ကျွနု်ပ်သည် မှန်မှန်ကန်ကန်အသက်ရှင်ပါသလား။

ဘုရားသခင်သည် လူသားကို မိမိပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ ဘု ရားသခင်သည် သူနှင့်တူအောင် လူကို ဖန်ဆင်းထားခြင်းဖြစ်သည်။ ဘုရားသခင်၏ပုံသဏ္ဍာန် က ဘုရားသခင်သိရှိသကဲ့သို့သိသည်။ အမှားနှင့်အမှန်ကိုလည်း ဝေဖန်ပိုင်းခြားတတ်သည်။ ဘုရားသခင်၏ပုံသဏ္ဍန်အနေဖြင့် လူသားသည် မကောင်းသောအမှုအရာထဲမှ ရုန်းထွက်ပြီး မှန် ကန်သောအရာကို လုပ်ဆောင်ရမည်။ အမှန်ကိုပဲ စွဲမြဲစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရား သခင်၏ပုံသဏ္ဍာန်နှင့်အညီဖန်ဆင်းထားသည်ဟုဆိုရာတွင် လုပ်ဆောင်မှုတိုင်းတွင် ဘုရားသ ခင်၌ တာဝန်ရှိကြသည်ဟုလည်း ဆိုလိုသည်။ ဘုရားသခင်က သူ၏ပုံသဏ္ဍာန်ကို သူ၏နည်း လမ်းအတိုင်း အသက်ရှင်ခြင်းရှိ၏၊ မရှိ၏ကို စစ်ဆေးမည်ဖြစ်သည်။ ကောင်းသောအရာ လုပ် ေ ဆာင်ခြင်းရှိမရှိကိုလည်း စစ်ဆေးမည်။

ထို့နောက် ကျဆုံးခြင်းရှိလာသည်။ ထိုကျဆုံးခြင်းအကျိုးမှာ လူသည် မှန်ကန်စွာ အသက်ရှင် နိုင်သည့်အစွမ်းအစ မရှိတော့ပေ။ ကျဆုံးခြင်းဖြစ်ပျက်ခဲ့သည်။ ယင်းမှာ မလုပ်သင့်သောအရာ ကို လုပ်ဆောင်ကြသောကြောင့်ဖြစ်သည်။ ရပ်တန့်နိုင်ခြင်းလည်း မရှိပါ။ မှားယွင်းမှန်းသိသော် လည်း ထိုသို့အသက်မရှင်ရန် ကြိုးစားလည်း မရပါ။ ကျဆုံးခြင်းတွင် အကျိုးသက်ရောက်မှုရှိပြီး ၎င်းမှာ အမှားအမှန်ကို ခွဲခြားနိုင်သည့် လူ၏အစွမ်းသည် ဖျက်ဆီးခံလိုက်ရသည်။ အဘယ့် ကြောင့်ဆိုသော် ကျဆုံးခြင်းကြောင့် အပြစ်သည် ကျွနု်ပ်တို့၏အနက်ရှိုင်းဆုံးစိတ်နှလုံးတွင် နေ ရာယူတည်ရှိပြီး ၎င်းသည် အမှန်ကို အမှားဖြစ်လာစေဖို့၊ အမှားကို အမှန်ဖြစ်လာစေဖို့ ကောက် လိမ်စေသည်။ လမ်းမှားစေသည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြား တတ်သည့် အသိဉာဏ်ပညာရှိဖို့ အလွန်ပင် အရေးကြီးပါသည်။ ကျဆုံးခြင်းဖြစ်ခဲ့သော်လည်း ကျွနု်ပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်အဖြစ် ရှိလျက်နေသေးသည်ဖြစ်၍ အမှားနှင့်အမှန်ကို သိသည်။ ထိုသဘောတရားသည် ပျောက်ကွယ်နေသော်လည်းပဲ ကျွနု်ပ်တို့သည် ဘုရားသခင် ထံ လုပ်ဆောင်ရန် တာဝန်ရှိကြပါသည်။

ဘုရားသခင်က အမှန်းနှင့်အမှားကို ခွဲခြားသိမြင်သည်ဖြစ်၍ မှန်ကန်သောအရာကို အမြဲလုပ် ဆောင်သည်။ ဘုရားသခင်သည် အမှန်နှင့်အမှားကို သိမြင်သည့်အသိပညာကို မိမိ၌ သိမ်းထား ပါသည်။ သူက နှုတ်တော်ထွက်စကားအားဖြင့် ထိုစကားများကို ပြောလေ့ရှိပါသည်။ ထိုသို့ဆို ရာတွင် အကြောင်းအရာနှစ်မျိုးရှိပါသည်။

၁။ ဘုရားသခင်က ကျမ်းစာကို ပေးထားသည်။ ဘုရားသခင်က ဖန်ဆင်းထားသောလူတို့ကို မိန့် ကြားလိုသောအရာကို ဘုရားသခင်၏လူတို့က ရေးသားထားကြသည်။ အမှားနှင့်အမှန်ပေါ်တွင် ရပ်တည်သည့် မရေမတွက်နိုင်သော ကျမ်းပိုဒ်များစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏အ ဆင့်အတန်း ရပ်တည်မှုဖြစ်သည်။ အမှန်နှင့်အမှားကို ပိုင်းခြားသိမြင်နိုင်သော ဘုရားသခင်၏ စံချိန်စံညွှန်းဖြစ်သည်။ ထိုအကြောင်းကြောင့် အမှားအမှန်ဆိုသောသဘောတရားကို ထိန်းချန် မြှုပ်နှံခံရသောကျွနု်ပ်တို့သည် သူတို့ကို နားထောင်ရမည်။

