ကလေးကိုပေးနိုင်သော အရေးအကြီးဆုံးသောဆုလာဒ်

ကျွနု်ပ်တို့သည် ကိုယ့်သားသမီးကိုချစ်ကြသဖြင့် အကောင်းဆုံးသောအရာကိုပေးလိုကြပါ သည်။ ထိုသို့ လုပ်ဆောင်တယ် မဟုတ်လား။ အကောင်းဆုံးသောအရာသည် ဖင်စီအဝတ် အစား သို့မဟုတ် ဆုလက်ဆောင်မဟုတ်ပါ။ ယေရှုခရစ်ကို ယုံကြည်ခြင်းပေတည်း။

ယုံကြည်ခြင်းအကြောင်းကို ကလေးသူငယ်များအား နှစ်ရှည်လများ သင်ကြားပို့ချပေးသော သူငယ်ချင်းတစ်ယောက်က “သူငယ်၏စိတ်နှလုံးသည် မျိုးစေ့ကြဲသူသာဓကအတွက် ကောင်းသောမြေဆီဖြစ်သည်” ဟုဆိုသည်။ ကလေးသူငယ်များသည် ကျွနု်ပ်တို့၏သင်ကြား ပို့ချမှုများကို အလေးအနက်ထား နားထောင်ကြသည်။ ကြီးထွားလာသည်။ အသက်ကြီးသူ တို့မူကား ခိုင်မာကြသည်။ ဘုရားသခင်အကြောင်း သင်ကြားပို့ချမှုကို ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာမရှိသော်လည်း ပို၍တော့ ခက်ခဲသည်။ ထို့ကြောင့် ဘုရားသခင်အ ကြောင်းကို ကလေးသူငယ်များအား အထူးသဖြင့် သင်ကြားပို့ချပေးခြင်းသည် အလွန်ပင် အရေးကြီးပါသည်။

ကလေးသူငယ်များကဲ့သို့ သင်ကြားပို့ချခြင်းကို နာခံလိုက်လျှောက်သောသူသည် ယုံကြည် ခြင်းရှိသည်။ ထို့အပြင် ယုံကြည်ခြင်းလမ်းကြောင်းထဲသို့ ပြန်လည်လျှောက်လှမ်းလာသည်။ သူသည် တချိန်က အခြားသောလမ်းထဲသို့ လှည့်လည်သွားလာနေသည်။ ထိုသို့သွားလာ နေခြင်းကို မှားယွင်းကြောင်း သတိပြုမိလာသည်။ သူတို့မိဘများက ဤအရာကို မြင်တွေ့ စေရန် အသက်မရှင်တာလဲဖြစ်နိုင်သည်။ သူတို့ကလေးများ ငယ်ရွယ်စဉ်တုန်းက သေဆုံး သွားကြတာလဲ ဖြစ်နိုင်သည်။ ခရစ်ယာန်မိသားစုထဲက မွေးဖွါးလာတဲ့ကလေးတစ်ယောက် သည် ယုံကြည်ခြင်း၌ အသက်ရှင်နိုင်သည်၊ သို့မဟုတ် အပြစ်ရှိသည်ဟုခံယူသော သြတ္တပ စိတ်၌ အသက်ရှင်နိုင်သည်။ သူသည် သူ သို့မဟုတ် သူမ၏သြတ္တပစိတ်ကို အမြဲတိုက်ခိုက် နေနိုင်မည်မဟုတ်။

