လက်ဝါးကပ်တိုင်နှင့်ဆိုင်သောဓမ္မပညာနှင့်ဘုန်းအသရေနှင့်ဆိုင် သော ဓမ္မပညာ

ရပ်တည်ချက်နှစ်မျိုးရှိသည်။ ယင်းတို့မှာ ‘ဘုန်းအသရေနှင့်ဆိုင်သောဓမ္မပညာ’ နှင့် ‘လက်ဝါး ကပ်တိုင်နှင့်ဆိုင်သော ဓမ္မပညာ’ တို့ဖြစ်ကြပါသည်။

“ဘုန်းအသရေနှင့်ဆိုင်သော ဓမ္မပညာ” တွင် ဘုရားသခင်၏တန်ခိုးသည် အလွန်ရှင်း လင်းပြီး အားလုံးအတွက် သိသာမြင်သာထင်ရှားသည်။ ယုံကြည်သူများကလည်း လူတိုင်းကို ပြသလိုကြသည်။

“လက်ဝါးကပ်တိုင်နှင့်ဆိုင်သောဓမ္မပညာ” တွင် ဘုရားသခင်သည် သူ၏တန်ခိုးကို ဖုံးကွယ်ထားပြီး ၎င်း၏အားနည်းခြင်းအရာ၌ ဝှက်ထားလျက်ရှိပါသည်။ ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး အကောင်းဆုံးရှင်းလင်းချက်မှာ ယေရှုခရစ်၏လက်ဝါးကပ်တိုင်ပေါ်ရှိနေ ခြင်းဖြစ်ပါသည်။ ထိုအရပ်တွင် အားနည်းပြီး ဒုက္ခဝေဒနာခံစားနေသော ယေရှုရှိနေပါသည်။ သူ၏ဘုန်းအသရေကိုဝှက်ထားကာ ကြီးမားသည့်အောင်မြင်မှုကို ရရှိသည်။

လက်ဝါးကပ်တိုင်နှင့်ဆိုင်သော ဓမ္မပညာသည် မာတင်လူသာနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပါ သည်။ သမ္မာကျမ်းစာတစ်ခုလုံးတွင် ထိုဓမ္မပညာအကြောင်းကိုတွေ့ရသည်။ ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းကိုလည်း ဖော်ပြထားပါသည်။

ပေါလုသည် မိမိ၏အားနည်းချက်အပေါ် ဝါကြွားဝမ်းမြောက်သည်။

၁ ကော ဒုတိယအခန်းက တမန်တော်၏အားနည်းခြင်းနှင့်ဒုက္ခဝေဒနာခံစားရခြင်းအ ကြောင်းကို သွန်သင်ထားပါသည်။ ရှင်ပေါလု၏ ဥရောပဘက်သို့ပထမဆုံးအကြိမ် ခရီးသွား ခြင်းသည် ကောင်းကောင်းမွန်မွန် အစပြုခဲ့သည်မဟုတ်။ ဖိလိပ္ပိသို့ရောက်သောအခါ သူသည် ရိုက်နှိက်ခံရပြီး ထောင်သွင်းခံခဲ့ရသည်။ သက်သာလောနိတ်မြို့မှ သူသည် အသက်ချမ်းသာရဖို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အေသင်မြို့တွင်သာ ရယ်မောနိုင်ခဲ့ပါ သည်။ ကောရိန္တုမြို့သို့ ခရီးနှင်နေသောလူသည် သူတပါးထက် “ထူးကဲ့သောတမန်တော်” မဟုတ်ပါ။ စတီးအာရုံကြောများရှိသည့် ယုံကြည်ခြင်းသူရဲကောင်းလည်းမဟုတ်ပါ။ ကြောက် ရွံ့တတ်သောသူဖြစ်ပါသည်။ သို့ရာတွင် သူသည် နာမည်ဆိုးနှင့်ကျော်ကြားသော ကောရိန္တု မြို့ကို တစ်နှစ်ခွဲအထိကြာမြင့်အောင်နေပြီး အလုပ်လုပ်နိုင်ခဲ့သည်။ အလွန်တက်ကြွပြီး ခိုင် မာသောအသင်းတော်ကို ထိုမြို့၌ တည်ထောင်ခဲ့သည်။ ဤလုပ်ငန်းအစပြုသောခြင်းအ ကြောင်းကို ကောရိန္တုပထမစာစောင်တွင် ဖော်ပြထားပါသည်။ ကောရိန္တုဒုတိယစာစောင် တွင် ပေါလုက ၎င်း၏ရန်သူများအား သူ၏အားနည်းခြင်းအပေါ် ဝါကြွားမှုရှိကြောင်းကို ရေးသားထားပါသည်။ သို့ဖြစ်သောကြောင့် ကောရိန္တုပေးစာသည် “လက်ဝါးကပ်တိုင် တော်အကြောင်း ဓမ္မပညာ” တည်းဟူသော အရေးကြီးသည့် သမ္မာကျမ်းစာနှင့်ညီသော တရားကို သင်ကြားပေးရန်တွင် အလွန်ထူးကဲသည်ဟု ပြောဆိုရသည့်အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။

