၁ ယော ၃ - ယုံကြည်ခြင်းနှင့်ညီအစ်ကိုချစ်ခြင်း

အရေးပါသောနိဂုံးတစ်ခု၊ ၂း ၂၈-၂၉

ရှင်ယောဟန်က မှန်ကန်သောယုံကြည်ခြင်းနှင့်မှန်ကန်သောအသိပညာအကြောင်းကို ရှည်ရှည်ဝေး ဝေးပြောထားသည်။ မှန်ကန်သောယုံကြည်ခြင်း၏မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းမှာ မှန်ကန် သောအသက်ရှင်မှုကို လိုက်လာခြင်းပင်ဖြစ်ပါသည်။ ဖြောင့်မတ်သောဘုရားသခင်အကြောင်းသိရှိ ရန် သင်ယူသောသူသည် မိမိအသက်တာ၌ ဖြောင့်မတ်သောအရာကို အလိုရှိပေမည်။ ယုံကြည်သူ ၏ ယုံကြည်ခြင်းအသက်တာ၏နိမိတ်လက္ခဏာကို ဘုရားသခင်က အစပြုပေးပါသည်။ ယောဟန် က ကြောက်စရာကောင်းသည့် အန္တရယ်အကြောင်းကို စာဖတ်သူတို့အား သတိပေးထားပါသည်။ တစ်နေ့တွင် ကျွနု်ပ်တို့အားလုံးကို တရားစီရင်ဖို့ ခရစ်တော်ကြွလာမည်။ အဆုံးတိုင်အောင် တည် ကြည်မှုမရှိသောခရစ်ယာန်တို့သည် သူ့ထံမှထွက်သွားရန် အမိန့်ပေးမည်။ သူတို့သည် သခင်ဘု ရားရှေ့၌ အဘယ်သူမျှ ရှောင်ပုန်းမရနိုင်ပါ။

သမ္မာကျမ်းစာထဲ၌ ဤအကြောင်းအရာထက် သာ၍ပြင်းထန်သောသတိပေးမှုအနည်းငယ်သာရှိပါ သည်။ လူတို့သည် အသင်းတော်သံသရာ၌လည်ပတ်ပြီး လောကကြီး၌ ယုံကြည်သူအဖြစ်ရှိနေကြ သည်မှာ ဖြစ်နိုင်ပါသည်။ နောက်ဆုံးသောကာလအချိန်တွင် သူတို့သည် ခရစ်တော်၌ ခိုလှုံစရာကို ရှာဖွေကြလိမ့်မည်။ သို့ရာတွင် မောင်းထုတ်ခြင်းကို ခံရကြမည်။ တူညီသောအကြောင်းအရာကို လည်း ဆွေးနွေးကြသည်။ ဥပမာအားဖြင့် ကြည့်ရလျှင် မဿဲ ရး ၂၁-၂၃ ဖြစ်ပါသည်။ ခရစ်တော်က “သင်တို့ကို ငါအလျင်းမသိ၊ ဆိုးသောသူတို့၊ ငါ့ထံမှထွက်သွားကြ” ဟုဆိုလျှင် ခရစ်ယာန် ဖြစ် ကြောင်း မည်မျှပင် ဝန်ခံနေပါစေ ပြသသောနိမိတ်လက္ခဏာများကလည်း ထိုအတွက် အထောက် အကူဖြစ်မည်မဟုတ်။ လောကသားတို့အမြင်နှင့်မိမိခံယူချက်၌ ဖြောင့်မတ်သောသူအများစုတို့သည် နောက်ဆုံးတွင် ပျက်စီးခြင်းသို့ရောက်မည်။ အသက်ရှင်ရာလမ်းသည် အလွန်ကျဉ်းမြောင်းသည်။ သေခြင်းသို့သွားရာလမ်းသည် အလွန်ကျယ်ဝန်းသည်။ အသက်တာကိုလမ်းပြသောအရာကို သမ္မာကျမ်းစာထဲ၌တွေ့ရှိရသဖြင့် ထိုကျမ်းစာကို အလေးထားဖတ်ရှုသင့်ပါသည်။ ကျွနု်ပ်တို့အပြစ် သားများသည် ခရစ်တော်၌ ခိုလှုံရာရှိသည်။ ကျွနု်ပ်တို့သည် ယုံကြည်ခြင်းတရားက မှန်ကန်သော အသက်တာကိုတိုးပွါးလာစေဖို့ လိုအပ်သောခွန်အားကို ရရှိရန် ဆုတောင်းပဌနာပြုကြပါသည်။

