ဘုရားသခင်- ချစ်ကြောက်ဖို့ဖြစ်သည်။

ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ ဘုရားသခင်မည်သူနှင့်တူကြောင်းကို မည်သို့သိနိုင်သနည်း။

ယုံကြည်ခြင်းအကြောင်းနှင့်ပတ်သက်ပြီး အများတွေးလေ့ရှိသောအရာမှာ “ဟုတ်ကဲ့၊ ဘုရားသခင် သည် အမှန်တကယ် တည်ရှိပါသည်။ သို့သော် သူ့အကြောင်းကို များစွာ မသိနိုင်ပါ။ ကျွနု်ပ်တို့ အ နည်းဆုံးသောအရာသိဖို့တောင် သိပ်မသေချာပါဘူး။ ဤအရာများကို ထဲထဲဝင်ဝင် တူးဖော်လေ့လာ ခြင်းမရှိသည့်အကြောင်းတရားဖြစ်သည်” ဟူသော အချက်ပင်ဖြစ်ပါသည်။

ထိုအထဲ၌ သမ္မာတရားပန်းပွါးလေးရှိသည်။ ဘုရားအကြောင်း သိနိုင်ဖို့အစွမ်းအစ ကျွနု်ပ်တို့မှာ မရှိတာတော့သေချာသည်။ ကျွနု်ပ်တို၏အတည်ပြုခြင်းအခမ်းအနားတွင် သင်ယူရရှိသောအ နည်းငယ်သောအရာကို သတိရမိသည်။ ထိုအထဲ၌ တစ်ခုသောအရာမှာ ဘုရားသခင်သည် မိမိ ကိုယ်ကို ဝှက်၍ထားသည် ဟူသောအချက်ဖြစ်သည်။ ဘုရားသခင်သည် ပုန်းရှောင်နေသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို ကျွနု်ပ်တို့လက်လှမ်းမမှီနိုင်ပါ။ တောနက်ကြီးတွင်နေပြီး ကြယ် တွေစုံလင်လှသော ကောင်းကင်ကိုကြည့်ရင်း ဘုရားသခင်တည်ရှိကြောင်းကို သိမှတ်နိုင်ပါ သည်။ ယင်းသည် တစ်နေရာရာကနေသာဖြစ်ပြီး ဘုရားသခင်ကို လက်လှမ်းမှီ၍မရပါ။ သူ့ကို မမြင်နိုင်ပါ။ သို့မဟုတ် ကျွနု်ပ်တို့၏အတွေးကမ္ဘာထဲ သွက်သွင်း၍လည်း မရပါ။

လူသားအနေဖြင့် ဘုရားသခင်အကြောင်းကို ခန့်မှန်းချက်ထုတ်၍တော့ရသည်။ တကယ်တော့ ထိုခန့်မှန်းချက်မျိုးတွင် ထူးချွန်သူများဖြစ်ကြသည်။ ကမ္ဘာကြီးသည် ဘာသာတရား၊ ဘာသာတ ရားအယူအဆများနှင့်ပြည့်နှက်လွှမ်းမိုးနေသည်။ သို့ရာတ၊ွင် ကျွနု်ပ်တို့သည် ဘုရားသခင်အ ကြောင်းကို ပြောရုံသက်သက်သာပြောမည်ဆိုလျှင် “ကျွနု်ပ်ရဲ့အတွေးသက်သက်သာဖြစ်သည်” သို့မဟုတ် “အတွေးအခေါ်ပညာရှင်ကြီးကပြောသည်” စသဖြင့် ခန့်မှန်းပြောဆိုခြင်းသက်သက် သာဖြစ်သည်။ ကျွနု်ပ်တို့မမြင်ခဲ့၊ မသိခဲ့သောအကြောင်းအရာကို မှန်းဆခြင်းသက်သက်ဖြစ်ပါ သည်။ အချို့သောအကြောင်းအရာများတွင် အမှန်တရားသည် ပါးပါးလေးပါရှိသောလည်း အချို့တွင်မူ လုံး၀ မှန်းယွင်းမှုဖြစ်နိုင်သည်။ ရေးသားချက်များတွင် ဘုရားသခင်ကိုရှာဖွေရန် အတွေးအခေါ်ပညာရှင်ကြီးတို့၏အယူအဆအကြောင်းစာအုပ်ကိုဝယ်ရန် စာအုပ်ဆိုင်သို့ သွား ခြင်သည်လည်း အကျိုးမရှိ။ လူများစွာတို့သည် ထိုသို့လုပ်ဆောင်ကြသည်။ သို့သော် ယင်း သည် ဘုရားသခင်အကြောင်း သင်ယူရနိုင်သော နည်းလမ်းမဟုတ်ပါ။

ဘုရားသခင်သည် ပုန်းရှောင်ထားသည်။ သို့သော် ညီတူညီမျှမှန်ကန်သောအရာသည် ကျွနု်ပ် တို့ ဘုရားကို သိနိုင်သောအရာဖြစ်သည်။ သူသည် ကျွနု်ပ်တို့ကို အမှန်တကယ် ချစ်သည်၊ မ ချစ်သည်၊ လမ်းပြစောင့်ထိန်းသည်ကို သိနိုင်သောအရာလည်းဖြစ်သည်။ ထို့အပြင် သူသည် ကျွနု်ပ်တို့ကိုလည်း ကျွနု်ပ်တို့၏တရားမျှတမှုကိုလည်းကောင်း စိတ်ဝင်တစားရှိနေလျှင် သိနိုင် သောနည်းလမ်းလည်းဖြစ်ပါသည်။ ဘုရားသခင်နှင့်နီးနီးကပ်ကပ်ရှိနေရင် ဘုရားသခင်ကို သိနိုင်ပါသည်။ သို့ဆိုလျှင် “သူ့ကို သိတယ်၊ သူ့ကို ပိုင်ဆိုင်တယ်” ဟု ပြောနိုင်ပါသည်။ မည် သို့ဖြစ်နိုင်သနည်း။ ထိုအဖြေမှာ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်သည်။ ဘုရားသခင်သည် ကျွနု်ပ်တို့မသိမမြင်နိုင်၊ မတွေးမခေါ်နိုင်သည့်အရပ်ကနေ သူ့ရဲ့နှုတ်တော် ထွက်စကားကို စေလွှတ်ခဲ့သည်။ သူ့ရဲ့နှုတ်တော်ထွက်စကားဖြင့် စတင်စကားပြောသည်။ မိမိ အကြောင်းကိုပြောသည်။ သူ့၏ဝှက်ထားသော ၎င်း၏ဖြစ်ခြင်းကို ကျွနု်ပ်တို့အား ဖော်ပြထားပါ သည်။