အာဗြဟံ - ဘုရားချစ်သော ဆင်းရဲသားတစ်ဦး

သမ္မာကျမ်းစာ၏ပထမအခန်းများတွင်(ကမ္ဘာဦး ၁-၁၁) အလွန်အရေးပါသော အကြောင်းအ ရာများပါရှိကြပါသည်။ အထူးသဖြင့် အာဗေလနှင့်နောဧအကြောင်းကို တွေ့ရသည်။ ထိုအ ကြောင်းအရာများက “လက်ဝါးကပ်တိုင်အကြောင်းဓမ္မပညာ” ကို သင်ကြားပေးပါသည်။ ထို အကြောင်းအရာကိုလေ့လာပြီးသည်နှင့်တပြိုင်နက် ဘုရားသခင်က ဣသရေလလူမျိုးများ ကို မည်သို့ဖန်တီးပုံဖော်ထားသည်ကို သမ္မာကျမ်းစာက စတင်ဖော်ပြထားပါသည်။ ဘုရား သခင်က ကြီးမားပြီး ခိုင်မာသောပြီးသော လူမျိုးကို ရွေးချယ်ထားသည်မဟုတ်။ သာမာန် ဆင်းရဲသားတစ်ဦးဖြစ်သော အာဗြဟံကို ရှေးဦးစွာရွေးချယ်ထားသည်။ အလွန်ခက်ခဲပြီး နာကျင်စရာအဖြစ်အပျက်များကို ကြုံတွေ့ရပြီးနောက် သားသမီးမရှိသော စုံတွဲသည် မိသား စုတစ်ခုဖြစ်လာသည်။ ထို့နောက်မှ ထပ်ဆင့်၍ လူမျိုးတစ်မျိုးဖြစ်လာသည်။ နောက်ဆုံးတွင် ဘုရားသခင်က အာဗြဟံကိုပေးထားသည့်ကတိတော်အတိုင်း “ကောင်းကင်ကကြယ်၊ သမုဒ္ဒရာသဲလုံးကဲ့သို့ များပြားသော လူစု” ဖြစ်လာကြသည်။ ထိုသို့မတိုင်မှီတွင် အာဗြဟံ သည် ဧည့်သည်အဖြစ် အခြားသူများ၏တိုင်းနိုင်ငံများသို့ ဟိုဒီသွားလာ လည်ပတ်ကာ ဘု ရားသခင်၏ကတိတော်များကို အောက်မေ့ဖို့ကြိုးစားအားထုတ်ခဲ့သည်။ အီဂျစ်ပြည်တွင် ဖာရောဘုရင်၏အမျက်ကိုလည်းကြောက်ရသေးသည်။ သားသမီးမရှိခြင်းအတွက်လည်း အရှက်ရသိက္ခာကျရသေးသည်။အာဗြဟံသည် ဘုရားသခင်အား တစ်ဦးတည်းသောသား ဣဇာက်ကိုဆက်သပူဇော်သည့်တာဝန်ကို ထမ်းဆောင်ရသောအခါ အလွန်နာကျင်သော အခိုက်အတန့်ကို ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် နောက်ဆုံး၌ ဘုရားသခင်သည် သားငယ် အား ထိခိုက်မှုမရှိစေရန် အမိန့်ပေးခဲ့သည်။ ဆင်းရဲသားတစ်ဦးကို ဘဝမုန်တိုင်းထဲသို့ပစ်ချ လိုက်သောအခါ တန်ခိုးနှင့်တည်ငြိမ်သောဉာဏ်အမြော်အမြင်ရှိမှုသည် ဝေးကွာတတ်သည်။ သို့ရာတွင် ထိုသို့သောအခက်အခဲကြားက လူမျိုးကြီး၊ ဣသရေလလူမျိုးဖြစ်လာသည်။ ထိုအခက်အခဲကြားတွင် ဘုရားသခင်၏အကြံအစည်သည် လုံးဝပြည့်စုံလာခဲ့ပါသည်။

