အဟောင်းနှင့်အသစ် - ခရစ်ယာန်တစ်ဦး၏ဆက်လက်ဆင်နွှဲရ သည့် တိုက်ပွဲ

ရှင်ပေါလု၏ပေးစာတွင် အရေးကြီးသည့် သွန်သင်ချက်များစွာကို ထည့်သွင်းဖော်ပြထားသည်။ ထိုအရာသည် သမ္မာကျမ်းစာ၏တစ်ခန်းတည်းသာဖတ်ရှုမည်ဆိုလျှင် လွယ်လင့်တကူနားလည် ဖို့ မဖြစ်နိုင်ပါ။ ကျွနု်ပ်တို့၏နားလည်သဘောပေါက်မှုကို လေးနက်လာစေရန် ရှင်ပေါလု၏ရေးသား ချက်များကို ယှဉ်တွဲပြီး ဖတ်ရှုရန် လိုအပ်ပါသည်။ ဤအရာက သမ္မာကျမ်းစာအား အလွန်ပင် စိတ် လှုပ်ရှားစေသောအရာဖြစ်ပါသည်။ ၎င်းသည် ဘဝတစ်လျှောက်လုံးလေ့လာတူးဖော်ရသည့် လုပ် ဆောင်ချက်တစ်ခုသာဖြစ်ပါသည်။

ယခုအချိန်၌ ရှင်ပေါလုသွန်သင်ထားသည့် “လူဟောင်း” နှင့် “လူသစ်” အကြောင်းကို လေ့လာကြ မည်ဖြစ်သည်။ ဤသည်မှာ အခြားအယူအဆစုံတွဲနှင့်တင်းတင်းကြပ်ကြပ်ဆက်စပ်မှုရှိသည့် အမြင် သဘောထားအပေါ်အခြေတည်သည့် စုံတွဲတစ်ခုဖြစ်ပါသည်။ ကျွနု်ပ်တို့က “လူဟောင်းအာဒံ” နှင့် “လူသစ်အာဒံ” ဟုပင် ခွဲခြားပြောဆိုနိုင်ပါသည်။ သို့မဟုတ် “ဇာတိ” နှင့် “ဝိညာဉ်” ဟုလည်း ခေါ် ဆိုနိုင်သည်။ ယူဆချက်များသည် ထည်တူမကျသော်လည်း တူညီသောအကြောင်းအရာကို အ ကျယ်ချဲ့ပြောဆိုကြသည်။ နောက်ဆုံးတွင် ကျွနု်ပ်တို့သည် ခရစ်ယာန်အသက်ရှင်ခြင်း၏အဓိက ဒေါက်တိုင်တွင်ရှိနေသည့် ရိုးရှင်းပြီး လက်တွေ့ကြသောအကြောင်းအရာများဖြင့် အဆုံးသတ်လေ့ ရှိကြပါသည်။

ခရစ်ယာန်တစ်ဦး၏ပကတိနှစ်မျိုး

ရှင်ပေါလုအသုံးပြုရေးသားထားသည့် အတွဲတစ်ခုမှာ “ဇာတိ” နှင့် “ဝိညာဉ်” ပင်ဖြစ်ပါသည်။

စာဖတ်သူသည် ဤအချက်တွင် နားလည်မှု လွဲမှားသွားနိုင်ပါသည်။ ဤအကြောင်းအရာတွင် “ဇာတိ” ဟူသောစကားလုံးက ကိုယ်ခန္ဒာ နှင့် မာရ်နတ်ကို ရည်ညွှန်းထားခြင်းမဟုတ်သကဲ့သို့ “ဝိညာဉ်” ဟူသောအချက်ကလည်း လူသားတစ်ဦး၏ ဝိညာဉ်လောကနှင့်သက်ဆိုင်ပြီး စင်ကြယ် သောအရာကို မဆိုလိုပါ။ ခန္ဒာနှင့်စိတ်ဝိညာဉ်ကြား ဤကွဲပြားမှုမျိုးသည် ဂရိအတွေးအခေါ်ထဲက ဆင်းသက်လာခြင်းဖြစ်ပါသည်။ ဟေဗြဲအတွေးအခေါ်အရဆိုလျှင် လူသည် တစ်ခုသာဖြစ်ပြီး အစိတ် အပိုင်းဖြင့် ကွဲပြားလေ့မရှိပါ။

