လူသား

အခြားသောလူများက ကျွန်တော်တို့၏အစွမ်းအစ၊ ခန့်ညားမှုနှင့်ငွေကြေးပိုင်ဆိုင်မှု၊ ရုပ်ရူပကချော မောမှုဖြင့် ကျွန်တော်တို့၏တန်ဖိုးကို ဖြတ်တတ်ကြပါသည်။ သင်သည် အရမ်းကောင်းမွန်လွန်းသူ မဟုတ်သည်ကို ခံစားပေလိမ့်မည်။ အထူးသဖြင့် ဘဝတွင် မျှော်လင့်သလိုဖြစ်မလာသည့်အချိန်မျိုး တွင် ပို၍ပင်ခံစားတတ်ပါသည်။

သို့ရာတွင် သင်၏စစ်မှန်သောတန်ဖိုးနှင့်ထိုက်တန်မှုကို အထက်တွင်ဖော်ပြထားသောအရာများဖြင့် ဆုံးဖြတ်သတ်မှတ်၍ မရပါ။ သင့်တန်ဖိုးကို မည်သူမျှ ဆုံးဖြတ်နိုင်ခွင့်မရှိပါ။ သင့်တန်ဖိုးကို ဆုံးဖြတ် ချက်ချမှတ်နိုင်သူတစ်ဦးမှာ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သာလျှင် ဖြစ်ပါသည်။ ရည် ရွယ်ချက်မရှိဘဲ၊ မတော်တဆမှုဖြင့် လူဖြစ်လာစေရန် ဘုရားသခင်က အမှုမဲ့အမှတ်မဲ့ ဖန်ဆင်းထား သည်မဟုတ်။ ရည်ရွယ်ချက်နှင့်မေတ္တာဖြင့် ဖန်ဆင်းထားခြင်းပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်သည် မိမိပုံသဏ္ဍာန်တော်နှင့်အညီ လူကိုခန်ဆင်းတော်မူ၏ဟု မိန့်ဆိုထားသည်။ လူတို့ မည်သည် မြေကြီးပေါ်တွင်ရှိသမျှသောဖန်ဆင်းလက်ရာများတွင် အမြင့်မြတ်ဆုံးသောအရာပင်ဖြစ် ပါသည်။

သင်သည် ဘုရားသခင်ချစ်သောသူဖြစ်လာစေရန် အံ့သြဖွယ်ရာ ဘုရားသခင်ဖန်ဆင်းထားသည်ကို သိရမည်။ သင်သည် အစစ်အမှန်ဖြစ်သည်။ ဤလောကကြီးတွင် သင်၏နေရာကို အဘယ်သူမျှ လု ယူမသွားနိုင်ပါ။ သင်သည် ဘုရားသခင်အဖို့ အဖိုးမဖြတ်နိုင်သောသူဖြစ်ပါသည်။ ထို့ကြောင့် သင့်အ ပြစ်ရှိသမျှလွှတ်ခြင်းအခွင့်ကိုရစေခြင်းငှါ တပါးတည်းသောသားတော်ပေး၍ လက်ဝါးကပ်တိုင်ပေါ် တွင် အသေခံစေခဲ့သည်။ သင်သည် သင့်တန်ဖိုးကို ကြိုးစားဝယ်ယူ၍မရပါ။ သင်သည် ဖန်ဆင်းခံရ သောသူ၊ ဘုရားသခင်၏ချစ်ခြင်းကိုခံရသောသူ၊ ကယ်တင်ခြင်းကိုရရှိသောသူဖြစ်သောကြောင့် ဘုရားသခင်၏မျက်မှောက်တော်တွင် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးလှပါသည်။

“အကျွနု်ပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာနှင့်ပြည့်စုံ သည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ် ဖြစ်ကြောင်းကို အကျွနု်ပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏။” (ဆာလံ ၁၃၉း ၁၄ )