ကလေးများကို ကျမ်းစာသင်ကြားပေးရန် လိုအပ်သည့် အခြားအကြောင်းရင်းတစ်ခုမှာ ယခု နေ့ရက်ကာလတွင် ကျွနု်ပ်တို့၏ကလေးများသည် အများကြီးသင်ယူလေ့လာနေကြသည်။ ယုံကြည်ခြင်းအကြောင်းကိုတော့ လစ်လျူရှုထားကြသည်။ သူတို့ကို မြစ်တားကြသည်။ ကလေး၏အတွေးအခေါ်သည် တခြားအရာများနှင့်ပြည့်နှက်နေသည်။ သို့မဟုတ် ယုံကြည် ခြင်းသည် ပုံပြင်နှင့်အခြားဘာသာတရားများ၏ ဖုံးအုပ်ခြင်းကို ခံနေရသည်။ ရုပ်မြင်သံကြား သည် အထူးသဖြင့် ကလေးများကို အမျိုးမျိုးသောလောကအရာများကို သင်ကြားပေးနေပါ သည်။

ယုံကြည်ခြင်းက ကလေးများကို မည်သည့်အရာ ပေးထားသနည်း။

ကျွနု်ပ်တို့၏မာတီသည် အိပ်ယာဝင်ရန် ကြောက်ရွံ့နေသည်။ ကျွနု်ပ်နှင့်ဇနီးသည်က အသက်လေးနှစ်အရွယ်သမီးလေးက စိတ်အားထက်သန်စွာဖြင့် “ယေရှုဘုရား၊ မာတီကို ကောင်းစွာအိပ်စက်အနားယူနိုင်ခွင့်ပေးပါ” ဟုသော ဆုတောင်းသံကို မှောင်မိုက်သော ကလေးအခန်းထဲကနေ ကြားနေရသည်။ နံနက်အချိန်ရောက်သောအခါ ယောကျ်ားလေးက ငါတော့ လုံးဝမကြောက်ဘူးဟု ဆိုသည်။ ယေရှုကို ယုံကြည်ခြင်းက ကြီးသောအရာ၌ဖြစ် ဖြစ်၊ သေးငယ်သောအရာ၌ဖြစ်ဖြစ် လုံခြုံမှုကိုပေးသည်။ အချိန်အခါတိုင်း၌ ကျွနု်ပ်တို့နှင့်အ တူရှိတော်မူသော ကြီးမားသည့်ဘုရားသခင်ရှိသည်။ ကျွနု်ပ်တို့ကို စောင့်ထိန်းပေးသည်။

ယေရှုခရစ်၌ယုံကြည်ခြင်းက ဘဝအဓိပယ်ကိုပေးသည်။ ကျွနု်ပ်သည် အခွင့်အရေးကြောင့် ဤနေရာ၌ ရောက်နေသည်မဟုတ်။ ဘုရားသခင်က ဖန်ဆင်းပြီး အသက်ကိုပေးထားသည်။ ဤအချက်လေးကို ယုံကြည်လက်ခံထားလျှင် ဘဝသည် လုံးဝဦးတည်ချက်မမဲ့တော့ဘူး။ မယုံကြည်သူအများကြီးရှိသည်။ ကလေးတစ်ဦး၏အသက်တာသည် အဓိပယ်ပျောက်ဆုံး နိုင်သည်မှာ အံ့သြစရာမဟုတ်ပါ။

ယေရှုခရစ်၌ယုံကြည်ခြင်းက အမှားထဲက အမှန်ကို သင်ကြားပေးနိုင်သည်။ မှန်ကန်သောအ ရာမှာ ဘုရားသခင်လုပ်ဆောင်စေလိုသောအရာဖြစ်ပါသည်။ တားမြစ်ထားသောအရာမူ ကား မှားယွင်းသောအရာဖြစ်ပါသည်။ သမ္မာကျမ်းစာကို နာခံရန် ကလေးများက သင်ယူ လေ့လာလျှင် မကောင်းသောအမှုအရာများကို ဖယ်ရှားနိုင်သည်။ ယေရှုခရစ်၌ယုံကြည်ခြင်း က သမ္မာကျမ်းစာကို လိုက်လျှောက်ရန် ခွန်အားပေးသည်။

