၁ ကောရိန္တု ၅ - ဝါကြွားစရာအကြောင်းမရှိ။

ရှင်ပေါလုက ပထမအခန်းကြီးလေးခန်းကို ကောရိန္တုအသင်းတော်၌ဖြစ်ပျက်နေသော အငြင်းပွားစရာအကြောင်းကို ဖော်ပြထားပါသည်။ အကြောင်းပြချက်မရှိဘဲ ဤအရာကို သူမလုပ်ဆောင်ကြောင်း ကျွနု်ပ်တို့သိမြင်ခဲ့ပြီးဖြစ်ပါသည်။ ကောရိန္တု၌ခက်ခဲသည့်အ ကြောင်းအရာတစ်ခုမှာ ရှင်ပေါလု၏အခွင့်အာဏာကို သူတို့အသိအမှတ်မပြုခြင်းပဲဖြစ်ပါ သည်။ ရှင်ပေါလုသည် အသင်းတော်၌ဖြစ်ပျက်နေသော ပြဿနာကို ချက်ချင်းစတင်ဦး တည်ဖို့နှင့်တင်းကြပ်သောအခန်းကဏ္ဍကိုအသုံးချဖို့ တုံးအသောသူမဟုတ်ပါ။ ပထမဆုံး အေနှင့်ဘီကိုဦးစွာပြောဆိုပြီး စီကိုပြောပါ။ ရှင်ပေါလုက ဖြစ်ပျက်နေသော အထိကရုဏ် များနှင့်ပတ်သက်ပြီး ထိုကဲ့သို့ အဆင့်လိုက်လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ ကောရိန္တုအ သင်းတော်၌ရှိသောသူတို့သည် ထိုအသင်းတော်ကိုတည်ထောင်သည့် ပေါလုကို နာခံကြ ရမည်ဖြစ်ပါသည်။

ဤအကြောင်းအရာများ ရှင်းရှင်းလင်းလင်းဖြစ်လာသောအခါ ရှင်ပေါလုက အသင်း တော်၌ဖြစ်ပျက်သော အခြားပြဿနာကို ပြောဆိုသည်။ သူ့စကားကို လုံးဝနှမျော သတ ဖြစ်မနေပါ။ သူတို့ကို တဖြည်းဖြည်းချင်းသိစေခြင်းဖြစ်သည်။ ပထမဆုံးသောအပြစ်မှာ ကောရိန္တုအသင်းတော်၌ဖြစ်ပျက်နေကို လိင်ပိုင်းဆိုင်ရာပြစ်မှားခြင်းဖြစ်ပါသည်။

အစီအစဉ်အချို့ရှိရမည်။ ၅း ၁-၅

ကောရိန္တုအသင်းတော်သည် မကောင်းမသင့်လျော်သည့် လောကအရာများ၊နှင့်ပေါင်း စည်းထားသော အလွန်ထူးဆန်းသည့်အသင်းတော်တစ်ပါးဖြစ်ပါသည်။ ကောရိန္တုအ သင်းတော်သည် အကျင့်သီလ၌ စင်ကြယ်ခြင်းမရှိနိုင်သောအသင်းတော်ဖြစ်သည်။ ဆိုလိုသည်မှာ လိင်ပိုင်းဆိုင်ရာပြစ်မှားခြင်းအလုံးစုံကို ဆိုလိုသည်။ ထိုသို့ဆိုရာတွင် လက်မထပ်ခင်ပေါင်းသင်းနေထိုင်ခြင်း၊ နှင့်လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်ခြင်းတို့ လည်းပါဝင်သည်။

ဂရိ-ရောမကမ္ဘတွင်၊ လူတစ်ဦး၏လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုအသက်သာသည် လက် ထပ်မှသာဟူ၍ ကန့်သတ်ထားခြင်းမျိုးမရှိပါ။ ကျွန်မိန်းမတို့နှင့်အတူတကွ ပျော်ပါးနေ ထိုင်ရခြင်းမှာ လူပျိုတို့ရဲ့အလေ့အထပင်ဖြစ်ပြီး အရွယ်ရောက်ရင့်ကျက်လာသောအခါ ပြည့်တန်ဆာကို အသုံးပြုကြသည်။ လိင်တူဆက်ဆံခြင်းသည် အများက အလေးမထား ဘဲလုပ်ဆောင်ကျင့်သုံးနေကျ အလုပ်တစ်ခုဖြစ်သည်။ ယနေ့ကျွနု်ပ်တို့သိရှိထားရသည့် သစ္စာရှိခြင်းသည် ထိုနေ့က ကိုယ်ကျင့်တရားဆိုင်ရာအကြောင်းတရား၏အစိတ်အပိုင်း ထဲတွင် ပါဝင်ခြင်းမရှိပါ။