ဤအရာမှာ ဘုရားသခင်လုပ်ဆောင်သောအရာဖြစ်သည်။ ကျွနု်ပ်တို့မမြင်နိုင်သောအရာထဲမှ သူ့ရဲ့နှုတ်တော်ထွက်စကားကို စေလွှတ်ခဲ့သည်။ ထိုအရာက အကြောင်းအရာကို ဆိုလိုထားပါ သည်။

ပထမအချက်မှာ ဘုရားသခင်သည် စာအုပ်တစ်အုပ်ကို ကျွနု်ပ်တို့အား ပေးထားသည်။ ခရစ် ယာန်ကဲ့သို့သောသူတို့က အမြဲတမ်းယုံကြည်ကြသည်မှာ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်ဟု ယုံြ့ည်ကြသည်။ ဘုရားသခင်သည် လူအချို့ကို ရွေးချယ်သည်။ မိမိအကြောင်းကို လောကမှာရှိသောလူတိုပအား မိမိအကြောင်းပြောရန် လူတို့ကို စေလွှတ်ခိုင်း ခဲ့ပါသည်။ သမ္မာကျမ်းစာက အခြေအနေအမျိုးမျိုး၌ ဘုရားသခင်လုပ်ဆောင်ခဲ့သောအရာ၊ လူ တို့လုပ်ဆောင်ရန် မိန့်တော်မူသောအရာ၊ အဘယ်မျှလောက်ချစ်သည်ဟူသောအရာ၊ မည်သည့် အရာကို စက်ရှုပ်ရွံ့ရှာကြောင်း၊ ဘုရားသခင်အကြောင်း ဘုရားလူတို့သင်ကြားပို့ချပေးသောအ ရာတို့ကို ဖော်ပြထားပါသည်။ ဘုရားသခင်က ကျွနု်ပ်တို့အား မိမိအကြောင်း ဖော်ပြသည်မျာ သမ္မာကျမ်းစာအားဖြင့်သာ ဖြစ်သည်။ သို့မှသာ ကျွနု်ပ်တို့သည် ဘုရားသခင်ကို သိကျွမ်းနိုင်မည် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် မိမိကိုယ်ကိုသိသော ဘုရားသခင်က ဘုရားသခင်ကို သိကျွမ်း နိုင်သည့်အစွမ်းမရှိသော ကျွနု်ပ်တို့ကို စကားပြောသည်။

ဒုတိယအချက်မှာ ဘုရားသခင်သည် သူ၏နှုတ်တော်ထွက်စကားကို စေလွှတ်ခဲ့သည်ဟူသော အချက်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည် နှုတ်တော်ထွက်စကားအားဖြင့် မြေကြီးပေါ်သို့ ဆင်းကြွလာခဲ့သည်။ ယေရှုသည် ဤလောကသို့ကြွလာသောအချိန်၌ ထိုသို့ ဖြစ်ပျက်သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ယေရှုအကြောင်းနှင့်ပတ်သက်၍ သူသည် ဘုရား သခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်လည်းဖြစ်သည်ဟု မိန့်တော်မူခဲ့ပါ သည်။ “ဘုရားသခင်၏နှုတ်ကပတ်တော်” ဟုဆိုရာတွင် မိမိအကြောင်းနှင့်ပတ်သက်၍ ကျွနု်ပ် တို့အား ဘုရားသခင်မိန့်တော်မူလိုသောအရာဟူသမျှသည် ယေရှုအကြောင်းဖြစ်သည်။ “ဘု ရားသခင်ကိုယ်တိုင်” ဟုဆိုရာတွင် မမြင်နိုင်အောင် ဝှက်ထားသောဘုရားသခင်သည် မြင်နိုင် သောသားတော်အသွင်ဖြင့် လူတို့၌ ကျိန်းဝပ်တော်မူသည်” ဟု ဆိုလိုသည်။

တချိန်က တပည့်တော်တစ်ဆယ့်နှစ်ပါးအဝင် ဖိလိပိသည် ခမည်းတော်ဘုရားသခင်ကို ပြသ ရန် ယေရှုကို တောင်းဆိုခဲ့သည်။ ယေရှုက မည်သို့ပြန်လည်ဖြေကြားခဲ့သည်။ “ဤမျှကာလ ပတ်လုံးငါသည် သင်တို့နှင့်အတူ ရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကို မြင်သောသူ သည် ခမည်းတော်ကိုမြင်၏။” (ယောဟန် ၁၄း ၉) ယေရှုကို မြင်ပါသလား။ ယေရှုကိုမြင်လျှင် ခမည်းတော်ကိုမြင်ရမည်။ သို့မဟုတ်လျှင် မြင်နိုင်စရာ အကြောင်းမရှိ။ ယေရှုကို နက်နက်နဲနဲ သိလာအောက် သင်ယူလေ့လာပါ။ စစ်မှန်သောဘုရားကို အမှန်တကယ် သိနားလည်လာပါ လိမ့်မည်။ ယေရှုက အဘယ်မျှလောက်ချစ်သည်ကို တောင်းပန်ပါ။ ဘုရားချစ်ကြောင်းကို သိ လာပါလိမ့်မည်။ ယေရှုစီရင်သမျှသောအရာကို ဆင်ခြင်ကြည့့်ါ။ သို့မဟုတ် သူစီရင်သောလူတို့ ကို လေ့လာပါ။ ဘုရားသခင်က မည်သို့စီရင်ခြင်းအမှုပြုသည်ကို သိလာပါလိမ့်မည်။ ယေရှုက မည်သူ့ကို စိတ်ဝင်စားမှုရှိကြောင်း လေ့လာပါ။ ဘုရားသခင်က သင့်ကို စိတ်ဝင်စားမှုရှိမရှိ ဆင် ခြင်ကြည့်ပါ။

