သြဝါဒအမျိုးအစားများ - အမျိုးအစားအလိုက် သမ္မာကျမ်းစာ ခွဲခြမ်းစိတ်ဖြာမှုကား အဘယ်နည်း။

ကျွနု်ပ်တို့ နာခံလိုက်လျှောက်ဖို့ အလွန်ခက်ခဲသော သမ္မာကျမ်းစာပိုဒ်များစွာရှိကြပါသည်။ ကျွနု်ပ်သိရှိသမျှသော သမ္မာကျမ်းစာညွှန်ကြားချက်အားလုံးတွင် အလွန်လွယ်ကူသည်ဟု ကျွနု်ပ်ထင်ရသောကျမ်းပိုဒ်ရှိပါသည်။ ယင်းမှာ “လောတ၏မယားကို အောက်မေ့ကြလော့” (လုကာ ၁ရး ၃၁) ဖြစ်သည်။ သောဒုံနှင့်ဂေါမောရအကြောင်းကိုဖတ်ရှုရသောအခါ(ကမ္ဘာ ၁၉) အရှိကိုအရှိအတိုင်း အနက်ဖွင့်ဆိုသည့်အချိန်၌ ထိုအမိန့်ဆိုလိုသောအရာကို နား လည်စေပါသည်။ ဘုရားသခင်က သင်နေထိုင်သောမြို့ကို ဖျက်ဆီးဖို့ဆုံးဖြတ်ပြီး ထိုသို့ မဖျက်ဆီးမီ သင့်အား ကယ်ထုတ်ဖို့ရန် ကောင်းကင်တမန်စေလွှတ်ကာ သင့်ကိုလည်း နောက်သို့ပြန်လည်မကြည့်ဖို့ အမိန့်ပေးထားမည်။ သို့ရာတွင် ခရစ်ယာန်များသည် ဤကဲ့ သို့သောအခြေအနေကို ရင်ဆိုင်ကြုံတွေ့ဖို့ ခဲယဉ်းသည်။ သို့ရာတွင် ကျွနု်ပ်တို့သည် ဤအ ခြေအနေကို ရင်ဆိုင်ကြုံတွေ့ရမည်ဆိုလျှင် နာခံနိုင်ကောင်း နာခံနိုင်မည်။

သို့ရာတွင် ယေရှု၏စကားကို ကျွနု်ပ်တို့က မတူညီသောနည်းလမ်းများဖြင့် နားလည်သ ဘောပေါက်ရန်လိုအပ်သည်ကို နားလည်ထားရမည်။ “သောဒုံ” ဟူသောမြို့သည် မြို့အ ဖြစ်မရှိတော့ပါ။ သို့ရာတွင် ဤကမ္ဘာကြီးကို ဆိုလိုပါသည်။ ‘သောဒုံကိုစွန့်ခွါခြင်း’ ဟူသည် မှာ ထိုလောကနည်းလမ်းအတိုင်း အသက်မရှင်တော့ခြင်းဖြစ်ပါသည်။ မကောင်းသည့် လောကီနည်းလမ်းထဲကနေ ဝိညာဉ်ရေးရာအတိုင်း သီးခြားရပ်တည်အသက်ရှင်ခြင်းပင် ဖြစ်ပါသည်။ ‘နောက်ပြန်လှည့်ခြင်း’ ဟူသည်မှာ သင်ရဲ့ပခုံးကို သမင်လည်ပြန်ကြည့်ခြင်း သက်သက်မဟုတ်။ ကျွနု်ပ်တို့လွတ်မြောက်စွန့်ခွာလာခဲ့ပြီးသော ဟောင်းသောအသက်တာ အတိုင်း ပြန်လည်အသက်ရှင်ခြင်းဖြစ်ပါသည်။

