၁ ယော ၁ - အသက်ရှင်ခြင်းနှင့်ဆိုင်သောစကား

နှုတ်ကပတ်တော်သည် တည်နေလိမ့်မည်။ ၁း ၁-၄

ယောဟန်သည် ၎င်း၏ရေးသားချက်ကို နှုတ်ဆက်ခြင်းဖြင့် အစပြုထားသည်မဟုတ်။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းအခန်းကြီးတစ်အစပြုခြင်းနှင့်တူညီသောကြွေးကြော်မှုကိုသာပေးထားပါသည်။ ခရစ် တော်တည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်သည် ထာဝရကာလ၏အစကတည်းက တည်ရှိနေကြောင်းဆိုထားသည်။ သူသည် မြေကြီးပေါ်သို့ လူ့ဇာတိခံယူမွေးဖွါးခဲ့ပြီး လူ့အသွေးအ သားကို ခံယူခဲ့သည်။ သခင်ဘုရားမိန့်တော်မူသောစကားကိုကြား၍ သူ့ကို ထိတွေ့ခွင့်ရသော ခရစ် တော်၏သက်သေခံသည် ယခုအခါ ထာဝရအသက်နှင့်ဆိုင်သော နက်နဲသောအရာကို မြေကြီးထံ ကြွေးကြော်ထားပါသည်။ ဤနက်နဲသောအရာကို တွေ့ကြုံလေသမျှသောသူတို့သည် ခရစ်တော် ဘုရားသခင်နှင့်သားတော်ယေရှုခရစ်နှင့်အတူမိဿဟာရဖွဲ့ခြင်း၌ရရှိသော ဝမ်းမြောက်ခြင်းအ ကြောင်းကို ဝေမျှသက်သေခံကြသည်။

ရှင်ယောဟန်မိန့်တော်မူသောအရာမှာ အလွန်ရှင်းလင်းသည်။ ခရစ်ယာန်ယုံကြည်ချက်သည် ထင် မှားစရာအကြောင်းမရှိ။ သို့မဟုတ် လူ့ထံက ဆင်းသက်လာသော မှော်အတတ်ပေါ်တွင် အခြေခံ သောအရာလည်းမဟုတ်။ ယုံကြည်ခြင်း၏အခြေခံအုတ်မြစ်သည် ယေရှုခရစ်ဖြစ်ပါသည်။ သူ၏ သက်သေခံခြင်းအကြောင်းကို ကျမ်းစာဖတ်ရှုသောသူတို့အား သခင်ယေရှု၏ ထင်ရှားခြင်းအမှန်ကို ထိတွေ့ခံစားနားလည်သောသူတို့က ပေးထားပါသည်။

အပိုဒ်ငယ်တစ်မှစတင်ကာ ကျွနု်ပ်တို့သည် အရေးကြီးသော သင်ခန်းစာများကို သင်ယူလေ့လာနိုင် ပါသည်။ လူများစွာတို့က ကျွနု်ပ်တို့သည် ဘုရားသခင်ကို မသိနိုင်ပါ၊ သူ၏ကြီးမြတ်ခြင်းကို စိတ်ကူး ဖြင့်သာ ခန့်မှန်းနိုင်သည်ဟု ပြောကြပါလိမ့်မည်။ ဆိုလိုသည်မှာ တစ်ဝတ်တစ်ပျက်သော မှန်ကန်မှု ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤကမ္ဘာပေါ်တွင် အပြစ်တရားသည် ဝင်လာပါသည်။ ဘုရား သခင်သည် အဘယ်သူမျှ မြင်မရနိုင်သော ဘုရားသခင်ဖြစ်ပါသည်။ သို့ရာတွင် ယုံကြည်ခြင်းအ ကြောင်းကို အထူးတလည် ပြောဆိုခြင်းမရှိလျှင် သာ၍ကောင်းသည်ဟု ပြောဆိုခြင်းအားဖြင့် မှား ယွင်းစွာ ပြုမူလုပ်ဆောင်ကြပါသည်။ သူတို့က အသက်ရှင်ခွင့်ကိုသာ ပေးပါစေဟုဆိုတတ်ကြပါ သည်။ ရှင်ယောဟန်၏သွန်သင်ချက်သည် လုံးဝကွဲပြားခြားနားသည်။ တမန်တော်စကားသည် အလွန်သေချာပြီး ခိုင်မြဲသည်။ ကြားနာသောသူတို့အတွက် ဝမ်းမြောက်ခြင်းကို ဖန်တီးပေးပါ သည်။ စိတ်ချမှုကိုလည်းပေးသည်။ မေးစရာမှာ ထူးဆန်းသောအရာမဟုတ်။ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏မဟာလက်ယာတော်ပင်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ခရစ်တော်လုပ်ဆောင်ခဲ့ပြီး သောအရာနှင့်ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်၏သက်သေကိုရရှိသောအခါ ကျွနု်ပ်တို့သည် ခိုင်မာသော အုတ်မြစ်ကို ရရှိကြပါသည်။ လူတို့၏တီထွင်ဖန်တီးမှု သို့မဟုတ် လုပ်ဆောင်မှုနှင့်လုံး၀ တူညီခြင်းမရှိဘဲ ကျွနု်ပ်တို့အောက်မှာ ပျက်စီးသွားသောအရာမဟုတ်ပါ။