၂။ ဘုရားသခင်ကိုယ်တော်တိုင်က ဤလောကသို့ ဆင်းကြွလာခဲ့သည်။ ယေရှုသည် လူသား အသွင်ဖြင့် မွေးဖွါးလာချိန်၌ ထိုသို့ဖြစ်ပျက်သည်။ သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်၊ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ သူ့အားဖြင့် ကောင်းကင်နှင့်မြေကြီးအရှင်က စားပြော သည်၊ သွန်သင်သည်၊ အလုပ်လုပ်သည်။ ထို့ကြောင့် အမှားနှင့်အမှန်နှင့်ပတ်သက်ပြီး ယေရှု သွန်သင်သောအရာသည် ဘုရားသခင်၏သွန်သင်ချက်များဖြစ်ကြသည်။ မှန်ကန်သောအရာကို ယေရှုအား မေးသောအခါ ယေရှုက ထိုအရာပေါ် ၎င်း၏အမြင်ကို မေးရမည်။ ကျွနု်ပ်တို့သည် ထိုအရာကို သိမြင်လျှင် ဘုရားရဲ့စံချိန်ကို ကျွနု်ပ်တို့သိမည်။ ယေရှုစဉ်းစားနေသောအရာမှာ ကျမ်းစာထဲမှ သင်ယူလေ့လာထားခြင်းကို ကျမ်းစာထဲတွင် တွေ့ရသည်။ ကျမ်းစာအုပ်ဟူသည် မှာ အထူးသဖြင့် ဘုရားသခင်၏အကြောင်းကို သွန်သင်ပေးသော စာအုပ်ဖြစ်ပါသည်။

အမှားအမှန်အကြောင်း သမ္မာကျမ်းစာ၏မိန့်ဆိုချက်က လူသားတို့က ၎င်းတို့စိတ်နှလုံးတွင် သိမှတ်ထားသောအရာနှင့်ပဲတင်ပြန်ထပ်နေသည်။ သမ္မာကျမ်းစာက လုပ်ဆောင်ရန်မိန့်ဆိုထား သောအရာ သို့မဟုတ် တားမြစ်ထားသောအရာကို ကျွနု်ပ်တို့ကြားရသောအခါ ကျွနု်ပ်တို့ ငြင်း ပယ်နေလျှင်ပင် ကျွနု်ပ်တို့အထဲ၌ “အဲဒါအမှန်တရားပါပဲ” ဟု တစ်ခုခုက ပြောဆိုလိုသောအရာ ဖြစ်ပါသည်။ အဘယ်အရာဖြစ်သနည်း။ အကြောင်းမှာ သမ္မာကျမ်းစာဟူသည်မှာ ကျွနု်ပ်တို့ ဖန်ဆင်းရှင်၏စာအုပ်ဖြစ်ပြီး ကျွနု်ပ်တို့မှာ ၎င်း၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းထားခြင်းဖြစ်သည်။ ကျွနု်ပ်တို့တစ်ဦးချင်းစီ၏အထဲ၌ရှိသောအရာက အမှားနှင့်အမှန်ပေါ် ဖန်ဆင်းရှင်မိန့််တော်မူ သောအရာကို ထောက်ခံထားသည်။ ထိုအရာက ဘုရားသခင်၏ကျမ်းစာထဲက ပညတ်တော် များကို လိုက်လျှောက်ရာတွင် အထောက်အကူပြုသည်။ ခွန်အားပေးသည်။ ထိုအရာအတိုင်း အတည်ပြုလုပ်ဆောင်ရန် တွန်းအားပေးပါသည်။

ဆိုဗီယက်ယူနီယံတွင် သမ္မာကျမ်းစာပညတ်ချက်များကိုသင်ကြားပေးခြင်းကို တားမြစ်ထားပါ သည်။ သမ္မာကျမ်းစာကို ဖျက်ဆီးကြသည်။ ကျမ်းစာ၏သွန်သင်ချက်များကို ကျမ်းစာထက်ပို ကောင်းသည့်ဟူယူဆသော လူ့အတွေးအခေါ်ဖြင့် အစားထိုးကြသည်။ မည်သို့ဖြစ်ခဲ့သနည်း။ ဆယ်စုနှစ်အနည်းငယ် ကျော်လွန်လာခဲ့သည်။ ထိုအချိန်တွင် ဖြစ်ပျက်နေသည်မှာ လူတို့က မုသာကိုသုံးဖို့၊ ခိုးယူဖို့၊ မိမိအိမ်နီးနားချင်းနှင့်သဟဇာတမဖြစ်မှုတို့ ပေါ်ပေါက်လာသည်။ နိုင်ငံ ၏စီးပါွးရေးသည်လည်း အစီအစဉ်မကျဖြစ်လာသည်။ နိုင်ငံသည်လည်း အခြားပတ်ဝန်းကျင်နိုင် ငံများ၏ အကူအညီကူလည်း မယူနိုင်ဖြစ်နေသည်။ ပတ်ဝန်းကျင်သည်လည်း ညစ်ညမ်းမှုဖြစ် လာသည်။ ဤအရာများ ဆိုဗီယက်ယူနီယံတွင် တကယ်ဖြစ်ပျက်ခဲ့သောအရာဖြစ်သည်။ တကယ်လည်းဖြစ်လာအုံးမည်။ သမ္မာကျမ်းစာနှင့်၎င်း၏ပညတ်ချက်များကို လစ်လျူရှုသော နေ ရာတိုင်းတွင် ထိုသို့ဖြစ်လာမည်။