သောဒုံမြို့အကြောင်းက သမ္မာကျမ်းစာဖတ်ရှုသူများကို ဓမ္မသစ်ကျမ်းတွင် မိတ်ဆက်ပေး ထားပြီး ဓမ္မဟောင်းကျမ်းကို အရှိအတိုင်း ရှင်းပြထားခြင်းတော့မဟုတ်ပါ။ အရှိအတိုင်းမ ဟုတ်သည့် အနက်ဖွင့်ခြင်းနည်းလမ်းများစွာရှိပါသည်။ထိုအထဲမှ တစ်ခုကို “ပုံဆောင်ချက် နှင့်ဆိုင်သော” နည်းလမ်းဟုခေါ်သည်။ ဓမ္မဟောင်းကျမ်းထဲက အလွန်ကြီးမားပြီး ပို၍ အရေးကြီးသောအကြောင်းအရာ ပုံဆောင်ချက်တစ်ခု သို့မဟုတ် နိမိတ်ပြခြင်းတစ်ခု အဖြစ် ပါဝင်ပါသည်။ ဤအကြောင်းအရာတွင် “သောဒုံ” သည် လောကကြီး၏ ပုံဆောင်ချက် တစ်ခုဖြစ်သည်။ သို့မဟုတ် ကြိုတင်နိမိတ်ပြခြင်းတစ်ခုဖြစ်သည်။ “ထိုသောဒုံကိုစွန့်ခွါခြင်း” ဟူသည်မှာ ကျွနု်ပ်တို့၏ဝိညာဉ်ရေးရာအသက်တာ လျှောက်လှမ်းခြင်းကိုဆိုလိုသည်။ ဤ ပုံဆောင်ချက်က ကျွနု်ပ်တို့သည် ခရီးသွားနေသူများဖြစ်ကြပြီး ဓမ္မဟောင်းကျမ်းနေရာအ တော်များများတွင် ရှိနေကြပါသည်။

ပုံဆောင်ချက်နှင့်ဆိုင်သောနည်းလမ်းများစွာ

ပုံဆောင်ချက်နှင့်ဆိုင်သောအနက်ဖွင့်ခြင်း၊ ဥပမာအားဖြင့် ပုံဆောင်ချက်များအပေါ် အခြေ ခံ၍ အနက်ဖွင့်ခြင်းဟူသည်မှာ ဓမ္မသစ်ကျမ်းတွင် အဓိကတွေ့ရသောအရာဖြစ်ပါသည်။ ကနဦးအသင်းတော်ဘိုးဘေးများကလည်း လက်တွေ့ကျင့်သုံးခဲ့ကြသောအရာများဖြစ်ကြ ပါသည်။ထိုအကြောင်းအရာများနှင့်အညီ အကြမ်းဖျင်းပြောရမည့်အရာ၊ ပုံစံတစ်ခု သို့မဟုတ် ဓမ္မဟောင်းကျမ်းထဲက ခြေရာကောက်မည့်သောအရာတစ်ခုရှိသည်။ ဓမ္မသစ် ကျမ်းကိုလေ့လာသောအခါ ပြီးဆုံးပြီးသောလုပ်ဆောင်ချက်တစ်ခု၊ သို့မဟုတ် အဆောက် အဦးတစ်ခုကို မြင်တွေ့ရပါသည်။ ဓမ္မသစ်ကျမ်းပြီးနောက် အစောဆုံးကြားသိရသော တရားဒေသနာမှာ ဆာဒီဘီရှောခ် မီလီတိုအားဖြင့်ဖြစ်သည်။ သူ၏အလွန်ပြောင်မြောက် လွန်းလှသော “ပဿခါပွဲတော်” အကြောင်းတရားဒေသနာတွင် ပဿခါပွဲတော်၏ နက်နဲ သောအကြောင်းအရာ ဖော်ပြသည့်နည်းလမ်းပါဝင်သည်။