ဤပေးစာကိုဖတ်ရှုသောသူတို့က စာရေးသူသည် မှားယွင်းသောဆရာများကို ဆန့်ကျင်လိုကြောင်း ကို လျှင်မြန်စွာ သင်ယူလေ့လာနိုင်ပါသည်။ မှားယွင်းသောဆရာများကို သတ်မှတ်ထားခြင်းသည် ကျွနု်ပ်တို့အားလုံးက သူတို့အပေါ် အာရုံထား ဝေဖန်မှုကိုပြုကြသောအခါ အလွန်ခက်ခဲပါသည်။ သို့ရာတွင် သက်သေခံတို့သည် ခရစ်တော်ကို လက်ဖြင့်တိုထိနိုင်သည်အကြောင်းကို ဆင်ခြင်နှလုံး သွင်းမိသောအခါ ဝေဖန်မှုအတွက် ဦးတည်ထားမှုမှာ အလွန်ရှင်းလင်းပြတ်သားလာသည်။ အချို့ သောသူများက ယေရှုသည် ဝိညာဉ်ဖြစ်သည်ဟုဆိုကြသည်။ အချို့က ပေါ့ပါးသောကိုယ်ကို ပိုင် ဆိုင်ထားသည်ဟုဆိုကြသည်။ သူတို့က လူသားအဖြစ်မွေးဖွါးလာခြင်းမဟုတ်ဘဲ လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံသော ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ဆိုကြသည်။ ယောဟန်၏ပေးစာက နိုင်းစင်းယုံကြည်ချက်၏စကားစုတွင် ဖော်ပြထားသောအရာကို ပြောဆိုထားသည်။

…. “ကမ္ဘာမတည်မရှိမှီကတည်းက ဘုရားသခင်ဖြစ်ပွါးစေသည်။ ဘုရားသခင်ထံကလာသော ဘုရားသခင်၊ အလင်းထဲကအလင်းဖြစ်သည်။ စစ်မှန်သောဘုရားသခင်ထံက စစ်မှန်သောဘုရားဖြစ်သည်။ လူတွေဖန်တီးထားခြင်းမဟုတ်၊ ဘုရားသခင်၏တပါးတည်းသောသားတော် သူ့အားဖြင့် ရှိသမျှအားလုံးဖြစ်ပေါ်လာသည်။ ကျွနု်ပ်တို့လူသားများအတွက်၊ ကျွနု်ပ်တို့ကယ်တင်ခြင်းအတွက် ကောင်းကင်ဘုံမှဆင်းသက်ကာ လူ့ဇာတိခံယူလာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အပျိုကညာဝမ်းမှမွေးဖွားလာ၍ လူသားသဏ္ဍာန်ကိုဆောင်လာခဲ့သည်။”

