ယေရှု -ဆုလက်ဆောင်နှင့်စံနမူနာ။

Writer: 
Erkki Koskenniemi ဓမ္မပညာဒေါက်တာဘွဲ့

လူများစွာတို့သည် ယေရှုအကြောင်းကို ပြောဆိုနေကြသည်။ သို့သော် သူတို့သည် ခရစ် ယာန်မဖြစ်လိုကြပါ။ ရှာဖွေသူသာဖြစ်လိုကြသည်။ ယေရှု၏သွန်သင်ခြင်းသည် ဉာဏ်အမြော် အမြင်နှင့်ပြည့်စုံပြီး တရားမျှတမှုရှိသည်ကိုလည်းကောင်း၊ သူကဲ့သို့သင်ကြားပေးနိုင်ပြီး အ သက်ရှင်မည်ဆိုလျှင် ကောင်းမည်ကိုလည်းကောင်း လူတိုင်း သဘောတူကြပါသည်။ ဤသူ တို့က အခြားသူများရှေ့မှောက်တွင် နိမ့်ကျသည်ဟုခံစားလာကြပါသည်။ သို့သော် သူတို့ သည် မည်သည့်နေရာတွင် မှားယွင်းနေကြပါသနည်း။

ထိုအရာ၏အထက်တွင်ရှိသမျှသောအရာကို သူတို့က အမှန်တကယ် မြင်တွေ့ခြင်းမရှိကြပါ။ ယေရှုက ကျွနု်ပ်တို့ခရစ်ယာန်များကို အချက်နှစ်ချက်ဆိုလိုသတည်း။ ဆုလက်ဆောင်နှင့်စံနမူ နာပင်ဖြစ်ပါသည်။ ထိုသို့စူးစမ်းရှာဖွေမှုမရှိပါဘဲ ရှာဖွေသူတစ်ဦးသည် ရှာဖွေသော်လည်း ဆန္ဒ ပြည့်ဝလာကြမည်မဟုတ်ပါ။

ယေရှုသည် ဆုကျေးဇူူးဖြစ်သည်။

ယေရှုသည် ကျွနု်ပ်တို့အားပေးထားသော ဆုလက်ဆောင်ဖြစ်ကြောင်းဆိုသောအခါ ကျွနု်ပ်တို့က ဤအရာကို ဆိုလိုခြင်းဖြစ်ပါသည်။ သူသည် ကျွနု်ပ်တို့အပြစ်အလုံးစုံကိုသယ်ဆောင်သွားပြီး ဘုရား သားဖြစ်စေသည်ဟု ဆိုလိုသတည်း။ ထိုအရာနှင့်ထိုက်တန်ခြင်းမရှိလျှင်ပင် ကျွနု်ပ်တို့သည် အပြစ်မဲ့ လျက် သန့်ရှင်းစင်ကြယ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယေရှုသည် ကျွနု်ပ်ပြုမိခဲ့သမျှ အပြစ်အ လုံးစုံတို့ကို ဂေါဒဂေါလတော်ပေါ် လက်ဝါးကပ်တိုင်တွင် အဆုံးသတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ဆက် လက်၍ သူသည် ကျွနု်ပ်အနားတွင် နေ့ရက်စဉ်တိုင်းအတူရှိနေပြီး ကျွနု်ပ်ကိုစောင့်ရှောက်ဖို့၊ အပြစ် ခွင့်လွှတ်ဖို့၊ ချီးမြှောက်ဖို့ မောပန်းနွမ်းနယ်ခြင်းလုံးဝမရှိပါ။

ဗတ္တိဇံမင်္ဂလာ၊ ပွဲတော်မင်္ဂလာ သို့မဟုတ် ဝန်ခံခြင်းနှင့် သမ္မာကျမ်းစာကိုဖတ်ရှုသည့်အချိန်တိုင်းတွင် ကျွနု်ပ်တို့မြတ်နိုးကြရသော ဆုကျေးဇူးဖြစ်ပါသည်။ ထိုအချိန်ခဏတာလေးတွင် တောင်းဆိုချက်လုံး ဝမရှိပါ။ ဘုရားသခင်သာလျှင် ရက်ရောစွာပေးကမ်းခြင်းဖြစ်ပါသည်။

“အကြောင်းမူကား၊ သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြ သည်မဟုတ်၊ အဗအဘဟုခေါ်ရသောအခွင့်နှင့်သားဖြစ်ခြင်း၏အခွင့်ကို ရကြပြီ။
(ရော မ ၈း၁၅)

ယေရှုသည် စံနမူနာဖြစ်သည်။

ယေရှုသည် ကျွနု်ပ်တို့၏စံနမူနာဖြစ်သည်ဟုဆိုရာတွင် ဤသို့ဆိုလိုသတည်း။ ယေရှုသည် ဘုရားသ ခင်၏အလင်းတော်ထဲက မသန့်ရှင်းသောမြေကြီးအမိုက်မှောင်ထဲသို့ ကျွနု်ပ်တို့အတွက် အသက်ပေး ရန် ဆင်းကြွလာသောအခါ သူသည် နောက်လိုက်အားလုံးအတွက် အတုယူစရာ သာဓကတစ်ခုဖြစ် ပါသည်။ ယေရှုက သူ့အသက်ကို ကျွနု်ပ်တို့အား ကယ်တင်သောအချိန်တွင် အမှုမထားပေ။ ဆိုလို သည်မှာ ကျွနု်ပ်အလုပ်ပင်လျှင် မိမိကိုယ်ကို အရေးကြီးဦးထိပ်ထားလုပ်ဆောင်နေလျှင် စွန့်လွှတ်ပြီး ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ရန်ဖြစ်သည်။