ဆုတောင်းချက်။ အဘဘုရား၊ ကိုယ်တော်၏မျက်စိတော်အားဖြင့် မိမိကိုယ်ကိုမြင်နိုင်ဖို့ မစတော်မူပါ

ဘုရားသခင် သင့်ကိုချစ်တော်မူသည်။ မှန်ပေ၏။ထိုအရာကို မည်သ့သို ိနိုင်မည်အကြောင်း သင်မေး ကောင်းမေးနိုင်ပါသည်။ ရိုးစင်းသောအဖြေမှာ ဘုရားသခင်က သမ္မာကျမ်းစာထဲတွင် ထိုအတိုင်း ပင် မိန့်ဆိုထားပါသည်။သူ့မေတ္တာသည် သင်အပါအဝင် လူတိုင်းအတွက် အနှိုင်းမဲ့မေတ္တာဖြစ်ပါသည်။

ထို့နောက် ဘုရားသခင်သည် သူ့မေတ္တာကို ထင်ရှားစေပါသလား။ ဘုရားသခင်သည် စကားအား ဖြင့်သာ ချစ်သည်ဟုဆိုသည်မဟုတ်၊ လက်တွေ့လုပ်ဆောင်ခြင်းသည်လည်း ထပ်တူကျပါသည်။ ကျွန်တော်တို့အတွက် ဘုရားသခင်လုပ်ဆောင်ထားသောအရာများကို ဆင်ခြင်မိသောအခါ သူ့ မေတ္တာအလွန်ကြီးမားကြောင်း တွေ့ရပါသည်။

အစပိုင်းတွင် လူနှင့်ဘုရားသခင်ကြား၌ရှိသောဆက်နွယ်မှုသည် စုံလင်သောဆက်နွယ်မှုဖြစ်သည်။ လူသည် ဘုရားသခင်၏မေတ္တာကို သံသယမရှိပါ။ သ့ရို ာတွင် လူ၏ကျဆုံးခြင်းက အရာရာတိုင်းကို ပြောင်းလဲစေပြီး ဘုရားသခင်နှင့်မိဿဟာရပြုခြင်းကို အကျည်းတန်စေသည်။ သို့ရာတွင် ကျွန် တော်တို့အပေါ်ထားသောဘုရားသခင်၏မေတ္တာသည် ပြောင်းလဲခြင်းမရှိပါ။ ကောင်းကင်ဘုံ၌ရှိ သော ကျွန်တော်တို့အဘ၏မေတ္တာသည် အခြေအနေတိုင်းကိုဖာထေးနိုင်အောင် ကြီးမားနက်ရှိုင်း လွန်းလှသည်။ ဘုရားသခင်၏တပါးတည်းသောသားတော်သည် လက်ဝါးကပ်တိုင်တွင် အသေခံ သည် လွန်ခဲ့သောနှစ် ၂၀၀၀ တွင် သူ့မေတ္တာကို အကောင်အထည်ဖော်ခဲ့သည်။ ယေရှုသည် အ သေခံတော်မူသောကြောင့် ကျွန်တော်တို့ကျူးလွန်သောအပြစ်သည် ကျွန်တော်တို့ကို ဘုရားသခင် နှင့်ဝေးစေတော်မမူနိုင်တော့ပါ။ သင်သည် ကောင်းကင်ဘုံ၌ ထာဝရအသက်ကိုရမည်အကြောင်း ယေရှုသည် အသေခံတော်မူခဲ့သည်။ မေတ္တာဖြင့် ထာဝရကာလအသက်ရှင်ရန်လည်းဖြစ်ပါသည်။

“အကြောင်းမူကား၊ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် အ ပြစ်စီရင်ခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါး တည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ ၏။” (ယောဟန် ၃း ၁၆)

ဆုတောင်းချက်။ သခင်ဘုရား၊ ကိုယ်တော့်မေတ္တာအမှန်ဖြစ်ကြောင်း အသက်တာ၌ သိနားလည်စေ ရန် မစတော်မူပါ။

