၁ ယော ၄ - လမ်းလွဲခြင်းမှ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်း

ကျွနု်ပ်တို့သည် ရှင်ယောဟန်ပထမစာစောင်၏ အခန်းလေးသို့ရောက်ရှိလာကြပြီးဖြစ်သည်။ ဤအ ခန်းသည် အလွန်ကျယ်ပြန့်သောအပိုင်းဖြစ်ပါသည်။(အခန်း ၄-၅) ၎င်းတို့ထဲတွင် မှန်ကန်သော အသက်တာဆီသို့ပို့ဆောင်ပေးသည့် မှန်ကန်သောသြဝါဒအကြောင်းခေါင်းစဉ်ဖြင့် တင်ပြထားပါ သည်။ အခန်းလေးတွင် မှားယွင်းသောသြဝါဒအကြောင်းသတိပေးထားချက်ရှိပြီး၊ ၎င်းနောက်တွင် ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းအကြောင်း ဆွေးနွေးချက်လည်းပါဝင်သည်။

၄း ၁-၃။ တရားဟောဆရာတိုင်းကို မယုံကြည်ပါနှင့်။

ဤပေးစာကိုရေးသားချိန်တွင် မှားယွင်းသောအယူဝါဒသွန်သင်မှုအများအပြားရှိသည်။ သို့ဖြစ်၍ ဘုရားသခင်၏အမှုတော်တွင် တရားဟောသူတိုင်းက မှန်မှန်ကန်ကန်လုပ်ဆောင်သည်ဟု မဆိုလို နိုင်ကြောင်း ဘုရားသခင်၏လူတို့အား သတိပေးထားသည့်မှာ ကောင်းမွန်သည့် အကြောင်းတရား ဖြစ်ပါသည်။ တရားနာသောသူတို့အား မှန်သောဝိညာဉ်နှင့်မှားသောဝိညာဉ်ကြားက ခြားနားချက် များကို တိုင်းတာရန် လမ်းညွှန်ပေးထားသည်။ ယေရှုကို ခရစ်တော်ဖြစ်သည်၊ အသွေးအသားကို ခံယူသည်ဟု ဝန်ခံမှုမပြုသောသူသည် မှားယွင်းသောဝိညာဉ်ရှိသူဖြစ်သည်။ ဝန်ခံသောသူမူကား ဘုရားသခင်ဖြစ်ဘွားစေသောသူဖြစ်ပါသည်။

ကျွနု်ပ်တို့အနေဖြင့် မည်သို့သောမှားယွင်းသောဆရာများကို ဓမ္မသစ်စာရေးသူများက ဝေဖန် ထောက်ပြကြသည်ကို ခွဲခြမ်းစိတ်ဖြာရန် အလွန်ခက်ခဲလှပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အကြောင်း ကျွနု်ပ်တို့သိရှိထားသမျှသည် ကျွနု်ပ်တို့ဖတ်ရှုရသည့် သတိပေးထားချက်များ သာဖြစ်ပါသည်။ သို့ရာတွင် ဤအကြောင်းအရာ၌ မှားယွင်းသောခံယူချက်မှာ ကနဦးအသင်းတော် ကို လွှမ်းမိုးသောအရာဖြစ်သည်။ အဘယ်သူမျှ ထောက်ခံမှုမပြုသောအရာဖြစ်ပါသည်။ မကောင်း သောအရာဖြစ်သော်လည်း ကောင်းကောင်းသိရှိရသောအရာဖြစ်ပါသည်။ ယေရှုသည် ဝိညာဉ်ဖြစ် သည်၊ လူသားသဏ္ဍာန်မဆောင်ပါဟု သွန်သင်သောသူများလည်း ရှိသေးသည်။ သူတို့က ယေရှု သည် လူ့ဇာတိခန္ဓာကိုမခံယူသောကြောင့် ဒုက္ခဝေဒနာခံစားခြင်းလည်းမရှိသလို အသေလည်းမခံ ဟု သွန်သင်ကြသည်။ သူသည် အသေမခံသောကြောင့် ကျွနု်ပ်တို့အတွက် ရန်ငြိမ်းခြင်းအမှုကို လည်း မလုပ်ဆောင်ပေးပါ။ ယေရှုသည် မှန်သောလမ်းကိုပြညွှန်သော အလင်းတစ်ခုမျှသာဖြစ်ပါ သည်။ ဤအယူဝါဒသည် ပေါင်းပင်တစ်ခုဖြစ်ပြီး ကနဦးအသင်းတော်တွင် တွင်တွင်ကျယ်ကျယ် ရှိလှပါသည်။

