သင်းအုပ်သည် အဘယ့်ကြောင့် အမျိုးသားဖြစ်သင့်သနည်း။

စာရေးသူ၊ LEAF ၏ ဒါရိုက်တာ
(Lutheran Evangelical Association of Finland)

ခရစ်ယာန်ဘာသာ၏လူဦးရေအများစုသည် သင်းအုပ်များအနေဖြင့် အမျိုးသားများကိုသာ ခန့်ထားသော အသင်းတော်များကို ပိုင်ဆိုင်ကြသည်။ အဘယ့်ကြောင့်နည်း။ ထိုအဖြေကို သမ္မာကျမ်းစာထဲ၌ ရှာတွေ့ နိုင်ရန် အလွန်ပင်အရေးကြီးလှပါသည်။

သမ္မာကျမ်းစာထဲတွင် ပေးအပ်ထားသောတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ပြီး တန်ဖိုးရှိသောအမှု တော်ကိုလုပ်ဆောင်သည့် အမျိုးသမီးများအကြောင်းကို ကျွနု်ပ်တို့ဖတ်ရှုရသည်။ တခါတရံ ခက်ခဲ့သည့် အခြေအနေမှာတောင် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ကြသည်။ ထိုအကြောင်းကို အသင်းတော်၏ ကနဦးအသက်တာအကြောင်းဖေါ်ပြသည့် တမန်တော်ဝတ္ထုထဲတွင် အဓိကတွေ့ရှိရပါသည်။ ဥပမာအား ဖြင့် တမန်တော် ၁၈း ၂၄- ၂၆ တွင် ပြစ်ကိလနှင့်၎င်း၏ခင်ပွန်း အာကုလ တိုသည် တရားဟောဆရာ အာပေါလုအား ဓမ္မပညာဆိုင်ရာ အကြောင်းအရာများကို ရှင်းပြခဲ့ကြသည်။

တမန်တော်ရှင်ပေါလုရဲ့အသက်တာတွင် အမျိုးသမီးများသည် လုပ်ဖေါ်ဆောင်ဖက်များအဖြစ် ကြီးမား သည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြပါသည်။ ရောမသြဝါဒစာတွင် ပေါလုက လုပ်ဖေါ်ဆောင်ဖက် ၁၆ ဦး အကြောင်းကိုဖေါ်ပြထားပြီး ၎င်းတို့အထဲတွင် ၁၀ ဦးသည် အမျိုးသမီးများပင်ဖြစ်ကြသည်။ (ရောမ ၁၆း ၁-၆) ကနဦးအသင်းတော်တွင် အမျိုးသမီးတို့၏အခန်းကဏ္ဍသည် အိမ်၌သာမဟုတ်ကြောင်းကို အထင် အရှားတွေ့နိုင်ပါသည်။ ဖိလိပိအသင်းတော်တွင် လုဒိ၏အကူအညီမပါဘဲ မည်သို့ဖြစ်ပျက်သနည်း။ သို့မဟုတ် အလုပ်ကို ကြိုးစားလုပ်ဆောင်ကြသည့် ဥရောဒိနှင့်ဆင်တက်မပါဘဲ အဘယ်အရာကို လုပ် ဆောင်နိုင်ခဲ့ကြသနည်း။