ဘုရားသခင်၏ဆုကျေးဇူး ၃း ၁-၃

တိုက်တွန်းခွန်အားပေးမှုကိုပေးပြီးနောက် ဆွေးနွေးထားသည့်ခေါင်းစဉ်မှာ ဘုရားသခင်၏ဆုကျေး ဇူးပင်ဖြစ်ပါသည်။ ထို့နောက်တွင် တိုက်တွန်းနှိုးဆော်ခြင်းလိုက်လာပြန်သည်။ စာရေးသူက စာလက်ခံသောသူတို့အား သူတို့၏ဝမ်းမြောက်စရာအကြောင်းကို ဝေမျှသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏သားသမီးများဟု အခေါ်ခံရကြသဖြင့် ၎င်းသည် ဘုရားသခင်၏ကြီးမားသော မဟာ မေတ္တာကြောင့်ဖြစ်သည်ဟု ဆိုသည်။ ဘုရားသခင်သည် ခရစ်တော်၌ ကျွနု်ပ်တို့အား လောက၌ အ သက်ရှင်နေကြသော်လည်း မိမိပိုင်သောသူများအဖြစ် ရွေးကောက်ထားသည်။ သို့ရာတွင် ထိုအရာ ထက်သာ၍ကြီးမြတ်သောအရာသည် ကျွနု်ပ်တို့ရှေ့၌ရှိသည်။ ခရစ်တော်ကြွလာသည်နှင့်တပြိုင် နက် ကျွနု်ပ်တို့သည် ခရစ်တော်ကဲ့သို့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလိမ့်မည်။ ထို့နောက် ကျွနု်ပ်တို့သည် အပြစ်၏အုပ်စိုးခြင်းကို နောက်ထပ်မခံကြရတော့ပါ။ ဘုရားသခင်၏ဘုန်းအသရေ နှင့်ချစ်ခြင်းမေတ္တာကသာလျှင် လွှမ်းခြုံထားပါတော့သည်။ အထက်က ဖော်ပြထားသော ဝမ်း မြောက်ခြင်းအကြောင်းအရာတွင် ပါဝင်ပြီးဆက်စပ်မှုရှိသော တိုက်တွန်းနှိုးဆော်ခြင်းတစ်ခုဖြစ်ပါ သည်။ လောကကြီးက ဘုရားသခင်ကိုမသိ၊ ထို့ကြောင့် ဘုရားသခင်၏သားသမီးများကိုလည်း မသိ သောကြောင့် သူတို့ကို မုန်းတီးကြသည်၊ ညှင်းပန်းနှိပ်စက်ကြသည်။ ဘုရားသခင်၏သားသမီးတို့က ကျွနု်ပ်တို့သည် များစွာသောအရာကို လက်ခံခဲ့ပြီးပြီ၊ သာ၍လက်ခံစရာရှိသေးသည်ဟု စိတ်ထဲ၌ သိမှတ်ရပါမည်။ ဤမျှော်လင့်ချက်က လောကကြီးကို အမြင်သစ်ဖြင့် ကြည့်စေပါသည်။