ဘုရားသခင်သည် အာဗြဟံအား ထိုသို့သောခက်ခဲမှုများကို အဘယ့်ကြောင့် ရင်ဆိုင် ကြုံတွေ့စေပါသနည်း။ လူတိုင်းရှေ့တွင် ဝင့်ဝင့်ကြွားကြွားရှိနိုင်ဖို့အတွက် သူ့လူမျိုးများကို ထိုအခက်အခဲထဲကနေ အဘယ့်ကြောင့် အလျှင်အမြန် မချီးမြှောက်ပါသနည်း။ ဘုရားသခင် က သိထားသော်လည်း ထိုသို့မလုပ်ဆောင်ပါ။ နောက်ဆုံးတွင် အာဗြဟံသည် လူမျိုးကြီး တစ်မျိုး၏အဘဖြစ်လာသည်။ “ယုံကြည်ခြင်းအဘ” လည်းဖြစ်လာခဲ့သည်။

မောရှေ - ဘုရားသခင်၏လူ၊ တစ်ကိုယ်ရေသမားကြီး

ဣသရေလလူမျိုးများကို အီဂျစ်ပြည်၌ ကျွန်ခံကြသောအခါ ဘုရားသခင်သည် မိမိလူတို့ကို ကျွန်အဖြစ်မှလွတ်မြောက်စေဖို့ ဦးဆောင်ရန် မောရှေကိုခေါ်ခဲ့သည်။ မောရှေသည် ဖာရော ၏သားအဖြစ် ကြီးပြင်းလာခဲ့သည်။ သို့ရာတွင် သူသည် မိမိလူမျိုးများ ကျွန်ခံနေရသည်ကို မြင်တွေ့လာရသောအခါ မိမိလူမျိုးတို့နှင့်ဆင်းရဲဒုက္ခကိုခံဖို့ ရွေးချယ်ခဲ့သည်။ ထိုအကျိုးမှာ သူသည် သဲကန္တာရထဲသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ထိုထွက်ပြေးတိမ်းရှောင်ရာ မိဒျန် နယ်တွင် နှစ်ပေါင်းလေးဆယ်ကျော် နေထိုင်ခဲ့ရသည်။ ဤရိပ်သိမ်းချိန်နောက်ပိုင်းတွင်သာ မောရှေသည် လောင်သောချုံအားဖြင့် ဘုရားသခင်၏ခေါ်ခြင်းကို ရရှိခဲ့ပါသည်။ လောကီး တွင် ကြမ်းတမ်းခက်ထန်ဆုံးသော အီဂျစ်ရှင်ဘုရင် ဖာရော၏ အုပ်ချုပ်မှုအောက်ကနေ မိမိလူမျိုးများကို ပြန်လည်ခေါ်ထုတ်ရမည့် တာဝန်ကိုထမ်းဆောင်ရန် သွားခဲ့သည်။ လူသား အနေဖြင့်ဆိုရလျှင် မောရှေ၌ရှိသောတန်ခိုးရင်းမြစ်သည် အကန့်အသတ်ဖြစ်ပါသည်။ သူ၌ မိန်းမ၊ သားနှစ်ယောက်နှင့်မြည်း၊ တောင်ဝှေးသာပိုင်ဆိုင်ထားသည်။ ခက်ခဲမှုပေါင်းများစွာ ကို ရင်ဆိုင်ကြုံတွေ့ရပြီးနောက် မိမိလူမျိုးတို့ကို အီဂျစ်ပြည်မှ သဲကန္တာရထဲသို့ ခေါ်ထုတ် သွားခဲ့သည်။ ထိုအရပ်တွင် နှစ်ပေါင်းလေးဆယ်ကျော်လှည့်လည်သွားကြပြီး မိမိလူတို့သည် မောရှေကို ဆန့်ကျင်ကြသည်။