“ချစ်သောသူတို့၊ ပုံစံ သို့မဟုတ် ဒီဇိုင်းတစ်ခုမပါဘဲ မည်သည့်စကားပြောဆိုမှု၊ သို့မဟုတ် အဖြစ်အပျက်မျှမရှိ။ အဖြစ်အပျက်တိုင်း၊ ပြောဆိုသောစကားတိုင်းသည် ပုံစံထဲတွင် ပါဝင် ပြီးပြောဆိုရပါသည်။ ကြိုတင်ခန့်မှန်းဟောပြောခြင်းအားဖြင့် ဖွင့်ဟထားသောအဖြစ်အပျက် တစ်ခုဖြစ်လာစေရန် နိမိတ်ပြောဆိုခြင်းများဖြစ်ပျက်သည်။ သို့ဖြစ်၍ အကျဉ်းဖော်ပြမှုအား ဖြင့် ပြောဆိုသောစကားကို တင်ပြထားပါသည်။ ပုံစံမရှိလျှင် အနုပညာသမား၏အလုပ် လည်းဖြစ်လာစရာအကြောင်းမရှိ။ ပုံဆောင်မှုကိုပေးသော ပုံစံအားဖြင့်သာလည်း တည်ရှိ လာသည်ကို မြင်ရသည်မဟုတ်ပါလား။ အကြောင်းမှာ ကျွနု်ပ်တို့သည် သစ်သားဖြစ်စေ၊ မြေစေးဖြစ်စေ၊ မည်သည့်အရာဖြစ်ပါစေ ပုံစံငယ်ရှိမှသာလျှင် ထိုပုံစံငယ်အတိုင်း လုပ် ဆောင်ရခြင်းဖြစ်ပါသည်။ထိုသို့ဖြစ်လာစေရန် အသေးငယ်ဆုံးသောပုံစံလေးက ပျက်စီး စေရန်လည်း စီရင်ထားသည်။ ထိုသို့အားဖြင့် ပေါ်ထွက်လာသည်ကို ကျွနု်ပ်တို့မြင်တွေ့ရ ပေလိမ့်မည်။ ကျွနု်ပ်တို့သတ်မှတ်ထင်ထားသည်ထက်ပင် မြင့်မားသည်။ တန်ခိုးအားဖြင့် လည်း ထင်ထားသည်ထက် သာ၍ခွန်အားရှိပါသည်။ သူ၏ပုံပန်းသဏ္ဍာန်သည်လည်း ပို၍ လှပကျော့ရှင်းသည်။ အဆင်တန်ဆာဆင်မှုတွင် ပို၍ပေါ်လွင်စွာ ဖော်ပြထားပါသည်။”

မီလီတိုသည် ဓမ္မသစ်ကျမ်းစာထဲကနေ ပုံဆောင်ချက်ဖြင့်သမ္မာကျမ်းစာအနက်ဖွင့်ခြင်းအ ကြောင်းကို သင်ယူလေ့လာသည်။ သမ္မာကျမ်းစာဖတ်ရှုသူဖျမ်းမျှအားဖြင့် ဤအရာထဲကနေ သင်ယူလေ့လာကြရပါသည်။