ယေရှုနာမကိုအမှီပြု၍ ဆုတောင်းသမျှကို နားညောင်းပေးပါမည်အကြောင်း ဘုရားသခင် ကတိ ထားတော်မူခဲ့သည်။ ယေရှုနာမ၌ဆုတောင်းခြင်းဟူသည်မှာ ယေရှုခရစ်၌ယုံကြည်လက်ခံသည်၊ ထို့ ကြောင့် ဘုရားသခင်နှင့်ဆက်စပ်မှုရှိသည်ဟု အဓိပါယ်ရှိသည်။ မိမိကိုယ်ကိုကိုးစားပြီး ဘုရားသခင် ကို ချဉ်းကပ်သည်မဟုတ်၊ ယေရှုခရစ်လုပ်ဆောင်ပေးခဲ့သော ကယ်တင်ခြင်းအမှုကို ယုံကြည်ကိုး စားလျက် ချဉ်းကပ်ခြင်းသာဖြစ်ပါသည်။

ဘုရားသခင်သည် ကျွန်တော်တို့၏ဆုတောင်းခြင်းဟူသမျှကို နားညောင်းပေးသည်။ သို့ရာတွင် ၎င်း က သင်မျှော်လင့်သည်အတိုင်း အဖြေပေးမည်ဟု မဆိုလိုပါ။ ဘုရားသခင်သည် သင့်လိုအင်ဆန္ဒ များကို အမြဲဖြည့်ဆည်းပေးရန် “ဆုတောင်းခြင်းအဖြေပေးသည့်အင်ဂျင်စက်” မဟုတ်ပါ။ သ့ရို ာတွင် သားသမီးတို့လိုအပ်ချက်ကိုသိသော အဘကဲ့သို့ပင်ဖြစ်ပါသည်။ ထာဝရကာလအတွက် ရည်မှတ်၍ ကျွန်တော်တို့အတွက် အကောင်းမွန်ဆုံးသောအရာကို ပေးထားပါသည်။ ထို့ကြောင့် တခါတရံ ကျွန် တော်တို့၏လိုအင်ကိုငြင်းပယ်ခြင်းဖြင့်လည်း အဖြေပေးနိုင်ပါသည်။ တခါတရံ စောင့ဆ် ိုင်းစေသည်။ တခါတရံ ချက်ချင်းအတည်ပြုပေးသည်လည်းရှိသည်။

ကျွန်တော်တို့သည် အပြစ်ခွင့်လွှတ်ခြင်းတရားကို တောင်းလျှောက်သောအခါ ကယ်တင်ခြင်းကို တောင်းလျှောက်ခြင်းဖြစ်သည်ကို သေချာစေနိုင်သည်။ ထိုအခါ ဘုရားသခင်သည် ချစ်ခြင်းအဖြေ ပေးသည်။ မိမိအပြစ်ကို ဖော်ပြတောင်းပန်သောသူတို့အား အပြစ်ခွင့်လွှတ်ခြင်းတရားကိုပေး ကြောင်း ကတိတော်ကိုတွေ့သောအခါ ၎င်း၏အဖြေကို သမ္မာကျမ်းစာထဲတွင် ရရှိနိုင်သည်။

“သားသည်မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည့်သူ၊ ငါးကိုတောင်း လျှင်မွေကိုပေးမည့်သူ၊ တစုံတယောက်မျှ သင်တို့တွင် ရှိသလော။ သင်တို့သည် အဆိုး ဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်း သောအရာကိုသာပေးတော်မူမည်မဟုတ်လော။ ” (မဿဲ ရး ၉-၁၁ )

ဘုရားသခင် ကိုယ်တော်ကျွန်တော့်အား နားညောင်းခြင်းရှိ၊ မရှိ ရံဖန်ရံခါ အံ့သြမိနေရသည်။ ကျွန်တော်တောင်းလျှောက်သမျှကို နားညောင်းပေးသောကြောင့် ကျေးဇူးတင်ပါသည်။