အခြေအနေပေါင်းမြောက်များစွာတွင် ယေရှုသည် အမျိုးသမီးများ၏အထောက်အပံ့ကို လက်ခံရရှိခဲ့ပါ သည်။ ရှင်လုကာက ၎င်း၏ခရစ်ဝင်ကျမ်းထဲတွင် အမှုတော်၌ တက်တက်ကြွကြွလုပ်ဆောင်သော အမျိုး သမီးများအကြောင်ကို အမည်တပ်ပြီး ထုတ်ပြထားသည်။ များစွာသော အမျိုးသမီးများသည် ယေရှုနှင့် တပည့်တော်များအား မိမိတို့ရရှိသောငွေကြေးများကို ထောက်ပံ့ကူညီပေးခြင်းဖြင့် မစကြကြောင်း သူက ဆိုပါသည်။ (လုကာ ၈း ၁-၃ ) ယေရှုနှင့်ပေါလုက အမျိုးသားနှင့်အမျိုးသမီးတို့ကြား လူမှုရေးမျှတခြင်းကို အလေးအနက်ထားဖေါ်ပြခဲ့ကြသည်။ သူတို့က အမျိုးသားနှင့်အမျိုးသမီးများသည် ဘုရားသခင်ရှေ့ မှောက်တွင် တန်ဖိုးခြင်းတူညီကြကြောင်းသင်ကြားပေးသည်။ ဥပမာအားဖြင့် ဂလာတိ ၃း ၂၈ က အမျိုး သားနှင့်အမျိုးသမီးများသည် အစကတည်းက တူညီသော ကယ်တင်ခြင်းကို ရရှိကြကြောင်း အခိုင်အမာ ဆိုထားပါသည်။

သင်းအုပ်အဖြစ်အစေခံခြင်း

အမျိုးသားနှင့်အမျိုးသမီးတို့သည် ကနဦးအသင်းတော်တွင် နည်းလမ်းပေါင်းစုံ၌ တက်ကြွစွာ အမှုတော် ထမ်းရွက်ကြသော်လည်း အမျိုးသမီးများမှာ အသင်းတော်ခေါင်းဆောင်များအဖြစ် လူသိရှင်ကြား မ ဆောင်ရွက်ခဲ့ကြပါ။ အသင်းတော်ဦးဆောင်ခြင်းအတွက် သမ္မာကျမ်းစာ၏ညွှန်ကြားထားချက်တွင် အမျိုး သားများကိုသာ အမြဲတစေ ညွှန်းဆိုဖေါ်ပြလေ့ရှိသည်။

ကနဦးအသင်းတော်အသက်တာအကြောင်ကိုပြောပြသည့် ရှေးအရင်းအမြစ်များမှာ သမ္မာကျမ်းစာထဲက ပေါလုရေးသားသော ပေးစာများပင်ဖြစ်ကြသည်။ ၎င်းတို့အထဲက တစ်ခုမှာ ကောရိန္တုပထမစာစောင်ပင် ဖြစ်ပါသည်။ ဤပေးစာတွင် ရှင်ပေါလုက အသင်းတော်၌ အမျိုးသမီးတို့၏ များစွာသောလုပ်ဆောင်ချက် များနှင့်တန်ဖိုးမဖြတ်နိုင်သောလုပ်ဆောင်မှုများအကြောင်း ရေးသားချက်ပင်ဖြစ်ပါသည်။ သို့ရာတွင် ပေါလု က ကန့်သတ်ချက်ကို လုပ်ဆောင်လိုက်သည်။ ၎င်းမှာ “အမျိုးသမီးများသည် “အသင်းတော်၌” တရား ဟောခွင့်မရှိ” ဟူသောအချက်ဖြစ်သည်။(၁ ကော ၁၄း ၃၃- ၄၀) အထူးသဖြင့် ပွဲတော်မင်္ဂလာကို ကျင်းပ သည့် အသင်းတော်အစည်းအဝေးပွဲလိုမျိုးကို ညွှန်းဆိုဖေါ်ပြလိုခြင်းဖြစ်ပါသည်။ (၁ ကော ၁၁း ၁၇-) သို့ သော် ကောရိန္တုပထမစာစောင်တွင် ပေါလုက မိန်းမများအား ပရောဖက်ပြုခွင့် အသင်းတော်၌ ဆုတောင်း ပဌနာပြုခွင့်ကိုပေးထားသည်။ ဤအရာကို မည်သို့ ရှင်းလင်းပေးနိုင်မည်နည်း။ အကောင်းဆုံးဖြေရှင်းနည်း တစ်ခုမှာ စကားပြောရန်တားမြစ်ခြင်းဟူသည်မှာ သွန်သင်ရန်တားမြစ်ခြင်းပင်ဖြစ်ပါသည်။

