ကျွန်ုပ်သည် တန်ဖိုးရှိသောသူဖြစ်ပါသလား။

အခြားသောလူများက ကျွန်တော်တို့၏အစွမ်းအစ၊ ခန့်ညားမှုနှင့်ငွေကြေးပိုင်ဆိုင်မှု၊ ရုပ်ရူပကချော မောမှုဖြင့် ကျွန်တော်တို့၏တန်ဖိုးကို ဖြတ်တတ်ကြပါသည်။ သင်သည် အရမ်းကောင်းမွန်လွန်းသူ မဟုတ်သည်ကို ခံစားပေလိမ့်မည်။ အထူးသဖြင့် ဘဝတွင် မျှော်လင့်သလိုဖြစ်မလာသည့်အချိန်မျိုး တွင် ပို၍ပင်ခံစားတတ်ပါသည်။

သို့ရာတွင် သင်၏စစ်မှန်သောတန်ဖိုးနှင့်ထိုက်တန်မှုကို အထက်တွင်ဖော်ပြထားသောအရာများဖြင့် ဆုံးဖြတ်သတ်မှတ်၍ မရပါ။ သင့်တန်ဖိုးကို မည်သူမျှ ဆုံးဖြတ်နိုင်ခွင့်မရှိပါ။ သင့်တန်ဖိုးကို ဆုံးဖြတ် ချက်ချမှတ်နိုင်သူတစ်ဦးမှာ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သာလျှင် ဖြစ်ပါသည်။ ရည် ရွယ်ချက်မရှိဘဲ၊ မတော်တဆမှုဖြင့် လူဖြစ်လာစေရန် ဘုရားသခင်က အမှုမဲ့အမှတ်မဲ့ ဖန်ဆင်းထား သည်မဟုတ်။ ရည်ရွယ်ချက်နှင့်မေတ္တာဖြင့် ဖန်ဆင်းထားခြင်းပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်သည် မိမိပုံသဏ္ဍာန်တော်နှင့်အညီ လူကိုခန်ဆင်းတော်မူ၏ဟု မိန့်ဆိုထားသည်။ လူတို့ မည်သည် မြေကြီးပေါ်တွင်ရှိသမျှသောဖန်ဆင်းလက်ရာများတွင် အမြင့်မြတ်ဆုံးသောအရာပင်ဖြစ် ပါသည်။

သင်သည် ဘုရားသခင်ချစ်သောသူဖြစ်လာစေရန် အံ့သြဖွယ်ရာ ဘုရားသခင်ဖန်ဆင်းထားသည်ကို သိရမည်။ သင်သည် အစစ်အမှန်ဖြစ်သည်။ ဤလောကကြီးတွင် သင်၏နေရာကို အဘယ်သူမျှ လု ယူမသွားနိုင်ပါ။ သင်သည် ဘုရားသခင်အဖို့ အဖိုးမဖြတ်နိုင်သောသူဖြစ်ပါသည်။ ထို့ကြောင့် သင့်အ ပြစ်ရှိသမျှလွှတ်ခြင်းအခွင့်ကိုရစေခြင်းငှါ တပါးတည်းသောသားတော်ပေး၍ လက်ဝါးကပ်တိုင်ပေါ် တွင် အသေခံစေခဲ့သည်။ သင်သည် သင့်တန်ဖိုးကို ကြိုးစားဝယ်ယူ၍မရပါ။ သင်သည် ဖန်ဆင်းခံရ သောသူ၊ ဘုရားသခင်၏ချစ်ခြင်းကိုခံရသောသူ၊ ကယ်တင်ခြင်းကိုရရှိသောသူဖြစ်သောကြောင့် ဘုရားသခင်၏မျက်မှောက်တော်တွင် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးလှပါသည်။

“အကျွနု်ပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာနှင့်ပြည့်စုံ သည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ် ဖြစ်ကြောင်းကို အကျွနု်ပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏။” (ဆာလံ ၁၃၉း ၁၄ )

ဆုတောင်းချက်။ အဘဘုရား၊ ကိုယ်တော်၏မျက်စိတော်အားဖြင့် မိမိကိုယ်ကိုမြင်နိုင်ဖို့ မစတော်မူပါ