ရှင်ပေါလု လုံးဝသဘောတူထားခြင်းမရှိသည့် အကြောင်းအရာတစ်ခုရှိပါသည်။ အချို့တို့ သည် ၎င်းတို့အဖေ၏မိန်းမနှင့်အတူ ပျော်ပါးနေထိုင်ကြသည်။ မည်သို့သောအခြေအနေ ၌ သူတို့ရှိနေကြသည်ကိုတော့ ကျွနု်ပ်တို့နားမလည်ကြပါ။ ထိုမိန်းမသည် ထိုယောကျ်ား ၏မိခင်အရင်းတော့ မဟုတ်သည်လည်းဖြစ်နိုင်သည်။ ထိုသို့သာဖြစ်နေလျှင် ရှင်ပေါလု က အမှန်တကယ် ပြောမည်ဖြစ်သည်။ ထို့ကြောင့် ဤအရာက အဓိကအကြောင်းရင်း တော့မဟုတ်၊ လူတစ်ဦးနှင့်၎င်း၏မိထွေးကြားက ဆက်နွယ်မှုတစ်ခုသာဖြစ်ပါသည်။ ထို လူ၏ဖခင်သည် အသက်ရှင်လျက်ရှိနေသေးသည်၊ မရှိသည်ကိုတော့မသိပါ။ ထင်မြင်ယူ ဆချက်သာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ၊ မောရှေ၏ပညတ်တော်က ထိုသို့သောဆက် နွယ်မှုမျိုးကို လုံးဝတားမြစ်ထားသည်။(တရားဟော ၂ရး ၂၀) သေပြစ်အဖြစ်လည်း သတ်မှတ်ပေးထားသည်။(တရားဟော ၁ရး ၆-၇) သန့်ရှင်းသောလူတို့သည် ထိုမျှဆိုး သွင်းသောအရာထဲသို့ တိုးဝင်စရာအကြောင်းမရှိပါ။ တပါးအမျိုးသားများကပင်လျှင် မိထွေးအား ပြန်လည်လက်ထပ်ပေါင်းသင်းသည်ကို မနှစ်မြှို့ကြပေ။ သို့ဖြစ်၍ ရှင်ပေါလု က ကောရိန္တုအသင်းသားများသည် တပါးအမျိုးသားများထက်ပင် ဆိုးသွင်းကြသည်ဟု ဆိုထားသည်။

ကောရိန္တုအသင်းတော်၏ ဝိညာဉ်ရေးရာတွင် ထိုသို့သောအရာကို အလေးမထားခြင်း ကြောင့် ရှင်ပေါလုသည် စိတ်ရှုပ်ထွေးနေရသည်။ ထိုအကြောင်းအရာများကို အဘယ့် ကြောင့်ရေးသားရသည်ကို ကျွနု်ပ်တို့ပင် နားမလည်ကြပါ။ အသင်းတော်၌ရှိသောသူတို့ သည် အသင်းတော်ကို ဦးဆောင်ရန် စိတ်အားထက်သန်နေကြသော်လည်း ထိုသို့သော အခြေအနေတွင် အသင်းတော်ကို မဦးဆောင်နိုင်ကြသည်မှာ ဖြစ်နိုင်စရာများနေသည်။

ကောရိန္တုအသင်းတော်၌ရှိသောပြဿနာမှာ ဓမ္မပညာပြဿနာနှင့်ဆင်တူယိုးမှားဖြစ်နေ ပါသည်။ ဝိညာဉ်တော်တန်ခိုးခံစားခြင်းက လူတို့ကို အသင်းတော်၌ ကိုယ်ကာယလှုပ်ရှား မှုသည် အဓိကအကြောင်းရင်းမဟုတ်ဟု တွေးထင်စေပါသည်။ သူတို့ကိုယ်ခန္ဒာကို လှည့်ပြီး သူတို့၏တစ်ခုတည်းသောအတွေးအခေါ်သည် အရေးကြီးသောအရာကိုဦး တည်နေပြီး စိတ်ဝိညာဉ်သည် အမြင့်ဆုံးသော ဘုရားသခင်ထံသို့ ရောက်မည်။ ကောရိန္တုအသင်းတော်၌ရှိသော အချို့သောသူတို့သည် ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ခဲ့ပြီး လူသားသည် အပြစ်ထဲ၌ မရှိနိုင်တော့ပါဟု ယုံကြည်ကြသည်။