ကလေးများက ၎င်းတို့ပြုသောမကောင်းမှုအကြောင်းနှင့်ပတ်သက်ပြီး အပြစ်ရှိသည်ဟု ခံယူ ခံစားကြသည်။ အပြစ်ဟူသည်မှာ မှားယွင်းမှုဖြစ်သည်။ စိတ်ပျက်စေခြင်း၊ အသက်ရှင်စေလို သည့်အလိုတော်ကို ပစ်ပယ်ခြင်းဖြစ်သည်။ အပြစ်ကို ကုသနိုင်သည့် အကောင်းဆုံးသော နည်းလမ်းမှာ ယေရှုကို ယုံကြည်ကိုးစားခြင်းဖြစ်သည်။ အပြစ်လောက်ကြီးမားသည့်အရာမရှိ ဟု ကလေးများကို မသွန်သင်ရပါ။ သူတို့က အမှားလုပ်မိပြီဟု ကိုယ်တိုင်သိကြသည်။ သို့ရာ တွင် သူတို့သည် ယေရှုထံမှ အရာအားလုံးအတွက် အပြစ်ခွင့်လွှတ်ခြင်းကို လက်ခံရရှိကြပါ သည်။ ထိုအရာက ကောင်းသောသြတ္တပကိုပေးမည်။

ဤဘဝအသက်တာတွင် ဤအချက်များလောက် အရေးကြီးသောအချက်မရှိပါ။ ကျွနု်ပ်တို့ ၏ကလေးများကို သင်ကြားပေးသည်။ သူတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင် ကြားပေးထားသည်။ ကျွနု်ပ်တို့က သင်ကြားမပေးလျှင် သူတို့ကို ကျွနု်ပ်တို့က ဖယ်ရှားသလို ဖြစ်ပါသည်။ ထိုအားဖြင့်သာ ဘုရားသခင်သည် ယေရှုခရစ်၌ ယုံကြည်ခြင်းကို ပြုပြင်ထားပါ သည်။

ဤဘဝအသက်တာကုန်ဆုံးပြီးနောက်တွင် ကောင်းကင်နှင့်ငရဲဟူ၍ ထာဝရကာလနှစ်မျိုးရှိ ပါသည်။ ယေရှုကို ယုံကြည်ခြင်းအားဖြင့်သာ ကောင်းကင်သို့ရောက်နိုင်သည်။ ကျွနု်ပ်တို့က လေးများကို ကောင်းကင်သို့ရောက်စေချင်လျှင် ဘုရားနှုတ်ကပတ်တော်ကို သင်ကြားပေးရ ပါမည်။

သွန်သင်ခြင်းဟူသည်မှာ အဘယ်နည်း။

ကျွနု်ပ်တို့က ကလေးများကို ဘုရားကျောင်းသို့ခေါ်သွားသည်။ သူတို့နှင့်ညနေဆုတောင်းရန် ပြောသည်။ သို့မဟုတ် တခါတရံ ဘုရားအကြောင်းပြောသည်။ အရေးကြီးသောအရာဖြစ်ပါ သည်။ သို့ရာတွင် ဤအရာသည် တကယ့်သင်ကြားပေးမှုမဟုတ်ပါ။ ကျွနု်ပ်သည် ကလေး များအား ဂဏန်းသင်္ချာကိုသင်ပေးလျှင် သူတို့ဘေး၌ထိုင်ပြီး သူတို့နှင့်အတူ သင်္ချာလေ့ကျင့် ခန်းကို လုပ်လိမ့်မည်။ ယုံကြည်ခြင်းအကြောင်းနှင့်ပတ်သက်ပြီး သင်ကြားရေးအချက်သည် လည်း ထိုနည်းအတိုင်းဖြစ်သင့်သည်။ ကျွနု်ပ်က သူတို့အတွက် အချိန်ယူသည်။ ကလေးများ ဘေးတွင် ထိုင်သည်။ ဘုရားအကြောင်း သူတို့နှင့်စကားပြောသည်။ သူတို့နားလည်မလည် ကို မေးမြန်းသည်။