အီဂျစ်ပြည်မှထွက်၍ ကတိတော်ပြည်သို့သွားရာလမ်းတစ်လျှောက်

ဓမ္မသစ်ကျမ်းတွင် လူသိများသော ပုံဆောင်ချက်တစ်ခုမှာ အီဂျစ်ပြည်မှ ဣသရေလလူမျိုး တို့၏လွတ်မြောက်ခြင်းအကြောင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဤအကြောင်းအရာသည် ကျွနု်ပ်တို့၏ဝိညာဉ်ရေးရာအသက်တာနှင့်လည်း သက်ဆိုင်မှုရှိပါသည်။ ဓမ္မသစ်ကျမ်းတွင် ဤပုံဆောင်ချက်ကို ပေါလု(၁ ကော ၁၀) နှင့်အမည်မသိသောစာရေးသူ(ဟေဗြဲ ၃-၄) နှစ် ဦးစလုံးက အသုံးပြုထားပါသည်။ ထိုနှစ်ခုစလုံးတွင် တူညီသောပုံစံကိုတွေ့မြင်နိုင်ပါသည်။ ဣသရေလလူမျိုးများသည် အီဂျစ်ပြည်တွင် ကျွန်ခံနေခဲ့ကြသည်။ ဘုရားသခင်က မောရှေ ၏ခေါင်းဆောင်မှုဖြင့် မိမိလူတို့ကို လွတ်မြောက်စေခဲ့သည်။ ထို့နောက် ကတိတော်ပြည်သို့ ခရီးကို စတင်၍နှင်ခဲ့ကြသည်။ ထိုနည်းတူစွာ၊ လူသားအားလုံးသည် အပြစ်နှင့်သေခြင်းတ ရား၏ကျေးဇူးအဖြစ် ရှိနေကြပြီး ဘုရားသခင်က ခရစ်တော်၏ဦးဆောင်မှုအားဖြင့် လွတ် မြောက်စေခဲ့သည်။ ကျွနု်ပ်တို့သည် ကောင်းကင်သို့သွားမည့်ခရီးကို အစပြုခဲ့ကြပါသည်။ သို့ရာတွင် သွားရမည့်ခရီးသည် အလွန်ရှည်လျားပြီး အန္တရယ်များသည်။ ကျွနု်ပ်တို့သည် လမ်းခရီးတစ်လျှောက်တွင် ဒုက္ခဆင်းရဲခြင်းနှင့်စုံစမ်းသွေးဆောင်ခြင်းများကို ရင်ဆိုင်ကြုံ တွေ့ကြရသည်။ သို့ဖြစ်၍ လူများစွာတို့သည် ပြိုလဲကြသဖြင့် ခရီးဆုံးတိုင်အောင် မသွား နိုင်ကြပါ။ ဤအကြောင်းအရာမှာ ဓမ္မသစ်နှင့်ဓမ္မဟောင်းကျမ်းစာတို့၏ အဓိကသတိပေး ထားချက်များဖြစ်ပါသည်။ ထို့ကြောင့် ဤအကြောင်းအရာတွင် အီဂျစ်ပြည်သည် လောက ကြီး၏ ဥပစာတစ်ခုဖြစ်သည်။ အကြောင်းအရာတစ်ခုလုံးကို ကျွနု်ပ်တို့သည် လမ်းခရီးတွင် ရှိနေကြသေးသည့်အချက်ကို ခရစ်ယာန်များအား သတိပေးထားရန် အသုံးပြုထားပါသည်။

ကြေးမြွေရုပ်နှင့်ယေရှုခရစ်

မာတင်လုသာက “ပန်ချီကားချပ်တွင်ရှိသော ဧဝံဂေလိတရား” ဟု သမုတ်ထားသော သမ္မာ ကျမ်းစာ၏နောက်ခံသမိုင်းထဲတွင်တွေ့ရသော ပုံဆောင်ချက်နည်းလမ်းကိုအသုံးပြုထား သည့် အနက်ဖွင့်ခြင်းရှိသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့ သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်းအောင် လောကီသားတို့ကို ချစ်တော် မူ၏။”(ယောဟန် ၃း ၁၆)

ဓမ္မဟောင်းကျမ်းရှိ “တောလည်ရာကျမ်း” က ဣသရေလလူမျိုးများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသောအခါ ပြစ်ဒဏ်တစ်ခုအဖြစ် သူတို့သည် အဆိပ်ပြင်းသောမြွေကိုက်ခြင်းကို ခံရသည်အကြောင်း ဆိုထားသည်။ ထိုအဆိပ်ပြင်းသောမြွေ၏ကိုက်ခြင်းကိုခံရသောလူတို့ သည် သေခဲ့ကြသည်။ သူတို့သည် နောင်တစိတ်ဖြင့် ဘုရားသခင်ထံသို့ ဆုတောင်းပဌနာကို ပြုကြသောအခါ ကြေးမြွေရုပ်ကိုပြုလုပ်ပြီး တိုင်ပေါ်တွင် မြှောက်ရန် မောရှေသည် တာဝန် ပေးခြင်းခံရသည်။ ထိုကြေးမြွေရုပ်ကိုကြည့်သောသူတို့သည် ကျန်းမာခြင်းကို ရရှိခဲ့သည်။