ဤကျမ်းပိုဒ်ကို ကျွနု်ပ်တို့ခေတ်ကာလ၌ လက်တွေ့အသုံးချသောအခါ ပထမဆုံးသိရှိထားရမည်မှာ တရားဟောသူများကို လေ့လာရာ၌ မသင့်လျော်သောအရာဖြစ်ပါသည်။ သမ္မာကျမ်းစာက မှားယွင်း သောဆရာများကို သတိပြုရှောင်ကြဉ်ရန် တိုက်တွန်းထားပါသည်။ မှားယွင်းသောအယူဝါဒသည် အလွန်အန္တရယ်ရှိသောအရာဖြစ်ပြီး ဘုရားသခင်၏သန့်ရှင်းခြင်းကို ပြစ်မှားသည်။ ကျွနု်ပ်တို့က ထိုအရာကို အလေးထား နားထောင်နေစရာမလိုပါ။

ဒုတိယအချက်အနေနှင့် ကမ္ဘာကြီးက အပြောင်းအလဲလုံးဝမရှိသည်ကို သိရှိထားရပါသည်။ မှားယွင်းသောသွန်သင်မှုများသည် ယခုပင်ရှိနေသည်။ ကျွနု်ပ်တို့နေ့ရက်ကာလ၌ Rudolf Seniner ၏ မနုဿဗေဒအကြောင်း၊(သို့မဟုတ် ၎င်းနှင့်အလွန်နီးစပ်သောအရာ၊) စသည်တို့ဖြစ်သည်။ ထိုတူညီသောအယူဝါဒများက ဤမှားယွင်းမူကို ပုံဖော်ထားပါသည်။ စတီးနားကျောင်းကို ခရစ်ယာန်ရှုထောင့်ကနေ ပြဿနာဖြစ်စေသောအရာမှာ ဤအရာပင်ဖြစ်ပါသည်။

မှားယွင်းမှုများကို ငြင်းပယ်ထားခြင်းဖြင့် အနိုင်ယူထားသည်။ ၄း ၄-၆

ပေးစာကို လက်ခံသောသူတို့က မှားယွင်းသောသြဝါဒကို လက်ရပ်ကြိုဆိုကြသူများမဟုတ်ကြပါ။ ငြင်းပယ်သူများသာဖြစ်ကြပါသည်။ သူတို့က မှားယွင်းသောခံယူချက်၏သွေးဆောင်ဖြားယောင်းမှု ကို အောင်မြင်သူများဖြစ်ကြပါသည်။ ထိုဖြားယွင်းခြင်းမှလွတ်မြောက်နိုင်ကြသည်မှာ သူတို့၏ဉာဏ် အားဖြင့်မဟုတ် ဘုရားသခင်ထံကလာသော ဉာဏ်အားဖြင့်သာဖြစ်ပါသည်။ ဘုရားသခင်၏ချစ်ခြင်း မေတ္တာကြောင့်ဖြစ်ပါသည်။ ဘုရားသခင်သည် မိမိလူတို့ကို ကွယ်ကာတော်မူသည်။ မှားယွင်းသော ဆရာများက လူတို့၏အတွေးအခေါ်နှင့်ကိုက်ညီမှုရှိသောညွှန်ကြားချက်၊ သွန်သင်မှုများကို တွန်းပို့ ပေးနိုင်သော်လည်း ထိုသွန်သင်ချက်တို့သည် လောကကြီး၏အလိုနှင့်ညီသော သွန်သင်ချက်များ သာဖြစ်ကြပါသည်။ လဲပြိုခြင်းကနေ လွတ်မြောက်သော ဘုရားသခင်၏လူတို့အုပ်စုရှိလျက်နေ သေးသည်။ တမန်တော်တို့၏စကားမှာ ဘုရားသခင်၏စကားဖြစ်သည်။ ဘုရားသခင်ဖွင့်ပြခြင်း ခံရသောသူတို့က တမန်တော်တို့စကားကို နားထောင်ကြသည်။ ဘုရားသခင်ကို ငြင်းပယ်သော သူတို့က တမန်တော်တို့၏စကားကို ငြင်းပယ်ကြသည်။ ကန့်သတ်မှုမှာ အလွန်ရှင်းလင်းပြီး ရိုးစင်း လှပါသည်။