မယုံနိုင်စရာများလွန်းသည့်အကြောင်းအရာများပါဝင်သော ကျမ်းပိုဒ်တိုတိုလေးတစ်ခုရှိပြန်သည်။ စိတ်ဝင်စားစရာကောင်းသည် ဤအကြောင်းအရာကို အတိုချုံးလေ့လာကြပါမည်။ ရှေးဦးစွာ ကျွနု်ပ်တို့သည် မိမိတို့၏ခရစ်ယာန်အသက်တာတွင် သမ္မာကျမ်းစာနှင့်ကိုက်ညီသော အမိန့်ရှိသည် ကို မြင်တွေ့ရမည်။ ဤလောကကြီးက အချို့သောဖော်ပြချက်များကိုတောင်းဆိုထားသော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် သာ၍မြင့်သောအဆင့်တစ်ခုကိုသာ ခွင့်ပြုထားသည်။ အရာအားလုံး သည် လုံးဝကွဲပြားခြားနားသွားပါသည်။ ရှေးဦးစွာ ကျွနု်ပ်တို့ဘက်က လုံးဆောင်ခြင်းတစ်စုံတစ်ရာ မပါဝင်ဘဲ ခရစ်တော်၏ရွေးနှုတ်ကယ်တင်ထားသော အသွေးတော်အားဖြင့် ဘုရားသခင်၏သားဖြစ် သည်ဟူသောအချက်ဖြစ်ပါသည်။ ဘုရားသခင်သည် ကောင်းမြတ်တော်မူသဖြင့် ကျွနု်ပ်တို့ကို ချစ်ပါ သည်။ ကျွနု်ပ်တို့၏အဆုံးသတ်အကြောင်းကိုသာ ဆွေးနွေးမှုပြုသောအခါ၊ ကျွနု်ပ်တို့၏အသက်တာ ကို အဘယ်မျှလောက် လွှမ်းမိုးမှုရှိပါသနည်း။ ဤအရာတို့၏အစီအစဉ်ကို ကျွနု်ပ်တို့ သင်ယူလေ့လာ ခြင်းမရှိလျှင် သြတ္တပ္ပစိတ်ကြည်လင်မည်မဟုတ်။

ဒုတိယအချက်မှာ ကျွနု်ပ်တို့သည် လာလတံ့သောအသက်တာကိုလည်းပေးထားပါသည်။ ကျွနု်ပ်တို့ သည် ထာဝရကာလတွင် မည်သို့သောသူဖြစ်လာမည်နည်း။ ကျွနု်ပ်တို့သည် ထိုအရပ်၌ မည်သည့် အရာကို လုပ်ဆောင်ကြမည်နည်း။ သမ္မာကျမ်းစာက တိကျသေချာသော အဖြေပေးမထားပါ။ အ ကောင်းဆုံးသောအဖြေမှာ ကျွနု်ပ်တို့သည် ခရစ်တော်ကဲ့သို့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြ ပါမည်။ (၁ ကော ၁၅) ကျွနု်ပ်တို့သည် မိမိကိုယ်ကိုမှတ်မိနိုင်အောင် မိမိဖြစ်သည်အတိုင်း တည်ရှိနေ ပါလိမ့်မည်။ ယင်းမှာ သူငှေးကြီးက လာဇရုနှင့်အာဗြဟံကို မှတ်မိသည်အတိုင်းဖြစ်သည်။ သို့ရာတွင် ကျွနု်ပ်တို့၌ ပြောင်းလဲမှုတော့ရှိပါမည်။ ထိုထက်သာ၍ ကြီးသောအရာမရှိတော့ပါ။ ဘုရားသခင်ပေး ထားသောဆုကျေးဇူးတော်သည် ကျွနု်ပ်တို့စိတ်ကူးထားသောအရာများထက်ပင် သာ၍ကြီးမြတ်လှ ပါသည်။

တတိယအချက်မှာ ဘုရားသခင်၏လူတို့သည် ဤလောကနှင့်လုံးဝမသက်ဆိုင်သောအချက်ကို ကြည့်ရှုရပါမည်။ ထို့ကြောင့် ဤအရာသည် ကျွနု်ပ်တို့ရှိသောမြေကြီးပေါ်တွင် အလွန်ထင်ပေါ် ကျော်ကြားလှခြင်းမရှိသည်လည်းဖြစ်နိုင်ပါသည်။ ကျွနု်ပ်တို့သည် ဧည့်သည်များဖြစ်၍ ဧည့်သည် များအနေဖြင့်သာ ရှိနေကြမည်။ ဧည့်သည်ဖြစ်ခြင်း၌ အံ့သြတွေဝေနေမည်မဟုတ်ပါ။ ထူးခြားသော နိမိတ်မှာ ကျွနု်ပ်တို့၏ဘုရင် ယေရှုခရစ်၏ဒုက္ခဝေဒနာခံစားရခြင်းဖြစ်သည်ကို သတိရဖို့ကောင်းပါ သည်။ ထိုယေရှုကို ပိုင်ဆိုင်သောသူတိုင်းသည် ထိုလက္ခဏာကို ပိုင်ဆိုင်ထားပါသည်။