သမ္မာကျမ်းစာသည် ကျွနု်ပ်တို့ဘဝအတွက် အကောင်းဆုံးသော လမ်းညွှန်ဖြစ်ပါသည်။ ကျမ်းစာ ၏သွန်သင်ချက်များကို လစ်လျူရှုထားလျှင် ဘဝသည် ကစဉ့်ကလျားဖြစ်လာမည်။ ဤကမ္ဘာကို ဖန်ဆင်းသောသူက ကျမ်းစာအားဖြင့် စကားပြောသည်။ သူဖန်ဆင်းထားသော မြေကြီးပေါ်တွင် မည်သို့အသက်ရှင်ရမည်ကို ကျွနု်ပ်တို့သိနားလည်ရမည်။ သို့မှသာ လူတိုင်းအတွက် အဆင်ပြေ ချောမွေ့မည်ဖြစ်သည်။

မှန်ကန်မှုနှင့်မှားယွင်းမှုနှင့်ပတ်သက်ပြီး ကျမ်းစာ၏သွန်သင်ချက်တစ်ခုလုံးကို ချစ်မေတ္တာနှစ်ခု ဖြင့် အစပြုထားသည်။ “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကျွမ်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းရှိသမျှချစ်ရမည်။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။” (မဿဲ ၂၂း ၃၇ နှင့် ၃၉) ကျွနု်ပ်တို့သည် ချစ်ခြင်းမေတ္တာထားရမည်မှာ လူတိုင်းက သဘောတူညီကြလိမ့်မည်။ သို့ရာတွင် မေတ္တာနှင့်ပတ်သက်၍မူ ကွဲလွဲမှုများရှိသည်။ မေတ္တာဟူသည်မှာအဘယ်နည်း။ ကျွနု်ပ်တို့သည် တစ်ခုခုကိုချစ်လျှင် မတူညီသောအခြေအနေ၌ မည်သို့လုပ်ဆောင်ကြမည် နည်း။ ကျွနု်ပ်တို့မသိသောနည်းလမ်းဖြင့်လား။ မိမိကိုယ်ကို သမ္မာကျမ်းစာကနေ သွန်သင်ခြင်း မရှိလျှင် ကျွနု်ပ်တို့သိမည်မဟုတ်ပါ။ သမ္မာကျမ်းစာထဲတွင်တွေ့ရသော အခြားပညတ်ချက်များ မှာ ချစ်မေတ္တာနှစ်ခုကို ထင်ဟပ်စေသည်။ ပညတ်တော်ဆယ်ပါးသည် မေတ္တာနှင့်ဆိုင်သော ပညတ်ချက်ကို အကျယ်တဝင့် ရှင်းလင်းခြင်းဖြစ်ပါသည်။ ပထမသုံးချက်က ဘုရားချစ်ခြင်းမှာ အဘယ်အရာဖြစ်သည်ကို သွန်သင်သည်။ အခြားဘုရားကို မကိုးကွယ်ခြင်း၊ ဘုရားနာမကို အ လွဲသုံးစားမလုပ်ခြင်း၊ ဥပုသ်နေ့ကို စောင့်ထိန်းခြင်း စသဖြင့်ဖြစ်ပါသည်။ စတုတ္ထအချက်ကနေ နောက်ဆုံးအချက်ထိ ပညတ်ချက်များက ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းဟူသည်မှာ အဘယ် အရာဖြစ်သည်ကို သွန်သင်သည်။ ဆိုလိုသည်မှာ မိဘကို ရိုသေခြင်း၊ လူ့အသက်ကို မသတ် ခြင်း၊ သူများသားမယားကို မပြစ်မှားခြင်း၊ မခိုးခြင်း၊ မမှန်သောသက်သေကိုမခံခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ဥစ္စာကို မတပ်မက်ခြင်း စသဖြင့်ဖြစ်သည်။

သမ္မာကျမ်းစာထဲမှာ ပညတ်ချက်ပေါင်းများစွာ တွေ့ရပါသည်။ ထိုအရာများသည်ပင် ဘုရားကို ချစ်ခြင်းနှင့်ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ခြင်းမှာ အဘယ်အရာဖြစ်သည်ကို ပြသသည်။ အခြေအ နေတိုင်းတွင် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းဖို့အတွက်လည်း သမ္မာကျမ်းစာက သွန်သင် ထားပါသည် (၁ သက် ၅း ၁၈)။ အကြောင်းမှာ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းခြင်းသည် ဘုရားသခင်ကို ချစ်ခြင်းမည်၏။ သမ္မာကျမ်းစာက ပိုလျှံနေသော်လည်း အခွန်ကိုပေးရန် (ရောမ ၁၃း ၅- ၇) သွန်သင်ထားပါသည်။ ကျွနု်ပ်တို့သည် အခွန်ကိုပေးပြီးသောအခါ အခြားသူများကို ချစ်ခြင်းလည်း မည်၏။

မြေကြီးပေါ်တွင် ယေရှုလုပ်ဆောင်ခဲ့သောအရာထဲမှ မည်သို့လုပ်ဆောင်သည်၊ မည်သည့်အရာ ကို မိန့်ဆိုသည်၊ ဘုရားကိုချစ်ခြင်းဟူသည်မှာ အဘယ်အရာဖြစ်သည်၊ အသိမိတ်ဆွေများနှင့် မည်သို့အစပြုသည်ကို နားလည်ရမည်။ ဘုရားသခင်ကိုယ်တိုင်က ယေရှုအထဲ၌ အလုပ်လုပ်နေ ပြီး ဘုရားသခင်သည် မေတ္တာနှင့်ဆိုင်သောပညတ်ကို ချိုးဖောက်ခြင်းမရှိပါ။ ယေရှုသည် ချစ်ခြင်းမေတ္တာအပြည့်ထားသည်။ အခြေအနေကို ကွဲပြားခြားနားစွာ ကိုင်တွယ်ရဖို့ရှိနေသော် လည်း မှန်ကန်သောအရာကိုသာ လုပ်ဆောင်သည်။ သင်သည် မေတ္တာအကြောင်းကို စဉ်းစား နေမည်ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုအခြေအနေ၌ ယေရှုလုပ် ဆောင်မည့်အရာကို ဆင်ခြင်ကြည့်ပါ။ တူညီသောအမှုကိုပြုပါ။ ထိုအရာကိုလုပ်ဆောင်လျှင် ချစ်ရာရောက်ပေမည်။