“လက်ဝါးကပ်တိုင်နှင့်ပတ်သက်သည့်ဓမ္မပညာ” သည် မောရှေနှင့်အတူ သိသိသာသာထင် ရှားပါသည်။ သူသည် အလွန်အန္တရယ်ရှိသောအခြေအနေတွင် မွေးဖွားလာခဲ့သည်။ ဘုရား သခင်၏အံ့သြဘွယ်ရာ ကူညီမစခြင်းနှင့်အတူ အသက်ဘေးမှလွတ်မြောက်ခဲ့သည်။ အလွန် အမျက်ထွက်သဖြင့် ဣသရေလလူမျိုးကို ရိုက်နှက်သောအီဂျစ်လူမျိုးတစ်ဦးကို သတ်ဖြတ်ခဲ့ သည်။ သို့ဖြစ်၍ မောရှေသည် ထွက်ပြေးတိမ်းရှောင်နေရသည်။ နောက်ထပ် ဘာဖြစ်ခဲ့ပါသ လဲ။ ဘာမျှမဖြစ်ခဲ့ပါ။ သူသည် နှစ်ပေါင်းလေးဆယ်ကျော် သဲကန္တာရထဲတွင် သိုးထိန်းခဲ့ရပါ သည်။ ဣသရေလူမျိုးတို့သည် ကျွန်အဖြစ်နှင့်ဒုက္ခဝေဒနာပေါင်းများစွာကို ခံစားခဲ့ကြပါ သည်။ ဘုရားသခင်သည် ၎င်း၏တန်ခိုးကို ဝှက်ထားခဲ့သည်။ လူသားတို့၏ကြိုးစားအား ထုတ်မှုမပါဘဲ မိမိလူမျိုးတို့ကို လွတ်မြောက်စေရန် ဘုရားသခင်သည် မောရှေကို စေလွှတ် ပြီးနောက် ဘုရားသခင်သည် မိမိတန်ခိုးကို အားနည်းခြင်းအရာ၌ ဝှက်ထားသည်။ သို့ရာ တွင် ဤသည်မှာ ဘုရားသခင်၏အကူအညီကို လူတို့လက်ခံရရှိသော နည်းလမ်းဖြစ်သည်။

“ဘုန်းအသရေနှင့်ဆိုင်သောဓမ္မပညာ” သည် ၎င်း၏ဖြစ်တည်မှုတစ်ခုလုံးတွင် အမှားအယွင်း ရှိရန်မလိုအပ်ကြောင်း ပြောဆိုခြင်းသည် တန်ဖိုးရှိလှသည်။ မောရှေအားဖြင့် ဘုရားသခင် စေလွှတ်လိုက်သော ကပ်ရောဂါများသည် ဖာရောဘုရင်အား ဒုက္ခရောက်စေပြီး ဒူးထောက် စေသည်။ ထို့အပြင် ဣသရေလလူမျိုးများအား အမြန်ဆုံးလွှတ်ရန်လည်း တွန်းအားပေး ထားပါသည်။ နောက်ဆုံးတရားစီရင်မှုကိုလေ့လာသောအခါ ဘုရားသခင်၏တန်ခိုးကို မြင် တွေ့ရပါသည်။ ထိုအကြောင်းအရာကို သတိပေးသည်မှာ အလွန်ကောင်းမွန်သောအရာဖြစ် ပါသည်။ လက်ဝါးကပ်တိုင်နှင့်ဆိုင်သောဓမ္မပညာအကြောင်း သတိရစေရန်အတွက် အလွန် ကောင်းမွန်လှပါသည်။ အထူးသဖြင့် ခရစ်ယာန်များသည် သွေးဆောင်ခံရပြီး သူတို့၏ဖြစ် ခြင်းအမှန်ထက်သာ၍ကောင်းသည်ဟု ထင်မြင်ယူဆကြသည့်အချိန်၌ သတိရစေပါသည်။

ဟန္နနှင့်မာရိ - မင်္ဂလာရှိသောမိန်းမနှစ်ဦး

နှစ်ပေါင်းထောင်နှင့်ချီ၍ သမ္မာကျမ်းစာကိုဖတ်ရှုလေ့လာသောသူများကို သမ္မာကျမ်းစာထဲ က အမျိုးသမီးများ၏အသက်တာအကြောင်း၏ထိတွေးခြင်းအားဖြင့် ပြုပြင်ခြင်းကိုခံခဲ့ကြရပါ သည်။ ထိုဖော်ပြချက်များထဲက တစ်ခုမှာ ဟန္နအကြောင်းဖြစ်ပါသည်။ သူသည် ပရောဖက် ကြီးရှမွေလ၏မိခင်ဖြစ်သည်။ (၁ ရာဇဝင် ၁-၂) ဟန္နသည် အမြုံမဖြစ်သည်။ သူတို့၏ယဉ် ကျေးမှုအရဆိုလျှင် သူမသည် ရှက်ကြောက်ခြင်းများကို သယ်ပိုးနေရသောသူဖြစ်ပါသည်။ သူချစ်ရသောခင်ပွန်းကလည်း သူမ၏ဝမ်းနည်းကြေကွဲမှုကို မနှစ်သိမ့်နိုင်ခဲ့ပါ။ သခင်ဘုရား ၏ဗိမာန်တော်တွင် စိတ်ပျက်ဝမ်းနည်းနေသောအမျိုးသမီးသည် သူမ၏စိတ်အားထက်သန်မှု နှင့်ဝမ်းနည်းငိုကြွေးမှုအလုံးစုံတို့ကို ဆုတောင်းခြင်း၌ သွန်းလောင်းတော်မူခဲ့သည်။ ရှမွေလ၏ အလွန်ပျော်ရွှင်သောမိခင်ကြီးဖြစ်လာသူမှာ ဤမိန်းမကြီးပင်ဖြစ်ပါသည်။ ဟန္န၏ ချီးမွမ်းသီချင်းအကြောင်းသည် အလွန်ထူးမြတ်အံ့သြဘွယ်ဖြစ်သည်။ (၁ ရာဇဝင် ၂)

