။ နောက်ဆုံးတွင် စပျစ်ရည်ခွက်လာပြီး ၎င်း သည်လည်း ယေရှု၏စကားတော်နှင့်အညီဖြစ်သည်။

ပေါလုက အကြောင်းအရာကို အကျဉ်းချုံးဖော်ပြထားပါသည်။ ကြွယ်ဝချမ်းသာသော ခရစ်ယာန်တို့သည် တစ်နေကုန်အလုပ်လုပ်သောသူတို့ကို စောင့်ဆိုင်းလိုခြင်းမရှိကြပါ။ မည်သို့ပင်ဆိုစေ သူတို့ထမင်းကို မည်သူ့ကိုမျှ မျှဝေလိုခြင်းမရှိကြပါ။ မိမိအုပ်စုနှင့်သာ စားသောက်လိုကြသည်။ ထို့ကြောင့် အချို့တို့တွင် စားသောက်စရာအများကြီးရှိသော် လည်း အခြားသူများ၌မူ အနည်းငယ်မျှသာရှိသည်။ ဤအကြောင်းကြောင့် ယူလိသည် မညီမျှမှုနှင့်ခွန်အားကြီးသောအုပ်စိုတို့ကို ညှိနှိုင်းတိုင်ပင်သည်။ ဤအရာက ယုံကြည်သူ များကို ရန်ပြုစေသည့်သဘောတွေ့ရသည်။ ထိုမျှထက်ပင် ပိုနေပါသည်။ ထိုအကြောင်း ကြောင့် ပေါလုက စားသောက်သောအခါ အတူတကွစားသောက်ကြရန် တိုက်တွန်းအ ကြံပြုထားသည်။ သူတို့၏ ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်ဖို့ စားသောက်ခြင်းထက် အတူတကွ သုံးဆောင်ကြရန် အကြံပြုထားပါသည်။ အသင်းတော်အစည်းအဝေးသည် လည်း စားသောက်ပွဲနေရာမဟုတ်တော့ဘဲ ဓမ္မဝတ်ကိုမျှဝေရာနေရာဖြစ်လာခဲ့ပါသည်။

ပွဲတော်မင်္ဂလာတည်ခင်းခြင်း ၁၁း ၂၃- ၂၆

သခင်ဘုရားသည် ပွဲတော်(နောက်ဆုံးညစာ) ကို မည်သို့တည်ခင်းခဲ့သည်ကို သတ်ပေး ထားခြင်းအားဖြင့် ကောရိန္တုအသင်းတော်ရှိယုံကြည်သူများကို မှန်ကန်သည့်နည်းလမ်း ဘက်သို့ညွှန်ပြပေးသင့်ပါသည်။ ပေါလုသည် ရှေးဟောင်းထုံးတမ်းကို ရည်ညွှန်းထားပါ သည်။ ၎င်းက ယေရုရှလင်အထက်ခန်းကဖြစ်ပျက်ခဲ့သောနည်းလမ်းကို ပြညွှန်ပေးပါ သည်။ ဤအခန်းက ဓမ္မသစ်ကျမ်းရှိ ယုလိ၏ရှေးကျဆုံးသောဖော်ပြချက်ပါဝင်နေပါ သည်။ ထို့ကြောင့် ဝတ်ပြုကိုးကွယ်ခြင်းတွင် လူအများစုဖြင့်လုပ်ဆောင်သော ပွဲတော်မင်္ဂ လာတွင် ယနေ့အသင်းတော်၌လည်း လုပ်ဆောင်သည့်ကောင်းမွန်သောအရာဖြစ်ပါ သည်။