ကျွနု်ပ်သူငယ်ချင်းတစ်ဦးက ယုံကြည်မှုကင်းမဲ့ခြင်းနှင့်ပတ်သက်ပြီး အသင်းတော်၏အမြင်အ ကြောင်းကို တစ်ဦးဦးက မေးမြန်းစဉ် ဆွေးနွေးချက်တစ်ခုအကြောင်းကို ပြောပြသည်။ မေးသူ က မေးခွန်းကို မတူညီသည့်စကားလုံးဖြင့် သုံးကြိမ်ပြောသည်။ သူက ၎င်း၏မယုံကြည်မှုကို နည်းလမ်းပေါင်းစုံဖြင့် အကာအကွယ်ပြုရန်ဖြစ်ပါသည်။ တတိယအကြိမ်အနေဖြင့် သမ္မာကျမ်း စာထဲတွင် ပညတ်တော်ခြောက်ပါးရှိသည်ဟု ပြောလိုက်သည်။ ထိုလူက မကျေမနပ်ဖြင့် “ကျွနု်ပ်အခြေကို ဖြေနိုင်မည့်သူရှိလား” ဟု မေးမြန်းသည်။ သမ္မာကျမ်းစာ၏ရှုထောင့်သည် သူ့ ကို မကျေနပ်စေဘဲ လစ်လျူရှုလိုသည့်သဘောတွေ့ရသည်။ သူက ပို၍ သက်သောင့်သက်သာ ရှိသောအဖြေကို အလိုရှိသည်။ သမ္မာကျမ်းစာထဲ၌တွေ့ရသော ပညတ်တော်များစွာသည် ကျွနု်ပ်တို့အတွက် ခက်ခဲသည်။ ကျွနု်ပ်တို့မကြားလိုသောအရာကို မိန့်ဆိုသည်။ အကြောင်းမှာ ကျွနု်ပ်တို့သည် ကျမ်းစာ၏မိန့်ဆိုချက်နှင့်ကွဲပြားခြားနားစွာ လုပ်ဆောင်ပြုမူသောကြောင့်ဖြစ်ပါ သည်။ ထိုအကြောင်းကြောင့် လူတို့က “ကျမ်းစာထဲက ပညတ်တရားကို နောက်ထပ် ကျင့်ရန် မလိုတော့” ဟု ပြောလေ့ရှိကြသည်။

သမ္မာကျမ်းစာထဲတွင် ခေတ်မမှီသော ပညတ်တော်ရှိပါသလား။ ကျွနု်ပ်တို့လိုက်လျှောက်ရန် မ လိုတော့သည့် ပညတ်တော်များရှိပါသလား။ ဤအဖြေနှင့်ပတ်သက်ပြီး မှန်ကန်သောအရာကို ပေးလျက် ကျွနု်ပ်တို့ထက် ဖြေနိုင်သူရှိပါသလား။ “ငါအမှန်အကန်ဆိုသည်ကား၊ ကောင်းကင် နှင့်မြေကြီးမတည်သော်လည်း ငါ့စကားသည်လိမ့်မည်။ ငါ့စကားမပြည့်စုံမှီ ပိန္တုတစ်လုံးတောင် မှမပျက်စီးစေရ” (မဿဲ ၅း ၁၈)။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်တော်ထွက်ဖြစ်သည်။ ဘုရားသခင်သည် လုံးဝမပြောင်းလဲပါ။ သူမိန့်တော်မူသောအရာ၌လည်း ပြောင်းလဲစရာအ ကြောင်းမရှိပါ။ ဘုရားသခင်က အပြစ်ဟုဆိုလျှင် အပြစ်ဖြစ်သည်၊ အပြစ်ဖြစ်ခဲ့သည်။ နောက် တွင်လည်း အပြစ်ပဲဖြစ်လိမ့်မည်။ နောက်ထပ်အပြစ်မဟုတ်တော့ဟု ကျွနု်ပ်တို့က အကြောင်း ပြချက်ကောင်းများချထားလျှင်ပင် အပြစ်သာဖြစ်ပေမည်။ သို့မဟုတ် ကျွနု်ပ်တို့လုပ်ဆောင် သောအရာသည် အများလုပ်ဆောင်သောအရာဖြစ်နေလျှင် အပြစ်မဟုတ်ပါ။ သို့မဟုတ် ကြီး သည့်အပြစ်လည်းဖြစ်နိုင်သည်။

ကျွနု်ပ်တို့သည် ကျဆုံးသောသူများဖြစ်ကြောင်းကို သတိချပ်ရမည်။ ထိုအကြောင်းကြောင့် အမှားနှင့်အမှန်ကြားက ကျွနု်ပ်တို့၏အယူအဆများသည် ပျက်စီးယိုယွင်းနေသည်။ ဘုရားသခင် မူကား ကျဆုံးသောသူမဟုတ်ပါ။ ဘုရားသခင်က အပြစ်အကြီးအသေးကို ခွဲခြားနေမည်မဟုတ် ကြောင်းကိုလည်း သတိရစေလိုသည်။ သူ၏ပညတ်တော်ကိုချိုးဖောက်လျှင် ကျွနု်ပ်တို့သည် အ အပြစ်ကြီးကျူးလွန်ရာရောက်သည်။ အဓိပယ်မရှိသော၊ အသေးအမွားအပြစ်လေးပင်ဖြစ်နေစေ ကာမူ အပြစ်ပင်ဖြစ်သည်။ ယေရှုက လူကိုသတ်သောသူပင်ဖြစ်စေ၊ မိုက်မဲသောသူဟုခေါ်သော သူပင်ဖြစ်စေ ငါရဲနှင့်ထိုက်တန်သည်ဟု သွန်သင်ထားသည်။ ဘုရားသခင်၏မျက်မှောက်တော် တွင် သေးငယ်သောအပြစ်ပင်လျှင် ကြီးသောအပြစ်ဖြစ်ပါသည်။