အပြစ်ကို ရှောင်ကြဉ်ရပါမည်။ ၃း ၄- ၁၀

ပေစာ၏အရေးကြီးသောပုံဆောင်ချက်များ၌ ရှုထောင့်က ကျေးဇူးတော်နှင့်ဆိုင်သောကတိတော် နောက်ပိုင်းတွင် ပြောင်းပြန်ပြောင်းလဲသွားပါသည်။ ကျွနု်ပ်တို့၏ယုံကြည်ခြင်းမှ အဆုံးသတ်ရမည်ဟူ သောအချက်ကိုလည်း အလေးအနက်ထားပါသည်။ အပြစ်သည် အလွန်ပင် အန္တရယ်ကြီးမားလွန်း ပြီး ခရစ်တော်၏ဘုန်းအသရေနှင့်လုံးဝကိုက်ညီမှုမရှိပါ။ ခရစ်တော်သည် ဤလောက၏ အပြစ်ကို ဆောင်ယူသွားရန် ကြွလာသည်။ ဤလောကကို ကောင်းကြီးပေးရန် ကြွလာသည်မဟုတ်။ ဤအချက်က အပိုဒ် ၈ နှင့် ၉ ကို အမြင့်ဆုံးအဆင့်သို့ ရောက်စေပါသည်။ အပြစ်ကိုကျူးလွန်သော သူသည် မာရ်နတ်၏လူဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ထို့အပြင် ဘုရားသခင်ဖြစ်ပွားစေသောသူသည် အပြစ်ကိုမပြု။ အပြစ်ကို မကျူးလွန်တတ်။

ဤသင်ခန်းစာ၌ ကျွနု်ပ်တို့၏လုပ်ဆောင်ရမည့်အခန်းကဏ္ဍသည် ဘုရားသခင်၏နှုတ်ကပတ်တော် ကို ရှင်းလင်းဖို့မဟုတ်၊ ပုတ်ခတ်ဖို့လည်းမဟုတ်သည်ကို သတိရရမည်။ နှုတ်ကပတ်တော်သည် အလွန်ရှင်းလင်းပြတ်သားပြီး နားလည်နိုင်ဖို့အတွက် ဖတ်နိုင်စွမ်းကိုသာ တောင်းဆိုပါသည်။ ကြီး သောအပြစ်နှင့်သေးငယ်သောအပြစ်ကြား၌ ခြားနားမှုလုံးဝမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဤကျမ်းပိုဒ်က ထိုအကြောင်းအရာကို လုံးဝလက်မခံပါ။ အပြစ်ဟူသည်မှာ အပြစ်သာဖြစ်ပါသည်။ သခင်နှစ်ပါးသာရှိသည်။ မာရ်နတ်နှင့်ဘုရားသခင်ဖြစ်သည်။ တစ်ဦးဦးနောက်သို့ လိုက်နိုင်ပါသည်။ ယင်းက ကျွနု်ပ်တို့အသက်တာများကို ပြသပါသည်။

ကျွနု်ပ်တို့သည် ဘုရားနှုတ်ကပတ်တော်၏အကြွင်းမဲ့ဖြစ်ခြင်းအကြောင်းကို အလေးအနက်ထားစဉ်း စားနေစဉ် ဤအပိုင်း၏သဘောသဘာဝကို ကျွနု်ပ်တို့မြင်တွေ့နိုင်ပါသည်။ ယုံကြည်သူသည့် အဘယ်သူနှင့်တူကြောင်း အယူအဆဆိုင်ရာ ကျိုးကြောင်းဆီလျော်မှုတော့မဟုတ်ပါ။ ဤအပိုင်း သည် အစပြုသော အကြောင်းအရာဖြစ်သည်။ တင်းကြပ်သောစကားကို ကျေးဇူးတော်အားဖြင့် ဘုရားသခင်၏သားများဖြစ်လာကြသည့် အပြစ်သားများကို တိုက်ရိုက်ဦးတည်ထားပါသည်။ ရှေးဦး စွာ ကျေးဇူးတော်ဖြစ်လာသည်။ ထို့နောက် တိုက်တွန်းခြင်းဖြစ်ပေါ်လာသည်။

