ကောင်းကင်မည်သ့ေို ရာက်မည်နည်း။ မည်သ့ကို ယ်တင်ခြင်းသ့ေို ရာက်မည်နည်း။

တချိန်က ငွေရတတ်သောသူတစ်ယောက်က ထာဝရအသက်ကို မည်သို့ရနိုင်မည်အကြောင်း မေး မြန်းခဲ့သည်။ ထိုသူသည် ကောင်းမွန်စွာ အသက်ရှင်သူဖြစ်ပါသည်။ ယေရှုကလည်း သင်၌ရှိသမျှ သောစည်းစိမ်ကိုရောင်း၍ ဆင်းရဲသားတို့အားပေးလော့၊ ထို့နောက် ငါ့နောက်သို့လိုက်လော့ဟု မိန့် ဆိုခဲ့ပါသည်။ ထို့နောက်တွင် လူငယ်လေးသည် စိတ်မချမ်းမသာဖြစ်ခဲ့သည်။ ယေရှုအားတောင်း လျှောက်သောအရာများလွန်းသည်။ ယေရှု၏တပည့်တော်များသည် အလွန်ရှုပ်ထွေးမှုရှိကြသည်။ လူတစ်ဦးသည် မည်သ့ကို ယ်တင်ခြင်းရောက်နိုင်မည်နည်း။ ယေရှုက “လူမတတ်နိုင်သော်လည်း ဘုရားသခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်၌ မဖြစ်နိုင်သောအမှုမရှိ” ဟု မိန့်တော်မူသည်။ ဤအရာမှာ ခရစ်ယာန်ဘာသာ၏အဖြေတစ်ခုဖြစ်ပါသည်။ ကျွနု်ပ်တို့ကို တကိုယ်ကောင်းဆန်မှုက ချုပ်နှောင်ထားပါသည်။ ကျွနု်ပ်တို့သည် အခြားသူထက် မိမိကိုယ်ကိုချစ်ကြသည်။ ကယ်တင်ခြင်းရ ရှိရန် ကျွနု်ပ်တို့၏ကြိုးစားအားထုတ်မှုသည်လည်း တကိုယ်ကောင်းဆန်ဆန်ပင်ဖြစ်ပါသည်။ မျှော် လင့်ချက်မရှိတော့ဘူးလား။

ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍အဖြေက အခြားဘာသာတရားတို့၏အဖြေမှ ကွဲပြားခြားနားစေပါ သည်။ ခရစ်ယာန်ဘာသာ၏ဦးတည်ချက်မှာ လူမဟုတ်၊ လူလုပ်သောအလုပ်လည်းမဟုတ်ပေ။ ကျွနု်ပ်တို့မလုပ်ဆောင်နိုင်သောအလုပ်၊ ခရစ်တော်လုပ်ဆောင်ခဲ့သောအရာကို အဓိကထားခြင်းဖြစ် ပါသည်။ ဘုရားသခင်ရှေ့၌ ကျွနု်ပ်တို့ဆုံးရှုံးခဲ့သောအရာကို ဆောင်ယူကာ လက်ဝါးကပ်တိုင်တွင် အသေခံသောအခါ အပြစ်နှင့်မကောင်းမှုမှ ငြိမ်းစေခဲ့ပါသည်။

၎င်းမှာ ဘုရားသခင့်နှလုံးသားထဲ၌ စုံလင်သောအပြစ်ခွင့်လွှတ်ခြင်းရှိရသည့်အကြောင်းတရားပင် ဖြစ်ပါသည်။ ထိုအကြောင်းကို ဧဝံဂေလိတရား၌ ကြွေးကြော်ထားသည်။ ယုံကြည်ခြင်းအားဖြင့်လက် ခံရရှိသည်။ ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်သဖြင့် ကောင်းကင်ရောက် သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုခံကြသောအခါ ဘုရားသခင်ကို ပိုင်ဆိုင်ထားသည်ကို ကျွနု်ပ်သိသည်။ မိမိကိုယ်တိုင်၏ဘဝအတွက် ဘုရားသခင်အ ဖြေပေးရန် ကျွနု်ပ်မကြိုးစားပါ။ ယေရှုကိုယ်တိုင်က ကျွနု်ပ်ဘဝအတွက် အဖြေပေးခဲ့ပြီဟု ယုံကြည်မိ သည်။ ကောင်းကင်သွားမည့်နည်းလမ်းကို သင်သိမည်ဟု မြော်လင့်မိသည်။ အဘယ့်ကြောင့်ဆို သော် ယေရှုနှင့်၎င်း၏လုပ်ဆောင်ချက်ကို သင်သိရှိနိုင်ပါသည်။

“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အ လိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ် ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။” (ဧဖက် ၂း ၈-၉ )

ဆုတောင်းချက်၊ ယေရှုဘုရား၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားဖို့ ကူညီမစတော်မူပါ။