အကျိုးသက်ရောက်မှု သိပ်မရှိတော့သည့်အရာ သမ္မာကျမ်းစာထဲ၌ တွေ့ရသည်။ အတိတ်က ဘုရားသခင်သည် သမ္မာဟောင်းပဋိညာဉ်ကိုပေးထားသည်။ ၎င်းမှာ ဂျူးလူမျိုးများအတွက်သာ ဖြစ်ပါသည်။ ပေးလှူခြင်းနှင့်ပတ်သက်သောပညတ်အများစုမှာ ထိုပညတ်တော်ထဲကပင်ဖြစ်ပါ သည်။ သမ္မာကျမ်းစာသင်ကြားပေးထားသောအရာမှာ ယခုတည်ဆောက်ထားသော ပဋိညာဉ် တရားသစ်အကြောင်းဖြစ်သည်။ ပဋိညာဉ်တရားဟောင်းသည် နောက်ထပ်အကျုံးမဝင်တော့ပါ။ ဘုရားသခင်၏သားတော်သည် လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံပြီး တလောကလုံး၏အပြစ် ကို ငြိမ်းစေကာ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေခဲ့သည်။ ဖြောင့်မတ်ခြင်းအရာကို ပြန် လည်ပေးထားသည်။ ထိုအကြောင်းကြောင့် ကျွနု်ပ်တို့သည် ပဋိညာဉ်တရားဟောင်းနှင့်မသက် ဆိုင်ကြတော့ပါ။ လုံးဝမဆိုင်ရတော့ပါ။ မောရှေ၏ပညတ်တေရားတို့ကိုစောင့်ထိန်းရန် မဟုတ် တော့ပါ။ ထိုပညတ်တို့ကို စောင့်ရှောက်ခြင်းက ယေရှု၏အသေခံခြင်းကို မထီလေးစားလုပ်ခြင်း နှင့်တူညီပါသည်။ ကျွနု်ပ်တို့သည် ယေရှုအသေခံခဲ့ပြီးကျွနု်ပ်တို့အား ထာဝရအသက်ကိုပေးလို သော်လည်း ကျွနု်ပ်တို့သည် မိမိကြိုးစားမှုအားဖြင့် ထာဝရအသက်ကို ရရှိရန် ကြိုးစားကြပေ လိမ့်မည်။

ပရသိသုတွင် စာတန်သည် ဘုရားနှုတ်ကပတ်တော်အပေါ် သံသယဖြစ်ရန် လူတို့ကိုလုပ်သည်။ နတ်ဆိုးသည် ဘုရားလူတို့ကို စွပ်စွဲခြင်းပြုရန် ရောက်ရှိလာသည်။ မာရ်နတ်သည် ထိုနည်းလမ်း ကို အသုံးပြုပြီး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ဤကျမ်းပိုဒ်က အဲလောက်ထိ အရေး တယူလုပ်နေရန်မလိုအပ်ပါ၊အဲလောက်ထိ ဖြေရှင်းနေစရာမလိုအပ်ပါဟူသော အရာဖြင့် ချီ တက်လာမည်။ သမ္မာကျမ်းစာမိန့်ဆိုချက်နှင့်ကွဲပြားခြားနားစွာ ပြုမူလုပ်ဆောင်ရန် ကျမ်းစာ သို့မဟုတ် အကြံပေးမှုကို အလေးမထားသောအသံသည် မာရ်နတ်၏အသံဖြစ်ပါသည်။ ထိုအ သံသည် ယဉ်ကျေးပြီးအသိဉာဏ်ရှိသောအပြုအမူဖြင့်သော်လည်းကောင်း၊ မေတ္တာပြည့်ဟန်ဖြင့် ပြောဆိုနေသောအသံဖြစ်သော်လည်း မာရ်နတ်၏အသံပင်ဖြစ်ပါသည်။ ယင်းသည် မည်သို့ပင် ဆိုစေ ဝိညာဉ်တိုက်ပွဲပင်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ဘုရားဝိညာဉ်တော်၏အသံကို နားထောင် မှာလား၊ သို့မဟုတ် မာရ်နတ်၏အသံကို နားထောင်မှာလား။ ဘုရားသခင်၏ဝိညာဉ်တော်က ကျွနု်ပ်တို့အား ကျမ်းစာနှင့်သာ၍ နီးကပ်စေလိုသည်။ သို့ရာတွင် မာရ်နတ်ကမူ ကျွနု်ပ်တို့ကို ဆွဲ ဖြဲဖျက်ဆီးလိုသည်။