ချစ်ခြင်းမေတ္တာသည် ခိုင်မာသောအရာဖြစ်ပါသည်။ ၃း ၁၁- ၁၈

မှန်ကန်သောခံယူချက်ကို မှန်ကန်သောအသက်တာ၊ ချစ်ခြင်းမေတ္တာတို့က လိုက်လာသည်။ ချစ် ခြင်းမေတ္တာသည် ဆွဲဆောင်မှုရှိသောအရာတစ်ခုမဟုတ်၊ နေ့စဉ်အသက်တာ၌ လက်တွေ့လုပ် ဆောင်မှုကို ပြသပါသည်။ မှားယွင်းသောခံယူချက်နှင့်အမုန်းတရား၌လည်း ထိုသို့သောသဘောကို တွေ့ရပါသည်။ ၎င်းတို့၌ အကျိုးကိုယ်စီရှိကြပါသည်။ ကာဣနသည် သူ့အသက်ထက်သာ၍ ကောင်းသော သူ့ညီ၏အသက်ကိုသတ်ခဲ့သည်။ ယင်းမှာ မနာလိုမှု၊ မုန်းတီးမှုကြောင့်ဖြစ်ပြီး ခရစ်ယာန်တို့က ရင်ဆိုင်တွေ့နေရသည်။ သို့ရာတွင် ကျွနု်ပ်တို့ကို မအံ့သြစေရပါ။ မေတ္တာစီးဆင်းမှု ကို ရပ်တန့်စေဖို့လည်းမဟုတ်ပါ။ ရန်ငြိုးရန်စက ဘုရားအမြင်၌ လူကိုသတ်စေသည်။ မျက်စိဖြင့် တကယ်သတ်ခြင်းမဟုတ်သော်လည်း လူသတ်သည်ဟု ဘုရားသခင်က သတ်မှတ်ထားပါသည်။ ဘုရားသခင်၏နိုင်ငံတော်ဝင်ခွင့်ကို ပိတ်ပင်ထားပါသည်။ အခြားတစ်ဘက်တွင် ချစ်ခြင်းမေတ္တာဟူ သည်မှာ ကျွနု်ပ်တို့လက်ကိုင်ပြုထားရမည့် ဒုက္ခဝေဒနာခံစားရသော ခရစ်တော်၏နည်းလမ်းဖြစ်ပါ သည်။ ၎င်းက ကိုယ်နှင့်စပ်ဆိုင်သောသူများကို အစေခံစေသည်။ ဒုက္ခဝေဒနာခံစားနေရသော ကိုယ်နှင့်စပ်ဆိုင်သောသူများ မကူညီချင်သည့် စိတ်သဘောများကို ဆန့်ကျင်သည်။

အပိုဒ်ငယ် ၁၇ တွင် ကျွနု်ပ်တို့အတွက် အလွန်ခက်ခဲသော မေးခွန်းတစ်ခုပါဝင်သည်။ သမ္မာကျမ်းစာ ထဲ၌ပင် အဖြေရှာမတွေ့နိုင်အောင် ခက်ခဲလွန်းသည်။ ကျွနု်ပ်တို့၌အများကြီးရှိပြီး အခြားသူများ၌ မည်သည့်အရာမျှမရှိလျှင် ကျွနု်ပ်တို့သည် သူတို့အားမပေးလျှင်၊ ဝေမျှခြင်းမရှိလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွနု်ပ်တို့၌ တည်နေပါအုံးမလား။ ကျွနု်ပ်တို့သည် လိုအပ်နေသောသူတို့ကို ကူညီနိုင်မည့် စိတ်နှလုံးကို ပိတ်နိုင်အောင် သင်ယူလေ့ကျင့်နေကြသည်။ ကျွနု်ပ်တို့သည် တံခါးကို ပိတ်ထားကြသည်။ ရုပ်မြင်သံကြားများကို ပိတ်ထားကြသည်။ ဒုက္ခဆင်းရဲခံစားနေရသူများကို ကူညီ လိုစိတ်များ ပိတ်ထားကြသည်။ ကျွနု်ပ်တို့၏အဝတ်အထည်များကို ယူရိုငွေ ဆယ်ပေါင်းများစွာ ကုန် ကျသည်။ ကျွနု်ပ်တို့ပရိဘောဂများက ယူရိုငွေ ရာပေါင်းများစွာ ကုန်ကျသည်။ ကျွနု်ပ်တို့ကားများက ယူရိုသောင်းပေါင်းများစွာ ကုန်ကျသည်။ ကျွနု်ပ်တို့နေထိုင်သောအခန်းများက ယူရိုငွေသိန်းပေါင်း များစွာ ကုန်ကျသည်။ ကျွနု်ပ်တို့ ကြိုးစားလုပ်ဆောင်လျှင် ဤအရာအားလုံးကို ကျွနု်ပ်တို့ လုပ်ဆောင်နိုင်ကြသည်။ ဒုက္ခဝေဒနာခံစားနေရသူများနှင့်ဘုရားသခင်၏နိုင်ငံတော်အတွက်မူ ယူရို ငါးဆယ်သည် အလွန်များပြားလွန်းလှသည်။ ယူရိုတစ်ရာဆိုလျှင် ပေးကမ်းဖို့မဖြစ်နိုင်ဟု ခံယူသည်။ ယူရိုတစ်ထောင်သည် ထိုမျှလောက်ပမာဏကို ပြောဆိုသောသူတို့အားပေးကမ်းဖို့ အိပ်မက်တောင် မက်မရတော့ပေ။