ယေရှုကို သိဖို့ သမ္မာကျမ်းစာက သွန်သင်ပေးထားပါသည်။ သမ္မာကျမ်းစာသွန်သင်သည်မှာလဲ သူ့အကြောင်းတွေသာဖြစ်ပါသည်။ ထိုကျမ်းစာက ကျွနု်ပ်တို့ကို အကူအညီပေးထားသည်မှာ သူ့ကို သိရှိရန်ပင်ဖြစ်ပါသည်။ ထိုအကြောင်းကို ဓမ္မဟောင်းကျမ်း၌လည်း အသုံးချပြောဆိုထား ပါသည်။ ကျမ်းစာထဲ၌တွေ့ရသော ယေရှုသာလျှင် မှန်သော ယေရှု၊ ဘုရားသခင်က မိမိကိုယ် ကို ထင်ရှားစေရန် အသုံးတော်ခံသောသူဖြစ်ပါသည်။

သမ္မာကျမ်းစာဆိုသည်မှာ ဘုရားသခင်အကြောင်း သင်ယူလေ့လာရန် တန်ဆာပလာသာဖြစ်ပါ သည်။ သမ္မာကျမ်းစာမှတပါး အခြားနည်းလမ်းမရှိတော့ပါ။ သဘာဝထဲ လှည့်ပတ်သွားလာနေ ခြင်းသည် အကူအညီကိုမပေးပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လေ့လာသင်ယူခြင်းမရှိ သ၍ အချည်းနှီးသာဖြစ်သည်။ လူတွေက ကျမ်းစာကို မည်သို့ရှုမြင်ကြသည်ကို စဉ်းစားကြည့် ပါ။ အနည်းငယ်သာဖတ်ရှုကြသည်။ သွန်သင်ပေးမှုသည်လည်း နည်းပါးလာသည်။ နှုတ်က ပတ်တော်၏သွန်သင်ချက်များကို တစ်နေ့ပြီးတစ်နေ့ လစ်လျူရှုလာကြသည်။ စာအုပ်စင်ပေါ် တွင် ဖုံများသာ ထူထပ်နေသည်။ သမ္မာကျမ်းစာနှင့်ခေါင်းရှုပ်ခံစရာမလိုပါဘူးဟု ဆိုတဲ့သူတွေ လည်း ဒုနှင့်ဒေးပါ။ လူတွေက ဘုရားအကြောင်းနှင့်ပတ်သက်ပြီး သူတို့ရဲ့အတွေ့အကြုံကိုသာ အသာပေးပြောနေကြသည်။ ထိုအရာက တကယ်တော့ ဘုရားအကြောင်း မှတ်တမ်းတင်ရေး သားထားသော ကျမ်းစာလောက် တန်ဖိုးမရှိပါဘူး။ သူတို့သည် သမ္မာကျမ်းစာကပြောသော အခြားဘုရားကို ယုံြ့ည်နေကြသည့်သဘောကို တွေ့ရသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အကြောင်းကို ကိုယ်တိုင်ပြောဖို့ ကြိုးစားအားထုတ်နေသည်။ သို့ရာတွင် ကျွနု်ပ်တို့သည် မျက်စိပိတ်၊ နားပိတ်လျက် ဘုရားသခင်မိန့်တော်မူသောအရာများကို လစ်လျူရှုနေကြပါသည်။ ကျွနု်ပ်တို့သည် ထိုသို့ပြုလျှင် ဘုရားအကြောင်းကို ဘယ်တော့မှ သင်ယူလေ့လာနိုင်မည်မ ဟုတ်။ ဘုရားအကြောင်းကို ဟိုလိုလို၊ ဒီလိုလို မှန်းဆမှုသာများနေမည်။ မှန်ဆခြင်းသက်သက် သာလျှင် ဖြစ်ပါသည်။

အခြားအရာများစွာနှင့်မတူကွဲပြားစွာ လုပ်ဆောင်ပါ။ သမ္မာကျမ်းစာကို ဖတ်ရှုပါ။ ဘုရားအ ကြောင်း ကျမ်းစာ၏သွန်သင်ချက်ကို အလေးထား၍ နားထောင်ပါ။ ထို့နောက် သွန်သင်သမျှကို ယုံကြည်လက်ခံပါ။

သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ပါသည်။ ထိုအရာတစ်ခုတည်းက ဘုရားသခင်အကြောင်းနှင့်ပတ်သက်ပြီး အားကိုးအားထားပြုနိုင်သော အကြောင်းအချက်များ ကို ပေးသည်ဟု မဆိုလိုပါ။ သမ္မာကျမ်းစာသည် ထိုထက်ပင် အံ့သြစရာကောင်းပါသည်။ ဘုရား သခင်သည် သမ္မာကျမ်းစာထဲ၌ရှိသော နှုတ်တော်ထွက်များထဲတွင် တည်ရှိသည်။ ထိုနှုတ်တော် ထွက်စကားများတွင် ဖတ်သောအချိန် သို့မဟုတ် နားထောင်သောအချိန်၊ သင်ကြားပို့ချပေး သောအချိန်၌ သင့်ထံသို့ ရောက်လာသည်။ ထိုစကားတွင် ဘုရားသခင်သည် သင့်အား စကား ပြောပါသည်။ သူ့ကို သိရှိရန် သင့်အား သွန်သင်ပေးသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ဆီ သို့သွားရမည့်လမ်း ထပ်ခါထပ်ခါ ပေါ်လာပါသည်။ ထိုနည်းအားဖြင့် သင်သည် ဘုရားသခင်ထံ သို့ ရောက်လာနိုင်ပါသည်။ သူသည် သင့်ကိုသွန်သင်ရန် လာခဲ့သည်။ သူကလည်း “သူ့ကို သိ သည်” ဟု မိန့်မူနိုင်သည်။