လုပ်ဆောင်ရန် ပြောသည့်အရာတိုင်း၊ သို့မဟုတ် ရှောင်ကြဉ်ရန် ပြောဆိုသည့်အရာတိုင်းသည် သမ္မာကျမ်းစာကို အခြေခံထားသည်မဟုတ်။ လူတို့စီမံထားသည့် ထုံးတမ်းစဉ်လာများစွာရှိပါ သည်။ ထိုအရာတို့ကို စောင့်ထိန်းစေလိုနိုင်သည်။ လူတို့စီမံထားသော ပညတ်တော်ကို ဘုရား နှုတ်တော်ထွက်စကားနှင့်တူညီသည်ဟု ရှုမြင်နိုင်သည်။ ထိုအရာတွေကို ထိန်းသိမ်းရန်လည်း တောင်းဆိုနိုင်သည်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားကို မှားယွင်းစေသည်။ အကြောင်းမှာ လူတို့၏အယူအဆသည် ဘုရားနှုတ်ကပတ်တော်နှင့်တူညီစေကြသည်။ တောင်းဆိုမှု သို့မဟုတ် ဆီးတားမှုကိုပြုသောအခါ သမ္မာကျမ်းစာက မည်သို့ပြောသည်ကို သတိချပ်ပါ။ ထိုသို့ သော ကျမ်းပိုဒ်ကို ကျမ်းစာထဲ၌ ရှာမတွေ့လျှင် စောင့်ထိန်းနေစရာ မလိုအပ်ပါ။

ဘုရားသခင်၏ပညတ်တော်ကို ချိုးဖျက်ခြင်းသည် အလွန်ပင် အန္တရယ်ကြီးလှသည်။ ထိုအ ကြောင်းနှင့်ပတ်သက်ပြီး အကြောင်းပြချက် သုံးခုရှိပါသည်။

၁။ ဘုရားသခင်သည် သန့်ရှင်းသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အလေးမထားခြင်း သည် ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်ပါသည်။ ဘုရားသခင်က သူ့လူတို့နှင့်ရေရှည်တည် ဆောက်နိုင်သည်။ သို့သော် သူ၏အမျက်တော်သည် အနှေးနှင့်အမြန် လောင်ကျွမ်းနိုင်ပါသည်။ တစ်ဦးချင်းသော်လည်းကောင်း၊ သို့မဟုတ် တိုင်းနိုင်ငံတစ်ခုလုံးသော်လည်းကောင်း သူ၏အ မျက်တော်ကို ကမ္ဘာကြီးပေါ်တွင် ရင်ဆိုင်ရနိုင်သည်။ ဘုရားသခင်၏ပညတ်တော်ကို လစ်လျူရှု ငြင်းဆန်သောသူသည် အနည်းဆုံး နောင်ဘဝ၌တော့ ပြန်လည်ပေးဆပ်နိုင်သည်။ ထိုအချိန် သည် လူတိုင်း ဘုရားသခင်၏ရှေ့တော်၌ရပ်ပြီး တရားစီရင်ခြင်းအစပြုပေလိမ့်မည်။

၂။ ဘုရားပညတ်တော်ကိုချိုးဖောက်ခြင်းက လူသားများကို ဘုရားသခင်နှင့်ဝေးစေသည်။ အပြစ် သည် သြတ္တပစိတ်ကို ဖျက်ဆီးသည်။ သြတ္တပ မကြည်မလင်ဖြင့် အသက်ရှင်နေရသော လူတစ် ဦးသည် ဘုရားသခင်ကို ရှောင်လွှဲနေသည်။ ဘုရားပညတ်တော်ကို ချိုးဖောက်လေလေ၊ ဘုရား မျက်မှောက်တော်နှင့်ဝေးလေလေဖြစ်သည်။ ဘုရားသခင်နှင့်အနီးအပါးတွင် အသက်ရှင်ရန် သတ်မှတ်ထားခြင်းကြောင့် ပို၍ပင် ဆိုးကျိုးကြုံတွေ့ရနိုင်သည်။ ဘုရားသခင်၏ပညတ် တော်ကို အမှုမဲ့အမှတ်မဲ့နေခြင်းသည် သင့်ကို ဘုရားသခင်နှင့်ချက်ချင်းကွာစေနိုင်သည်။ အချိန် တိုင်းလည်း ကွာစေနိုင်သည်။ ဘုရားသခင်နှင့်နောက်ဆုံးကွဲကွာခြင်းကို ထာဝရပျက်စီးခြင်းဟု ခေါ်သည်။

၃။ ဘုရားပညတ်တော်သည် ဘဝ၏ကိုယ်ပိုင်နိယာမတရားဖြစ်သည်။ ပညတ်တရားကို စောင့် ရှောက်လျှင် ဤလောကကြီး၌ အသက်ရှင်ရလွယ်ကူသည်။ မစောင့်ထိန်းလျှင် ဤကမ္ဘာကြီး သည် ပို၍ပင်ဆိုးသွင်းလိမ့်မည်။
ဘုရားပညတ်တော်က မှန်ကန်စွာ အသက်ရှင်ရန် လမ်းညွှန်ပေးသည်။ ပညတ်တော်သည် လည်း အရေးကြီးသည့် အခြားတာဝန်တစ်ခုဖြစ်ပါသည်။ ၎င်းတို့သည် ကျွနု်ပ်တို့၏ပုံစံကို ထင် ရှားစေသည့် မှန်နှင့်တူပါသည်။ မည်သို့အသက်ရှင်သင့်သည်ကို ကြားရသောအခါ “မှန်မှန် အ သက်ရှင်ရမယ် မလား” ဟူသော မေးခွန်းဖြင့် ပျာများနေသည်။ မိမိနှင့်မိမိအသက်တာကို ရိုးရိုး သားသားဆင်ခြင်သောသူသည် ဤသို့မဖြစ်လာသည်ကို သတိပြုမိလေမည်။ ပညတ်တော်ကို တစ်နည်းမဟုတ်၊ တစ်နည်းနှင့်တော် ချိုးဖောက်သည်။ ကျွနု်ပ်တို့တစ်ဦးစီးတိုင်းက နည်းလမ်း ပေါင်းစုံကို အသုံးပြုပြီး ပြစ်မှားနေကြသည်။ ချိုးဖောက်နေကြသည်။ ဘုရားသခင်က ဤအရာ ကို မုန်းတီးသည်။ ထို့ကြောင့် ကျွနု်ပ်တို့အားလုံးသည် ဘုရား၏တရားစီရင်ခြင်းနှင့်ထိုက်တန်ကြ ပါသည်။