ရှင်ပေါလုက တစ်ခြားအရာ၊ လုံးဝရိုးစင်းသောအရာကို ဆိုလိုခြင်းဖြစ်သည်။ “ဇာတိ” ဟုဆို ရာတွင် ခရစ်တော်၏ကယ်တင်ခြင်းအမှုမပါဝင်သည့် မိမိကိုယ်ကိုတည်ရှိသည့် ကျွနု်ပ်ကို ရည် ညွှန်းထားသည်ဟု ထင်မိသည်။ ကျွနု်ပ်တစ်ခုလုံးကို ဆိုလိုသည်။ “ဝိညာဉ်” ဟုဆိုရာတွင် လည်း ကျွနု်ပ်တစ်ခုလုံးကိုရည်ညွှန်းထားသော်လည်း ဘုရားသခင်ပိုင်ဆိုင်ထားသည့် ရွေး နှုတ်ခံရသောသူအနေဖြင့် ရည်ရွယ်သည်ဟု လက်ခံသည်။

ထို့ကြောင့် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့ပြောဆိုမည့်အကြောင်းအရာဆီသို့ ရောက်ရှိလာကြပြီး ဖြစ်သည်။ ခရစ်ယာန်တို့၌ ပကတိနှစ်မျိုးရှိသည်။ သို့သော် မယုံကြည်သူ၌မူ တစ်မျိုးသာရှိပါ သည်။ ခရစ်ယာန်များ၌ “ဇာတိပကတိ” နှင့် “ဝိညာဉ်ပကတိ”၊ “လူဟောင်း” နှင့် “လူသစ်”၊ “လူဟောင်းအာဒံ” နှင့် “လူသစ်အာဒံ”၊ ”သတ္တဝါဟောင်း” နှင့် “သတ္တဝါသစ်” ဟူ၍ အတွဲ လိုက်ရှိပါသည်။ ရှင်ပေါလုက ဤအသုံးအနှုန်းအားလုံးကို အသုံးပြုထားပါသည်။ မယုံကြည် သူများ၌ ဒုတိယအပိုင်းဖြစ်သော “ဇာတိပကတ”၊ “လူဟောင်း”၊ “လူဟောင်းအာဒံ”၊ “သတ္တ ဝါဟောင်း” သာတည်ရှိသည်။ ခရစ်ယာန်များ၌ နှစ်ခုစလုံးရှိသည်။ ထို့ကြောင့် ခရစ်ယာန်တို့ ၏စိတ်နှလုံးတွင် တိုက်ပွဲတစ်ခုရှိသည်။ ဤပကတိနှစ်မျိုးမှာ အဘယ်အရာများဖြစ်ကြသည် ကို ဆက်လက်လေ့လာကြပါစို့။

အဟောင်းနှင့်စီရင်ခြင်း

ရောမအသင်းတော်ဆီသို့ပေးပို့သော ရှင်ပေါလု၏ပထမအခန်းသည် လူသည် မိမိခွန်အားဖြင့် မည်သို့ဖြစ်ပျက်သည်ဟူသောအရာအတွက် အကျဉ်းတန်သောဖော်ပြချက်ဖြစ်ကောင်းဖြစ်နိုင် ပါသည်။ “ဇာတိပကတိ” ဟူသောစကားလုံးသည် ပစ္စုပန်အသုံးအနှုန်းမဟုတ်သောလည်း အကြောင်းအရာမှာ ရိုးရှင်းသည်။ လူသားအားလုံးသည် ဘုရားသခင်ကိုကျောခိုင်ကြသဖြင့် ဘုရား၏ဘုန်းတော်အစား မှားယွင်းသောဘုရားများကိုသာ ကိုးကွယ်ဆည်းကပ်အစေခံကြ သည်။ ထိုအကြောင်းကြောင့်သာလျှင် ဘုရားသခင်သည် လူသားကို ပြန်၍ကျောခိုင်ပြီး အပြစ်သားဘဝဖြင့် စွန့်ခွါခဲ့ရသည်။ သို့ဖြစ်၍ လူသားအားလုံးသည် အလင်းတစ်စက်တောင် မတွေ့ရဘဲ အမှောင်ထဲတွင် သော့ခတ်ခံရသကဲ့သို့ဖြစ်ရသည်။ ကမ္ဘာကြီးသည် အပြစ်နှင့် သေခြင်းစိုးမိုးသည့် နိုင်ငံဖြစ်သည်။ ဘုရားမဲ့ဖြင့်သာ အသက်ရှင်နေရသည်။ ဘုရားသခင်၏ အမျက်တော်သည်လည်း တစ်နေ့တွင် ဤအပြစ်တိုင်းပြည်က ရင်ဆိုင်ရလိမ့်မည်။ ဤအ ကြောင်းတရားသည် လူတစ်ဦး၏အမှားအယွင်းတစ်ခုတည်းကြောင့်မဟုတ်၊ လောကတစ်ခု လုံး၏မှားယွင်းမှုဖြစ်၍ ထိုအရာနှင့်ဆက်စပ်သောအရာမှာ တရားစီရင်ခြင်းသာလျှင် ဖြစ်၏။