ဓမ္မဟောင်းကျမ်း၌တွေ့ရသောဟန္နနှင့်ထပ်တူကျသည်မှာ ဓမ္မသစ်ကျမ်း၌ အပျိုကညာမာရိ ပင်ဖြစ်ပါသည်။ (လုကာ ၁-၂) သခင်ဘုရား၏မိခင်အနေနှင့်ရွေးကောက်ခြင်းခံရသူမှာ မြင့် မြတ်သောမိသားစုထဲက လေးစားအားကျရသောသမီးပျိုကို ရွေးချယ်ထားသည်မဟုတ်၊ သံသယမျက်လုံးဖြင့် စောင့်ကြည့်ခံနေရသော ဆင်းရဲသားသမီးပျိုလေးပင်ဖြစ်ပါသည်။ ဘုရားသခင်က တန်ခိုးကြီးပြီး ကြွယ်ဝချမ်းသာသောသူတို့၏ထီးနန်းကို ချပြီး ဆင်းရဲသား နှင့်ချို့တဲ့ဆာလောင်သောသူတို့အား ချီးမြှောက်သည်ဟူသော မာရိယာ၏ချီးမွမ်းသီချင်းမှာ အလွန်မှန်ကန်သော တေးကဗျာဖြစ်ပါသည်။ ဘုရားသခင်၏လူတို့သည် သေငယ်သော၊ အားနည်းသော၊ ဖိနှိပ်ခံနေရသောသူတို့ရှိသောအိမ်တွင် ခံစားချက်ရှိကြသည်။ ချမ်းသာ ကြွယ်ဝသောသူတို့နှင့်ဉာဏ်ပညာရှိသူတို့က သူတို့သည် ချမ်းသာကြွယ်ဝကြပြီမို့ ဘုရား သခင်ထံကနေ များစွာမြှော်လင့်စရာ၊ ရစရာမရှိကြတော့ဟု ထင်မြင်ယူဆကြသည်။

ဒါဝိဒ် - လူငယ်လေးတစ်ယောက်ဖြစ်သောဘိသိတ်ခံဘုရင်

ဘုရားသခင်က အားနည်းခြင်းအရာ၌ ၎င်း၏တန်ခိုးကို အဘယ်မျှလောက်ဝှက်ထားသည့်အ ကြောင်း သာဓကကောင်းမှာ လမ်းမှားရောက်နေသောရှောလုဘုရင်နေရာ၌အစားထိုးရန် ဘုရင်ကို ရွေးချယ်မှုတွင် တွေ့မြင်နိုင်ပါသည်။ ပရောဖက်ရှမွေလကို မိမိသားများကို ရှမွေလအားမိတ်ဆက်ပေးသော ယေရှဲရှိရာဝေလံခေါင်းဖျားသော တောရွာလေးသို့စေလွှတ် ခဲ့သည်။ သားတစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ခဲ့သည်။ သို့ရာတွင် တစ်ဦးကိုမျှ ဘုရားသခင်ရွေးကောက်တော်မမူ။ သိုးထိန်းသူငယ်လေးသာလျှင် ပလ္လင်တော်ကို ဆက်ခံရ မည့်သူဖြစ်သည်။