“ဘုရားသခင်က ကျမ်းစာထဲမှာ စကားပြောသည်၊ သူ့ကိုသိရန် ကျွနု်ပ်တို့အား သွန်သင်ပေး သည်ကို သက်သေပြပါ။ ထိုအရာမှာ ခရစ်ယာန်တစ်ဦးဦးက မကြာခဏ ပြောလေ့ပြောထရှိ သောအရာဖြစ်ပါသည်။ ကျွနု်ပ်တို့က မည်သို့ ဖြေကြားမည်နည်း။ မည်သို့သက်သေပြနိုင်မည် နည်း။ သို့ရာတွင် သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်မဟုတ်ဟူ၍လည်း သက်သေမပြနိုင်ပါ။ လူတိုင်း၏ထင်မြင်ယူဆချက်ကို အဆုံးသတ်စေဖို့ အငြင်းပွါးမှုကိုလည်း မတင်ပြနိုင်ပါ။ လူတိုင်းကိုလည်း ကျမ်းစာ မယုံကြည်စေနိုင်ပါ။ သို့ရာတွင် ဆီးတားမရနိုင်သည့် အငြင်းပွါးမှုတော့ရှိသည်။ ဘုရားသားဖြစ်မဖြစ်ကို သံသယရှိသူတို့အား ယေရှုမိန့်တော်မူသော စကားတစ်ခွန်းရှိသည်။ ယင်းမှာ ဤသို့ဖြစ်ပါသည်။ “ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူ မည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အ လိုအလျောက်ဟောပြောသလောဟု ပိုင်းခြား၍သိကြလိမ့်မည်။” (ယောဟန် ရး ၁၇) ထိုနည်း အတိုင်းပင်ဖြစ်ပါသည်။ သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာပြီး ဘုရားသခင်ထံက လာခြင်းဖြစ်၏၊မဖြစ်၏ကို နားထောင်ပိုင်းခြားလျှင်၊ ဘုရားသခင်က သင့်ကို စကားပြောနေ သည်ကို သမ္မာကျမ်းစာကိုယ်တိုင်က ဖော်ပြလိမ့်မည်။ သမ္မာကျမ်းစာ စကားလုံး၌ ကျွနု်ပ်တို့ကို တို့ထိခွဲခြမ်းပြီးသည်မှာ ဘုရားသခင်ကိုယ်တိုင်က နှုတ်တော်ထွက်စကားအားဖြင့် လုပ်ဆောင် နေခြင်းဖြစ်ပါသည်။ သမ္မာကျမ်းစာကို သံသယရှိသောလူတို့ကို ပြောနိုင်သည်မှာ “ဤစာအုပ်ကို စတင်ဖတ်ရှုဖို့ သတ္တိရှိပါသလား။ ဘုရားသခင်ကိုယ်တိုင်က ထိုစာအုပ်ထဲတွင် မကြာမှီအချိန်အ တွင်းမှာ ဖော်ပြပါလိမ့်မည်။ ယေရှုအကြောင်းကို ရုပ်ရှင်ရိုက်သော ဒါရိုက်တာက ထိုအဖြစ်အ ပျက်ကို ကြုံတွေ့ခဲ့သည်။ သူသည် အလုပ်ကို စတင်လုပ်ဆောင်သောအခါ သူသည် သမ္မာ ကျမ်းစာအကြောင်းကို အလွန်ပင် သံသယရှိခဲ့သည်။ ရုပ်ရှင်အတွက် သမ္မာကျမ်းစာကို နည်း နည်းချင်းစီ လေ့လာသည်။ ရုပ်ရှင်အဆင်သင့်မဖြစ်ခင် ဘုရားသခင်သည် သူ့အထဲ၌ ယုံကြည် ခြင်းကို ဖန်ဆင်းပေးပြီး ဤစာအုပ်သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားဖြစ်ကြောင်းကို ယုံကြည်စေသည်။

ဤအကြောင်းအရာများသည် အလွန်ပင် အရေးကြီးနေပါသလား။ ဘုရားသခင်က ကျွနု်ပ်ကို ချစ်သလား၊ စိတ်ကော ဝင်စားပါသလား ဟူသောအရာများသည် အရေးကြီးသော အချက်ဖြစ် နေပါသလား။ ဟုတ်ကဲ့၊ အရေးကြီးပါသည်။ တကယ်တော့ ဘုရားသခင်ကို သိခြင်းထက် အ ရေးကြီးသည့်အရာ မရှိတော့ပါ။ အကြောင်းပြချက်နှစ်မျိုးဖြင့် အရေးကြီးဆုံးဖြစ်ကြောင်းကို ထင်ရှားစေပါသည်။