ရှင်ပေါလုက ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ဘာမှမကြားလိုပါ။ သင်သည် အသင်း တော်၌ အပြစ်ကျူးလွန်လျက်နေခွင့်မရှိဟု အတင်းအကြပ်လုပ်ဆောင်ထားသည်။ အထဲ ၌ခရစ်တော်အသက်ရှင်သည်မှန်လျှင် ထိုသူသည် အပြစ်ကိုတိုက်ခိုက်ဖို့ ခရစ်တော်နှင့် အတူလုပ်ဆောင်မည်။

တကယ် လုပ်ဆောင်ရမည်မှာ ညှိနှိုင်းမှုမဟုတ်။ ရှင်ပေါလုသည် ဆက်လက်ပြီး ထိုအ ကြောင်းအရာနှင့်ပတ်သက်ပြီး ညှိနှိုင်းစရာလည်း အကြောင်းမရှိပါ။ ထိုပြဿနာနှင့်ပတ် သက်ပြီး စီရင်ဆုံးဖြတ်ချက်တစ်ခုကို ပြုပြီးပြီ။ လုပ်ဆောင်စရာ ကျန်ရှိသောအရာမှာ ကြော်ငြာခြင်းပင်ဖြစ်ပါသည်။ အသိပေးခြင်းဖြစ်သည်။ အသင်းတော်အစည်းအဝေးကို ကျင်းပရန်ဖြစ်သည်။ ရှင်ပေါလုက သခင်ဘုရား၏အသင်းတော်သည် အပြစ်၌အသက် ရှင်နေသောသူတို့ကို နှင်ထုတ်ငြင်းပယ်ရန်ဖြစ်သည်ဟု သွန်သင်ပေးထားသည်။

"ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဒာပျက်စီးဘို့ရာ သူ့ကို စာတန်လက်သို့အပ်နှံကြစေဟု ငါစီရင်၏။" (၁ ကော ၅)

ရှင်ပေါလု၏စကားသည် တခါတရံ နားလည်ရအလွန်ခက်ခဲသည်။ ရှင်းလင်းသည်။ သို့ ရာတွင် သူက အပြစ်ထဲ၌ နေသောသူကို အသင်းတော်ထဲကနေ နှင်ထုတ်ဖို့ ပြောနေပါ သည်။ သို့ရာတွင် ထိုသူသည် ခရစ်ယာန်တစ်ဦးမဖြစ်တော့၊ သူ့အကြောင်းကိုလည်း အဘယ်သူမျှ စဉ်းစားနေစရာမဟုတ်တော့ဟု ဖော်ပြထားပါသည်။

ထိုအချိန်ကာလတွင် ကောရိန္တုအသင်းတော်သည် စည်းကမ်းတကျလုပ်ဆောင်ဖို့နှင့်ပြစ် ဒဏ်များကိုလည်း ကောရိန္တုရှိ လောကတရားဥပဒေများကသာ ဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မောရှေ၏ပညတ်ချက်နှင့်အညီ ပြစ်ဒဏ်ပေးခြင်းသည် (သေ သည်အထဲခဲနှင့်ပစ်သတ်ခြင်း) နှင့်ကြိမ်ဒဏ်ရိုက်ခြင်းတို့သည် ခွင့်ပြုထားသောအရာမ ဟုတ်သော်လည်း ရှင်ပေါလု၏အချိန်ကာလတွင် ယုဒလူမျိုးများ အရမ်းလုပ်ဆောင်ချင် နေကြသောအရာဖြစ်ပါသည်။