တဖန်၊ ကျွနု်ပ်တို့သည် မှားယွင်းသောအရာများစွာအကြောင်းကို သင်ယူလေ့လာကြပါသည်။ လူတို့ က မှားယွင်းသောအရာများကို ဘုရားသခင်၏စကားနှင့်မတူညီကြောင်းကို တွေ့ရှိကြပါသည်။ မှား ယွင်းသောဆရာတို့သည် လူတို့၏ရိုသေလေးစားမှုကို ရသောသူဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆို သော် မှန်ကန်သောအယူဝါဒသည် အပြစ်နှင့်ပြည့်နှက်နေသောသဘာဝကို ပြစ်မှားသယောင်တွေ့ရ ပါသည်။ သို့ဖြစ်၍ သမ္မာကျမ်းစာသွန်သင်ချက်ကို စွန့်ပစ်ရန်မှာ အလွန်လွယ်ကူပေသည်။ သို့ရာ တွင် ဘုရားသခင်ကိုယ်တိုင်ကိုလည်း စွန့်ပစ်ထားနိုင်ပါသည်။ မည်သည့်အရာက အလွန်ခိုင်မာ သောအရာဖြစ်ပါသနည်း။ တမန်တော်တို့၏သွန်သင်မှုကို ငြင်းပယ်သောသူတို့သည် ဘုရားသခင် ကို ငြင်းပယ်သောသူဖြစ်ပါသည်။ လှည့်ဖြားတတ်သောဝိညာဉ်ရှိသောသူဖြစ်ပါသည်။

တစ်ဦးကိုတစ်ဦးချစ်ပါ။ ၄း ၇-၁၂

တမန်တော်သည် နောက်တဖန် မှန်သောခရစ်ယာန်အသက်တာအကြောင်းဆီ ပြန်လာပြီး ၎င်း သည် မှန်ကန်သောအယူဝါဒနှင့်ယုံကြည်ခြင်းကနေဖြစ်လာသည်ဟု ဆိုပါသည်။ အပိုဒ် ၇-၁၂ သည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်ခရစ်ယာန်အချင်းချင်းချစ်ခြင်းမေတ္တာအကြောင်းဖွဲ့နွဲ့ထားသည့် ဓမ္မသီချင်းသဏ္ဍာန်ဖြစ်ပါသည်။ “ချစ်ခြင်းမေတ္တာ” ဟူသောစကားလုံးကို ထပ်ခါထပ်ခါ တွေ့ရပါ သည်။ တမန်တော်ရှင်ပေါလုက ရေးသားထားသော အလွန်ထင်ရှားသည့် “ချစ်ခြင်းဖွဲ့သီးချင်း” (၁ ကော ၁၃) ကဲ့သို့ဖြစ်ပါသည်။

