ဗတ္တိဇံမင်္ဂလာဟူသည်မှာ အဘယ်နည်း။

သင်းအုပ်တစ်ပါးသည် ကလေးတစ်ဦး၏ခေါင်းပေါ်တွင် ရေကိုလောင်းပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးသည်။ ကလေးအတွက် ထိုသို့လုပ်ဆောင်ပေးခြင်း မရှိလျှင် အရွယ်ရောက်သူအတွက် လုပ်ဆောင်ပေးနိုင်သည်။ အဘယ့်ကြောင့်နည်း။ ယေရှုက ဗတ္တိဇံခံရန် အမိန့်တော်ရှိသောကြောင့်ဖြစ်ပါသည်။ သူက လူတစ်ဦးသည် ဗတ္တိဇံမင်္ဂလာအားဖြင့် တပည့်တော်ဖြစ်လာပြီး သူပိုင်ဆိုင်သောအရာကိုလည်း ပိုင်ဆိုင်သောသူဖြစ်လာနိုင်ပါသည်။ ကျွနု်ပ် တို့သည် ဗတ္တိဇံအားဖြင့် ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ရရှိကြပါသည်။ အပြစ်ခွင့်လွှတ် ခြင်းဆုကျေးဇူး၊ ကယ်တင်ခြင်းဆုကျေးဇူးနှင့် ထာဝရအသက်နှင့်ယှဉ်သော ဆုကျေးဇူးများကို ရရှိ ကြပါသည်။ ကျွနု်ပ်တို့သည် ဗတ္တိဇံမင်္ဂလာကို ခံယူကြသောအခါ ခရစ်တော်၌ ရစ်ပတ်ခံယူကြသည် ဟု သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ ကျွနု်ပ်တို့ခိုလှုံကိုးစားစရာမှာ ခရစ်တော်လုပ်ဆောင်ခဲ့ သောအရာပင်ဖြစ်ပါသည်။

ရေကိုလောင်းချရုံသက်သက်ဖြင့် ထိုမျှလောက်လုပ်ဆောင်နိုင်သည်ကို အံ့သြရသည်မှာ သဘာဝ ကျပါသည်။ လူတစ်ဦးက ဗတ္တိဇံမင်္ဂလာကိုခံကြသောအခါ ထိုသို့ပြုမည်အကြောင်း ဘုရားသခင် ကတိထားခဲ့ပါသည်။ ဘုရားသခင်က သူ၏သားကဲ့သ့ ို အပြစ်ခွင့်လွှတ်ပြီး ကယ်တင်တော်မူမည်အ ကြောင်း ကတိပေးထားပါသည်။ ဘုရားသခင်က ယေရှုလုပ်ဆောင်ခဲ့သောအရာကို ကျွနု်ပ်တို့ပိုင် ဆိုင်ထားသောအရာအဖြစ် ထိုနည်းလမ်းအားဖြင့် လုပ်ဆောင်ထားပါသည်။ ဘုရားသခင်က ဤ နည်းလမ်းအားဖြင့်လုပ်ဆောင်နိုင်သည့် ဉာဏ်အမြော်အမြင်ရှိလှပါသည်။

“သင်တို့သွား၍ လူမျိုးတကာတို့အား ငါ့တပည့ြ်ဖစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တ့အို ား ပေး သမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါဆုံးမသြဝါဒပေးကြလော့။ ငါသည် လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တ့နို ှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။” (မဿဲ ၂၈း ၁၉-၂၀ )