ဂျူဟိုသည် ကျောင်းကိုအော်တွန်တွင် စတင်ခဲ့သည်။ ကျွနု်ပ်တို့မိတ်ဆွေမိသားစုကို သာဓ ကယူပြီး ကျောင်းမတက်ခင် ဂျူဟိုနှင့်သဘောတူညီမှုကိုပြုသည်။ ထိုသဘောတူညီမှုမှာ ပညတ်တော်ဆယ်ပါး၊ ယုံကြည်ခြင်းဝန်ခံချက်၊ ပဌနာတော်တို့ကို သင်ယူရန်ဖြစ်သည်။ နွေရာသီနှင့်နွေအကူအချိန်ကာလတွင် အချိန်ပေါင်းများစွာ အတူတကွ ထိုင်ပြီး အပိုင်းတစ်ခု စီ မည်သို့သွားသည်ကို ဆွေးနွေးသည်။ သူသင်ယူလေ့လာသည်အထိ ကလေးသည် ထိုအ ရာကို ထပ်ခါထပ်ခါ သီဆိုသည်။ ထို့နောက် ထိုအဓိပယ်ကို ဆွေးနွေးကြသည်။ ယုံကြည် ခြင်းအကြောင်းနှင့်ပတ်သက်ပြီး များစွာသောအကြောင်းအရာကို ပြောဆိုကြသည်။ လူလေး က ကောင်းကောင်းနားထောင်သည်။ မေးခွန်းလဲမေးသည်။ သူက သင်ယူလေ့လာမှုကိုပြု သည်ဟု ကျွနု်ပ်ယုံကြည်သည်။

ထို့အပြင် သားကလည်း အဘကိုသင်ပေးသည်။ ကျွနု်ပ်တို့သည် ခြောက်ခုမြောက်ပညတ်ကို လေ့လာကြသောအခါ ဘာဆိုလိုသည်ကို မေးသောအခါ ဂျူဟိုက ခဏကြာစဉ်းစားပြီး အဖြေပေးသည်မှာ “ကောင်းပြီ၊ သင်၌မိန်းမတစ်ယေက်ရှိလျှင်၊ သူမနှင့်လုံး၀ ရောင့်ရဲတင်း တိမ်ခြင်းမရှိ။ သို့ရာတွင် သူမကို လုံးဝမစွန့်ပစ်ရပါ” ဟု ဆိုသည်။
ကျွနု်ပ်တို့၏ယုံကြည်ခြင်းအကြောင်း အရေးကြီးသည့်အပိုင်းတွင် ဤနည်းလမ်းဖြင့် ကလေး များကို သွန်သင်နိုင်သလား။ ယုံကြည်ခြင်းအကြောင်းကို ကလေးတွေနှင့်ဆွေးနွေးနိုင် အောင် အချိန်ယူပါ။ ယုံကြည်ခြင်းအကြောင်းကို အကျိုးသက်ရောက်စေသောအရာသည် ကလေးအတွက် သဘာဝကောင်းကျိုးဖြစ်လာမည်။ အခြားအရာတွေအတိုင်းပဲ အတူတကွ ဆွေးနွေးနိုင်ပါသည်။