ဤအခန်းတွင် မှန်ကန်သောအစီအစဉ်ကို သိမှတ်သင့်ပါသည်။ ခရစ်တော်၏မေတ္တာအကြောင်းကို လုံးစေ့ပတ်စေ့ ပြောဆိုသော ချစ်ခြင်းမေတ္တာဖွဲ့စကားဖြစ်ပါသည်။ ထို့နောက် နိဂုံးချုပ်သဘောအ နေဖြင့်လည်း ထိုမေတ္တာဖြင့်သီကုံးထားပါသည်။ ချစ်ခြင်းမေတ္တာအကြောင်းကို ဖွဲ့နွဲ့သောအခါ ကောင်းသောအချက်၊ ခိုင်မာသောမေတ္တာ၊ တည်မြဲသောချစ်ခြင်းအကြောင်းကို ဖွဲ့နွဲ့ထားပါသည်။ ဂေါသဂေါလတောင်ပေါ်က တွေ့ရသော ခရစ်တော်၏လက်ဝါးကပ်တိုင်မှာ လူတိုင်းအတွက်ဖြစ် သည်ကို တွေ့ရပါသည်။ ဘုရားသခင်သည် ၎င်း၏တပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်ခဲ့ပါသည်။ သူ၏အသွေးတော်သည် ကျွနု်ပ်တို့အတွက် အပြစ်ကို ငြိမ်းစေပါသည်။ ဘုရား သခင်နှင့်ကျွနု်ပ်တို့၏ဆက်နွယ်မှုကို ပြန်လည်တည့်မတ်ပေးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က မှန်ကန်စွာ ချထားပေးသောကြောင့်ဖြစ်သည်။ စစ်မှန်သောမေတ္တာသည် ကျွနု်ပ်တို့ အထဲ၌မရှိ၊ ခမည်းတော်၏စိတ်နှလုံးသားထဲ၌ တည်နေသည်။ ကျွနု်ပ်တို့စိတ်နှလုံးကို နွေးထွေးစေ ပြီး ပြန်ပြီးအေးချမ်းစေပါသည်။ ဘုရားသခင်၏ကျေးဇူးတော်သည် ပြောင်းလဲခြင်းမရှိ။ ဤအ ကြောင်းအရာကို နားလည်သောသူတို့သည် မုန်တိုင်းကြား၌ ခိုင်မာစွာရပ်တည်သော ခိုင်မာသည့် အုတ်မြစ်ကို တည်ဆောက်ထားပါသည်။

ခရစ်ယာန်တို့သည် ဘုရားသခင်၏မေတ္တာနှင့်အဆုံးသတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် ကျွနု်ပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သော သူများကို ချစ်ရသည်။ ထိုနည်းတူစွာ ဘုရားသခင်၏ကောင်းမြတ်ခြင်းကိုပေးထားသည့်အတွက် ကျွနု်ပ်တို့အသက်တာ၌ ကောင်းမြတ်သည့်အခန်းရှိသည်။ ကောင်းကြီးမင်္ဂလာမြစ်ရေသည် ခရစ်ယာန်ထဲကနေ ဤမကောင်းသောကမ္ဘာကြီးထဲသို့ စီးဆင်းသွားရမည်။ အမုန်းအငြိုးအစား အပြစ်ခွင့်လွှတ်ခြင်းတရား၊ လက်စားချေလိုမှုအစား၊ ကောင်းကြီးမင်္ဂလာဖြစ်ရပါမည်။ ထိုနည်းတူစွာ ဘုရားသခင်၏နိုင်ငံတော်သည် ဤကမ္ဘာ၌လည်း တည်ထောင်ရလိမ့်မည်။ ဘုရားသခင်၏ချစ်ခြင်း မေတ္တာအကြောင်းကို ဤမျက်မှောက်ကမ္ဘာ၌ပင်လျှင် စုသိမ်းတည်ဆောက်ထားရပါမည်။ ကျွနု်ပ်တို့ သည် ဘုရားသခင်၏ကောင်းမြတ်စုံလင်ခြင်းအကြောင်းကို အမြဲကျေးဇူးတင်နေရပါမည်။