ပထမအချက်မှာ၊ လူသားကို ဘုရားသခင်၏ပုဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသည်။ ဆိုလို သည်မှာ သင်သည် ဘုရားသခင်နှင့်ဆက်နွယ်မှုရှိသောနည်းလမ်းဖြင့်အသက်ရှင်ရန်မှာ အမိန့် ဟုဆိုလိုသည်။ ဘုရားကို မသိရင်တော့ အမိန့်ဟု သတ်မှတ်ဖို့မလွယ်ကူပါ။ အသက်ရှင်ဖို့ ဘုရားသခင်၏ရည်ရွယ်ရင်းကနေ နည်းလမ်းပြောင်းသွားလျှင် မကောင်းဆိုးဝါးအရာများသည် အသက်တာတွင် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာမည်။ ဘဝသည် တခါတရံ ဆုံမှတ်မရှိသလိုဖြစ် တတ်သည်။ သို့မဟုတ် စိတ်နှလုံးထဲမှာ အနားမရှိနိုင်သလိုဖြစ်သည်။ နိုင်ငံခြားခရီးထွက်ရင်း၊ စိမ်ခံကားတွေဝယ်ရင်း ကြိုးစားဖြေသိမ့်နေရသည်။ “လူ့စိတ်နှလုံးသည် ဘုရားသခင်၌ခိုနားမှု ကို မပြုသ၍ အနားမရပါ။” ဤသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက အသင်းတော်ဖခင်ကြီး သြဂတ်စတင်းရေးသားထားသည့် စာဖြစ်ပါသည်။ မှန်ကန်နေဆဲပင်ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်အတိုင်းရှိမနေသည့်အချိန်၌ အသက်တာသည် ကမောက်ကမဖြစ်နေသည်မှာ အမှန် ပင်ဖြစ်ပါသည်။ စိတ်နှလုံးထဲ၌ ငြိမ်သက်ခြင်းကိုရှာဖွေသောအခါ လူအများစုသည် တွေ့နိုင် သည့်နေရာတွင် မရှာကြသည်မှာ ဝမ်းနည်းစရာပင်ဖြစ်ပါသည်။ သင်သည် ဘုရားသခင်ကို သိ ခြင်း၌သာ ရှာဖွေနိုင်သည်။ ဘုရားသခင်နှင့်ဆက်နွယ်မှုသည်အရေးကြီးကောင်းကို ယုံကြည်သူ တိုင်းက စတင်၍ လျှော့တွက်ကြသည်။ သူတို့အသက်တာပြီးပြည့်စုံရန် တစ်ခုခုလိုအပ်နေသည် ကို မေ့လျော့နေကြသည်။ ထိုသို့ဖြစ်လာသောအခါ ဘဝအဓိပါယ်သည် ပျောက်ကွယ်သွားခဲ့ပါ သည်။

ဤအရာအရေးကြီးရသည့်အကြောင်းရင်းတစ်ခုရှိပါသည်။ ထာဝရကာလသည် ဤဘဝနောက် ပိုင်းတွင် စတင်မည်။ ဘုရားသခင်နှင့်ကျွနု်ပ်ကြား၌ ဆက်နွယ်မှုရှိမရှိ၊ ဘုရားအစီအစဉ်အတိုင်း အသက်ရှင်ခြင်းရှိမရှိက ဤဘဝနောက်ပိုင်းဖြစ်ပျက်လာမည့်အရာဖြစ်ပါသည်။ ထိုဆက်နွယ်မှု သည် ဘုရားသခင်ကို သိရှိခြင်းတစ်ခုတည်းအားဖြင့် အစီအစဉ်တကျဖြစ်လာနိုင်ပါသည်။ အစီ အစဉ်သည် အစဉ်တကျဖြစ်မည်ဆိုလျှင် ဘုရားသခင်သည် ကျွနု်ပ်တို့အတွက် ကောင်းကင်တံ ခါးကို ဖွင့်ပေးလိမ့်မည်။ ထိုသို့မဟုတ်လျှင် ကျွနု်ပ်သည် ဘုရားသခင်နှင့်ထာဝရ ကွဲကွာရပေ လိမ့်မည်။ ထာဝရကာလထဲ၌ ကုန်ဆုံးခြင်းထက် ကြောက်မက်ဖွယ်ရာ မရှိတော့ပါ။ ထို့အပြင် ဘုရားသခင်ကို သိခြင်းထက် အရေးကြီးသည့်အရာ မရှိတော့ပါ။

ထို့နောက် ဘုရားသခင်သည် မည်သူနှင့်တူသနည်းဟူသော မေးခွန်းရောက်လာမည်။
ကျွနု်ပ်တို့သည် ဘုရားသခင်အကြောင်းနှင့်ပတ်သက်ပြီး ရှိသမျှကိုတော့ မသိ နားမလည်ကြပါ။ တခါတရံ ကျွနု်ပ်တို့ အံ့သြသည့်နည်းလမ်းဖြင့် ဘုရားသခင်က အလုပ်လုပ်သည်။ ကျွနု်ပ်တို့ နာကျင်စွာဖြင့်လည်း အလုပ်လုပ်သည်။ သို့မဟုတ် ကျွနု်ပ်တို့သည် သမ္မာကျမ်းစာကိုဖတ်သော် လည်း မစဉ်းစားဘူးသည့်အရာဖြင့်လည်း ဖော်ပြပေးသည်။ ကျွနု်ပ်တို့စိတ်ကူးယဉ်နှင့်ဆန့်ကျင် ဘက်ဖြစ်အောင် ဘုရားသခင်က ပြောင်းပြန်လှန်ပေးသည်။ ကျွနု်ပ်တို့အဖြေပေးရန်မည့် ဘုရား အကြောင်းနှင့်ပတ်သက်ပြီး မေးခွန်းရှိပါသည်။ သို့သော် ဘုရားသခင်က အဖြေပေးမည်မဟုတ်။ ကျွနု်ပ်တို့သည် ဘုရားအကြောင်းကို လုံးစေ့ပတ်စေ့ နားမလည်ပါ။ သို့ရာတွင် သမ္မာကျမ်းစာထဲ ၌ ဘုရားသခင်က ကျွနု်ပ်တို့သိစရာလိုသောအရာကို အနည်းအကျဉ်းဖော်ပြပေးထားသည်။ အဘယ်သူမျှမရှုပ်ထွေးအောင် ထင်ရှားစေသမျှသောအရာကို ရှင်းလင်းစေသည်။