ရောမသြဝါဒစာ အခန်းကြီး ခုနှစ်တွင် ရှင်ပေါလုက လူဟောင်းနှင့်ဆိုင်သည့် ကြမ်းကြမ်းတမ်း တမ်းဖော်ပြချက်ကို တင်ပြထားပါသည်။

“ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာတစုံတခုမျှမတည်သည်ကို ငါသိ၏။ အ ကြောင်းမူကား၊ ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့် ကိုငါရှာ၍ မတွေ့နိုင်။”
( ရောမ ရး ၁၈)

လူ၏ဇာတိဟောင်းသည် ဘုရားသခင်အား ဆက်ကပ်ပူဇော်မည့် ကောင်းသောအရာတစ်ခု မျှမရှိသည်ကို အခန်းတစ်ခုလုံးက ရှင်းလင်းစွာ ဖော်ပြခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ထံမှလမ်း လွဲသဖြင့် လုံးဝပျက်စီးသွားခဲ့သည်။ တရားစီရင်ခြင်းကို လုံးဝခံရမည်ဖြစ်သည်။

ရောမ အခန်းကြီးငါးက အာဒံနှစ်ဦးအကြောင်းကို သာဓကအားဖြင့် ဖော်ပြပေးခဲ့ပါသည်။ ပထမအာဒံသည် အပြစ်ထဲ၌လဲကျပြီး အပြစ်ရဲ့အမွေကိုရရှိသဖြင့် သေခြင်းနှင့်ငရဲနှင့်ထိုက် တန်သည်။ နောက်မျိုးဆက်အား သူပေးသောအမွေမှာ အပြစ်ဖြစ်ပြီး ထိုနေရာမှနေ၍ မျိုး ဆက်တစ်ခုမှတစ်ခုဆီသို့လက်ဆင့်ကမ်းခဲ့ကြပါသည်။ ကျွနု်ပ်သည် ထိုအပြစ်ကို မိဘများထံ မှရရှိပြီး သားသမီးများထံသို့လည်း လက်ဆင့်ကမ်းပေးခဲ့ပါသည်။

မွေးကင်းစကလေး၏ပုခက်ထဲတွင် ကလေးသည် တစ်ကြိမ်သေမည်ဟူသောအချက်ဖြင့် ရှိနေ မည်ဆိုလျှင် မယဉ်ကျေးရာရောက်ပေလိမ့်မည်။ တစ်နေ့သေမည်မှာ မှန်ကန်သောအချက် ဖြစ်သော်လည်း သူသည် အပြစ်စွန်းထင်ခဲ့သဖြင့် အပြစ်ဒဏ်နှင့်သာထိုက်သာသောသူဖြစ်ပါ သည်။ “လူဟောင်းအာဒံ”၊ “လူဟောင်း”၊ “ဇာတိပကတိ” (အချို့သောဘာသာပြန်ကျမ်းများ က “တကိုယ်ကောင်းဆန်သောပကတိ” နှင့် “ပျက်စီးသောအကျွနု်ပ်” ဟုဆိုကြသည်) က ထိုအထဲ၌ ရှိနေရုံသက်သက်သာဖြစ်ပါသည်။ ကျွနု်ပ်တို့အားလုံးသည် အသက်အရွယ် သို့မ ဟုတ် ကျားမ မရွေးဘဲ ဤလောက၏အထီးကျန် ကံကြမ္မာထဲတွင် ချုပ်နှောင်ခံနေရသူများ ဖြစ်ကြပါသည်။

အသစ်နှင့်အံ့သြဘွယ်ရာ

ရှင်ပေါလု၏ပေးစာတွင်ပါရှိသော အဓိကအကြောင်းအရာမှာ ဘုရားသခင်သည် ကျွနု်ပ်တို့၌ အသစ်သောအရာတစ်စုံတစ်ခုကို လုပ်ဆောင်ပေးရန် သားတော်ကို ဤလောကသို့ စေလွှတ် တော်မူခဲ့သည်။ ဂေါသဂေါလတတွင်ဖြစ်ပျက်ခဲ့သောအရာသည် ဘုရားသခင်၏ဖခင်ပီသ သောနှလုံးသားထဲတွင် ကမ္ဘာမဖန်ဆင်းမှီကတည်းက အကြံအစည်ပင်ဖြစ်ပါသည်။