ထို့နောက် ယောဟန်က ကျမ်းစာဖတ်ရှုသူများစွာအတွက် ပဟေဠိဆန်သောစကားကို ပြောဆိုထား ပါသည်။ ဘုရားသခင်ကို အဘယ်သူမျှမမြင်ဟု ရှင်ယောဟန်က အဘယ့်ကြောင့် ဖော်ပြထားပါသ နည်း။ အာဗြဟံကား မည်သို့နည်း။ မောရှေ၊ သို့မဟုတ် ဟေရှာယ၊ သို့မဟုတ် ယေဇကျေလတို့ ကော မည်သို့နည်း။ ဤနောက်ခံအကြောင်းအရာနှင့်ပတ်သက်ပြီး ဂျူးလူမျိုးများ၌ သမိုင်းရှည်ကြီး တစ်ခုရှိပါသည်။ တပါးအမျိုးသားများသည် ရုပ်တုထွင်းထုပြီး ကိုးကွယ်ကြသည်။ အကြောင်းမှာ ဓမ္မဟောင်းကာလက ဘုရားသခင်၏လူများတို့အတွက် ဤအကြောင်းအရာမှာ အခရာကျသော အချက်ဖြစ်ပြီး အဘယ်သူမျှ ဘုရားသခင်၏ပုံသဏ္ဍာန်တူရုပ်တုကို ထွင်းထုကိုးကွယ်ခွင့်မပြုပါ။ ရုပ်တုထွင်းထုသူများ၏စိတ်ကူးစိတ်သန်းကဲ့သို့ ဘုရားသခင်သည် လူသားသဏ္ဍာန်လုံးဝမဆောင် ထားပါ။ သခင်ဘုရားသည် အခြားသောအရာများနှင့်လုံးဝကွဲပြားခြားနားသည်။ ဤအကြောင်း ကြောင့် ဤအကြောင်းနှင့်ပတ်သက်၍ နောက်ပိုင်းယုဒလူတို့၏သွန်သင်ချက်သည် အလွန်အရေး ကြီးလှပြီး မည်သည့်နည်းလမ်းနှင့်မဆို နားလည်မှုလွဲခွင့်ကို မပေးတော့ပါ။ ထို့ကြောင့် ဓမ္မဟောင်း သန့်ရှင်းသူများသည် ဘုရားသခင်ကိုမမြင်ဘဲ ဘုရားသခင်၏ဘုန်းအသရေကိုသာ မြင်ကြသည်ဟု ရှင်းပြသည်။ ကျွနု်ပ်တို့သည် နေကိုကြည့်ခြင်းအားဖြင့် ဤအရာကို နားလည်နိုင်သည်။ ကျွနု်ပ်တို့ သည် နေမင်းကိုမြင်ရသည်မဟုတ် ၎င်း၏တောက်ပမှုကိုသာ မြင်ကြရသည်။

၄း ၁၃-၂၁၊ ချစ်ခြင်းမေတ္တာနှင့်ကယ်တင်ခြင်းစိတ်ချမှု

ကျွနု်ပ်တို့သည် အဆုံးတိုင်အောင် မည်သည့်တည်နေနိုင်ကြမည်နည်း။ ယောဟန်၏အဖြေမှာ ဤအ ကြောင်းအရာသည် ဘုရားဝိညာဉ်တော်၏လုပ်ဆောင်ချက်ဖြစ်ပါသည်။ အဆုံးတိုင်အောင်တည် ကြည်သောသူတို့သည် ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူများဖြစ်ကြပါသည်။ ဘုရား သခင်က ၎င်းတို့အား တရားစီရင်သောနေ့ရက်ကာလအထိ စောင့်ထိန်းလိမ့်မည်။ ကျွနု်ပ်တို့သည် ကိုယ်နှင့်စပ်ဆိုင်သူတို့ကို ချစ်ခြင်းအားဖြင့် အသက်ရှင်သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရား သခင်က ကျွနု်ပ်တို့အားဖြင့် အလုပ်လုပ်နေသည်။ ဘုရားသခင်၌ စိတ်ချမှုရှိခြင်းက ကြောက်ရွံ့ခြင်း ကို ဖယ်ရှားပြီး ငြိမ်သက်ခြင်းကိုပေးထားသည်။ အဘယ်သူသည် ထာဝရပျက်စီးခြင်းကို ကြောက်ရွံ့ သနည်း။ ဘုရားသခင်၏အမျက်တော်သည် ချစ်ခြင်းမေတ္တာ၌မစုံလင်ပါ။ သို့ရာတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အဘယ်မျှလောက် နက်ရှိုင်းသည်ကို သင်ယူလေ့လာရပါသည်။ တနည်းအား ဖြင့် ကိုယ်နှင့်စပ်ဆိုင်သူအား ချစ်ခြင်းအကြောင်းကို ငြင်းပယ်သောသူတို့သည် ဘုရားသခင်ကို လည်း ငြင်းပယ်ရာရောက်ပါသည်။