ဒါဝိဒ်သည် ရှင်ဘုရင်အဖြစ် နန်းမတက်မှီတွင် ခက်ခဲကြမ်းတမ်းသည့် ခရောင်းတောလမ်း ကို ဖြတ်ကျော်ခဲ့ရသည်။ ရှေးဦးစွာ သူသည် ဘုရင်၏မိတ်ဆွေဖြစ်လာသည်။ ထို့နောက် ဘုရင်၏ရန်သူဖြစ်လာသည်။ သူသည် ဘုရင်၏စစ်သည်တော်ခေါင်းဆောင်ဘဝကနေ ဒုက္ခ သည်ဘဝသို့လည်း ရောက်ခဲ့ရပါသည်။ သူသည် နောက်ဆုံး၌ တန်ခိုးအာဏာရှိလာသောအ ခါ ဝမ်းနည်းဖွယ်ရာအပြစ်ထဲသို့ လဲကျသွားခဲ့သည်။ သို့ရာတွင် သူသည် ဘုရားသခင်ရှေ့၌ ကလေးတစ်ယောက်၏စိတ်နှလုံးအပြည့်ဖြင့် ဝန်ချတောင်းပန်သည်။ သူသည် မိမိအပြစ်ကို ဝန်ချတောင်းပန်သည်။ အပြစ်များကိုစွန့်ပစ်ပြီး ဘုရားသခင်ထံသို့ ပြန်လာချင်သည်။ ထိုသို့ သောသူကို ဘုရားသခင်က ထာဝရဘုရင်ဖြစ်ခြင်းနှင့်ဆိုင်သောကတိတော်ကိုပေးထားပါ သည်။ (၂ ရာဇဝင် ၇)

ထိုကတိတော်သည် ယေရုရှလင်မြို့၌ တူညီသောမျိုးဆက်က နှစ်ပေါင်း ၄၅၀ ကျော်အုပ် ချုပ်လာသောအချိန်၌ ပြည့်စုံလာခဲ့သည်။ သို့ရာတွင် ဤအရာအားလုံးသည် ဝှက်ထား သောအရာများဖြစ်ပြီး ကြံဆ၍မရနိုင်သောနည်းလမ်းဖြစ်ပါသည်။ ဒါဝိဒ်၏အိမ်တော်တန်ခိုး ကွယ်ပျောက်ပြီးနောက် နှစ်ပေါင်းတစ်ရာတွင် ကတိတော်သည် အမှန်တကယ်ဖြစ်လာပြီး ဒါဝိဒ်၏သားတော်ယေရှုခရစ်သည် မိမိခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ထိုင်နေတော်မူခဲ့ သည်။

ပညာမဲ့တံငါသည်များ

ယေရှုသည် ၎င်း၏သာသနာကို မြေကြီးပေါ်၌ အစပြုချိန်တွင် ယေရှုက၊ ဥပမာအားဖြင့် ဉာဏ်ရှိသောအတွေးအခေါ်ပညာရှင်များ သို့မဟုတ် ကျွမ်းကျင်သောနိုင်ငံရေးသမားများကို သာ ၎င်း၏အနီးကပ်ဆုံး၌ရှိနေသော နောက်လိုက်များအဖြစ် ရွေးချယ်ကြမည်ဟု ထင်မြင် ယူဆခဲ့ကြသည်။ ယေရှုက လူအများထင်မှတ်ထားသည်အတိုင်းမဟုတ်ဘဲ မိမိ၏နောက် လိုက်များကို ဉာဏ်ပညာမရှိသည့် ဂါလိလဲအိုင်နံဘေးတွင် ငါးဖမ်းနေသော တံငါသည် များကိုသာရွေးချယ်သည်။ သူတို့တွင် တစ်ဦးမျှ အပြစ်ကင်းသူမရှိကြပါ။ နောက်ဆုံးတွင် သူတို့အားလုံးသည် သူတို့သခင်ကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့ကြသည်။ သို့ရာတွင် သခင် ဘုရားက ရွေးကောက်ပြီး ကမ္ဘာတစ်ဝှမ်း ဧဝံဂေလိတရားဟောပြောဖို့စေလွှတ်ခံရသူများမှာ ပညာမရှိသည့် နောက်ပြန်လဲသော ဤတံငါသည်များသာဖြစ်ကြပါသည်။ ခရစ်ယာန်များကို စိတ်အားထက်သန်စွာ ညှင်းဆဲနေသောရှောလုသည် တမန်တော်ပေါလုဟူသော အမည် သစ်ကိုရရှိပြီး သူတို့နှင့်အတူ ပူးပေါင်းခဲ့သည်။
ဘုရားသခင်က လူအများသိထင်ရှားသော လူများကိုရွေးချယ်သည်မဟုတ်၊ အလွန်သေး ငယ်သောသူ၊ အားနည်းသောသူ၊ ဆင်းရဲချို့တဲ့သောသူများကိုသာ ရွေးချယ်ပါသည်။ ဧဝံဂေ လိတရားကိုဟောပြောရာတွင် လူ့ဉာဏ်ပညာအားဖြင့်မဟုတ် နားမလည်နိုင်သောဘုရား သခင်၏တန်ခိုးတော်အားဖြစ်သာဖြစ်ပါသည်။