ထိုမေတ္တာသည် အယူအဆသက်သက်မဟုတ်။ ထိုမေတ္တာသည် ဆက်လက်ပြီး စံနမူနာဖြစ်သည် နည်းတူ ယေရှုလက်ဝါးကပ်တိုင်ပေါ် အသေခံနေစဉ် ရှိသောမေတ္တာဖြစ်သည်။ အပြစ်သားများအ တွက် အသက်ကိုစွန့်သောအခါ ရှိသောမေတ္တာ၊ သူအား ညှင်းပန်းနှိပ်စက်သူများအပေါ်ဆုတောင်း ပေးသောအချိန်တွင် ရှိသောမေတ္တာပင်ဖြစ်ပါသည်။ မည်သို့ကိုမျှ စိတ်ဆိုး၍မရ၊ သို့မဟုတ် အထင် သေးအမြင်သေး၍မရသည်မှာ ယေရှုသည် ကျွနု်ပ်ကို အပြစ်ခွင့်လွှတ်ပြီးသားဖြစ်သောကြောင့်ပေ တည်း။

“ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင် ကို ချစ်ကြ၏။”
(၁ ယော ၄း ၁၉)

ဆုကျေးဇူး၊ ကဏ္ဍပုံစံနှင့်၎င်းတို့၏ လုပ်ပိုင်ခွင့်

ယေရှုသည် ဆုကျေးဇူးနှင့်ကဏ္ဍပုံစံနှစ်ခုစလုံးပင်ဖြစ်ပါသည်။ လူများစွာက သူ့ကို လှေခါးအဖြစ် ထင်မိကြသည်။ ၎င်းသည် အဓိပါယ်မရှိပါ။ ထိုအကြောင်းအရာကို ဦးစွာ နားလည်သဘောပေါက် ထားခြင်းမရှိလျှင်၊ ယေရှုသည် ကျွနု်ပ်တို့အတွက် ဆုကျေးဇူးပင်ဖြစ်ပါသည်။ ကြီးမားသည့်ကဏ္ဍပုံစံ ရှေ့တွင် လူများစွာတို့သည် အံ့သြမင်သက်ကြပါသည်။ ၎င်းတို့တွင် သာဓကအားဖြင့် ဟိန္ဒူနှင့်ဗုဒ္ဒ ဘာသာလည်းပါဝင်သည်။ ၎င်းတို့က ရုပ်တုကို ကိုးကွယ်ကြပြီး စစ်မှန်သော ခရစ်တော်ဘုရားကို တွေ့ရှိခြင်းမရှိကြသေးပေ။ ယေရှုသည် မိမိတို့ထံတွင် ဆုကျေးဇူးတစ်ခုအဖြစ် ထင်ရှားတော်မမူသ ၍ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် နက်နဲစွာ တည်ရှိလျက်နေပါသည်။ ထို့နောက်တွင် သူသည် ကျွနု်ပ်တို့၏ အတုယူစရာပုံစံတစ်ခု အလိုအလျောက်ဖြစ်လာပါသည်။

နောက်ဆုံးတွင် ယေရှုသည် ကျွနု်ပ်တို့အတွက် ဆုကျေးဇူးဖြစ်ပြီး ကျွနု်ပ်တို့၏ စံပြလည်းဖြစ်ပါသည်။

သူ့ကို စံပြတစ်ခုအနေဖြင့်သာ စဉ်းစားဆင်ခြင်မည်ဆိုလျှင် ကျွနု်ပ်တို့သည် ခရစ်တော်ကို လုံး၀ နား လည်သဘောပေါက်ထားခြင်းမရှိသေးပါ။ ခရစ်ယာန်ဘာသာ၏အပြင်ဘက်တွင်သာ ရှိနေသေးပါ သေးသည်။

ကျွနု်ပ်သည် ခရစ်တော်ရရှိပြီးနောက်တွင် ခရစ်ယာန်တစ်ဦးဖြစ်လာပါသည်။ အဘယ့်ကြောင့်ဆို သော် ယေရှုက ကျွနု်ပ်အား ဘုရားသခင်၏သားဖြစ်စေပါသည်။ ကျွနု်ပ်၏ကျန်ရှိနေသေးသောဘ၀ တစ်ခုလုံးသည် အလွန်ကြီးမားသောအရာတစ်ခု၊ ကြီးမားသည့်စံပြတစ်ခုထဲမှ သင်ယူလေ့လာရန် အလွန်စွဲမက်ဖွယ်ရာစိန်ခေါ်မှုကြီးတစ်ခုပင်ဖြစ်ပါသည်။