ဘုရားသခင်သည် မည်သည့်အရာနှင့်တူသနည်း။ သူသည် အလွန်အံ့သြစရာကောင်းပါသည်။ တန်ခိုး၊ ဉာဏ်ပညာ၊ နှင့်ဘုန်းအသရေ၌ အလွန် အံ့သြဘွယ်ရာကောင်းလှပါသည်။ သူသည် စကြာဝဠာတစ်ခုလုံးကို စိုးစံသည်။ ကြယ်တွေစုံတဲ့ကောင်းကင်ပြင်အကြောင်းနှင့်ပတ်သက်ပြီး ဆာလံသီချင်းတောင် ရှိသေးသည်။ ဘုရားသခင်သည် လွန်စွာပင် အံ့သြစရာဖြစ်သည်။ ဘုရား သခင်သည် ထိုသို့ကြီးမြတ်သောသူ၊ အံ့သြစရာကောင်းသောသူဖြစ်သောကြောင့်သာလျှင် အရာအားလုံးကို လက်တော်ထဲ ဆုပ်ကိုင်နိုင်သည်။ သို့မဟုတ်လျှင် ဤအရာများကို ဖန်ဆင်း နိုင်မည်မဟုတ်၊ အရာအားလုံးကိုလည်း အတူတကွ ဆုပ်ကိုင်နိုင်မည်မဟုတ်။ လက်တော်ထဲ၌ အရာအားလုံးကို ဆုပ်ကိုင်ထားသောဘုရားသခင်သည် အလွန်ကြီးမြတ်သောသူဖြစ်ပါသည်။ ဘုရားသခင်၏ကြီးမြတ်ခြင်းအကြောင်းကို ပြောသောအခါ သမ္မာကျမ်းစာက ဘုရားသခင်သည် စကြာဝဠာထဲ၌ရှိသောအရာအားလုံး၊ အသေးဆုံးသောအပင်မှစ၍ စောင့်ရှောက်တော်မူသည် ဟုဆိုသည်။

လူတစ်ဦး၌ ဖြစ်ပျက်သောအရာကို ဤအရာက အလွန်ပဲ ဆိုလိုပုံဖော်ထားပါသည်။ သူသည် လူတစ်ဦးချင်းစီကို စိတ်ဝင်စားပြီး ကူညီမစချင်ပါသည်။ ဘုရားသခင်သည် ထိုအရာကို နှစ် သက်ကြောင်း ယေရှုက ပြသထားပါသည်။ ယေရှုက လူတိုင်းကို အလေးထားပါသည်။ လူ ထောင်ပေါင်းများစွာက သူ့ကိုဝန်းရံထားသော်လည်း သူသည် ရပ်တန့်ပြီး လူတစ်ဦးကို ဦး တည်ပြီး စကားပြောခဲ့သည်။ ယင်းသည် ဘုရားသခင်၏ တိကျသေချာသော လုပ်ဆောင် ချက်ဖြစ်ပါသည်။ သင်သည် ကျွနု်ပ်တို့၏ကြီးမြတ်သောဘုရားသခင်ရှေ့တော်၌ တန်ဖိုးရှိသော သူဖြစ်ပါသည်။ သို့ဖြစ်၍ သူသည် သင့်ကို စိတ်ဝင်စားသဖြင့် သင့်အတွက် လူသားသဏ္ဍာန်ကို ဆောင်လာခဲ့ပါသည်။ သူသည် သင့်ရှေ့တွင်ရပ်ပြီး သင့်ကို စကားပြောသည်။ သင့်စကားကို နားထောင်သည်။ သင့်ဒုက္ခတွေကို ဖြေရှင်းပေးဖို့ သင့်အနားမှာ အမြဲနေချင်သည်။

ဤအကြောင်းအရာကို ယုံကြည်လက်ခံရန်မှာ အလွန်ပင် ခဲယဉ်းပေလိမ့်မည်။ မြေကြီးပေါ်တွင် လူသန်းပေါင်းများစွာ တည်ရှိကြသည်။ သင်သည် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ် စေ၊ မှန်ကန်သောအရာဖြစ်ပါသည်။ အရာအားလုံးသည် ဘုရားသခင်အတွက် ဖြစ်နိုင်သောအ ရာဖြစ်ပါသည်။ အလွန်ပင် အံ့သြစရာကောင်းသောအရာဖြစ်ပါသည်။ ဘုရားသခင်သည် ကျွနု်ပ် ကို အမှန်တကယ် စောင့်ထိန်းပေးသည်။ သူသည် ကျွနု်ပ်ကို စောင့်ရှောက်ပေးသည်။ သူသည် ကျွနု်ပ်နှင့်ပတ်သက်သမျှကို သိသည်။ တနည်းအားဖြင့် ဤသည်မှာ အလွန်ပင် အရေးကြီးသည့် အရာဖြစ်ပါသည်။ ကျွနု်ပ်ရှိနေသည့်နေရာတိုင်းတွင် ဘုရားသခင်သိမြင်သည်။ ဘုရားသခင်ထံမှ ပုန်းရှောင်နေ၍ မရပါ။ လူအများထဲမှ ထွက်ပြေးပုန်းရှောင်၍မရပါ။ ထိုနေရာ၌ပင် ဘုရားသခင် က ကျွနု်ပ်ကို ရှာတွေ့မည်။