ဘုရားသခင်၏ပညတ်တော်အကြောင်းကို မပြောသင့်ဟု ဆိုသောသူလည်း ရှိသေးသည်။ အား လုံးလိုအပ်နေသည်မှာ နူးညံ့သိမ်မွေ့သော ဧဝံဂေလိတရားသာလျှင်ဖြစ်သည်။ ထိုသို့မဟုတ်ရ ပါ။ အမှားနှင့်အမှန်ကြားက ကျွနု်ပ်တို့၏အယူအဆသည် ဘုရားသခင်၏စကားတော်ကို မှန်ကန် စွာ သင်ယူပေးခြင်းမရှိလျှင် ပို၍ပင် မုန်ဝါသွားမည်။ ယေရှုကို အမှန်တကယ် လိုအပ်ကြောင်း သိမြင်နိုင်ရန် ဘုရားသခင်၏ပညတ်တော်ကို အမှန်တကယ် လိုအပ်ကြပါသည်။ ပညတ်တော် မရှိလျှင် ကျွနု်ပ်တို့သည် အရမ်းကောင်းကြသည်။ ဘုရားသခင်ကို အသက်တာအားဖြင့် ကျေ နပ်စေကြသည်ဟု စတင်ထင်မြင်လာကြမည်။ ဤမှားယွင်းမှုက ပျက်စီးစေနိုင်သည်။ ပညတ် တရားသည် ဤမှားယွင်းမှုကို ဖယ်ရှားပြီး ကျွနု်ပ်တို့၏ဆိုးသွင်းခြင်း စသဖြင့် မကောင်းမှုများကို ဖော်ပြသည်။ ယေရှုထံသို့သွားစေပြီး အပြစ်ခွင့်လွှတ်ခြင်းတရားကိုလည်း တောင်းခံစေပါသည်။

ပညတ်တရားသည် အလွန်လိုအပ်သည်။ သို့ရာတွင် ကယ်တင်ခြင်းကိုတော့ မပြုနိုင်ပါ။ အ ဘယ့်ကြောင့်ဆိုသော် အဘယ်သူမျှ ပညတ်တော်ကို မစောင့်ထိန်းနိုင်ပါ။ အဘယ်သူမျှ ဘုရား သခင်ရှေ့၌ အရမ်းကြီး မကောင်းနိုင်ပါ။ ကျွနု်ပ်တို့ကို ကယ်တင်သောအရာကား အဘယ်အရာ ဖြစ်သနည်း။ ဧဝံဂေလိတရားသာဖြစ်ပါသည်။ ဘုရားသခင်၏ဧဝံဂေလိတရားသည် ယေရှုခရစ် နှင့်လက်ဝါးကပ်တိုင်အကြောင်းပင်ဖြစ်ပါသည်။ ဘုရားသခင်၏သားတော်သည် ထိုအရပ်၌ အပြစ်စီရင်ခြင်းကို ခံခဲ့ရသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့အတွက် အပြစ်စီရင်ခြင်းမရှိတော့ပါ။ ယစ်အ ဖြစ် မိမိကိုယ်ကို စွန့်ခဲ့သည်။ သို့ဖြစ်၍ ဘုရားသခင်က ကျွနု်ပ်တို့အပြစ်ကို ခွင့်လွှတ်တော်မူခဲ့ပါ သည်။ ဘုရားပညတ်တော်တွေကို စောင့်ထိန်းရုံသာဖြစ်သည်။ ထိုသို့စောင့်ထိန်းရတွင် ခရစ် တော်၏ပြီးပြည့်စုံစေခဲ့သောနေရာမှစ၍ လုပ်ဆောင်ရန်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ယေရှုထံသို့ပြန်လာသမျှသောသူတို့ကို သူ့တို့အသက်ရှင်မှုအားဖြင့် ဘုရားလက်ခံစရာမဟုတ် သော်လည်း လက်ခံပေးသည်။ ယင်းသည် ယေရှုခရစ်၏အသေခံခြင်းကြောင့် ဘုရားကျေးဇူး တော်ခံရခြင်းဖြစ်သည်။ ကျွနု်ပ်တို့၏ကိုးစားမှုသည် ထိုသို့ဖြစ်လျှင် သန့်ရှင်းသောဘုရားသခင် ရှေ့၌ ကျွနု်ပ်တို့ရပ်ရမည်။

ယေရှုကို ပိုင်ဆိုင်သောသူသည် ဘုရားသခင်၏ကျေးဇူးတော်အောက်၌ လုံခြုံစွာ နေရသည်။ ယေရှုကို ပိုင်ဆိုင်သောသူတို့သည် ယုံကြည်ကြသဖြင့် ထိုယေရှု၌ ဗတ္တိဇံကိုခံကြသည်။ ကယ် တင်ခြင်းသည် ဆုလက်ဆောင်ဖြစ်သည်။ ကျွနု်ပ်တို့ နည်းလမ်းအဖုံဖုံသုံးပြီး ရယူ၍မရပါ။ ယုံ ကြည်သူတိုင်း ရရှိပိုင်ဆိုင်ရကြသည့် အခမဲ့ဆုလက်ဆောင်ဖြစ်သည်။ ကျွနု်ပ်တို့လုပ်ဆောင်နိုင် သောအရာက ထိုအရာအတွက် အကျိုးမရှိပါ။ မိမိသည် အပြစ်သားဖြစ်သဖြင့် တရားစီရင်ခြင်း နှင့်ထိုက်တန်သည်ကို သိသောသူတိုင်းသည် ကျွနု်ပ်တို့အပြစ်ကိုငြိမ်းစေသည့် ယေရှု၏ဧဝံဂေ လိတရားကို လက်ခံရရှိနိုင်ပါသည်။ ပညတ်တရားအကြောင်းကို မည်မျှပင် ဟောပြောနေပါစေ ယေရှု၌ ယုံကြည်ခြင်းကို မဖြစ်စေနိုင်ပါ။ ဧဝံဂေလိတရားကသာလျှင် ယုံကြည်ခြင်းကို ဖြစ်စေ နိုင်သည်။ ကယ်တင်ခြင်းကို ရရှိစေသော ယုံကြည်ခြင်းကို ပညတ်တရားက အားမကြီးစေနိုင်ပါ။ ထိုသို့လုပ်ဆောင်နိုင်သည်မှာ ဧဝံဂေလိတရားသာလျှင်ဖြစ်ပါသည်။