ရှင်ပေါလုက လဲကျနေသောယုံကြည်သူများအတွက် အကြောင်းဆုံးဖြစ်စေချင်သည်ကို သတိထားရန် အရမ်းအရေးကြီးပါသည်။ ခရစ်ယာန်အဆင့်အတန်းကို အားနည်းသော သူများအား မောင်းထုတ်ခြင်းဖြင့် မြင့်မားလာစရာအကြောင်းမရှိ။ ထိုသို့လုပ်ဆောင်ခြင်း ထက် နောက်ဆုံးသောနေ့ရက်၌ သူတို့ဝိညာဉ်ကယ်တင်ခြင်းရရှိဖို့ဟုသာ ဆိုထားသည်။

အပိုဒ်ငယ် ၅ ကို စူးစမ်းလေ့လာသော လေ့လာဆန်းစစ်ရေးသမားများက အဓိပယ်ကို အတင်းအကြပ်ပြောဆိုကြသည်။ ရှင်ပေါလုက ကိုယ်ကာယအားနည်းမှုကို ပြောမည်ဟု ကျွနု်ပ်မထင်ပါ။ ဥပမာအားဖြင့် အနာရောဂါများဖြစ်သည်။ သူက ဝိညာဉ်နှင့်ကာယကြား ၌ရှိသော ရှုပ်ထွေမှုများကို တင်ပြခြင်းလည်းမဖြစ်နိုင်ပါ။ လူဟောင်းအာဒံဖြစ်သော အပြစ်နှင့်ပြည့်နေသော ဇာတိပကတိသည် ခရစ်ယာန်တစ်ဦးထဲ၌ အမှန်တကယ် သေပြီး ခရစ်တော်၏ဝိညာဉ်ကို နေရာပေးရမည်။ ဤအကြောင်းကြောင့် ရှင်ပေါလု၏အဆိုအရ၊ အခက်ခဲဆုံးတိုင်းတာမှုပင်လျှင် လိုအပ်လှသည်။ သို့မှသာ ခရစ်ယာန်များသည် မိမိ ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိပြီး ဘုရားသခင်ထံသို့ ပြန်လည်လှည့်ပြန်ကြပေလိမ့်မည်။

ခေတ်သစ်နှင့်နိုင်ငံရေးဆန်ဆန်ခရစ်ယာန်များဖြစ်ကြသော ကျွနု်ပ်တို့သည် အကျိုးသက် ရောက်မှုမရှိသော ပေါလု၏တိုင်းတာမှုကို ဆင်ခြင်စဉ်းစားနိုင်ကြသည်။ ရှင်ပေါလုသည် ယနေ့ ကျွနု်ပ်တို့၏အသင်းတော်၌ မရေမတွက်နိုင်သော ကိုယ်ကျင့်တရားဆိုင်ရာဖောက် ပြန်မှုကို တွေ့ရှိနိုင်မည်။ လင်မယားမဟုတ်ဘဲ အတူပေါင်းသင်းနေထိုင်ခြင်းသည် ယနေ့ အသင်းတော်တွင် ဖြစ်နေကျအခြေအနေဖြစ်ပါသည်။ လင်မယားကွဲခြင်းနှင့်ထင်မှတ်မ ထားသောအရာများသည် ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်လာကြသည်။ သို့ရာတွင် ရှေးရိုးစဉ် လာအနောက်တိုင်းအသင်းတော်များသည် ပေါလုလုပ်ဆောင်သကဲ့သို့ စတင်ပြီးမှ အသင်းတော်တွင် လုပ်ဆောင်လာကြသည်။ လူအများ၏အယူအဆကို အံ့သြမင်သက် လာကြသည်။ လူတို့သည် မိမိအတွက် စဉ်းစားဆင်ခြင်ကြဖို့ လိုအပ်သည်။ သို့ရာတွင် တနည်းအားဖြင့်ဆိုရလျှင် သင်းအုပ်များသည် ဘုရားသခင်ရှေ့၌ သူတို့အသက်တာအ တွက် တာဝန်ရှိကြသူများဖြစ်ပါသည်။ ဝေဖန်မှုစကားလုံးများသည် အမိန့်ကနေထွက် လာသည်ဟု တွေးတောယူဆမှုများလည်း ဖြစ်လာတတ်သည်။ ပေါလုက ထိုသို့သော စကားများကိုကြားရသောအခါ အလွန်ပင် စိတ်ရှုပ်ထွေးမှုကို တွေ့ကြုံရပါသည်။ ထိုအ ကြောင်းကို မသိမမှတ်ဘဲ လူများသည် ငရဲသို့စဉ်ဆက်မပြတ်သွားနေရလျှင် ၎င်းသည် မေတ္တာတရားဖြစ်နိုင်မည်လော။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖင်လန်နိုင်ငံတွင် လမ်းလုံခြုံရေးအတွက် တာဝန်ရှိသူများ သည် လမ်းဖြတ်ကူးခြင်း၌ လူပေါင်းများစွာ မတော်တဆမှုဖြစ်ပျက်သောကြောင့် စိုးရိမ်ပူ ပန်နေကြသည်။ တီဗွီဖန်သားပြင်တွင် လမ်းလုံခြုံရေးအကြောင်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်ကြသည်။ ကားများသည် ရထားတစ်စင်းကို တိုက်ကြသောအခါ မည်သို့သောကွဲပြားခြားနားမှုရှိသည် စသဖြင့် ဆွေးနွေးကြသည်။ သူတို့နိဂုံးချုပ်တာက ရထားနှင့်တိုက်မိတာကိုရှောင်ရှားနိုင်ဖို့တစ်ခုတည်းသောနည်းလမ်းမှာ ရထားလာသည့် အချိန်၌ ခုန်ပစ်ကျော်လွှားရန်မဟုတ်ပါ။ ဘုရားသခင်၏အမျက်တော်နှင့်တရားစီရင်ခြင်း သည်လည်း ထိုရထားတစ်စင်းကဲ့သို့ပင်ဖြစ်ပါသည်။ ကျော်ဖြတ်နိုင်သည့် တစ်ခုတည်း သောနည်းလမ်းမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်၏လုံခြုံမှုတွင် ရှိနေခြင်းဖြင့် ရှောင်ရှား ရန်ဖြစ်သည်။ ဘုရားသခင်၏စကားကို နားထောင်ခြင်းဖြင့် ရှောင်ရှားရန်ဖြစ်ပါသည်။