ကနဦးအသင်းတော်သည် အံ့သြဖွယ်ရာဖြင့် အသက်ရှင်သန်နေခဲ့ကြသည်။ ခရစ်တော်၏သေခြင်း နှင့်ရှင်ပြန်ထမြောက်ခြင်းတို့သည် အလင်းထဲ၌ ရှိသမျှကို မြင်တွေ့ခွင့်ရရှိပြီးနောက် ပြန်လှည့်ရန် အဓိက သော့ချက်ဖြစ်လာပါတော့သည်။ ဘုရားသခင်သည် သနားခြင်းကရုဏာတော်နှင့်ပြည့်စုံ၍ ချစ်ခြင်းမေတ္တာနှင့်ကြွယ်ဝသည်။ သို့ရာတွင် မှန်ကန်သောအသက်တာ၏တောင်းဆိုမှုဖြင့် မည်သို့ ရှေ့ဆက်ပါသနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်။ သို့ရာတွင် သူသည် မည်သို့ ဒုက္ခဝေဒနာကို ခံစားနေခဲ့ရပါသနည်း။ ပထမရာစုတွင် အလွန်တရာ ကြီးထွားမှုနှုန်းလျှင်မြန်သော သူများကြား၌ အမေးခံရဆုံး မေးခွန်းဖြစ်ပါသည်။ ထိုတာဝန်သည် အလွန်ပင်ခက်ခဲလှသည်။ ရှင်ယောဟန်ပေးစာက အလွန်လုံခြုံပြီး တောက်ပသောနည်းလမ်းကိုပေးသည်။

အမှောင်နှင့်အလင်းတို့သည် ပြိုင်ဆိုင်ကြသည်မဟုတ်။ ၁း ၅

အပိုဒ်ငယ်ငါးကို ကျော်သွားရန်မှာ လွယ်ကူသော်လည်း အလွန်အရေးကြီးလှပါသည်။ “ဤသည်မှာ သူ့ထံက ကျွနု်ပ်တို့ကြားသိခဲ့ရသော သတင်းစကားဖြစ်ပြီး သင်တို့ထံသို့ ပြန်လည်ဝေငှသည်။ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ၊ ဘုရားသခင်၌ မှောင်မိုက်မရှိ။”

ဤကျမ်းပိုဒ်နှင့်ပတ်သက်ပြီး ဆင်ခြင်အောက်မေ့မှုကိုမလုပ်ဆောင်သောသူသည် အံ့သြသောသူနှင့် တူသည်။ ထိုအရာသည် စာရေးသူ၏အမှန်ရေးသားချက်ဖြစ်ပါသလား။ ထိုအကြောင်းကို ပြန်လည် ဖတ်ရှုလေ့လာသောအခါ ဤအကြောင်းအရာသည် အသစ်အဆန်းမဟုတ်ကြောင်း သိလာရပါ သည်။ သဘာဝအားဖြင့်ကြည့်လျှင် ခရစ်တော်၌ မှောင်မိုက်ဟူ၍မရှိ။ ထိုအကြောင်းကို အဘယ်သူ အံ့သြမည်နည်း။ ဤကျမ်းပိုဒ်က အကြောင်းအရာကို လုံးဝရှောင်လွှဲသွားပါတော့သည်။ သို့ရာတွင် သေချာလေ့လာကြည့်သောအခါ ပထမနှင့်ဒုတိယအခန်းကြီး၌ တောက်တောက်ပပစတင်ခဲ့ပါသည်။ အပိုဒ်ငါးတွင် ယောဟန်က နောက်ပိုင်းတွင် ရေးသားမည့်ကြောင်းအရာကို ခြုံငုံရေးသားထားသည် ကို တွေ့ရပါသည်။ ခြုံငုံရေးသားချက်ကို တိုတိုတုတ်တုတ်ညွှန်ကြားချက်က လိုက်လာသည်။ ထိုအ ကြောင်းအရာကို တစ်ခုချင်းစီ လေ့လာသွားပါမည်။ အတိုချုံ့ဖော်ပြချက်တွင် အဓိကသော့ချက်ပါ ဝင်ပါသည်။ ထိုညွှန်ကြားချက်မှာ ထိုအရာထဲက ထွက်ပေါ်လာပါသည်။ ဤညွှန်ကြားချက်အစီအစဉ် သည် ဒုတိယအခန်းအထိ ရောက်လာသည်။