မုန့်သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်ပြီး ပွဲတော်တွင် မျှဝေရန်ဖြစ်ပါသည်။ ၎င်းသည် ကျွနု်ပ်တို့အတွက်ပေးထားသောအရာလည်းဖြစ်ပါသည်။ စပျစ်ရည်သည် အသွေးတော်၌ ပါဝင်သော ပဋိညာဉ်တရားသစ်ဖြစ်သည်။ အပြစ်ခွင့်လွှတ်ခြင်းရဖို့ ကျွနု်ပ်တို့အတွက် ယေရှုသွန်းလောင်းသောအသွေးတော်ဖြစ်ပါသည်။ ပွဲတော်မင်္ဂလာတိုင်းတွင် ခရစ်တော် ကို အောက်မေ့သတိရဖို့ဖြစ်သည်။ ထိုပွဲတော်တွင်ပါဝင်သောသူတိုင်းက ခရစ်တော်၏ သေခြင်းကို ကြော်ငြာရမည်။ ၎င်းသည် ခရစ်တော်ပြန်လာသည်အထိ လုပ်ရမည်။ “မုန့်ကိုဖဲ့ခြင်း”နှင့် “ကောင်းကြီးမင်္ဂလာ” တို့သည် ယုဒအစားသောသောက်ဆိုင်ရာ ယဉ် ကျေးမှုတွင် ဆက်နွယ်မှုရှိပါသည်။ ယုဒစားသောက်ပွဲသည် လူအများစုက စားပွဲပေါ်က မုန့်ကို ချိုးဖဲ့သည့်အချိန်တွင်စတင်ပြီး အားလုံးက မြင်တွေ့ရန်လုပ်ဆောင်သည်။ မုန့်ကို ဆက်လက်ထိမ်းသိမ်းခြင်းသည် ဤနည်းလမ်းဖြင့် သာဓကတစ်ခုအတွက် ဘုရားသခင် ကို ချီးမွမ်းသည်။ “အဖဘုရားသခင်၊ ကိုယ်တော့်ကိုချီးမွမ်းပါသည်။ လောကရှင်ဘုရင်၊ မုန့်ကိုဖြစ်ပေါ်စေရန် မြေကိုပေးသော ဘုရားသခင် ချီးမွမ်းပါသည်။” ဧည့်သည်များသည် “အာမင်” ဟူ အတူတကွ ဆိုကြမည်။ ထိုသို့လုပ်ဆောင်ပြီးနောက် လူထုပရိသတ်ကြီး သည် မုန့်ကို များနိုင်သမျှများအောင်ဖွဲ့ပြီး ထိုအရပ်တွင်ပါဝင်သောလူအယောက်တိုင်း ကို ဝေပေးကြသည်။ ထို့နောက်တွင် အစားအစာကို စားသောက်ကြသည်။ ပွဲတော်မင်္ဂ လာတွင် ယုဒလူတို့၏ပဿခါပွဲတော်ပုံရိပ်ပါဝင်သည်။ သို့ရာတွင် ယေရှုက ပဋိညာဉ် တရားသစ်နှင့်အကြောင်းအရာသစ်ကိုပေးထားသည်။ ကောရိန္တုအသင်းတော်ရှိယုံကြည် သူများအား ရှင်ပေါလုသွန်သင်ပေးသောစကားလုံးက ပွဲတော်မင်္ဂလာနှင့်ပတ်သက်ပြီး ယုဒလူတို့၏သမိုင်းကြောင်းကို သတိရစေသည်။ အထက်ခန်းကအဖြစ်အပျက်ဆီသို့ ပြန် လည်ခေါ်ဆောင်သွားသည်။