“ဝါကြွားစရာအကြောင်းမရှိ” ၅း ၆-၈

ရှင်ပေါလုက တစ်ဦးချင်းအတွက် ဦးတည်ပြောဆိုမှုကို ရပ်တန့်စေပြီး အများနှင့်ဆိုင် သောအရာကို စတင်ဟောပြောသည်။ “သင်တို့၏ဝါကြွားမှုသည် လုံးဝမကောင်းပါ” ဟု ဆိုထားသည်။ ကောရိန္တုမြို့သားများသည် ဝါကြွားသောအခါ အပြစ်ရှိကြသည်ဟုဆိုပါ သည်။ သို့ရာတွင် သူတို့ကို ဝါကြွားစေသောအရာသည်လည်း အမှားဟု ဆိုခြင်းလည်း ပါဝင်နိုင်ပါသည်။ ကောရိန္တုအသင်းသားများသည် ၎င်းတို့၏ဆုကျေးဇူးများနှင့်အသင်း တော်ကြောင့်ဝါကြွားကြပြီး တမန်တော်တို့၏အခွင့်အာဏာကို ငြင်းဆန်ကြသည်။ ထိုသို့ ပြုမူကြခြင်းကြောင့် ဘုရားသခင်၏အမျက်တော်ကိုကျရောက်စေသည့် မှားယွင်းမှု၊ လဲကျမှုတို့ကို ဖြစ်စေပါသည်။ ရှင်ပေါလု၏ပြောဆိုမှုအရ၊ ကောရိန္တုအသင်းသားများ သည် ဘုရားသခင်၏ဘုန်းအသရေအတွက် ခရစ်တော်၌ ဝါကြွားခြင်းကို သင်ယူလေ့လာ ကြရန် လိုအပ်ပါသည်။

