ကောင်းကင်တမန် တည်ရှိပါသလား။

ဟုတ်ကဲ့။ ကောင်းကင်တမန်ရှိပါသည်။ ဘုရားသခင်ဖန်ဆင်းထားသောအရာကို ဤမျက်မြင်ပြီး ကိုင်တွယ်နိုင်သောကမ္ဘာကြီး(လူက မာန်မာနဖြင့်တွေးထင်သကဲ့သို့) က ကန့်သတ်ထား၍မရပါ။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ဖန်ဆင်းခြင်းကို ကန့်သတ်ထား၍မရပါ။ ဘုရားသခင်၏ကမ္ဘာသည် ပို၍ကြွယ်ဝပြည့စ် ုံသည်၊ အရောင်စုံသည်။ ကျွနု်ပ်တို့သိပံပညာလေ့လာနိုင်သည်ထက် အံ့သြစရာ နှင့်ပြည့န် ှက်နေသည်။

သို့ရာတွင် ကျွနု်ပ်တို့သည် ကောင်းကင်တမန်များ၏ ထွေးပွေ့ရင်ခွင်ထဲတွင် တခါတရံ ခိုလှုံရသော် လည်း ကောင်းကင်တမန်များသည် ခရစ်ယာန်ဘာသာ၏အထူးအမြတ်တော့မဟုတ်ပါ။ ခရစ်ဝင် ကျမ်းများကိုဖတ်ရှုသောအခါ ကောင်းကင်တမန်များသည် ယေရှု၏အဓိက ဘဝအချိုးအကွေးတွင် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ကြကြောင်း တွေ့မြင်ရသည်။ သူတို့ကို အစေခံသောဝိညာဉ် များဟုလည်း သမုတ်တတ်ကြသည်။ ထို့နောက် သူတို့သည် မြေကြီးပေါ်၌ ဘုရားသခင်က သူတို့ကို ပေးသောလုပ်ငန်းကို ပြည့စ် ုံစေကြပါသည်။ နောက်ဆုံးတွင် သူတို့သည် ဝိညာဉ်ကယ်တင်ခြင်းအ ကြောင်းနှင့်ဆိုင်သောပန်းတိုင်အတွက် အစေခံကြသူများဖြစ်ကြသည်။

“ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ်ဖြစ်ကြသည်မဟုတ် လော့။” (ဟေဗြဲ ၁း ၁၄ )