ဓမ္မဝတ်သည် မြင့်မြတ်သောအရာဖြစ်သည်။ ၁၁း ၂၇- ၃၄

ကောရိန္တုယုံကြည်သူများသည် ဓမ္မဝတ်ကို လွဲမှားစွာအသုံးပြုကြသည်ဖြစ်၍ တမန်တော် ကြီးက ဓမ္မဝတ်၏တကယ့်အဖြစ်မှန်ကို ဂရုတစိုက်ဆင်ခြင်နှလုံးသွင်းရန် အသင်းတော် ကို တိုက်တွန်းထားပါသည်။ သူပြောဆိုသောစကားလုံးသည် အလွန်လေးနက်သည့် သတိပေးစကားများဖြစ်ပါသည်။ ဓမ္မဝတ်ကို မထိုက်မတန်ဘဲ ပါဝင်စားသောက်ခြင်း သည် ယေရှုခရစ်၏သေခြင်းကို ပြစ်မှားရာရောက်ပါသည်။ ခရစ်ယာန်များသည် ဓမ္မဝတ် ကို သန့်ရှင်းစွာထားသင့်သည်မှာ ဤအကြောင်းတရားကြောင့်ဖြစ်ပါသည်။ “ထို့ကြောင့် သခင်ဘုရား၏မုန့်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင် ဘုရား၏ ကိုယ်တော်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်ကြ၏။”

“ကိုယ်ခန္ဓာကို ပိုင်းခြားသိမြင်ခြင်းမရှိဘဲ” ဟူသောစကားလုံးကို နည်းလမ်းနှစ်မျိုးဖြင့် နား လည်နိုင်ပါသည်။ ခရစ်ယာန်တို့သည် သခင်ဘုရား၏ခန္ဓာနှင့်အခြားအစားအသောက် ကြားက ခြားနားမှုကို ခွဲခြားသိမြင်နိုင်ရမည်ဟု ဆိုလိုသည်။ သို့ရာတွင် အသင်းတော် တည်းဟူသော ခရစ်တော်၏ကိုယ်ခန္ဓာကိုလည်း ပိုင်းခြားသိဖို့လိုသည်ဟုလည်း ဆိုလို နိုင်ပါသည်။ ဤကိုယ်ခန္ဓာတွင် အားလုံးသည် သာတူညီမျှရှိသဖြင့် တစ်ခုနှစ်တစ်ခု ဆန့် ကျင်ဘက်မဖြစ်ကြပါ။ ယင်းသည် ကောရိန္တာအသင်းတော်တွင် ဖြစ်နေသည့် ခွဲခြားမှုဖြစ် ပါသည်။ ပထမရှင်းလင်းချက်သည် နားလည်ဖို့ခက်ခဲသော်လည်း ပို၍ ကျိုးကြောင်းဆီ လျော်နိုင်ပါသည်။

အပိုဒ် ၃၁ တွင် “ငါတို့သည် ကိုယ်ကိုကိုယ်စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူ ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်” ဟုဆိုထားသည်။ တနည်းအားဖြင့် သင်သည် မိမိကိုယ် ကိုစစ်ကြောစီရင်ပြီးသောအခါ သခင်ဘုရား၏ပွဲတော်ဓမ္မမင်္ဂလာထဲသို့ မှန်ကန်သော စိတ်နေစိတ်ထားဖြင့် ဝင်ရောက်သွားသည်။ လူတစ်ဦးသည် မိမိကိုယ်ကို စစ်ကြောလျှင် ဘုရားသခင်၏စစ်ကြောခြင်းမလိုအပ်တော့ပေ။

ကောရိန္တုအသင်းတော်တွင်ဖြစ်ပွါးခဲ့သော နာမကျန်းခြင်းနှင့်သေခြင်းအကြောင်း ရှင်ပေါလုပြောဆိုသည်မှာ အလွန်နက်နဲသောအရာဖြစ်ပါသည်။ တစ်ဦးချင်းစီအတွက်မ ဟုတ်ဘဲ အသင်းတော်တစ်ခုလုံးအတွက် ဘုရားသခင်၏တရားစီရင်ခြင်းရှိကြောင်းကို ပြောဆိုခြင်းဖြစ်ပါသည်။ ဤတရားစီရင်ခြင်း၏ရည်ရွယ်ချက်မှာ ကောရိန္တုအသင်းတော် ကို ဖျက်ဆီးရန်မဟုတ်၊ နိုးထစေရန်ဖြစ်ပါသည်။ ဤစီရင်ခြင်းမရှိလျှင် ကျန်သောနေရာ များတွင်လည်း ဤတရားစီရင်ခြင်းမျိုးဖြစ်လာမည်။