ဟေရှာယ အခန်းကြီး ၆ တွင် ပရောဖက်က အလွန်အံ့သြစရာကောင်းသည့် အတွေ့အကြုံအ ကြောင်းကို ပြောဆိုသည်။ သူသည် ဘုရားသခင်ကို ရင်ဆိုင်တွေ့ဆုံရကြောင်း ဆိုပါသည်။ ဘုရားသခင်ရှေ့တော်၌ ဟေရှာယသည် သူနှင့်ဘုရားသခင်ကြား၌ ကွာဟမှုများစွာရှိကြောင်း ကို သတိပြုမိသည်။ သူသည် အပြစ်နှင့်ပြည့်နှက်သောလူသားဖြစ်လင့်ကစား ဘုရားသခင်မူ ကား သန့်ရှင်းသည်၊ ဖြောင့်မတ်သည်ကို သိနားလည်သည်။ ထိုအကြောင်းကို သိမှတ်တော်မူ သော ဟေရှာယက “အကျွနု်ပ်သည် လူပျောက်ဖြစ်သဖြင့် အမင်္ဂလာဖြစ်သတည်း” ဟု ငိုကြွေး အော်ဟစ်လေသည်။ဤသည်မှာ ဘုရားသခင်၏တူညီမှုဖြစ်သည်။ သူသည် သန့်ရှင်းသောသူ ဖြစ်သည်။ သင်တို့သည် ယေရှုရှေ့တော်၌ ပြစ်မှားသောအမျိုးသမီးခေါ်လာကြသည်အကြောင်း ကို ကျမ်းစာထဲ၌ သတိရကြမည်ဟု ထင်ပါသည်။ ထိုမိန်းမက ယခုတွင် အသန့်ရှင်းဆုံး ဘုရား သခင်ရှေ့တော်၌ ရောက်နေကြောင်းကို နားလည်သည်။ သူ၏အသက်ရှင်သန်ခဲ့သည့်အရာ ကြောင့် သူသည် ဘုရားသခင်၏တရားစီရင်ခြင်းနှင့်ထိုက်တန်ကြောင်းကိုလည်း သိခဲ့သည်။ သူသည် ဒူးထောက်ပြီး ယေရှု၏စီရင်ခြင်းကို စောင့်မျှော်နေခဲ့သည်။ သူမသည် တကယ် မှန် ကန်မှုရှိပါသည်။ ဘုရားသခင်သည် အပြစ်ကို မုန်းတီးသည်။ အမှန်တကယ် မုန်းတီးပါသည်။ ယေရှုသည် ထိုမိန်းမကျူးလွန်သောအရာကို မုန်းတီးသည်။ ထိုနည်းတူစွာ ဘုရားသခင်က သင့် လုပ်ဖော်ဆောင်ဘက်တွေကို ပြောဆိုသည့် မကောင်းသောအရာများကို ရွံ့မုန်းသည်။ သို့မဟုတ် သင့်အိမ်နီးချင်းအပေါ် ရိုင်းစိုင်းစွာပြုမူခဲ့သည့်အရာများကို မုန်းသည်။ ဘုရားသခင် အားပြန်ပေးရမည့်အပေါ် လှည့်ဖြားမှုကို မုန်းသည်။ ဘုရားသခင်သည် အပြစ်ကျူးလွန်ခြင်းကို အားမပေးပါ။ သူသည် သန့်ရှင်းဖြောင့်မတ်သူဖြစ်သည့်နည်းတူ အပြစ်အတွက် ပြစ်ဒဏ်ကိုပါ ချမှတ်ထားသည်။ သင်သည် ကျွနု်ပ်ကျူးလွန်သကဲ့သို့ အပြစ်ကိုပြုလျှင်၊ ကျူးလွန်လျှင် ဘုရား သခင်၏တရားစီရင်ခြင်းနှင့်အမှန်တကယ် ထိုက်တန်လိမ့်မည်။

ယေရှုရှေ့တော်၌ ခေါင်းကိုငုံ့လျက်နေနေသော အမျိုးသမီးသည် သူနှင့်ထိုက်တန်သောအရာကို အမှန်တကယ် ခံရပါသလား။ မခံခဲ့ရပါ။ ယေရှုက သူမကို ခြားနားစွာ ဆက်ဆံခဲ့ပါသည်။ သူမ ကို တရားမစီရင်ခဲ့ပါ။ မှန်ကန်သောအရာဖြစ်သော်လည်း တရားစီရင်ထားခြင်းမရှိပါ။ သူသည် သူမကိုချစ်သဖြင့် အပြစ်ကိုခွင့်လွှတ်ထားပါသည်။ ယေရှုသည် ထိုသို့လုပ်ဆောင်နိုင်သည့် တန် ခိုးရှိသည်။ အကြောင်းမှာ သူသည် လက်ဝါးကပ်တိုင်ပေါ်၌ လူသားအားလုံးတို့၏အပြစ်ကို ရန် ငြိမ်းစေခဲ့သည်။ ဘုရားသခင်ကလည်း ထိုနည်းအတိုင်း ကျွနု်ပ်တို့ကို ဆက်ဆံသည်။ ကျွနု်ပ်တို့ သည် တရားစီရင်ခြင်းနှင့်ထိုက်တန်ကြသော်လည်း မစီရင်ပါ။ သူသည် ကျွနု်ပ်တို့အပေါ် ကရုဏာထားသည်။ ယင်းသည် ဘုရားသခင်က ကျွနု်ပ်တို့အပေါ် ထားရှိသောမေတ္တာဖြစ်ပါ သည်။ တနေ့တွင် သူသည် တရားသူကြီးဖြစ်လာလိမ့်မည်။ သို့ရာတွင် ကျွနု်ပ်တို့သည် ကျေးဇူး တော်ကာလထဲ၌ အသက်ရှင်နေကြပါသည်။ သူသည် ယခုအခါ၌ ကျွနု်ပ်တို့ရဲ့အပြစ်ရှိသမျှကို ခွင့်လွှတ်ပေးထားသည်။ ထို့အပြင် ထာဝရအသက်ကိုလည်း ပေးထားသည်။

ဘုရားသခင်သည် သားတော်၏သေခြင်းအားဖြင့် အပြစ်အပေါ်ကျရောက်မည့်အမျက်တော်ကို ပြေစေခဲ့သည်။ ယင်းသည် အပြစ်ရှိသော်လည်း သူ၏မေတ္တာကြောင့်ဖြစ်ပါသည်။ သူသည် ကျွနု်ပ်တို့ကို အလွန်ချစ်သောကြောင့် ဂရုစိုက်စောင့်ရှောက်ခဲ့သည်။ ပြုစုစောင့်ရှောက်ပေးပါ သည်။ ကောင်းကင်ဘုံ၌ သူနှင့်အတူလည်း ရှိနေစေချင်သည်။