မည်သည့်အရာကို သင်ပေးသင့်သနည်း။

ကလေးက ရိုးသားသည်။ ရိုးသားစွာဖြင့်သာ တောင်းဆိုသည်။ သင်ပေးသောအရာကို မမှား ယွင်းစေဖို့သာ အဓိကဖြစ်ပါသည်။ အမှားအယွင်းရှိလျှင် ယုံကြည်ခြင်းတစ်ခုလုံးကြီးကလဲ အမှားမှားအယွင်းယွင်းပါလာ၊ စသဖြင့်ဖြစ်လာမည်။ ငရဲရှိသည်ဟု ရှင်းပြပြီးလျှင် လူတိုင်း ကောင်းကင်သွားမည်ဟု ကလေးကို သွားမပြောပါနှင့်တော့လေ။ ရိုးသားမှုက ခက်ခဲပါ သည်။ အထူးသဖြင့် ဤသို့သောအချက်များတွင် ခက်ခဲသည်။ ယေရှုအကြောင်းဘာမှ အလေးမထားဘဲ သေသောအိမ်နီးနားချင်းသည် ငရဲသွားမည်ဟု မဆိုလို။ “သူ့ကံကြမ္မာကို မသိပါ။ ဘုရားလက်ထဲ၌ အပ်နှံကြသည်။ ဘုရားသခင်က အကောင်းဆုံး စီရင်ပေးလိမ့်မည်။ သို့ရာတွင် ယေရှုကို ယုံကြည်ရင် ကောင်းကင်သွားဖို့ သေချာသည်” ဟု ပြောဆိုခြင်းသည် ရိုးသားခြင်းဖြစ်သည်။

ပညတ်တရားနှင့်ဧဝံဂေလိတရားအကြောင်းကို ကလေးတစ်ဦးကိုလည်း သင်ပေးသင့်သည်။ ဘုရားပညတ်တော်၏မိန့်တော်မူချက်ကိုလည်း ပြောရမည်။ သန့်ရှင်းပြီး အပြစ်ကိုမုန်းသော ဘုရားသခင်အကြောင်းကို ပြောရမည်။ ယေရှုက ကျွနု်ပ်တို့ကိုယ်စား အသေခံကြောင်းကိုလဲ ပြောပြရမည်။ အပြစ်ရှိသမျှကို ခွင့်လွှတ်ကြောင်းလဲ ပြောရမည်။ ယေရှုအသေခံပေးခြင်းဖြင့် ဘုရားသခင်က အရှိကိုအရှိအတိုင်း ကျွနု်ပ်တို့ကို လက်ခံပေးထားသည်။ ကျွနု်ပ်တို့ကို ချစ် သော၊ ကရုဏာထားတတ်သော ကောင်းကင်အိမ်တော်သို့ဦးဆောင်ပေးသော ဘုရားသခင် အကြောင်းကို သားသမီးတို့အား ပြောပြပါ။

အဘယ်ကြောင့် မသင်ပေးရမည်နည်း။

ယုံကြည်ခြင်းအကြောင်း ကလေးများကို သွန်သင်ပေးခြင်းသည် အရေးကြီးသည်ဟု မှတ်ယူ ကြပါစို့။ သို့ရာတွင် ထိုအချက်ကို အနည်းငယ်သာ လုပ်ဆောင်ကြသည်။ အဓိကအကြောင်း က အချိန်မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ အချိန်နာရီသည် မနက်ကနေ ညနေအထိ ခဏလေးနှင့်ကုန်လွယ်သည်။ တခြားအရာတွေများစွာလည်း ရှိသည်။ ယုံကြည်ခြင်းအ ကြောင်း ကလေးများနှင့်မဆွေးနွေးရလေအောင် အလုပ်များခြင်းသည် စာတန်၏နည်းဗျူ ဟာပင်ဖြစ်ပါသည်။ နတ်ဆိုးကို နှင်ထုတ်ဖို့ ကျမ်းစာက သွန်သင်ထားသည်။ တွန်းလှန်ခြင်း ဟူသည်မှာ အခြားအရာတွေထက် ဦးစားပေးခြင်းဖြစ်သည်။ အခြားအရာဟူသည်မှာ အလုပ်သို့မဟုတ် ဆေးကြောခြင်း၊ ထိုအရေးကြီးသည့်အရာတွေထက် ဦးစားပေးခြင်းမျိုးကို ဆိုလိုသည်။