ဤအကြောင်းအရာတွင် “ပန်ချီကားချပ်တွင်ရှိသော ဧဝံဂေလိတရား” အကြောင်းကို နား လည်ကြရမည်။

“မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရ မည်။ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်း သို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။ ဘုရားသခင်၏သားတော်ကို ယုံ ကြည်သောသူအပေါင်းတို့ သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်းအောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃း ၁၄- ၁၆)

အဓိကအကြောင်းအရာသည် ယခုအခါ ရှင်းရှင်းလင်းလင်းရှိပါသည်။ မြွေတစ်ကောင်က လူသားတိုင်းကို ကိုက်ပြီး အပြစ်အဆိပ်အတောက်ထဲသို့ ကျွနု်ပ်တို့ကို ထိုးသွင်းခဲ့ပါပြီ။ ထိုအ ဆိပ်က ကျွနု်ပ်တို့ကိုသတ်ပြီး သေခြင်းတရားဆီသို့ ပို့ဆောင်ပေးပါသည်။ ကျွနု်ပ်တို့၏တစ်ခု တည်းသောမြှော်လင့်ချက်မှာ ခရစ်တော်ကို ကြည့်ရန်သာဖြစ်သည်။ ထိုသူသည် ဘုရား သခင်က ကြေးမြွေရုပ်အဖြစ် ကျွနု်ပ်တို့ကို အနာငြိမ်းစေဖို့ ခွဲခန့်ထားပါသည်။ သူ့ကို ယုံကြည်သမျှသောသူတို့သည် ထာဝရအသက်ကို ရရှိလိမ့်မည်။

အာဒံနှစ်ပါး

ရောမ ၅ တွင် ပေါလုက အာဒံအကြောင်းကို ပြောဆိုပြီး ခရစ်တော်ကို ပုံဆောင်သူအဖြစ် တင်ပြထားသည်။ ဆက်လက်ပြီး ထိုအကြောင်းကို အပိုဒ်ငယ် ၅း ၁၂-၁၉ တွင် ဆက်လက် ဆွေးနွေးထားပြီး ထိုနေရာတွင် တမန်တော်ကြီးက သာဓကအဖြစ် သုံးနှုန်းပြောဆိုထားပါ သည်။

“ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သောသူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကို၎င်း ခံရသောသူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍ စိုးစံကြလတံ့။”