ဘုရားသခင်၏ဘုန်းအသရေသည် အလွန်ထူးမြတ်သည်။ ဓမ္မဟောင်းကျမ်းရှိလူအချို့က ဘုရား သခင်၏ကြီးမြတ်ခြင်းကို မြင်တွေ့ခဲ့ကြပြီး သူတို့သည် ဒူးထောက်လျက်နေကြသည်။ သူတို့၏အ ပြစ်အတွက်လည်း ဝမ်းနည်းငိုကြွေးနေကြသည်။(ဟေရှာယ ၆) အကြောင်းအရာကို လေ့လာသည် ဟုဆိုရာတွင် ထိုရှုထောင့်အားဖြင့်ဖြစ်ပါသည်။ ဘုရားသခင်၏ဘုန်းတော်သည် အဘယ်အရာဖြစ်ပြီး အဘယ်အရာမဟုတ်ပါသနည်း။ အလင်းနှင့်ဘုရားသခင်၏နိုင်ငံတော်အပြင် မှောင်မိုက်နှင့်စာတန် ၏နိုင်ငံတော်လည်းရှိပါသည်။ ကောင်းကင်ဘုံအပြင်၊ ငရဲပြည်လည်းရှိပါသည်။ မှန်သောအသက်ရှိ သလို ပျက်စီးရာသို့ဦးဆောင်သော မှားယွင်းသောအသက်လည်းရှိပါသည်။

ကျွနု်ပ်တို့သည် ယောဟန်ဟောပြောသောအကြောင်းအရာကို ဆက်လက်လေ့လာခြင်းမတိုင်မှီတွင် ရပ်တန့်ခြင်းသည် ပို၍ကောင်းမွန်သည်။ ကျွနု်ပ်တို့သည် ယောဟန်ကဲ့သို့မေးခွန်းကို ဆက်လက်မေး နိုင်ပါသလား။ ယုတ္တိဆန်သောမေးခွန်းများသည် ထိုမျှလောက် အရေးမပါကြောင်းကို ကျွနု်ပ်တို့မ ပြောနိုင်ပါ။ ယုံကြည်ခြင်းအကြောင်းမေးခွန်းလည်းမဟုတ်ပါ။ အပြစ်၏သြတ္တပ္ပစိတ်သည် ပုံမှန်ဖြစ်မ လာပါ။ အသင်းတော်ဝတ်ပြုအစီအစဉ်တွင် ကျွနု်ပ်တို့က “ကျွနု်ပ်၏အပြစ်ကိုသိသည်၊ ကျွနု်ပ်အပြစ် သည် ကျွနု်ပ်ရှေ့၌ရှိပါ၏၊ ကိုယ်တော်၏သန့်ရှင်းသောကျေးဇူးတော်ကို ပေးသနားတော်မူ၍ ပေတရုကဲ့သို့ ကျွနု်ပ်အပြစ်အတွက် ငိုကြွေးစေမူပါ” ဟု ဝန်ခံမှုကို ပြုခဲ့ကြပါသည်။ ကျွနု်ပ်တို့သည် ထိုသြတ္တပ္ပစိတ်ရှိကြပါသလား။ ကျွနု်ပ်တို့သည် ငိုကြွေးမြည်တမ်းကြပါသလား။ ကျွနု်ပ်တို့သည် ရှင် ယောဟန်က ဤနေရာတွင် ဖော်ပြထားသောအရာများကို ဆက်လက်လေ့လာသင့်ပါသည်။ ထို့ ကြောင့် ကျွနု်ပ်တို့သည် မေးခွန်းကို ထပ်မံ၍ မေးမြန်းနိုင်ပါသည်။ ဘုရားသခင်၏ဘုန်းအသရေနှင့် ပတ်သက်ပြီး မည်သည့်အရာသည် မှန်ကန်မှုရှိပြီး မည်သည့်အရာက မှားယွင်းနေပါသနည်း။

အလင်း၏သားသည် မှောင်မိုက်၌ မသွားမလာ။ ၁း ၆-၇

ရှင်ယောဟန် သတ်မှတ်ထားသော ပထမကန့်သတ်မှုမှာ ရိုးစင်းသည်။ အလင်း၏သားအဖြစ်ခံယူ သောသူတိုင်းသည် မှောင်မိုက်ထဲ၌ ပျော်မွေ့နေကြပါသည်။ သူတို့သည် မုသာဝါဒကိုသုံးနေသူများ အဖြစ်ရှိနေကြပါသည်။ အလင်းကိုရရှိသောသူတို့သည် ခရစ်ယာန်တို့အသက်တာလျှောက်လှမ်း သကဲ့သို့အလင်းထဲ၌ အသက်ရှင်လျှောက်လှမ်းလိုသောစိတ်ရှိပါလိမ့်မည်။