သို့မဟုတ် ယုံကြည်ခြင်းအကြောင်းကို မပြောနိုင်သည်မှာ ခက်ခဲသည့်မေးခွန်းများကို သား သမီးများက မေးမိမှာကို စိုးရိမ်သောကြောင့်လဲ ဖြစ်နိုင်သည်။ သူတို့က ခက်ခဲသောမေးခွန်း များ မေးမည်မှာ အမှန်ဖြစ်သည်။ သို့ရာတွင် အားလုံးရဲ့အဖြေတော့မရနိုင်ပါ။ မသိလျှင် “မ သိပါ” ဟု ပြောနိုင်သည်။ ကလေးကို ဘုရားသခင်ကိုးကွယ်နည်းအကြောင်းကိုလည်း သင် ကြားပေးနိုင်သည်။ ဘုရားအကြောင်းအကုန်အစင်ကိုတော့ နားမလည်နိုင်ပါ။ ကျွနု်ပ်တို့သည် ကျွနု်ပ်တို့ဖန်တီးသောအရာကို ယုံကြည်ခြင်းမဟုတ် အသက်ရှင်သော ဘု ရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်။ ထိုဘုရားအကြောင်းကို ကျွနု်ပ်တို့လေ့လာသည်။ ဤ အစွမ်းအစကို တခါတရံလိုအပ်သည်။ ကျွနု်ပ်တို့သည် သေးငယ်သောအရာကို တခါတရံ ငြင်းပယ်ကြသည်။ ယုံကြည်ခြင်းအကြောင်းကို ငြင်းပယ်သော ဆယ်ကျော်သက်အရွယ်ကို ဤအရာသင်ပေးနိုင်သလား။ ကျွနု်ပ်တို့ နားမလည်သော်လည်း သမ္မာကျမ်းစာ သွန်သင် သောအရာကို စဉ်းစားဆင်ခြင်ဖို့ ရပ်တန့်နိုင်သည်။ နောက်ပိုင်းတွင် အနည်းငယ် နားလည် လာပေမည်။ ထိုသို့လုပ်ဆောင်လျှင် သမ္မာကျမ်းစာက ကျွနု်ပ်တို့နားမလည်၊ မရှင်းပြနိုင် သောနည်းလမ်းဖြင့် မှန်ကန်ကြောင်း သက်သေပြပေလိမ့်မည်။

ယုံကြည်ခြင်းအကြောင်းနှင့်ပတ်သက်သောမေးခွန်းအကြောင်းကို အနည်းငယ်ပြောကြမည်။ အကြောင်းမှာ ကျွနု်ပ်တို့သည် ကလေးနှင့်ဆန့်ကျင်ဘက်ဖြစ်မည်ကို စိုးရိမ်နေကြသည်။ ကလေးများက သူတို့ယုံကြည်ခြင်းအတွက် အနိုင်ကျင့်မည်ကိုလည်း ကြောက်ကြပါသည်။ ဤသို့ဖြစ်နိုင်သည်။ သို့ရာတွင် စစ်မှန်သောအရာကို ရင်ဆိုင်ခြင်းသည် ကောင်းသောအရာ ဖြစ်ပါသည်။ လူတိုင်းက ယုံကြည်မည်ဟု မဆိုလိုသော်လည်း သင့်ယုံကြည်ခြင်းအတွက် အဖိုးအခတော့ရှိရမည်။ ဤအကြောင်းကြောင့် အချို့သောအခြေအနေတွင် ဤအမှန်တရား ကို ရင်ဆိုင်ရမည်။ လက်ခံရမည်။ ထိုသို့လက်ခံရင်ဆိုင်မှာ ကောင်းကင်ဘက်သို့ ဦးတည် သွားနေခြင်းဖြစ်သည်။