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဟူသည်မှာ အဘယ်နည်း။ ဘုရားသခင်၏ကြီးမြတ်ခြင်းကို နား လည်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွနု်ပ်တို့မစဉ်းစား မဆင်ခြင်နိုင်လောက်အောင်ကြီး မြတ်သဖြင့် လူသားနှင့်ခိုင်းနှိုင်း၍ မရပါ။ ဘုရားသခင်၏မေတ္တာနှင့်အဘယ်အရာကိုမျှ နှိုင်းယှဉ် ၍မရပါ။ ကျွနု်ပ်၏အယူအဆဟူသမျှသည် နှုတ်တော်ထွက်စကားနှင့်ယှဉ်တွဲ၍ပင်မရပါ။ ထိုအ ရာကို ချီးမွမ်းထောမနာပြုသူတိုင်း၊ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းရှိရမည်။ မိန့်တော်မူသ မျှကို နာခံရမည်။ နားထောင်ရမည်။

ဆက်လက်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဟူသည်မှာ ကျွနု်ပ်တို့သည် ဘုရားသခင်၏ ကြီး မြတ်ခြင်းအပေါ် မှီခိုအားထားနေခြင်းပင်ဖြစ်ပါသည်။ ကျွနု်ပ်ဘဝတစ်ခုလုံးသည် ဘုရားသခင် ပေးထားသောအရာပေါ်တွင် တည်မှီဗနသည်။ နေ့စဉ်လိုသောအစာ၊ ကျန်းမာခြင်း၊ နှင့်မနက် ဖြန်ကိုပင် ထောက်ပံ့ပေးသည်။ ကျွနု်ပ်၏ကယ်တင်ခြင်းသည် ဘုရားသခင်၏ကရုဏာအပေါ် တွင် တည်မှီနေသည်။ ထို့ကြောင့် ဘုရားသခင်ကို အမျက်မထွက်စေရဲပါ။ သူ့ကို အမျက်ထွက် စေလျှင် ကျွနု်ပ်ကို ငြင်းပယ်လိမ့်မည်။ ဖြစ်သမျှသည် အဆိုးကိုသာ ဦးတည်နေလိမ့်မည်။ ဘုရား သခင်ကိုသော်လည်းကောင်း၊ နှုတ်တော်ထွက်စကားကိုသော်လည်းကောင်း အလေးမထားလစ် လျူရှုထားခြင်းသည် ဘုရားသခင်မနှစ်သက်သောအရာဖြစ်ပါသည်။ ဘုရားသခင်ကိုသော် လည်း၊ ၎င်း၏အလိုတော်ကိုသော်လည်းကောင်း လစ်လျူမရှုရဲပါ။ အဘယ့်ကြောင့်ဆိုသော် ထို အရာက သန့်ရှင်းသောဘုရားသခင်ကို အမျက်ထွက်စေလိမ့်မည်။ ထိုကြောက်ရွံ့ခြင်းကို ဘုရားသခင်အား ကြောက်ရွံ့ခြင်းဟု ခေါ်ပါသည်။

ထို့နောက်၊ ဘုရားသခင်ကိုချစ်ခြင်းဟူသည်မှာ အဘယ်နည်း။ ကောင်းမြတ်သော ဘုရားသခင် သည် ကျွနု်ပ်တို့အတွက် မယုံနိုင်လောက်အောင်ဖြစ်သည်ကို သတိပြုခြင်းဖြစ်ပါသည်။ သူသည် ကျွနု်ပ်ကိုစောင်မသည်။ ကျွနု်ပ်သည် တရားစီရင်ခြင်းနှင့်ထိုက်တန်သော်လည်း တရားမစီရင်ပါ။ ထာဝရပျက်စီးရာသို့ ပို့ဆောင်ခံရဖို့ ထိုက်တန်သော်လည်း ထာဝရအသက်ကိုပေးသည်။ ထိုအ ရာကို သိမှတ်ခြင်းက ကျွနု်ပ်အပေါ်ကောင်းမြတ်လွန်းသောဘုရားသခင်ကိုချစ်ခြင်းကို ကျွနု်ပ်အ ထဲ၌ ဖန်တီးပေးထားသည်။ ကျွနု်ပ်သည် တစ်ဦးဦးကိုချစ်လျှင် သူ့ကို ကျေနပ်စေလိုသည်။ သူ့ အနားမှာနေပြီး သူ့ကို အစေခံချင်သည်။

ဘုရားသခင်အနားမှာလည်းထိုနည်းအတိုင်းပင်ဖြစ်ပါ သည်။ သူ့ကို ကျွနု်ပ်ချစ်သောကြောင့်ဖြစ်ပါသည်။
ဘုရားသခင်နှင့်မိဿဟာရဖွဲ့ခြင်းသည် ထိုအရာနှစ်ခုစလုံးနှင့်အတူတူပင်ဖြစ်ပါသည်။ ဘုရား သခင်ကိုကြောက်ရွံ့ခြင်းဟုဆိုရာတွင် ဘုရားသခင်၏ကြီးမြတ်ခြင်းကိုသော်လည်းကောင်း၊ သူ့ အပေါ် ကျွနု်ပ်မှီခိုအားထားနေရသည်ကို၎င်း နားလည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို အမျက်မ ထွက်စေပါနှင့်။ ဘုရားသခင်ကိုချစ်ခြင်းဟုဆိုရာတွင် ဘုရားသခင်သည် အဘယ်မျှလောက် ကောင်းမြတ်ပြီး သနားခြင်းကရုဏာရှင်ဖြစ်ကြောင်းကို နားလည်ခြင်းပင်ဖြစ်ပါသည်။