ဘုရားသခင်သည် အားနည်းသောသူတို့တွင် အလွန်ခွန်အားရှိသည်။ မိမိသခင်ကို အရင်ကငြင်းပယ်သောပေတရုက ပင်္တေကုတ္တိနေ့တွင် လူအများရှေ့၌ သတ္တိရှိရှိလှမ်းသွားသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ဒူးတုန်ခါး တုန် ပေါလုသည်လည်း ကောရိန္တုသို့သတ္တိရှိရှိသွားခဲ့သည်။

ဂေသရှေမာန်အတွင်း၌ တွေ့ရသောယေရှု

ခရစ်တော်၏အသက်တာသည် အစကတည်းက လက်ဝါးကပ်တိုင်ဆီသို့ ဦးတည်နေပါ သည်။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီရှိသောသူသည် မိမိကိုယ်ကို ဘာမျှမရှိခြင်း အဖြစ်လုပ်ဆောင်ပြီး အစေခံပုံစံလုပ်ဆောင်ပါသည်။ သူသည် နွားစားခွက်ထဲမှာ မွေးဖွား လာပြီး မာရိ၏သားအဖြစ် သတ်မှတ်ခံထားရပါသည်။ တနည်းအားဖြင့် ပြောရမည်ဆိုလျှင် တိတ်တိတ်ပုန်းကလေးတစ်ယောက်ဟုလည်း သတ်မှတ်ကြပါသည်။ သူ့ရဲ့အသက်တာ တစ်ခုလုံးကို အထီးကျန်ခြင်းအားဖြင့် အမှတ်အသားပြုပါသည်။ သူသည် လူအုပ်ကြီး၌ လည်းကောင်း၊ တစ်ခါတစ်ရံ သူနှင့်အတူ အနီးဆုံးရှိနေသောသူတို့အတွက်လည်းကောင်း အထီးကျန်နေသည်ကိုတွေ့ရပါသည်။ မာကုခရစ်ဝင်ကျမ်း အခန်းကြီး ၃ က သူ့မိသားစုက သူသည် စိတ်မနှံ့သူအဖြစ်ထင်မြင်ယူဆကြသည်ကို ပြသသည်။ အခန်းကြီး ၈ လက်ဝါးကပ် တိုင်တော်လမ်းသို့ သူသွားသည့်အခါ သူ၏အနီးဆုံးမိတ်ဆွေများ၊ တပည့်တော်များက စွန့် ပစ်ထွက်ပြေးသွားပုံ ကို ပြသသွားပါသည်။ သူ၏အထီးကျန်ဆန်မှုတွေကို အသက်ထွက်ခါ နီးနောက်ဆုံးအချိန်အတွင်းတွင် တွေ့ရပါသည်။ ဂေသရှေမာန်ဥယျာဉ်တွင် ဘုရားသခင်၏ သားတော်သည် သူ့ခမည်းတော်ထံသို့ ဒုက္ခဝေဒနာကြားက ဆုတောင်းခဲ့သည်။ ချွေးစက် များသည် သွေးစက်များကဲ့သို့စီးချအောင် ဆုတောင်းခဲ့သည်။ လက်ဝါးကပ်တိုင်တွင် သခင် ဘုရားသည် ဖြစ်နိုင်သလောက် အထီးကျန်နေသည်ကိုတွေ့ရသည်။

ဘုရားသခင်၏တန်ခိုးကို ဘုရားသားတော်၏အသက်တာ၌ ဝှက်ထားလျက်ရှိသည်ကို မြင် တွေ့ရပါသည်။ သို့ရာတွင် အချို့သောလူတို့သည် ထိုအကြောင်းအရာကို သိမှတ်ကြပါ သည်။ ဉာဏ်ပညာရှိသောသူ၊ သို့မဟုတ် ချမ်းသာသောသူမဟုတ်ဘဲ သေးငယ်သောသူ၊ ဆဲရဲသောသူနှင့်အပြစ်ရှိသောသူတို့အဖြစ် သိမြင်ကြသည်။ မျက်စိမမြင်သောသူတို့သည် သူတို့ကို ကူညီမည့်သူများကိုခေါ်သည်။ ဆင်းရဲသောသူတို့သည် သူ့နောက်သို့လိုက်ကြပါ သည်။ စည်းစိမ်ကိုတပ်မက်သော အခွန်ခံများက သူ့ကိုမြင်သောအခါ သူတို့သည် အလွန် ဆင်းရဲမွဲတေသောသူအဖြစ်မြင်ကြသည်။ သင်္ချိုင်းတွင်ထားသော မိတ်ဆွေများက ထမြောက်သောကယ်တင်ရှင်ကိုမြင်ကြသောအခါ ဘုရားသခင်၏တန်ခိုးသည် နောက်ထပ် ဝှက်ထားမှုမရှိတော့ပါ။