တခါတရံ ကလေးများကို ဘုရားအကြောင်း ပြောပြရန် မထိုက်တန်ဟု ခံစားမိသည်။ ကျွနု်ပ် ဖြစ်သင့်သည်အတိုင်း မဖြစ်၊ အိမ်တွင် စိတ်တိုပြီး မကောင်းသောအရာများကို ပြောမိသည်။ သို့ရာတွင် ပြောဖို့ကြိုးစားသည်။ နောက်ပိုင်းတွင် သားသမီးများ နားလည်လာမည့် အဓိက သွန်သင်ချက်များလည်းရှိသည်။ အဖေကတော့ ဖြောင့်မတ်ခြင်းမရှိ၊ သို့သော် သူသည် ယေရှုကို ယုံကြည်လက်ခံသည်။ ယင်းသည် အပြစ်သားဖြစ်သော်လည်း ကျွနု်ပ်လုပ်ဆောင် ခဲ့သောအရာ၊ လုပ်ဆောင်သောအရာဖြစ်သည်။

ယုံကြည်ခြင်းသည် ဘုရားသခင်၏လုပ်ငန်းဖြစ်သည်။

လူတိုင်းကိုတော့ မယုံကြည်စေနိုင်ပါ။ မိမိကလေးကိုပင် မယုံကြည်စေနိုင်ပါ။ ဘုရားသခင် က အလိုရှိသောသူကို ယုံကြည်ခြင်းပေးထားသည်။ လက်ဝါးကပ်တိုင်၌ အသေခံသော သခင်ကို ယုံကြည်ကိုးစားခြင်းက တစ်ဦးတစ်ယောက်၏ရှုထောင့်မဟုတ်။ ကျွနု်ပ်တို့ရွေးချယ် ထားသောသူများ၊ ကလေးများကို မွေးစားသူများစသဖြင့်တို့၏ အမြင်မဟုတ်ပါ။ ခရစ်ယာန် ယုံကြည်ခြင်းသည် တစ်ခုခုကျန်နေသေးသလိုဖြစ်သည်။ တိုင်းတာ၍မရပါ။ ယုံကြည်ခြင်း သည် တနေရာရာတွင် ပေါ်လာသောအရာလည်းမဟုတ်။ ဘုရားသခင်က နှုတ်ကပတ် တော်အားဖြင့် သီးပွင့်စေမည်။ နှုတ်ကပတ်တော်မှတပါး ဘုရားသခင်လုပ်ဆောင်မည့် နည်းလမ်းအခြားမရှိပါ။ ဘုရားသခင်သည် သင်ပြောသော နှုတ်တော်ထွက်တွင်ရှိပါသည်။ သင်သည် ကျမ်းစာကိုဖတ်ပြီး သင်ပေးသောအခါ သင့်ကလေးအသက်တာတွင် အလုပ်လုပ် ပါသည်။ ဘုရားစကားကို သားသမီးတို့အားပြောသောအချိန်သည် အလွန်ပင် ရိုးစင်ဟန်ဖြစ် နိုင်သည်။ သို့မဟုတ် သင်က ထိုအရာကို မယုံကြည်သောကြောင့် ကစဉ့်ကလျားလဲဖြစ်နိုင် ပါသည်။ သို့ရာတွင် ဤသည်မှာ သူတို့ဖြစ်သည်အတိုင်းပင်ဖြစ်ပါသည်။ သင့်၏ကလေးများ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားဖူးပါသလား။

ကောင်းသောအချိန်ကာလ

ယုံကြည်ခြင်းအကြောင်းကို ပြောဆိုဆွေးနွေးသည့်အချိန်ကာလသည် အလွန်အရေးကြီးသ ဖြင့် ကောင်းသောအချိန်တစ်ခုအဖြစ် အမြဲသတိရနေမည်။ နှုတ်ကပတ်တော်အမြတ်တနိုး ထားခြင်းအပေါ် အလေးအမြတ်ထားပေမည်။ နှုတ်ကပတ်တော်ကို နားထောင်ပြီးနောက် တွင် တရားနာပရိသတ်သည် ခက်ခဲမှု၊ ဖိအားများခံစားနေရလျှင် အကူအညီမဖြစ်နိုင်ပါ။