ကျွနု်ပ်တို့အားလုံး နားလည်သဘောပေါက်ထားသည်အတိုင်း ကျွနု်ပ်တို့ပြောဆိုနေသည့် မှောင်မိုက် နှင့်အလင်းက အဘယ်အရာကို ဆိုလိုပါသနည်း။ ထိုမေးခွန်းသည် နေ့စဉ်အသက်တာနှင့်သက်ဆိုင် နေပါသည်။ ကျွနု်ပ်တို့က ခရစ်ယာန်ယုံကြည်ခြင်းနှင့်အဆုံးသတ်သွားရပါလိမ့်မည်။ ခရစ်ယာန်တို့၏ ပြုမူလှုပ်ရှားပုံအကြောင်းနှင့်အဆုံးသတ်သွားရပါလိမ့်မည်။ လူတစ်ဦးက မိမိသည် ခရစ်ယာန်ဖြစ် သည်ဟုဆိုသော်လည်း(၁ ယော ၂း ၁၁) ကိုယ်နှင့်စပ်ဆိုင်သူကို မုန်းတီးလျှင် အဓိပ္ပါယ်မရှိသော စကားကို ပြောဆိုနေခြင်းဖြစ်ပါသည်။ မှန်ကန်သောအသက်ရှင်ခြင်းမှာ ခရစ်ယာန်ယုံကြည်ခြင်း၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ဘုန်းအသရေ၊ အပြစ်ခွင့်လွှတ်ခြင်း တရားနှင့်အတူ မိဿဟာရဖွဲ့ခြင်း၌ အသက်ရှင်ရသည့်နည်းလမ်းဖြစ်ပါသည်။ ဤအကြောင်းအရာ ကို သမ္မာကျမ်းစာက ထပ်ခါတလဲလဲ ပြောဆိုနေပါသည်။ တကယ်တော့ ကျွနု်ပ်တို့သည် အပြစ်ခွင့် လွှတ်ခြင်းတရားကို လက်ခံယုံကြည်ကြသည်။ ယင်းသည် မိမိကိုယ်တိုင်အတွက်မဟုတ်၊ ခရစ်တော် ၏နာမတော်အဖို့အလို့ငှါဖြစ်ပါသည်။ ကျွနု်ပ်တို့ခရစ်ယာန်ယုံကြည်ခြင်းက အကြင်နာတရားမဲ့စေ လျှင် အရာအားလုံးအတွက် အဖြစ်ခွင့်လွှတ်ခွင့်ခြင်းကို ပြုသော်လည်း မှားယွင်းမှုရှိသည်ဟု ဆိုနိုင်ပါ သည်။

အလင်း၏သားတို့သည် ၎င်းတို့အပြစ်ကို အငြင်းဆန်ပါ။ ၁း ၈-၉

ညွှန်းကြားမှုကို ပြုလုပ်ပြီးနောက် နောက်ထပ်အကြောင်းအရာဖတ်ရှုခြင်းသည် သာ၍ကောင်းပါ သည်။ ဘုရားသခင်သည် ၎င်း၏ဘုန်းအသရေနှင့်သန့်ရှင်းခြင်းတရား၌ အလွန်ကြီးမြတ်အံ့သြဖွယ် ရာဖြစ်ပါသည်။ လူသားတို့၏အခြေအနေသည် လုံးဝကွဲပြားခြားနားသည်။ လူတိုင်းသည် အပြစ်ရှိသ ဖြင့် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြသည်။ ဤအကြောင်းအရာကို ငြင်းပယ်သောသူရှိသမျှတို့ သည် မှန်ကန်သောယုံကြည်ခြင်းတရားမှ ရှောင်လွှဲသောသူဖြစ်ပါသည်။ ဘုရားသခင်၏ကြီးမြတ် ခြင်းနှင့်သန့်ရှင်းခြင်းကိုဝန်ခံသောအခါ ခရစ်ယာန်တို့သည် ၎င်းတို့၏ဆိုးသွင်းခြင်းအကြောင်းဝန်ခံ ခြင်းကို ထိန်းသိမ်းရန်အချက်ကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။ ကျွနု်ပ်တို့သည် မိမိတို့အပြစ်များကို ဘုရားသခင်ရှေ့၌ ဝန်ခံရမည်။ ဤသည်မှာ ဘုရားသခင်က ခရစ်တော်၏အသွေးတော်အားဖြင့် ၎င်း ၏ခွင့်လွှတ်ခြင်းတရားကိုဝေမျှရမည်အကြောင်းနှင့်အပြစ်သားများကို အပြစ်တရားမှ ဆေးကြော ခြင်းအကြောင်းပင်ဖြစ်ပါသည်။