လက်ဝါးကပ်တိုင်နှင့်ဆိုင်သောဓမ္မပညာနှင့်ကျွနု်ပ်တို့

လက်ဝါးကပ်တိုင်နှင့်ဆိုင်သောဓမ္မပညာသည် ကျွနု်ပ်တို့ကို မည်သို့ဆိုလိုနိုင်မည်နည်း။ တူညီသောဝိညာဉ်က ခရစ်တော်၏အသင်းတော်၌ ထပ်ခါထပ်ခါ ထိန်းသိမ်းပေးပါသည်။ အထူးသဖြင့် ဆင်းရဲသောသူ၊ အားနည်းသောသူနှင့်အပြစ်သားတို့သည် ခရစ်တော်ကို မြင် တွေ့ခဲ့ကြပြီး ဘုရားသခင်၏ဝှက်ထားသောတန်ခိုးကိုလည်း ရရှိကြပါသည်။ အချိန်ကာလ ကျော်လွန်သွားသည်အတိုင်း ခရစ်တော်က အားနည်းသူများကိုပြုစုပျိုးထောင်ပေးသည့် အပြစ်သားများ၏ဆေးရုံအဖြစ် အသင်းတော်က ရပ်တန့်သည့်နည်းလမ်းတစ်ခုတွင် ဘုရား သခင်၏တန်ခိုးကိုပြသဖို့ စုံစမ်းနှောက်ယှက်ခြင်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် အ သင်းသားများသည် အလွန်ခိုင်မာပြီး တည်ကြည်သောယုံကြည်သူအစုအဖွဲ့၊ မိမိအားနည်း ချက်ကိုဖော်ပြဖို့ အဘယ်သူမျှ မကြောက်ရွံ့တော့သည့်အစုအဖွဲ့အဖြစ်သို့ ရောက်လာကြပါ သည်။ အပြစ်သားများအတွက် ကောင်းကင်တံခါးကိုဖွင့်ပေးနိုင်သောယုံကြည်ခြင်းသည် ဘုရားသခင်၏အံ့သြဘွယ်ရာကောင်းသောနိမိတ်လက္ခဏာလည်းဖြစ်ပါသည်။ ထို့အပြင် အကျိုးကြောင်းညီသော အတွေးအခေါ်ဒဿနလည်းဖြစ်လာသည်။ ခရစ်ယာန်ဘာသာ သည် ပညာရှိသောသူ၏အသက်တာပုံစံသို့ ကူးပြောင်းသွားပါတော့သည်။ အားနည်းသော သူတို့သည် ယုံကြည်ခြင်းသူရဲကောင်းများဖြစ်လာကြသည်။ ဤသို့ဖြင့် လက်ဝါးကပ်တိုင် တော်တရား၏ နက်နဲသောအရာကို မေ့လျော့ေနေကြပါသည်။ ယုံကြည်ခြင်းဆုကျေးဇူး၏ ဘာမျှမရှိသော အခွံသာလျှင် ကျန်ရစ်ပါတော့သည်။

လက်ဝါးကပ်တိုင်တရားနှင့်ဆိုင်သောဓမ္မပညာအကြောင်းမှာ မာတင်လူသာက အလေးအ နက်ထားသွန်သင်ထားသော တရားဖြစ်ပါသည်။ ထိုအရာသည် လုံးဝကွဲပြားခြားနားမှုရှိပါ သည်။ ဘုရားသခင်သည် ပညာရှိသောသူ၊ ချမ်းသာကြွယ်ဝသောသူ၊ မိမိကိုယ်ကိုဖြောင့် မတ်သည်ဟု မှတ်ယူသောသူတို့ကို ကျော်လွန်ပြီး ဆင်းရဲချို့တဲ့သောသူ၊ အားနည်းသော အပြစ်သားများအား အဘယ်သို့ကူညီမစသည်အကြောင်း သန့်ရှင်းသောသမ္နာကျမ်းစာ သာဓကများမှ ထပ်ခါထပ်ခါ လေ့လာတွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် “လက်ဝါးကပ်တိုင် တရားနှင့်ဆိုင်သောဓမ္မပညာ” အကြောင်းသည် သမ္မာကျမ်းစာထဲတွင် အရေးကြီးသော ရှုထောင့်တစ်ခုဖြစ်သည်။ ထိုအရာက ကျွနု်ပ်တို့အား အသက်ရှင်သောခရစ်ယာန်ယုံကြည် ခြင်းတစ်ခုဆီသို့ နောက်တစ်ဖန် ဦးဆောင်ပေးသွားမည်။