“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်း သောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ထိုသို့ဖြစ် သော်၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့်ဖြစ်ကြ၏။ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိဿဟာရဖွဲ့စေတော်မူ၏။ ထိုမိဿဟာရတရားကို ဟောရသောအခွင့်ကို ငါတို့၌အပ်ပေးတော်မူ၏။ ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ရှိနေလျက်၊ လောကီသားတို့၏အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ ၍ ကိုယ်တော်နှင့်မိဿဟာရဖွဲ့စေတော်မူ၏။ ထိုမိဿဟာရတရားကိုလည်း ငါတို့အပ်ပေး တော်မူ၏။ ထို့ကြောင့် ငါတို့သည် ခရစ်တော်၏သံတမန်ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့်မိဿဟာရဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆောင်သွေး ဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍၊ သင်တို့ကို တောင်းပန်သွေး ဆောင်ကြ၏။အဘယ့်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူ ကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အဘယ့်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်း တည်း။ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှု တော်ကိုဆောင်ရွက်သောသူချင်းဖြစ်၍၊ သင်တို့ကို နှိုးဆော်သွေးဆောင်ကြ၏။”
(၂ကော ၅း ၁၇- ၆း၁)

လူသည် မိမိကိုယ်ကို မကူညီနိုင်ပါ။ ဘုရားသခင်သည် လူသားမလုပ်ဆောင်နိုင်သောအရာ ကို ဂေါသဂေါလတွင် လုပ်ဆောင်ခဲ့သည်။ ထင်ရှားသောအရာများစွာက ခရစ်တော်၏ကယ် တင်သောအမှုကို ဖော်ပြသည်။ သာဓကအကျဆုံးသောအရာတစ်ခုမှာ “အသစ်သောဖန်ဆင်း ခြင်း” ပင်ဖြစ်ပေမည်။ ၎င်းက ပထမအကြိမ်ဖန်ဆင်းခြင်းပြီးနောက်တွင် အပြစ်ကြောင့် ကျိုးပဲ့ သောအရာကို ပြန်လည်လိုက်လျောညီစေခဲ့သည်။ မူလအာဒံကိုစွန့်ပယ်ပြီး အသစ်သောအာဒံ ကိုပေးထားခြင်းလည်းဖြစ်နိုင်ပါသည်။ ဘုရားသခင်ထံလှည့်ပြန်ပြီး သူ့အတွက် အသက်ရှင် ခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်အား လူတို့ကို ပေးထားသည့်အချိန်ခဏအတွင်းဖြစ်နိုင် ပါသည်။

ချွတ်ပယ်ခြင်း- ယူတင်ဝတ်ဆောင်ခြင်း

ထို့ကြောင့် လူသည် အပြစ်ထဲသို့လဲကျပြီး မိမိအစွမ်းအစအားဖြင့် “ဇာတိ” ပင်ဖြစ်ပါသည်။ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်၏ကျေးဇူးကရုဏာနှင့်ပြည့်စုံသောဆုကျေးဇူးတစ်ခုအ ဖြစ် “ဝိညာဉ်တော်” ကိုရရှိသည်။ ထို့ကြောင့် “ဇာတိ” နှင့် “ဝိညာဉ်” နှစ်ပါးလုံးသည် သူ့အထဲ ၌ တည်ရှိကြပါသည်။ ဤနှစ်ခုကြားက တိုက်ခိုက်မှုသည်လည်း ဆက်လက်ဖြစ်ပျက်နေသည်။ တန်ဆာဆင်ထားခြင်းမရှိ။ တစ်ပါးနှင့်တစ်ပါး သနားညှာတာခြင်းမရှိ။ ပုံရိပ်များသည်လည်း အမျိုးမျိုးဖြစ်ပါသည်။ သို့သော် အကြောင်းအရာမူကား တစ်ခုတည်းဖြစ်သည်။ ဇာတိနှင့် ဝိညာဉ်သည် တစ်ပါးနှင့်တစ်ပါးတိုက်ခိုက်နေကြသည်။ ဂလာတိ ၅ ၌ သန့်ရှင်းသောဝိညာဉ် တော်သည် “ဝိညာဉ်တော်၏လုပ်ဆောင်ချက်” ကို မည်သို့ဖန်ဆင်းခဲ့ကြောင်းနှင့် “ဇာတိပက တိ၏လုပ်ဆောင်ခြင်းသည် အဘယ်အရာဖြစ်ကြောင်းကို ရှင်းလင်းစွာ တင်ပြထားပါသည်။