ဤဥပမာတွင် ကျွနု်ပ်တို့သည် ဆန့်ကျင်မှုဝါဒမျိုးစုံကို ကျေးဇူးတင်နေနိုင်ပါသည်။ အပြစ်မရှိဟု ယုံ ကြည်သောဆရာများစွာ ရှိဟန်တူပါသည်။ ဤအရာက ယောဟန်အား ခရစ်ယာန်များသည် ၎င်းတို့ အပြစ်ကို ဖုံးအုပ်မထားရဟု ပြောစေပါသည်။ ဤစကားလုံးထက် ပိုကောင်းသည့်စကားလုံးကား အ ဘယ်စကားလုံးရှိပါသနည်း။ ကျွနု်ပ်တို့သည် အပြစ်သားများဖြစ်သောကြောင့် ဘုရားသခင်၏အ မျက်တော်နှင့်ထိုက်တန်ကြပါသည်။ ဘုရားသခင်၏ဘုန်းအသရေတော်ကို တွေ့ဆုံရသောအခါ ကျွနု်ပ်တို့သည် အဓိပ္ပါယ်မရှိ၊ စွန့်ပစ်ခံထားရပါသည်။ ကျွနု်ပ်တို့သည် မျှော်လင့်ချက်မဲ့နေကြပါ သည်။ ဤအရာမှာ ဘုရားသခင်က ကျွနု်ပ်တို့ကို စဉ်းစားစေသောအရာဖြစ်ပါသည်။ ခွင့်ပြုရုံသာမ ဟုတ်၊ အမိန့်လည်းပေးထားပါသည်။ ကျွနု်ပ်တို့သည် မိမိကိုယ်ကို သိမည်ဆိုလျှင် ဖြစ်သမျှအ ကြောင်းအရာတိုင်းသည် မုသားသက်သက်သာဖြစ်ပေမည်။

ထို့ကြောင့် ဤအခန်းတွင်ဖော်ပြထားသော အသက်နှင့်ယှဉ်သောစကားသည် အလွန်ရိုးစင်းသည်။ သင်သည် မိမိ၌ အပြစ်သားဖြစ်ပြီး ဘုရားသခင်၏ပြစ်ဒဏ်နှင့်ထိုက်တန်သည်။ ခရစ်တော်ကြောင့် သာလျှင် သင်သည် သန့်ရှင်းဖြောင့်မတ်သောသူဖြစ်ပြီး သင့်အသက်တာကိုသတ်မှတ်ကာ နေ့စဉ် အသက်တာလျှောက်လှမ်းမှုကို ရွေးချယ်မည်ဖြစ်သည်။ ဘုရားသခင်၏ဘုန်းအသရေနှင့်အညီ အဘယ်ညွှန်ကြားချက်မျှမရှိပေ။ ကျွနု်ပ်တို့သည် အတွေ့အကြုံအားဖြင့် အပြစ်သားတို့၏စိတ်နှလုံး တွင် အဘယ်ညွှန်ကြားချက်ကမျှ ငြိမ်သက်ခြင်းကို ဆောင်ယူမလာနိုင်ကြောင်း သိနိုင်ပါသည်။

အပိုဒ်တစ်ဆယ်က နောက်ထပ်ညွှန်ကြားမှုကို ပိုင်ဆိုင်ထားပြီး ၎င်းက ဒုတိယအခန်းကို ဆက်လက် တည်စေသည်။ နောက်ထပ်အခန်းတွင် ထိုအကြောင်းအရာကို ဆွေးနွေးကြပေမည်။