သို့ဖြစ်၍ ခရစ်တော်သည် အသစ်သောအာဒံဖြစ်ပြီး ရာစုသစ်တစ်ခုကို စတင်ဖို့အချက် ပေးလိုက်သည်။ ပထမအာဒံသည် အပြစ်ထဲသို့လဲကျပြီး အပြစ်၊ သေခြင်း၊ ပျက်စီးခြင်း တရားနှင့်ထိုက်တန်သောသူဖြစ်ပါသည်။ သူ၏ကျရှုံးခြင်းအမွေကို ၎င်း၏ဆွေစဉ်မျိုးဆက်တို့ အားပေးထားသည်။ အမွေဆက်ခံစေသည်။ ကျွနု်ပ်တို့သည် စဉ်ဆက်လာသောမျိုးဆက် အားဖြင့် ဘိုးဘေးထံက ထိုအမွေကို လက်ခံရရှိကြပါသည်။ ကျွနု်ပ်တို့သည် အပြစ်သားများ ဖြစ်ကြသောကြောင့် လူတိုင်းသေရကြမည်။ ကျွနု်ပ်တို့၏နောက်ဆုံးဦးတည်ချက်သည် ပျက် စီးခြင်းဖြစ်သည်။ အသစ်သောအာဒံဖြစ်သောခရစ်တော်သာလျှင် သန့်ရှင်းခြင်း၊ အသက်၊ နှင့်ထာဝရကယ်တင်ခြင်းနှင့်ထိုက်တန်ပြီး ကျွနု်ပ်တို့အား ကူညီမစနိုင်သည်။ ဤအာဒံသည် လူသားအားလုံးကို ဖျက်ဆီးမည်မဟုတ်။ အသက်ကိုသာပေးမည်။ ဖန်ဆင်းခြင်းအစက ဘုရားသခင်၏အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ပေးမည့်သူဖြစ်ပါသည်။ ထိုအစီ အစဉ်မှာ လူသားများကို ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်းအဖြစ် အသက်ရှင်မိဿဟာရ ဖွဲ့စေမည်ဖြစ်သည်။

အမျိုးအစားများစွာ

ဓမ္မဟောင်းသည် လူပုဂ္ဂိုလ်နှင့်ပြည့်လျက်ရှိပြီး ပုံဆောင်ချက်များအားဖြင့် အရာအားလုံး သည် ဓမ္မသစ်ရှုထောင့်အားဖြင့် လေ့လာကြည့်ရှုသောအခါ ဖွင့်ထားလျက်ရှိပါသည်။ ဓမ္မသစ်ကျမ်း ထဲတွင်ရှိသောအရာများသည် ဆင်ခြင်စရာပုံဆောင်ချက်များဖြစ်ကြောင်း တွေးထင်မြင်မှုသည် အလွန်စိတ်ချရသောအရာဖြစ်ပါသည်။ ထိုအကြောင်းအရာများစွာ ရှိကြပါသည်။ ရောမ ၈း ၃၂ က အာဗြဟံ၏မစုံလင်သောယဇ်ပူဇော်ခြင်းကို ဂေါသဂေါလ ပူဇော်ခြင်းကိုပုံဆောင်သောအရာအဖြစ်ရှိနေသည်။ ခရစ်တော်က ယောနအကြောင်းကို သွန်သင်ထားပြီး ယင်းက ခရစ်တော်၏သေခြင်း၊ ထမြောက်ခြင်းတို့ကို ပုံဆောင်ထားပါ သည်။ (မဿဲ ၁၂း ၄၀)။ သင်္ဘောကိုတည်ဆောက်သော နောဧသည် ယုံကြည်ခြင်းကိုရရှိ သောသူအဖြစ်ပုံဆောင်ထားသည်။ (ဟေဗြဲ ၁၁း ၇)သူတည်ဆောက်ထားသော သင်္ဘော သည် ဗတ္တိဇံကို ပုံဆောင်ထားပါသည်။(၁ ပေ ၃း ၁၈-၂၂)။ မန္နသည် ပွဲတော်မင်္ဂလာကို ပုံ ဆောင်ထားပါသည်။ (၁ ကော ၁၀း ၃)

သမ္မာကျမ်းစာထဲတွင် ရေတွက်မရနိုင်သော သာဓကများစွာရှိကြပါသည်။ ပုံဆောင်ချက်များ ကိုနားလည်ခြင်းက ရှုထောင့်အသစ်ကနေ သမ္မာကျမ်းစာကို ကျွနု်ပ်တို့အတွက် ဖွင့်ပေးခြင်း ဖြစ်ပါသည်။ ထို့အပြင် ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတို့သည် တစ်ခုနှင့်တစ်ခု မည်သို့ ဆက်စပ်မှုရှိကြောင်းကိုလည်း မြင်စေရန် သွန်သင်ပေးထားပါသည်။