“ငါ့ပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပ ကတိ၏အလိုသို့မလိုက်ဘဲ နေကြလိမ့်မည်။ အကြောင်းမူကား၊ ဇာတိပကတိနှင့်ဝိညာဉ်ပက တိသည် တပါးနှင့်တပါးဆန့်ကျင်သောအလိုရှိကြ၏။ တပါးနှင့်တပါးဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။”
(ဂလာတိ ၅း ၁၆-၁၇)

ဤအကြောင်းအရာနောက်တွင် “ဝိညာဉ်အသီးအပွင့်” နှင့် “ဇာတိပကတိ၏လုပ်ဆောင်ချက် များ” အကြောင်းကို လိုက်လာသည်။ အရေးတကြီး သတိပေးထားချက်တစ်ခုလည်း ထည့် သွင်းထားပါသည်။

ရောမအသင်းတော်သို့ရှင်ပေါလု၏ပေးစာနှင့် အခန်းကြီးသုံးတွင် အပြစ်အလုံးစုံကို ဘုရား သခင်က ခွင့်လွှတ်လားသည်ဖြစ်၍ ခရစ်ယာန်တစ်ဦးအား လွတ်လပ်စွာ အပြစ်ကျူးလွန်ခွင့်ရှိ မရှိနှင့်သက်ဆိုင်သည့်မေးခွန်း၏အဖြေကို ပေးထားပါသည်။ အဖြေက တင်းကြပ်လှသည်။ လုံးဝကျူးလွန်ခွင့်မရှိပါ။ အကြောင်းမှာ ကျွနု်ပ်တို့သည် ဗတ္တိဇံခံယူပြီးသောသူများဖြစ်ကြပါ သည်။ ဗတ္တိဇံမင်္ဂလာက လူဟောင်း၏သေခြင်းနှင့်လူသစ်၏မွေးဖွါးခြင်းကို ထင်ရှားစေပါ သည်။ ထိုအချက်ဆီသို့ ပြန်သွားကြပါစို့။

“ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည် ဟု သင်တို့မသိသလော။ ထို့ကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့်၊ ထိုသ ခင်နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ် သောအသက်တာ၌ ကျင်လည်ရကြသတည်း။ တနည်းကား၊ အသေခံတော်မူခြင်း၏ပုံ သဏ္ဍာန်ကို ဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ပုံသဏ္ဍာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။ ထိုမှတပါး၊ ငါ တို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကိုမခံစေခြင်းငှါ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။”
(ရောမ ၆း ၃- ၆)

ကောလောသဲအခန်းကြီးသုံးတွင် သာဓကတစ်ခုကို တွေ့ရှိရပါသည်။

“ယခုမူကား၊ ထိုအမှုအလုံးစုံတို့ကို၎င်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်းတို့ကို၎င်း၊ သင်တို့နှုတ် မှပယ်ရှင်းကြလော့။ အချင်းချင်းမုသာစကားကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့်လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍၊ ဖန်ဆင်းတော်မူ သောသူ၏ပုံသဏ္ဍာန်နှင့်အညီ၊ မှန်သောပညာအာဖြင့် အသစ်ပြုပြင်သောလူသစ်ကို ယူတင် ဝတ်ဆောင်သောသူဖြစ်ကြ၏။”
(ကော ၃း ၈-၁၀)

ခရစ်ယာန်တစ်ယောက်၏အသက်တာသည် ဤအရာပင်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် “ဇာတိ ပကတိ” ကိုချွတ်ပယ်ပြီး “ဝိညာဉ်ပကတိ” ကို ယူတင်ဝတ်ဆင်ရမည်။ ၎င်းသည် တစ်ကြိမ် တစ်ခါတည်းဖြစ်သည်မဟုတ်၊ မြေကြီးပေါ်၌ အသက်ရှင်နေသမျှကာလပတ်လုံးဖြစ်ပျက် သောအရာဖြစ်သည်။ နောက်ဆုံးတွင် “ဇာတိ”၊ “လူဟောင်း”၊ “လူဟောင်းအာဒံ” စသည်ဖြင့် မည်သည့်စကားလုံးအသုံးအနှုန်းကို အသုံးပြုသည်ဖြစ်ပါစေ ကျန်ရှိသောအရာမှာ “လူသစ်”၊ ခရစ်တော်၌ သန့်ရှင်းသောသူသာလျှင် ကောင်းကင်အိမ်သို့ရောက်နိုင်မည်ဖြစ်သည်။