တဖန် ဤတိုတောင်းသောအပိုင်းထဲမှ အရာအားလုံးကို သင်ယူလေ့လာထားပါသည်။ ယောဟန်၏ ပေးစာတွင်ပါရှိသော “ချစ်ခြင်းမေတ္တာ” သည် ခံစားချက်သက်သက်မဟုတ်၊ လုပ်ဆောင်ချက်ဖြစ်ပါ သည်။ ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်သည်ဟုဆိုပြီး အဘယ်သူမျှ သူတို့ငတ်မွတ်လျက်နေကြသည်ကို ကြည့်ရှုနေမည်မဟုတ်။ သူတို့က ထိုသို့လုပ်ဆောင်လျှင် ဘုရားသခင်ကို ချစ်သည်ဟုလည်း မဆို နိုင်ကြပါ။ အဘယ့်ကြောင်ဆိုသော် လုပ်ဆောင်ချက်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ယုံကြည်ခြင်း၊ မှန်ကန်သောခံယူချက်နှင့်ချစ်ခြင်းမေတ္တာတို့သည် အမြဲတွန်တွဲလျက်ရှိကြပါသည်။ အခြားတစ်ခုမပါဘဲ တစ်ခုတည်းရပ်တည်၍မရ။ အခြားအရာများ သည်လည်း ဤတစ်ခုမရှိလျှင် မရပ်တည်နိုင်။ ကျွနု်ပ်တို့သည် ခံယူချက်နှင့်အသက်ရှင်ပုံ ဆန့်ကျင်မှု ရှိနေလျှင် ကျွနု်ပ်တို့သည် လုံးဝမှားယွင်းသောလမ်းထဲ၌ အသက်ရှင်နေခြင်းဖြစ်ပါသည်။ ဤအရာနှစ်ခုသည် လုံးဝခွဲခြား၍မရနိုင်ပါ။

ဆက်လက်၍ ကျွနု်ပ်တို့သည် ကယ်တင်ခြင်းစိတ်ချမှုသည် အဘယ်အရာဖြစ်သည်ကိုလည်း မြင်တွေ့နိုင်ပါသည်။ ၎င်းသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို သိရှိထားခြင်းဖြစ်ပါသည်။ ဘုရား သခင်၏ကျေးဇူးတော်၌ လုံးခြုံစိတ်ချမှုရှိပါသည်။ ဤစိတ်ချမှုကို ကျွနု်ပ်တို့အထဲ၌ မတွေ့ရနိုင်ပါ။ ယုံကြည်ခြင်း၌သာ မြင်တွေ့နိုင်ပါသည်။ ခရစ်တော်နှင့်၎င်း၏ချစ်ခြင်းမေတ္တာ၌သာ တွေ့ရတတ်ပါ သည်။ အပြစ်သားတစ်ဦးသည် လက်ဝါးကပ်တိုင်၌အသေခံသောခရစ်တော်၌ စိတ်ချမှုရှိလာလျှင် ငရဲ၏လောင်မြိုက်ခြင်းထဲက လွတ်မြောက်ပြီး ကောင်းကင်ဘုံ၏ဝမ်းမြောက်ခြင်းကို မြည်းစမ်းနိုင်ဖို့ ဘုရားသခင်၏ငြိမ်သက်ခြင်းကို ရရှိပေလိမ့်မည်။ ကျွနု်ပ်တို့သည် ဤအရာကို ချက်ချင်းနားလည် သဘောပေါက်နိုင်မည်မဟုတ်။ ယုံကြည်နိုင်မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော ကျွနု်ပ်တို့သည် သမ္မာကျမ်းစာထဲက နှုတ်တော်ထွက်စကားများကို ယုံကြည်လိုသည့်စိတ်နှေးကွေးလွန်းလှပါသည်။ ၎င်းသည် မယုံနိုင်စရာဖြစ်လာသည်။ ဘုရားသခင်၏သားဖြစ်ရခြင်းသည် အံ့သြမင်သက်စရာဖြစ်ပါ သည်။ သို့ရာတွင် မှန်ကန်သောအရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သမ္မာကျမ်းစာ၏သွန်သင် ချက်နှင့်လိုက်လျောညီထွေမှုရှိသောနည်းလမ်းလည်းဖြစ်ပါသည်။