ယုံကြည်ခြင်းက ကျွနု်ပ်တို့အသက်တာကို ထိန်းချုပ်ပါသလား။ ထိန်းချုပ်ပါသည်။ ခရစ်ယာန် တစ်ဦးအနေဖြင့် အသက်ရှင်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြစ်သည်။ ဘုရားကို ကြောက်ရွံ့ခြင်းသည် ဘုရားအပေါ် လုံးဝဥဿုံမှီခိုခြင်းမည်၏။ ကျွနု်ပ်အသက်တာသည် ဘုရား သခင်ပေးထားသောအရာပေါ်တွင် လုံးဝမှီခိုသည်။ သူရဲ့ကရုဏာအပေါ်တွင် လုံးဝမှီခိုသည်။ ဘုရားသခင်ကို အမျက်တော်မထွက်စေလိုသောကြောင့်ဖြစ်ပါသည်။ သူ့ကို အမျက်ထွက်စေ လျှင် ဘုရားသခင်က ကျွနု်ပ်ကို ငြင်းပယ်မည်။ ကျွနု်ပ်အသက်တာသွားရာလမ်းတွင် အဆိုးများ သာလျှင် ဖြစ်ပျက်လာမည်။ နှုတ်တော်ထွက်စကားများကို လစ်လျူရှုသောအခါ ဘုရားသခင် မုန်းသည်ကို ကျွနု်ပ်သိသည်။ ထို့ကြောင့် ဘုရားအလိုတော်ကို လစ်လျူရှုသောအသက်တာဖြင့် အသက်ရှင်မိမည်ကို ကြောက်ရွံ့သည်။ ထိုသို့လစ်လျူရှုလျှင် ဘုရားသခင်ကို အမျက်ထွက်စေ မည်။ ထိုအရာက ကျွနု်ပ်အသက်တာကို ကြောက်လန့်စေမည်။ သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကျွနု်ပ်အသက်တာကို ထိန်းချုပ်ပေးသည်။ ကျွနု်ပ်အလိုဆန္ဒအတိုင်း အသက်မရှင်နိုင်ပါ။ သို့ရာ တွင် ဘုရားပညတ်တော်ချမှတ်ထားသောအကန့်အသတ်သည် ကောင်းသောကန့်သတ်မှုဖြစ်ပါ သည်။ ကျွနု်ပ်ဘဝကို အကာအကွယ်ပေးသည်။ ထိုအရာကို လိုက်နာကျင့်ဆောင်လျှင် မကောင်းသောအမှုများကို ရှောင်ကြဉ်နိုင်မည်။

ဘုရားသခင်၏အလိုတော်ကို ဆောင်နိုင်ရန် မည်သည့်နေရာ၌ ခွန်အားရရှိမည်နည်း။ ကျွနု်ပ် မည်သို့အသက်ရှင်ရမည်ကို ပြောဆိုရင်းသက်သက်ဖြင့်တော့ ခွန်အား မရနိုင်ပါ။ ခွန်အားကို ပေးသည်မှာ ဧဝံဂေလိတရားဖြစ်သည်။ ဘုရားသခင်က ကျွနု်ပ်ကို အဘယ်မျှလောက်ချစ်သည် ဟူသောအချက်ကိုသိသည်။ ဘုရားသခင်ထံမှ အခမဲ့ထာဝရအသက်ဆုကျေးဇူးကို ရရှိသောသူ တိုင်းသည် ဘုရားသခင်ကို ကျေးဇူးချီးမွမ်းလိုကြမည်။ ဘုရားသခင်ကို ကျေးဇူးချီးမွမ်းခြင်းသည် အသက်တာ၌ ဘုရားသခင်၏အလိုတော်ပင်ဖြစ်ပါသည်။ ဘုရားကျေးဇူးတော်အားဖြင့် ကယ် တင်ခြင်းသို့ရောက်သည်ဟူသောအချက်က ခွန်အားကိုပေးပြီး လုပ်ဆောင်လိုသော ဆန္ဒလည်း ဖြစ်စေပါသည်။ ကျွနု်ပ်အသက်တာတွင် အလွန်ကောင်းမွန်သောဘုရားသခင်ကို ကျွနု်ပ်နာခံမှုပြု လိုသည်။ ထိုနည်းတူစွာ ကျွနု်ပ်သည် လုံးဝမပြည့်စုံပါ၊ သို့ရာတွင် ဘဝတစ်လျှောက်လုံး၌ ဘုရား သခင်ကို နာခံလိုက်လျှောက်မည်။ နောင်တချိန် ကောင်းကင်ဘုံသို့ရောက်လျှင် ထိုအရပ်၌ အ ပြစ်လုံးဝမရှိနိုင်တော့ပေ။