၁ တိ ၂း ၉- ၁၅ တွင် ပေါလုက ဘုရားအမှုတော်အတွက် ညွှန်ကြားချက်တစ်ခုကို ပေးထားသည်။ သွန် သင်ရန်တားမြစ်ခြင်းကို ဤအကြောင်းအရာတွင် ဖေါ်ပြထားပြီး အမျိုးသမီးများသည် အသင်းတော်၌ သွန်သင်ခြင်းအမှုကိုမပြုသင့်ဟု နားလည်ရသည်။ အသင်းတော်ကိုဦးဆောင်သောသူကို ဘုရားအမှု တော်၌ သွန်သင်ခြင်းကိုပြုရန် သတ်မှတ်ထားသည်။

ပြုပြင်ပြောင်းလဲခြင်း၏အခြေခံကျသောသြဝါဒဆိုင်ရာသဘောတရားတစ်ခုမှာ သမ္မာကျမ်းစာသည် ယုံကြည်ခြင်းနှင့်လက်တွေ့လုပ်ဆောင်ခြင်းအတွက် အခွင့်အာဏာအရှိဆုံးဖြစ်သည်ဟူသော အချက်ပင် ဖြစ်ပါသည်။ ယောကျ်ားနှင့်မိန်းမနှစ်ဦးစလုံးသည် အသင်းတော်တွင် သင်းအုပ်ဆရာအဖြစ် အမှုထမ်းရန် ဟုတ်သည်၊ မဟုတ်သည်ဟူသော မေးခွန်း၏အဖြေကိုရှာသောအခါ ထိုအခြေခံသဘောတရားများကို လိုက်နာရပါမည်။

ယဇ်ပုရောဟိတ်ဖြစ်ခြင်းသည် အခွင့်အရေး သို့မဟုတ် လူ့အခွင့်အရေး သို့မဟုတ် တူညီမှုတစ်ခုမဟုတ် ပါ။ ကျွနု်ပ်တို့က သမ္မာကျမ်းစာကို ယုံကြည်ကိုးစားခြင်းရှိသည်၊ မရှိသည်မှာ အခြေခံကျသောမေးခွန်းတစ် ခုဖြစ်ပါသည်။ ယောကျ်ားနှင့်မိန်းမတို့သည် တူညီသောတန်ဖိုးကို ပိုင်ဆိုင်ထားကြသည်။ ကျွနု်ပ်တို့အား လုံးသည် ဘုရားသခင်၏မျက်မှောက်တော်၌ တန်ဖိုးချင်းတူညီကြပါသည်။ သို့ရာတွင် ဤအရာနှင့်စပ် လျဉ်း၍ ကွဲပြားခြားနားသောတာဝန်ကို ရရှိကြသည်။

မကြာသေးခင်က ရာစုနှစ်များအတွင်းတွင် အချို့သောပရိုတဲ့တင်းအသင်းတော်များသည် အမျိုးသမီးများ အား အသင်းတော်တွင် သင်းအုပ်အဖြစ်အစေခံရန် ဘိသိတ်ပေးခြင်းကို စတင်ကြသည်။ ဤအရာက မှား ယွင်းသည်၊ သို့မဟုတ် မှန်ကန်သည်ဟူသော မေးခွန်းသည် ပေါ်ထွက်လာပြီး ကြီးမားသည့်စိတ်ခံစားမှု လည်း ထို့အတူ ပေါ်လာသည်။ သဘောထားကွဲလွဲမှုအားလုံးတွင် ပေါလု၏အကြံပေးချက်ကို သတိရသင့် ပါသည်။

“ချီးမွမ်းခြင်းအရာမှာ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။”
(ရောမ ၁၂း ၁၀)