အသက်ကြီးသောကလေးများကို နှုတ်ကပတ်တော်နားထောင်ရန် တွန်းအားပေး၍မရပါ။ သို့ ရာတွင် သူတို့ကို ခွန်အားပေးတိုက်တွန်းနိုင်သည်။ ဥပမာအားဖြင့် ကျွနု်ပ်တို့က လာဒ်စားမှု အနည်းငယ်ကို အသုံးပြုချင်ပြုနိုင်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏နှုတ်တော်ထွက် စကားသည် ကလေး သို့မဟုတ် အရွယ်ရောက်သူ၏စိတ်နှလုံးတွင် အလုပ်လုပ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ကိုနားထောင်ရန် မည်သည့်အကြောင်းတရားအားဖြင့် ရောက်လာ သည်ဖြစ်စေ အဓိကမကျပါ။

ညနေဆုတောင်းခြင်း။

သင့်အိမ်၌ ညနေဆုတောင်းခြင်းအစီအစဉ်ပြုကြပါသလား။ ရှုပ်ထွေးသည့်အချိန် မဖြစ်သင့်ပါ။ ကလေးအခန်း၌သော်လည်းကောင်း၊ ဧည့်ခန်း၌သော်လည်းကောင်း သင်သည် ကျမ်းစာကိုဖတ် မည်။ ကလေးကျမ်းစာ သို့မဟုတ် ဘုရားနှင့်အချိန်ယူသည့်စာအုပ်ကိုဖတ်သည်။ ပဌနာတော်ကို အတူတကွ ရွက်ဆိုမည်။ တေးသီချင်းကို ကျူးဧမည်။ ဤအချိန်ကာလကို ကောင်းသောမျိုးစေ့ စိုက် ပျိုးရမည့်အချိန်ဖြစ်သည်။ အချိန်တန်သောအခါ သီးပွင့်လာလိမ့်မည်။ တစ်ခုခုအပေါ်သံသယရှိနေ သော်လည်း အချိန်တန်ရင် သီးပွင့်လာမည်ဖြစ်သည်။ ညနေပိုင်းဆုတောင်းချိန်၌ ယုံကြည်ခြင်းအ ကြောင်းပြောဆိုဆွေးနွေးရန် သို့မဟုတ် ထိုနေ့ရက်၏အခြားအကြောင်းအရာများ ပြောဆိုဆွေးနွေး ရန် အသင့်လျော်ဆုံးအချိန်ဖြစ်ပါသည်။ ဖတ်ရှုထားသောကျမ်းပိုဒ်အကြောင်းကို ကလေးများအား မေးမြန်းဖို့အသင့်လျော်ဆုံးအချိန်လည်းဖြစ်ပါသည်။ သင်သည် အံ့သြမင်သက်ဖွယ်ရာအဖြေကို သူတို့ထံကနေ ရံဖန်ရံခါ ကြားရနိုင်သည်။

ဘုရားသခင်ကို စကားပြောပါ။

ကျွနု်ပ်မိတ်ဆွေက “ကျွနု်ပ်အဖေသည် အိမ်နှင့်အဝေးမှာနေပြီး ကျွနု်ပ်တို့ကို ယုံကြည်ခြင်းအ ကြောင်း လမ်းညွှန်ပေးဖို့ ခက်ခဲသည်။ သို့ရာတွင် သူခရီးသွားနေစဉ်တွင် ကျွနု်ပ်အတွက် များများဆုတောင်းပေးသည်ကိုသိသည်။ ယခုကျွနု်ပ်ယုံကြည်သူဖြစ်လာရခြင်းမှာ သူ၏ ဆုတောင်းခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်” ဟုဆိုသည်။ တစ်နည်းမဟုတ်၊ တစ်နည်း ကြောင်း သင့်ကလေးများကို ဘုရားအကြောင်းမပြောပြနိုင်လျှင် သူတို့အကြောင်းကို ဘုရား သခင်အား ကြားလျှောက်ပါ။ ၎င်း၏လွှမ်းမိုးမှုသည် အလွန်ပင်ကြီးမားလိမ့်မည်။