ဘုရားသခင်သည် စိတ်နှလုံးကို သိတော်မူသည်၊ ၃း ၁၉-၂၀

ဤအပိုင်းသည် ရှင်းပြရ အလွန်ခက်ခဲသည်။ သို့ရာတွင် အောက်ပါအတိုင်း နားလည်သဘောပေါက် နိုင်ပါသည်။ ညီအစ်ကိုချင်းချစ်ခြင်းသည် ၎င်းနှင့်သက်ဆိုင်သောဆုလဒ်ကို ဆောင်ယူလာသည်။ သူ ကိုယ်တိုင်သိရှိသောအရာကို ဝေမျှသောသူသည် ဘုရားသခင်၏သမ္မာတရားဦးဆောင်မှုကို ပြု သောသူဖြစ်ပါသည်။ ကျွနု်ပ်တို့စိတ်နှလုံးကို အပြစ်တင်သောအရာသည် ခရစ်ယာန်တစ်ယောက်အ တွက် အလွန်ရင်းနှီးကျွမ်းဝင်သောအရာဖြစ်ပါသည်။ ယောဟန်၏တောင်းဆိုမှုမှာ မိမိတို့၏အပြစ်နှင့် ပြည့်နှက်နေသော သဘာဝကို လုံးဝမငြင်းပယ်ရန်ဖြစ်ပါသည်။(၁း ၈) သို့ရာတွင် ဘုရားသခင်သည် ကျွနု်ပ်တို့စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်။ သူသည် ကျွနု်ပ်တို့အား သိသည်။ သူ၏သားသမီး များအပေါ် သနားခြင်းကရုဏာထားတတ်သော ဘုရားဖြစ်ပါသည်။

အနှစ်ချုပ် ၃း ၂၁- ၂၃

ရှင်ယောဟန်က တိုက်တွန်းနှိုးဆော်မှုပေါင်းများစွာကို ပေးထားသည်။ ဤအခန်း၏နောက်ဆုံးအပိုဒ် တွင် အနှစ်ချုပ်တစ်ခုကို လုပ်ဆောင်ထားသည်။ ဘုရားသခင်၏သမ္မာတရားလမ်းသို့လိုက်သွား သောသူတို့သည် ၎င်းတို့၏ဘုရားသခင်ရှေ့တွင် ရဲရင့်သောစိတ်ဖြင့် အသက်ရှင်နိုင်သည်။ သူတို့ ဆုတောင်းခြင်းကိုလည်း ဘုရားသခင်နားညောင်းသည်ကို သိသည်။ (ယောဟန် ၁၆း ၂၃-၂၆) တဖန် ဘုရားသခင်၏သမ္မာတရားသည် အလွန်ရိုးစင်းသည်။ ယေရှုခရစ်ကိုယုံကြည်ပြီး ကိုယ်နှင့် စပ်ဆိုင်သောသူတို့ကိုချစ်ရန်မှာ ကျွနု်ပ်တို့၏တာဝန်ဖြစ်ပါသည်။ ဤမေတ္တာသည် အလွန်သဘော ကျလွယ်သောအရာတော့မဟုတ်။ ခရစ်တော်၏ပညတ်တော်ကို စောင့်ရှောက်သောမေတ္တာဖြစ်ပါ သည်။ ခရစ်ယာန်တို့သည် ဤတရားထဲ၌ အသက်ရှင်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်က ကျွနု်ပ်တို့စိတ်နှလုံးထဲ၌ “အာမင်” ထူးပေလိမ့်မည်။