ရှင်ပေါလုက လူတိုင်းနှင့်ရင်းနှီးကျွမ်းဝင်သောအကြောင်းအရာကို ဆက်လက်၍ ပြောဆို ထားပါသည်။ ၎င်းမှာ မုန့်လုပ်ခြင်းဖြစ်သည်။ သူတို့သည် မုန့်ကိုအချဉ်ဖောက်သောအခါ တဆေးများစွာမလိုအပ်ပါ။ တဆေးနည်းနည်းလေးကပင်လျှင် မုန့်ကိုများစွာ ဖောင်းကြွ စေပါသည်။ ပေါလုက တဆေးကို လုံးဝဖယ်ရှားရန် ကောရိန္တုအသင်းသားများအား မိန့် ကြားခဲ့ပါသည်။ ဤတံဆေးဖြစ်ပေါလာသည့်သမိုင်းကြောင်းမှာ ယုဒလူတို့၏ပသခါပွဲ တော်နှင့်အီဂျစ်ပြည်မှထွက်မြောက်လာခြင်းဖြစ်သည်။ ထိုအချိန်ကာလတွင် တံဆေးအား လုံးကို ဖယ်ရှားပြစ်ရန် လူများတစ်ခုလုံးကို အမိန့်တော်ထားခဲ့သည်။ တဆေးသစ်မရရှိမှီ က ဘုရားသခင်သည် မိမိလူတို့ကို အီဂျစ်ပြည်မှ နှုတ်ဆောင်ခဲ့သည်။ သူတို့သည် တံဆေးမပါသောမုန့်ဖြစ် အသက်မွေးရှင်သန်ကြသည်။ သို့ဖြစ်၍ ယုဒလူတို့သည် ထိုနေ့ ကာလက ထုံးတမ်းစဉ်လာယဉ်ကျေးမှုအတိုင်း ပသခါပွဲတော်အတွင်း၌ တံဆေးအားလုံး ကို ဖြတ်ပစ်လိုက်ရသည်။ ပေါလုက အသင်းတော်သည် ခရစ်တော်၏အသင်းတော် သည် မုန့်ညက်နှင့်တူပြီး ၎င်းသည် မုန့်ညက်ဟောင်းနှင့်ရောနှောခြင်းလုံးဝမရှိ၊ အသစ် စက်စက်ဖြစ်သည်(အပြစ်မရှိခြင်း) ဟုဆိုထား ပါသည်။ ထို့ကြောင့်သာလျှင် အသင်း တော်သည် ‘ဟောင်းသောတံဆေး’ သို့မဟုတ် အပြစ်နှင့်ပြည့်နှက်နေသော အသက်တာ ကို ပယ်ဖျက်ရန်ဖြစ်သည်။ သို့မှသာ အသင်းတော်သည် သန့်ရှင်းစင်ကြယ်သောအသက် တာကို ပိုင်ဆိုင်ရရှိမှာဖြစ်သည်။ ထို့နောက်တွင် ရှင်ပေါလုသည် ၎င်း၏ပေးစာတွင် အ လွန်အရေးကြီးသည့် အကြောင်းအရာဘက်သို့ ပြန်သွားခဲ့သည်။ ၎င်းမှာ ကောရိန္တုမြို့ တွင်ရှိကြသောခရစ်ယာန်များသည် ခရစ်တော်က လူတိုင်းကို သန့်ရှင်းစင်ကြယ်စေသည် ဖြစ်၍ သန့်ရှင်းစင်ကြယ်စွာ အသက်ရှင်ကြရန်ဖြစ်သည်။

မိမိလူတို့ကို သန့်ရှင်းခြင်းပေးထားသည်မှာ ခရစ်တော်သာလျှင်ဖြစ်ပါသည်။ သူသည် ပသခါသိုးသူငယ်ဖြစ်ပြီး ၎င်း၏အသွေးတော်အားဖြင့် ယုံကြည်သူတိုင်းသည် ဘုရားသ ခင်၏အပြစ်ဒဏ်နှင့်သေခြင်းမှလွတ်မြောက်ကြသည်။ သူတို့သည် အပြစ်သားအဖြစ်ရှိ နေကြသည်။ ယင်းမှာ သူတို့ကိုယ်တိုင်က ဘုရားသခင်၏အလိုတော်ကို မရှာဖွေကြ သောကြောင့်ဖြစ်ပါသည်။ ရှင်ပေါလုက အပြစ်ထဲ၌ နစ်မွန်းအသက်ရှင်နေသော သူများ ကို အသွေးတော်အားဖြင့် သန့်ရှင်းစဉ်ကြယ်သူများဖြစ်ကြသော်လည်း သန့်ရှင်းစင်ကြယ် သည့်အသက်တာဖြင့် အသက်ရှင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ ခရစ်ယာန် ယုံကြည်ခြင်းသည် ကောက်ရိုးမီးလောင်သည့်အလားမဟုတ်။ ဘုရားသခင်၏အသက် တာနှင့်သနားခြင်းကရုဏာတော်ပင်ဖြစ်ပါသည်။

လောကီသားကဲ့သို့မဟုတ် ၅း ၉- ၁၃

ပေါလုသည် ကောရိန္တုအသင်းသားများကို ရေးသားခဲ့ပြီးသည်အတိုင်း ကာမေသုမိစ္ဆာမှု ပြုခြင်းကို ရှောင်ရှားကြရန် ပြောဆိုခဲ့သည်။ ကောရိန္တုမြို့အသင်းတော်ရှိလူအချို့တို့က အပြစ်ထဲ၌ ကျင်လည်သောသူကို စကားပင်မပြောဆိုရန် ဆိုလိုသည်ကို သဘောပေါက် နားလည်ကြပါသည်။ ဆိုလိုသည်မှာ အသင်းတော်၌ ပါဝင်သောသူမဟုတ်ဘဲ အပြစ်ထဲ၌ ကျင်လည်သောသူများကိုဆိုလိုသည်။ (ဥပမာအားဖြင့် ခရစ်ယာန်မဟုတ်သောသူများ) ရှင်ပေါလုက ဤအကြောင်းအရာကို အလေးအနက်ထားပြောဆိုသည်။ မိမိကိုယ်ကို ထိန်းချုပ်မထားသည့်အသက်တာဖြင့် အသက်ရှင်နေသော ခရစ်ယာန်များနှင့်လည်း မိဿဟာရဖွဲ့ပေါင်းသင်းခြင်းမပြုကြရန် အသင်းတော်ကိုလည်း သတိပေးထားသည်။ ထိုသို့သတိပေးထားသည့်အတိုင်း သာမာန်ကောရိန္တုမြို့သားများသည်(အသင်းတော် အပြင်၌ ရှိသောသူများ) သည် ဘုရားသခင်မပါဘဲ အသက်ရှင်သန်နေကြပါသည်။ ဥပမာအားဖြင့် သူတို့သည် ဘုရားသခင်၏အလိုတော်နှင့်မညီသော အသက်ရှင်မှုကို ပြ လေ့ရှိကြသည်။ သူတို့ကို ရှောင်ကြဉ်ဖို့က အဓိကတော့မဟုတ်ပါ။ သို့ရာတွင် အပြစ်ကို ထင်ထင်ပေါ်ပေါ်လုပ်ဆောင်နေသောသူများနှင့်မိဿဟာရဖွဲ့ပေါင်းသင်းနေထိုင်ခြင်းမ ပြုရန် ဖြစ်ပါသည်။

ရှင်ပေါလုပေးထားသော အပြစ်စာရင်းမှာ ပညတ်တရား၌တွေ့ရသောတားမြစ်ချက်နှင့် လုံးဝဆန့်ကျင်ခြင်းမရှိပါ။ ‘သူများသားမယားကို မပြစ်မှားရ။’ တပ်မက်ခြင်း၊ ခိုးယူခြင်း နှင့်ရုပ်တုကိုးကွယ်ခြင်းအပြစ်လည်း ပါဝင်သည်။ ဤကျမ်းစာတွင်တွေ့ရသော ‘ဆဲရေး တိုင်းတာပြုသူ’ ဟုဆိုရာတွင် ဘုရားသခင်အား စော်ကားခြင်းသက်သက်မဟုတ်၊ ကိုယ် နှင့်စပ်ဆိုင်သောသူကို စော်ကားခြင်းလည်းပါဝင်သည်။ ရှင်ပေါလုက ကောရိန္တု၌ရှိသော အသင်းတော်အား မယုံကြည်သောသူများကို ဘုရားသခင်ကိုယ်တိုင်သာစီရင်မှုကိုပြုရန် အတွက် သတိပေးထားသည်။ ခရစ်ယာန်အားလုံးသည် စကြာဝဠာကြီးတစ်ခုလုံးကို သာမာန်ထားရစ်ခဲ့ခြင်းပြုနိုင်မည်မဟုတ်။ သူတို့သည် ကောရိန္တုအသင်းတော် သင်းပြည့် ဝင်တိုင်းသည် တာဝန်အပြည့်ရှိကြသည်ကို သိရှိသင့်ကြပါသည်။